(Zawgyi)
သီတာထြန္းတစ္ေယာက္ သူငယ္ခ်င္းျဖစ္သူလွလွေအး၏ ကေလးေမြးေန႔သို႔ သားႏွင့္အတူသြားသည္။ လွလွေအးႏွင့္ သီတာထြန္းဆိုတာက မူလတန္းေက်ာင္းသူဘဝကတည္းက ခင္မင္ခဲ့ၾကေသာအခ်စ္ဆုံးသူငယ္ခ်င္းေတြ။ တကၠသိုလ္ေရာက္မွသာသီတာထြန္းက အေဝးသင္ တကၠသိုလ္တက္ခဲ့ၿပီးလွလွထြန္းကဆရာအတတ္သင္ေက်ာင္းသို႔တက္ေရာက္ၿပီးေက်ာင္းဆရာမျဖစ္ေနသူ။ ကြဲကြာခဲ့တာၾကာခဲ့ေပမဲ့ အေရးအေၾကာင္းရွိရင္ေတာ့ငယ္သူငယ္ခ်င္းေတြ တစ္ေယာက္ႏွင့္တစ္ေယာက္မေမ့ၾက။ အခုလည္းလွလွထြန္းကသူ႔သမီးအငယ္မတစ္ႏွစ္ျပည့္ေမြးေန႔ဖိတ္တာႏွင့္ သားအမိႏွစ္ေယာက္ လွလွထြန္းအိမ္သို႔ ေရာက္လာသည္။
“သီတာတို႔ေတာင္ေရာက္လာၿပီ။ လာလာ..ထိုင္။ ကိုစိုးေအာင္ေရာမပါဘူးလား”
လွလွထြန္းမွခရီးဦးႀကိဳဆိုသည္။
“နယ္ကိုအလုပ္ကိစၥနဲ႔ ခရီးထြက္သြားတယ္။ ဒါေၾကာင့္ သားအမိႏွစ္ေယာက္တည္းလာခဲ့တာ။”
“သူမပါေတာ့လည္းေအးေအးေဆးေဆးေနေနာ္။ ညေနထမင္းစားၿပီးမွ ျပန္ေတာ့ေနာ္”
“ေအးငါလည္းဒီလိုမ်ိဳးလုပ္ဖို႔ပဲစဥ္းစားထားတာ။ တစ္ခါတစ္ခါေတြ႕ဖို႔ကလြယ္တာမဟုတ္ဘူး”
လွလွမွာသမီးႏွစ္ေယာက္ရွိသည္။ အႀကီးမေလးကေလးႏွစ္။ အငယ္မေလးကတစ္ႏွစ္။ သီတာတြင္သားတစ္ေယာက္ပဲရွိသည္။သားကသုံးႏွစ္ထဲဝင္ေနၿပီ။
“လွလွ သမီးေတြက ၀၀ကစ္ကစ္ေလးေတြေနာ္။ ခ်စ္စရာေကာင္းလိုက္တာ။ သီတာသားမွာေတာ့ပိန္တယ္။”
သီတာတစ္ေယာက္ လွလွေအးသမီးအႀကီးမေလးကိုၾကည့္ရင္းစကားဆိုလိုက္သည္။
“ကေလးေတြကိုကိုယ္ကအစားကိုပုံမွန္ေကြၽးတယ္။ ကေလးေတြကိုအခ်ိန္မွန္ေကြၽးဖို႔ေတာ့လိုအပ္တယ္”
“ငါ့သားကအစားသိပ္မစားဘူး။ အေအးေတြပဲေသာက္ေနတာ”
သီတာတစ္ေယာက္ရွင္းျပလိုက္သည္။ သားအေဖကသူလည္းအေအးေတြႀကိဳက္လို႔ေသာက္သည္။ သားကိုလည္းအေအးတိုက္သည္။ အခုေတာ့ သားအဖႏွစ္ေယာက္ အေအးစြဲေနၾကသည္။
“ကေလးကိုအေအးမတိုက္ရဘူးေလ။ မင္းကေလးအခုမွ ငယ္ငယ္ေလးရွိေသးတယ္မဟုတ္လား”
“ႏွစ္ႏွစ္ျပည့္ေတာ့မယ္။ ဘယ္လိုကဘယ္လိုအေအးႀကိဳက္သြားမွန္းမသိပါဘူးကြာ။ သူကအခုအေအးသိပ္ႀကိဳက္တာေတာ့ အမွန္ပဲ။ သူ႔အေဖကလည္းကေလးကိုအေအးတိုက္တယ္”
“မင္းတို႔လင္မယားေတာ့ကြာလုပ္ၿပီ”
လွလွေအးတစ္ေယာက္အားမလိုအားမရျဖစ္ေနသည္။
“အခုဆိုရင္ ကေလးကထမင္းကိုဒီအတိုင္းေကြၽးလို႔မရဘူး။ ထမင္းတစ္လုတ္ အေအးတစ္လုတ္နဲ႔ျဖစ္ေနတာ။ အေအးမတိုက္ရင္ ထမင္းမစားဘူး။ ထမင္းမေကြၽးခင္ အေအးတိုက္ေနရတယ္”
“ဒီအ႐ြယ္ကေလး က ဘာသိတာမွတ္လို႔ ဒါကေတာ့ မင္းတို႔လင္မယားအျပစ္ပဲ။ ကေလးကိုဘာလို႔အစလုပ္ၿပီးအေအးေတြသြားတိုက္ၾကလဲ။ မင္းတို႔သိပ္မွားတယ္ကြာ။ အခုကေလးကအေအးေတာ္ ေတာ္စြဲေနၿပီလား။မတိုက္ပဲထားၾကည့္လို႔ရလား”
“တစ္ခါတစ္ေလၾကရင္ေတာ့အေအးမတိုက္ဘူးလို႔ေျပာရတာေပါ့။ပုံမွန္ေတာ့ အေအးတိုက္ေပးရတယ္။”
“သူဘာအေအးအႀကိဳက္အဆုံးလဲ”
“ဘာအႀကိဳက္ဆုံးရယ္လို႔လဲမဟုတ္ဘူး။ အေအးဆိုရင္ႀကိဳက္တာပဲ”
“ဒါေၾကာင့္ မင္းကေလးပိန္ေနတာေပါ့။ အဟာရျပည့္တာကိုမစားပဲကေလးကအေအးကေနအားယူေနတာ။ မင္းကေလးဒါေၾကာင့္ မဖြံ႕ၿဖိဳးတာ”
“ခဏခဏလည္းဖ်ားတယ္”
“အာဟာရမွ မရွိတာေလ။ ဖ်ားမွာေပါ့။”
လွလွေအးမွဂ႐ုဏာသက္စြာေျပာမိသည္။
“အခုလည္းအေအးနဲ႔ထမင္းေကြၽးလိုက္ရတယ္”
“သီတာငါကမင္းကိုအႀကံဉာဏ္ေပးမယ္။ မင္းကေလးကိုအေအးလုံး၀ မတိုက္ပါနဲ႔။ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ကေလးအေအးေသာက္ေနရင္ မင္းကေလးအတြက္ ဆိုးက်ိဳးေတြပဲျဖစ္လာမယ္။ ကေလးကဗိုက္ဆာရင္ အေအးပဲေသာက္ခ်င္ေနမယ္။ အစားမစားခ်င္ဘူး။ ဒါဆိုရင္ ကေလးရဲ႕ခႏၶာကိုယ္ဖြံ႕ၿဖိဳးမႈကိုအမ်ားႀကီးထိခိုက္မယ္။အခုပဲ ၾကည့္ေလမင္းကေလးပိန္ေနၿပီ။ သူမ်ားကေလးေတြနဲ႔ယွဥ္ရင္ ပိန္တယ္။ အသက္ႀကီးလို႔ အရပ္ထြက္တာကလည္းစားတဲ့အစားအေသာက္ေတြေပၚမွာမူတည္တယ္။ ဒီလိုမ်ိဳးဆိုဘယ္လိုလုပ္ အရပ္ထြက္မလဲ။ ေနာက္တစ္ခ်က္ကေတာ့ကေလးငယ္ငယ္နဲ႔ ဆီးခ်ိဳေရာဂါျဖစ္မယ္။ ကေလးကအသက္ငယ္ငယ္ကေလးပဲရွိေသးတယ္။ မင္းတို႔ ကေလးမွာဆီးခ်ိဳေရာဂါ ရေအာင္လုပ္ေနၾကတာလား”
သီတာတစ္ေယာက္ မ်က္လုံးျပဴးသြားသည္။ ကေလးေတြမွာဆီးခ်ိဳေရာဂါရွိသည္။
“ကေလးေတြမွာဆီးခ်ိဳျဖစ္တယ္လို႔ ငါမၾကားဖူးပါဘူးဟယ္။ အသက္ႀကီးမွျဖစ္တာပါ။”
“အမယ္ေလးမိသီတာ။ကေလးေတြမွာဆီးခ်ိဳမရွိဘူးလို႔ နင့္ ဘယ္သူကေျပာလဲ။တစ္ခ်ိဳ႕ကေလးေတြမွာဆိုငယ္ငယ္ကတည္းကဆီးခ်ိဳျဖစ္ေနတဲ့ ကေလးေတြ အမ်ားႀကီးပဲ။နင္မၾကားဖူးတိုင္းမရွိဘူးလို႔ ျငင္းမေနနဲ႔။ ကေလးေဆး႐ုံကိုသြားၾကည့္လိုက္စမ္းပါ။ ဆီးခ်ိဳရွိတဲ့ သူေတြ ရွိတတ္ပါတယ္။အခုဆီးခ်ိဳမရွိေသးလဲနင့္ကေလးငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဆီးခ်ိဳျဖစ္မယ္”
“အမယ္ေလးေတာ္ ငါ့ကေလးကိုေျပာလိုက္ဆိုလိုက္တာ။ ”
သီတာတစ္ေယာက္ သူငယ္ခ်င္းကိုမ်က္ေစာင္းထိုးလိုက္သည္။
“နင့္ကေလးကိုငါကအပုတ္ခ်ၿပီးေျပာေနတာမဟုတ္ဘူး။ ေကာင္းေစခ်င္လို႔ေျပာေနတာ။ ကေလးကိုအေအးေတြ မတိုက္ရဘူးဆိုတာနင့္ကိုသိေစခ်င္လို႔ေျပာေနတာ။”
“ေအးပါဟယ္။ ေနာက္ကိုမတိုက္ေတာ့ပါဘူး။ ငါ ဆင္ျခင္ပါ့မယ္”
“ဒီမနက္ေရာကေလးထမင္းစားရင္းနဲ႔ အေအးေတာင္းေသးလား”
“ေတာင္းတယ္ ငါ အေအးတိုက္ရင္းထမင္းေကြၽးလိုက္တယ္”
“အမယ္ေလးေတာ္ ငါေတာ့ ေသသာေသလိုက္ခ်င္တယ္။ နင္တိုက္လိုက္တဲ့ အေအးက Gas ပါတဲ့ အေအးေတြေလ။ ကေလးငယ္ငယ္ေလးေတြကိုဒီလိုမ်ိဳး Gas ပါတဲ့အေအးေတြကိုမတိုက္ပါနဲ႔ မိသီတာရဲ႕”
“ေအးပါဟယ္ နင္ကလည္းအလန႔္တၾကားသိပ္လုပ္တာပဲ”
သီတာတစ္ေယာက္ သူငယ္ခ်င္းကိုအျပစ္တင္လိုက္သည္။
“နင့္ေယာက်ၤားကိုလည္းေျပာ။ နင္ေျပာလို႔ မရရင္ ငါကိုယ္တိုင္ ဖုန္းဆက္ၿပီးေျပာမယ္။”
“ေအး..နင္ ငါ့ကိုေျပာသလိုမ်ိဳး ငါ့ေယာက်ၤားကိုေျပာေပးပါ။ ငါေျပာရင္ သူကသိပ္ ဘဝင္က်မွာ မဟုတ္ဘူး”
“အမယ္ေလးေတာ္ ဒါေလးေျပာရတာကိုကိုယ့္ေယာက်ၤားကိုကိုယ္ မေျပာႏိုင္ဘူးလား”
“ငါေျပာရင္ မယုံမွာစိုးလို႔ေပါ့။ နင္ေျပာေတာ့ ပိုေကာင္းတာေပါ့။ နင္ကေက်ာင္းဆရာမဆိုေတာ့ နင့္စကားဆိုသူကပိုယုံမွာေပါ့”
“ေအးပါ။ ျဖတ္မယ္ဆိုရင္လည္းကေလးကိုဒီညကစၿပီးျဖတ္။ ဟုတ္ၿပီေနာ္။ ဒီညငါကိုယ္တိုင္ ထမင္းေကြၽးမယ္”
“ေအးဒီေန႔ကစၿပီးစမ္းၾကည့္တာေပ့ါ။
“အမယ္ေလးေတာ္။ သူကလြယ္တယ္မွတ္ေနတယ္။ ဒီလိုမ်ိဳးအေအးအရမ္းႀကိဳက္ေနတဲ့ကေလးကိုအေအးပ်က္ေအာင္ လုပ္ရတာဘယ္ေလာက္ခက္တယ္ဆိုတာနင္သိလို႔လား။ ငါ့ႏွယ္ နင့္အတြက္ ရင္ေလးတယ္။ ဒီေန႔ကစၿပီး ႀကိဳးစားၾကည့္ရမွာပဲ။ ကေလးကိုအေအးအစား ႏြားႏို႔၊ ေကြကာအုပ္တို႔ေျပာင္းတိုက္ၾကတာေပါ့”
“ေအးပါဟယ္ နင္ေျပာတဲ့ အတိုင္းပဲလိုက္လုပ္ရမွာပါပဲ”
“ခက္ပါေအ . ကေလးေမြးထားၿပီးေတာ့ ဒါေလးေတာင္ မသိတဲ့ နင့္တို႔လင္မယားကိုငါ႐ိုက္ခ်င္တယ္”
“ေက်ာင္းဆရာမကေတာ့လုပ္ၿပီ”
သီတာထြန္းတစ္ေယာက္ လွလွ မသိေအာင္ သက္ျပင္းခိုးခ်လိုက္သည္။ သားကအေအးမတိုက္လွ်င္ ဘယ္ေလာက္ ဂ်ီက်တတ္သည္ကိုသီတာထြန္းသိသည္။ အေအးမတိုက္လွ်င္ ထမင္းလုံးဝမစားေသာ သားႏွင့္ စည္းကမ္းႀကီးေသာလွလွတို႔ ပြဲကညထမင္းစားခ်ိန္တြင္ ေတြ႕ရဦးမည္။
Author – ေဒါက္တာေအးခ်မ္းမိုး
(Unicode)
(Zawgyi)
သီတာထွန်းတစ်ယောက် သူငယ်ချင်းဖြစ်သူလှလှအေး၏ ကလေးမွေးနေ့သို့ သားနှင့်အတူသွားသည်။ လှလှအေးနှင့် သီတာထွန်းဆိုတာက မူလတန်းကျောင်းသူဘဝကတည်းက ခင်မင်ခဲ့ကြသောအချစ်ဆုံးသူငယ်ချင်းတွေ။ တက္ကသိုလ်ရောက်မှသာသီတာထွန်းက အဝေးသင် တက္ကသိုလ်တက်ခဲ့ပြီးလှလှထွန်းကဆရာအတတ်သင်ကျောင်းသို့တက်ရောက်ပြီးကျောင်းဆရာမဖြစ်နေသူ။ ကွဲကွာခဲ့တာကြာခဲ့ပေမဲ့ အရေးအကြောင်းရှိရင်တော့ငယ်သူငယ်ချင်းတွေ တစ်ယောက်နှင့်တစ်ယောက်မမေ့ကြ။ အခုလည်းလှလှထွန်းကသူ့သမီးအငယ်မတစ်နှစ်ပြည့်မွေးနေ့ဖိတ်တာနှင့် သားအမိနှစ်ယောက် လှလှထွန်းအိမ်သို့ ရောက်လာသည်။
“သီတာတို့တောင်ရောက်လာပြီ။ လာလာ..ထိုင်။ ကိုစိုးအောင်ရောမပါဘူးလား”
လှလှထွန်းမှခရီးဦးကြိုဆိုသည်။
“နယ်ကိုအလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ်။ ဒါကြောင့် သားအမိနှစ်ယောက်တည်းလာခဲ့တာ။”
“သူမပါတော့လည်းအေးအေးဆေးဆေးနေနော်။ ညနေထမင်းစားပြီးမှ ပြန်တော့နော်”
“အေးငါလည်းဒီလိုမျိုးလုပ်ဖို့ပဲစဉ်းစားထားတာ။ တစ်ခါတစ်ခါတွေ့ဖို့ကလွယ်တာမဟုတ်ဘူး”
လှလှမှာသမီးနှစ်ယောက်ရှိသည်။ အကြီးမလေးကလေးနှစ်။ အငယ်မလေးကတစ်နှစ်။ သီတာတွင်သားတစ်ယောက်ပဲရှိသည်။သားကသုံးနှစ်ထဲဝင်နေပြီ။
“လှလှ သမီးတွေက ၀၀ကစ်ကစ်လေးတွေနော်။ ချစ်စရာကောင်းလိုက်တာ။ သီတာသားမှာတော့ပိန်တယ်။”
သီတာတစ်ယောက် လှလှအေးသမီးအကြီးမလေးကိုကြည့်ရင်းစကားဆိုလိုက်သည်။
“ကလေးတွေကိုကိုယ်ကအစားကိုပုံမှန်ကျွေးတယ်။ ကလေးတွေကိုအချိန်မှန်ကျွေးဖို့တော့လိုအပ်တယ်”
“ငါ့သားကအစားသိပ်မစားဘူး။ အအေးတွေပဲသောက်နေတာ”
သီတာတစ်ယောက်ရှင်းပြလိုက်သည်။ သားအဖေကသူလည်းအအေးတွေကြိုက်လို့သောက်သည်။ သားကိုလည်းအအေးတိုက်သည်။ အခုတော့ သားအဖနှစ်ယောက် အအေးစွဲနေကြသည်။
“ကလေးကိုအအေးမတိုက်ရဘူးလေ။ မင်းကလေးအခုမှ ငယ်ငယ်လေးရှိသေးတယ်မဟုတ်လား”
“နှစ်နှစ်ပြည့်တော့မယ်။ ဘယ်လိုကဘယ်လိုအအေးကြိုက်သွားမှန်းမသိပါဘူးကွာ။ သူကအခုအအေးသိပ်ကြိုက်တာတော့ အမှန်ပဲ။ သူ့အဖေကလည်းကလေးကိုအအေးတိုက်တယ်”
“မင်းတို့လင်မယားတော့ကွာလုပ်ပြီ”
လှလှအေးတစ်ယောက်အားမလိုအားမရဖြစ်နေသည်။
“အခုဆိုရင် ကလေးကထမင်းကိုဒီအတိုင်းကျွေးလို့မရဘူး။ ထမင်းတစ်လုတ် အအေးတစ်လုတ်နဲ့ဖြစ်နေတာ။ အအေးမတိုက်ရင် ထမင်းမစားဘူး။ ထမင်းမကျွေးခင် အအေးတိုက်နေရတယ်”
“ဒီအရွယ်ကလေး က ဘာသိတာမှတ်လို့ ဒါကတော့ မင်းတို့လင်မယားအပြစ်ပဲ။ ကလေးကိုဘာလို့အစလုပ်ပြီးအအေးတွေသွားတိုက်ကြလဲ။ မင်းတို့သိပ်မှားတယ်ကွာ။ အခုကလေးကအအေးတော် တော်စွဲနေပြီလား။မတိုက်ပဲထားကြည့်လို့ရလား”
“တစ်ခါတစ်လေကြရင်တော့အအေးမတိုက်ဘူးလို့ပြောရတာပေါ့။ပုံမှန်တော့ အအေးတိုက်ပေးရတယ်။”
“သူဘာအအေးအကြိုက်အဆုံးလဲ”
“ဘာအကြိုက်ဆုံးရယ်လို့လဲမဟုတ်ဘူး။ အအေးဆိုရင်ကြိုက်တာပဲ”
“ဒါကြောင့် မင်းကလေးပိန်နေတာပေါ့။ အဟာရပြည့်တာကိုမစားပဲကလေးကအအေးကနေအားယူနေတာ။ မင်းကလေးဒါကြောင့် မဖွံ့ဖြိုးတာ”
“ခဏခဏလည်းဖျားတယ်”
“အာဟာရမှ မရှိတာလေ။ ဖျားမှာပေါ့။”
လှလှအေးမှဂရုဏာသက်စွာပြောမိသည်။
“အခုလည်းအအေးနဲ့ထမင်းကျွေးလိုက်ရတယ်”
“သီတာငါကမင်းကိုအကြံဉာဏ်ပေးမယ်။ မင်းကလေးကိုအအေးလုံး၀ မတိုက်ပါနဲ့။ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးအအေးသောက်နေရင် မင်းကလေးအတွက် ဆိုးကျိုးတွေပဲဖြစ်လာမယ်။ ကလေးကဗိုက်ဆာရင် အအေးပဲသောက်ချင်နေမယ်။ အစားမစားချင်ဘူး။ ဒါဆိုရင် ကလေးရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုအများကြီးထိခိုက်မယ်။အခုပဲ ကြည့်လေမင်းကလေးပိန်နေပြီ။ သူများကလေးတွေနဲ့ယှဉ်ရင် ပိန်တယ်။ အသက်ကြီးလို့ အရပ်ထွက်တာကလည်းစားတဲ့အစားအသောက်တွေပေါ်မှာမူတည်တယ်။ ဒီလိုမျိုးဆိုဘယ်လိုလုပ် အရပ်ထွက်မလဲ။ နောက်တစ်ချက်ကတော့ကလေးငယ်ငယ်နဲ့ ဆီးချိုရောဂါဖြစ်မယ်။ ကလေးကအသက်ငယ်ငယ်ကလေးပဲရှိသေးတယ်။ မင်းတို့ ကလေးမှာဆီးချိုရောဂါ ရအောင်လုပ်နေကြတာလား”
သီတာတစ်ယောက် မျက်လုံးပြူးသွားသည်။ ကလေးတွေမှာဆီးချိုရောဂါရှိသည်။
“ကလေးတွေမှာဆီးချိုဖြစ်တယ်လို့ ငါမကြားဖူးပါဘူးဟယ်။ အသက်ကြီးမှဖြစ်တာပါ။”
“အမယ်လေးမိသီတာ။ကလေးတွေမှာဆီးချိုမရှိဘူးလို့ နင့် ဘယ်သူကပြောလဲ။တစ်ချို့ကလေးတွေမှာဆိုငယ်ငယ်ကတည်းကဆီးချိုဖြစ်နေတဲ့ ကလေးတွေ အများကြီးပဲ။နင်မကြားဖူးတိုင်းမရှိဘူးလို့ ငြင်းမနေနဲ့။ ကလေးဆေးရုံကိုသွားကြည့်လိုက်စမ်းပါ။ ဆီးချိုရှိတဲ့ သူတွေ ရှိတတ်ပါတယ်။အခုဆီးချိုမရှိသေးလဲနင့်ကလေးငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုဖြစ်မယ်”
“အမယ်လေးတော် ငါ့ကလေးကိုပြောလိုက်ဆိုလိုက်တာ။ ”
သီတာတစ်ယောက် သူငယ်ချင်းကိုမျက်စောင်းထိုးလိုက်သည်။
“နင့်ကလေးကိုငါကအပုတ်ချပြီးပြောနေတာမဟုတ်ဘူး။ ကောင်းစေချင်လို့ပြောနေတာ။ ကလေးကိုအအေးတွေ မတိုက်ရဘူးဆိုတာနင့်ကိုသိစေချင်လို့ပြောနေတာ။”
“အေးပါဟယ်။ နောက်ကိုမတိုက်တော့ပါဘူး။ ငါ ဆင်ခြင်ပါ့မယ်”
“ဒီမနက်ရောကလေးထမင်းစားရင်းနဲ့ အအေးတောင်းသေးလား”
“တောင်းတယ် ငါ အအေးတိုက်ရင်းထမင်းကျွေးလိုက်တယ်”
“အမယ်လေးတော် ငါတော့ သေသာသေလိုက်ချင်တယ်။ နင်တိုက်လိုက်တဲ့ အအေးက Gas ပါတဲ့ အအေးတွေလေ။ ကလေးငယ်ငယ်လေးတွေကိုဒီလိုမျိုး Gas ပါတဲ့အအေးတွေကိုမတိုက်ပါနဲ့ မိသီတာရဲ့”
“အေးပါဟယ် နင်ကလည်းအလန့်တကြားသိပ်လုပ်တာပဲ”
သီတာတစ်ယောက် သူငယ်ချင်းကိုအပြစ်တင်လိုက်သည်။
“နင့်ယောင်္ကျားကိုလည်းပြော။ နင်ပြောလို့ မရရင် ငါကိုယ်တိုင် ဖုန်းဆက်ပြီးပြောမယ်။”
“အေး..နင် ငါ့ကိုပြောသလိုမျိုး ငါ့ယောင်္ကျားကိုပြောပေးပါ။ ငါပြောရင် သူကသိပ် ဘဝင်ကျမှာ မဟုတ်ဘူး”
“အမယ်လေးတော် ဒါလေးပြောရတာကိုကိုယ့်ယောင်္ကျားကိုကိုယ် မပြောနိုင်ဘူးလား”
“ငါပြောရင် မယုံမှာစိုးလို့ပေါ့။ နင်ပြောတော့ ပိုကောင်းတာပေါ့။ နင်ကကျောင်းဆရာမဆိုတော့ နင့်စကားဆိုသူကပိုယုံမှာပေါ့”
“အေးပါ။ ဖြတ်မယ်ဆိုရင်လည်းကလေးကိုဒီညကစပြီးဖြတ်။ ဟုတ်ပြီနော်။ ဒီညငါကိုယ်တိုင် ထမင်းကျွေးမယ်”
“အေးဒီနေ့ကစပြီးစမ်းကြည့်တာပေ့ါ။
“အမယ်လေးတော်။ သူကလွယ်တယ်မှတ်နေတယ်။ ဒီလိုမျိုးအအေးအရမ်းကြိုက်နေတဲ့ကလေးကိုအအေးပျက်အောင် လုပ်ရတာဘယ်လောက်ခက်တယ်ဆိုတာနင်သိလို့လား။ ငါ့နှယ် နင့်အတွက် ရင်လေးတယ်။ ဒီနေ့ကစပြီး ကြိုးစားကြည့်ရမှာပဲ။ ကလေးကိုအအေးအစား နွားနို့၊ ကွေကာအုပ်တို့ပြောင်းတိုက်ကြတာပေါ့”
“အေးပါဟယ် နင်ပြောတဲ့ အတိုင်းပဲလိုက်လုပ်ရမှာပါပဲ”
“ခက်ပါအေ . ကလေးမွေးထားပြီးတော့ ဒါလေးတောင် မသိတဲ့ နင့်တို့လင်မယားကိုငါရိုက်ချင်တယ်”
“ကျောင်းဆရာမကတော့လုပ်ပြီ”
သီတာထွန်းတစ်ယောက် လှလှ မသိအောင် သက်ပြင်းခိုးချလိုက်သည်။ သားကအအေးမတိုက်လျှင် ဘယ်လောက် ဂျီကျတတ်သည်ကိုသီတာထွန်းသိသည်။ အအေးမတိုက်လျှင် ထမင်းလုံးဝမစားသော သားနှင့် စည်းကမ်းကြီးသောလှလှတို့ ပွဲကညထမင်းစားချိန်တွင် တွေ့ရဦးမည်။
Author – ဒေါက်တာအေးချမ်းမိုး