fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ဒေါင်းရောဂါအကြောင်းအပိုင်း၃-စမ်းသပ်စစ်ဆေးနည်းများ

158
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/07/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ေဒါင္းေရာဂါအေၾကာင္းအပိုင္း၃-စမ္းသပ္စစ္ေဆးနည္းမ်ား

အပိုင္း၁ နဲ႔အပိုင္း ၂ မွာ ေဒါင္းေရာဂါဆိုတာဘာလဲ။ေဒါင္းေရာဂါကေလးေမြးလာရင္ဘယ္လိုျပဳစုေစာင္႔ေရွာက္ရမလဲဆိုတာေတြကို သိသေလာက္ေရးသားတင္ျပခဲ႔ပါတယ္။အခုအပိုင္း ၃မွာေတာ႔ေမြးဖြားလာမယ္႔ကေလးမွာ ေဒါင္းေရာဂါပါမပါ မေမြးခင္ကိုယ္၀န္ေဆာင္ေနစဥ္အခ်ိန္ ဘယ္လိုစမ္းသပ္စစ္ေဆးၾကည္႔လို႔ရမလဲဆိုတာကို ေရးသားတင္ျပပါမယ္။ေဒါင္းေရာဂါပါမပါ ကိုယ္၀န္ေဆာင္စဥ္မွာ လုပ္နိုင္တဲ႔ စမ္းသပ္စစ္ေဆးမႈေတြကိုေျပာရမယ္ဆိုရင္ဦးဆံုးအေနနဲ႔ကေတာ႔ Triple Test လုပ္တာပါ။Triple test ဆိုတာက မိခင္ေသြးကိုယူကာ မိခင္ေသြးထဲမွာပါတဲ႔Maternal Serum Alpha-Fetoprotein(MSAFP),Human Chorionic Gonadotrophin(HCG),Unconjugated oestriol(UE3) သံုးမ်ိဳးရဲ႕ပမာဏာကိုတိုင္းတာစစ္ေဆးတာျဖစ္ပါတယ္။

Alpha Feto Protein ဆုိတာက သေႏၶသားဆီကထြက္ျပီး မိခင္ရဲ႕ေသြးထဲေရာက္တဲ႔ပရိုတင္းတမ်ိဳးျဖစ္ပါတယ္။ထိုပရိုတင္းမ်ားေနရင္လည္းမေကာင္းသလို နည္းေနရင္လည္းမေကာင္းပါ။မ်ားေနပါက အာရံုေၾကာလမ္းေၾကာင္းခ်ိဳ႕ယြင္းမႈ(Neural tube defects)ေတြျဖစ္နိုင္ေျခမ်ားျပီးနည္းေနပါက ေဒါင္းေရာဂါ ျဖစ္နိုင္ေျခမ်ားပါတယ္။ဒီTriple Test ကိုေတာ႔ ကိုယ္၀န္ ၁၅ပတ္ ကေန အပတ္ ၂၀ အတြင္းမွာစတင္စစ္ေဆးနိုင္ျပီး စစ္ေဆးမႈေၾကာင္႔ သေႏၶသားကိုလည္းထိခိုက္မႈမရွိပါဘူး။ဒီေဖာ္ျပပါသံုးမ်ိဳးပမာဏဟာပံုမွန္မဟုတ္ရင္ သေႏၶသားက တေယာက္ထဲမဟုတ္ဘဲ နွစ္ေယာက္မို႔လို႔တက္တာလား။ကေလးမွာဘာခ်ိဳ႔ယြင္းခ်က္ေတြရွိေနလဲ သေႏၶသားရဲ႕အသက္ စတာေတြကိုထပ္မံသိဖို႔အတြက္အာထရာေဆာင္းရိုက္ဖို႔လိုပါတယ္။Triple Test အျပင္ ကိုယ္၀န္ေဆာင္စဥ္မွာလုပ္နိုင္တဲ႔ ပိုတိက်ျပီး အသံုးမ်ားတဲ႔ တျခား စစ္ေဆးမႈသံုးခုရွိပါေသးတယ္။အဲ႔ဒါေတြကေတာ႔ Chorionic Villous Sampling ,Amniocentesis နဲ႔ Percutaneous umbilical blood sampling လို႔ေခၚတဲ႔ စစ္ေဆးမႈသံုးခုပါ။

Chorionic Villous Sampling ဆိုတာကေတာ႔ အခ်င္းမွတသွ်ဴးစကိုယူျပီးစစ္ေဆးတာပါ။အာထရာေဆာင္းအကူအညီျဖင္႔ အလြန္ေသးငယ္ေသာ အပ္ေခ်ာင္းေလးတေခ်ာင္းကို ၀မ္းဗိုက္ကေန သို႔မဟုတ္ မိန္းမကိုယ္ကေနတဆင္႔ အခ်င္းဆီေရာက္ေအာင္ထိုးသြင္းျပီး အခ်င္းမွ တသွ်ဴးအနည္းငယ္ကိုထုတ္ယူကာ ခရိုမိုဇုန္း အေရအတြက္ပါ၀င္မႈ ကိုစစ္ေဆးတာပါ။ဒီစစ္ေဆးမႈက တိက်ေပမယ္႔ အခန္႔မသင္႔ရင္ ကိုယ္၀န္ပ်က္က်တာ၊ပိုး၀င္တာ၊ေသြးဆင္းတာေတြျဖစ္နိုင္ေျခအနည္းငယ္ေတာ႔ရွိပါတယ္။Chorionic Villus Sampling ေခၚအခ်င္းကေန တသွ်ဴးစယူစစ္ေဆးျခင္းကို ကိုယ္၀န္ ၁၀ ပတ္ကေန ၁၂ပတ္အတြင္းမွာျပဳလုပ္နိုင္ပါတယ္။ေနာက္စစ္ေဆးမႈတခုျဖစ္တဲ႔ Amniocentesis ဆိုတာကေတာ႔ ေရမႊာရည္ကိုစုပ္ယူျပီး စစ္ေဆးျခင္းပါ။Chorionic Villus Sampling လိုပဲ အာထရာေဆာင္းအကူအညီနဲ႔ အလြန္ေသးငယ္ေသာအပ္တေခ်ာင္းကို မိခင္၀မ္းဗိုက္ကေနတဆင္႔ သားအိမ္တြင္းသို႔ ထိုးသြင္းျပီး ေရမႊာရည္အနည္းငယ္ကို စုပ္ယူကာ ထိုေရမႊာရည္ထဲမွာပါတဲ႔သေႏၶသားဆဲလ္ေတြရဲ႕ ခရိုမိုဇုန္းအေရအတြက္ကိုစစ္ေဆးပါတယ္။

ဒီစစ္ေဆးမႈကလည္း တိက်ေပမယ္႔ ခုနကတခုလိုပဲ အခန္႔မသင္႔ရင္ ကိုယ္၀န္ပ်က္က်တာ၊ပိုး၀င္တာေတြျဖစ္နိုင္ေျခအနည္းငယ္ေတာ႔ရွိပါတယ္။သို႔ေသာ္ Chorionic Villous Sampling ထက္စာရင္ Amniocentesis က ကိုယ္၀န္ပ်က္က်တာ၊ပိုး၀င္တာေတြ ျဖစ္နိုင္ေျခပိုနည္းပါတယ္။ Amniocentesis စစ္ေဆးမႈကို ကိုယ္၀န္၁၆ပတ္ ကေန ၁၈ပတ္အတြင္းမွာ ျပဳလုပ္နိုင္ပါတယ္။Percutaneous umbilical blood sampling ဆိုတာကေတာ႔ ခ်က္ၾကိဳးမွေသြးကိုယူစစ္တာပါ။အေျဖကအလြန္တိက်ေသာ္လည္း ကိုယ္၀န္ပ်က္က်နိုင္ေျခမ်ားပါတယ္။ကိုယ္၀န္၁၈ပတ္မွာစစ္ေဆးလို႔ရပါတယ္။ဒီလို ကိုယ္၀န္ေဆာင္စဥ္မွာ ေဒါင္းေရာဂါရွိမရွိစမ္းသပ္ေတာ႔ မိဘေတြအနနဲ႔ ဘာအက်ိဳးေက်းဇူးေတြရွိနိုင္မလဲဆိုျပီးေမးစရာရွိပါတယ္။ဒီေမးခြန္းနဲ႔ပတ္သက္ျပီးေျဖရရင္ေတာ႔ ေရာဂါမရွိဘူးဆိုပါက စိတ္ေအးရျပီး တကယ္လို႔ေရာဂါရွိခဲ႔မယ္ဆိုပါက ေမြးလာမယ္႔ေဒါင္းကေလးအတြက္ ကေလးၾကံဳေတြ႔ရမယ္႔ အခက္အခဲေတြ၊ျပဳစုပ်ိဳးေထာင္ရမည္႔နည္းလမ္းေတြနဲ႔ပတ္သက္ျပီး ၾကိဳတင္ျပင္ဆင္ထားနိုင္ပါတယ္။

တျခားေဒါင္းကေလးမိဘေတြ၊မိသားစုေတြနဲ႔ ေတြ႔ဆံုျပီး သူတို႔နဲ႔ တိုင္ပင္ေဆြးေႏြးကာ အၾကံေတြလည္းရယူနိုင္ပါတယ္။

Dr 528

(Unicode)

ဒေါင်းရောဂါအကြောင်းအပိုင်း၃-စမ်းသပ်စစ်ဆေးနည်းများ

အပိုင်း၁ နဲ့အပိုင်း ၂ မှာ ဒေါင်းရောဂါဆိုတာဘာလဲ။ဒေါင်းရောဂါကလေးမွေးလာရင်ဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတာတွေကို သိသလောက်ရေးသားတင်ပြခဲ့ပါတယ်။အခုအပိုင်း ၃မှာတော့မွေးဖွားလာမယ့်ကလေးမှာ ဒေါင်းရောဂါပါမပါ မမွေးခင်ကိုယ်ဝန်ဆောင်နေစဉ်အချိန် ဘယ်လိုစမ်းသပ်စစ်ဆေးကြည့်လို့ရမလဲဆိုတာကို ရေးသားတင်ပြပါမယ်။ဒေါင်းရောဂါပါမပါ ကိုယ်ဝန်ဆောင်စဉ်မှာ လုပ်နိုင်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကိုပြောရမယ်ဆိုရင်ဦးဆုံးအနေနဲ့ကတော့ Triple Test လုပ်တာပါ။Triple test ဆိုတာက မိခင်သွေးကိုယူကာ မိခင်သွေးထဲမှာပါတဲ့Maternal Serum Alpha-Fetoprotein(MSAFP),Human Chorionic Gonadotrophin(HCG),Unconjugated oestriol(UE3) သုံးမျိုးရဲ့ပမာဏာကိုတိုင်းတာစစ်ဆေးတာဖြစ်ပါတယ်။

Alpha Feto Protein ဆိုတာက သန္ဓေသားဆီကထွက်ပြီး မိခင်ရဲ့သွေးထဲရောက်တဲ့ပရိုတင်းတမျိုးဖြစ်ပါတယ်။ထိုပရိုတင်းများနေရင်လည်းမကောင်းသလို နည်းနေရင်လည်းမကောင်းပါ။များနေပါက အာရုံကြောလမ်းကြောင်းချို့ယွင်းမှု(Neural tube defects)တွေဖြစ်နိုင်ခြေများပြီးနည်းနေပါက ဒေါင်းရောဂါ ဖြစ်နိုင်ခြေများပါတယ်။ဒီTriple Test ကိုတော့ ကိုယ်ဝန် ၁၅ပတ် ကနေ အပတ် ၂၀ အတွင်းမှာစတင်စစ်ဆေးနိုင်ပြီး စစ်ဆေးမှုကြောင့် သန္ဓေသားကိုလည်းထိခိုက်မှုမရှိပါဘူး။ဒီဖော်ပြပါသုံးမျိုးပမာဏဟာပုံမှန်မဟုတ်ရင် သန္ဓေသားက တယောက်ထဲမဟုတ်ဘဲ နှစ်ယောက်မို့လို့တက်တာလား။ကလေးမှာဘာချို့ယွင်းချက်တွေရှိနေလဲ သန္ဓေသားရဲ့အသက် စတာတွေကိုထပ်မံသိဖို့အတွက်အာထရာဆောင်းရိုက်ဖို့လိုပါတယ်။Triple Test အပြင် ကိုယ်ဝန်ဆောင်စဉ်မှာလုပ်နိုင်တဲ့ ပိုတိကျပြီး အသုံးများတဲ့ တခြား စစ်ဆေးမှုသုံးခုရှိပါသေးတယ်။အဲ့ဒါတွေကတော့ Chorionic Villous Sampling ,Amniocentesis နဲ့ Percutaneous umbilical blood sampling လို့ခေါ်တဲ့ စစ်ဆေးမှုသုံးခုပါ။

Chorionic Villous Sampling ဆိုတာကတော့ အချင်းမှတသျှူးစကိုယူပြီးစစ်ဆေးတာပါ။အာထရာဆောင်းအကူအညီဖြင့် အလွန်သေးငယ်သော အပ်ချောင်းလေးတချောင်းကို ဝမ်းဗိုက်ကနေ သို့မဟုတ် မိန်းမကိုယ်ကနေတဆင့် အချင်းဆီရောက်အောင်ထိုးသွင်းပြီး အချင်းမှ တသျှူးအနည်းငယ်ကိုထုတ်ယူကာ ခရိုမိုဇုန်း အရေအတွက်ပါဝင်မှု ကိုစစ်ဆေးတာပါ။ဒီစစ်ဆေးမှုက တိကျပေမယ့် အခန့်မသင့်ရင် ကိုယ်ဝန်ပျက်ကျတာ၊ပိုးဝင်တာ၊သွေးဆင်းတာတွေဖြစ်နိုင်ခြေအနည်းငယ်တော့ရှိပါတယ်။Chorionic Villus Sampling ခေါ်အချင်းကနေ တသျှူးစယူစစ်ဆေးခြင်းကို ကိုယ်ဝန် ၁၀ ပတ်ကနေ ၁၂ပတ်အတွင်းမှာပြုလုပ်နိုင်ပါတယ်။နောက်စစ်ဆေးမှုတခုဖြစ်တဲ့ Amniocentesis ဆိုတာကတော့ ရေမွှာရည်ကိုစုပ်ယူပြီး စစ်ဆေးခြင်းပါ။Chorionic Villus Sampling လိုပဲ အာထရာဆောင်းအကူအညီနဲ့ အလွန်သေးငယ်သောအပ်တချောင်းကို မိခင်ဝမ်းဗိုက်ကနေတဆင့် သားအိမ်တွင်းသို့ ထိုးသွင်းပြီး ရေမွှာရည်အနည်းငယ်ကို စုပ်ယူကာ ထိုရေမွှာရည်ထဲမှာပါတဲ့သန္ဓေသားဆဲလ်တွေရဲ့ ခရိုမိုဇုန်းအရေအတွက်ကိုစစ်ဆေးပါတယ်။

ဒီစစ်ဆေးမှုကလည်း တိကျပေမယ့် ခုနကတခုလိုပဲ အခန့်မသင့်ရင် ကိုယ်ဝန်ပျက်ကျတာ၊ပိုးဝင်တာတွေဖြစ်နိုင်ခြေအနည်းငယ်တော့ရှိပါတယ်။သို့သော် Chorionic Villous Sampling ထက်စာရင် Amniocentesis က ကိုယ်ဝန်ပျက်ကျတာ၊ပိုးဝင်တာတွေ ဖြစ်နိုင်ခြေပိုနည်းပါတယ်။ Amniocentesis စစ်ဆေးမှုကို ကိုယ်ဝန်၁၆ပတ် ကနေ ၁၈ပတ်အတွင်းမှာ ပြုလုပ်နိုင်ပါတယ်။Percutaneous umbilical blood sampling ဆိုတာကတော့ ချက်ကြိုးမှသွေးကိုယူစစ်တာပါ။အဖြေကအလွန်တိကျသော်လည်း ကိုယ်ဝန်ပျက်ကျနိုင်ခြေများပါတယ်။ကိုယ်ဝန်၁၈ပတ်မှာစစ်ဆေးလို့ရပါတယ်။ဒီလို ကိုယ်ဝန်ဆောင်စဉ်မှာ ဒေါင်းရောဂါရှိမရှိစမ်းသပ်တော့ မိဘတွေအနနဲ့ ဘာအကျိုးကျေးဇူးတွေရှိနိုင်မလဲဆိုပြီးမေးစရာရှိပါတယ်။ဒီမေးခွန်းနဲ့ပတ်သက်ပြီးဖြေရရင်တော့ ရောဂါမရှိဘူးဆိုပါက စိတ်အေးရပြီး တကယ်လို့ရောဂါရှိခဲ့မယ်ဆိုပါက မွေးလာမယ့်ဒေါင်းကလေးအတွက် ကလေးကြုံတွေ့ရမယ့် အခက်အခဲတွေ၊ပြုစုပျိုးထောင်ရမည့်နည်းလမ်းတွေနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။

တခြားဒေါင်းကလေးမိဘတွေ၊မိသားစုတွေနဲ့ တွေ့ဆုံပြီး သူတို့နဲ့ တိုင်ပင်ဆွေးနွေးကာ အကြံတွေလည်းရယူနိုင်ပါတယ်။

Dr 528

Previous Post

အစာအိမ်အတွက်ဆေး

Next Post

သားအိမ်မရှိတော့လျှင် ဘာဖြစ်မလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
284

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
355

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
903

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

3 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
1.1k
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
706

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားအိမ်မရှိတော့လျှင် ဘာဖြစ်မလဲ

ပခံုုးလႈပ္မရေသာျပႆနာ (သိုု႔) Frozen Shoulder

ဒန္တသုခပင်အကြောင်းသိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.