fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးငယ်နှင့် ကစားစရာအရုပ်အန္တရာယ်

139
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/07/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးငယ်နှင့် ကစားစရာ အရုပ်အန္တရာယ်

ကလေးဆိုတာက မွေးလာပြီးတာနဲ့ အရုပ်တွေနဲ့ လက်ပွန်းတတီး နေတတ်ကြပါတယ်။ ကိုယ်တိုင်မဆော့နိုင်သေးတဲ့ အချိန်မှာတောင် ဘေးကနေ ကလေးလေးကို ချော့မြူတာတွေ စနောက်နေတာတွေ ရှိတတ်ပါတယ်။ ကလေးတွေရဲ့ ကစားဖော်ဖြစ်တဲ့ အရုပ်တွေကလည်း ကလေးကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။

မွေးစကနေ နှစ်လသုံးလလောက်ထိတော့ ဂျောက်ဂျက်လို အသံမြည်တဲ့ အရုပ်လေးတွေက ကလေးတွေရဲ့ကစားဖော်ပါ။ တစ်ချို့တွေမှာတော့ အိပ်တဲ့ ပုခက် ကုတင်စတာလေးတွေရဲ့အပေါ်မှာ ချိတ်ဆွဲထားပေးတဲ့ merry-go-round လို လည်နေတဲ့ အရုပ်လေးတွေပါ ကလေး ကိုယ်တိုင်မကိုင်ဖြစ်လည်း အရုပ်လေးတွေရဲ့သန့်ရှင်းမှုက အရေးပါပါတယ်။

ကလေးအိပ်ယာလေးတွေပေါ် ချိတ်ထားတဲ့ အရုပ်လေးတွေကို နေ့စဉ်ဖုန်ခါပေးဖို့ သန့်ရှင်းပေးဖို့ လိုပါတယ်။ တစ်ချို့ကလေးတွေမှာ ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။ နေရောင်ထဲမှာလည်း ထုတ်လှမ်းပေးဖို့လိုပါတယ်။

ကလေးတွေကိုယ်တိုင် စပြီးဆော့တတ်လာတယ်ဆိုရင်တော့ ပိုဂရုစိုက်ရပါတယ်။ အရုပ်ဆိုတာမှာ
အမွှေးပွအရုပ်ပဲဖြစ်ဖြစ် တစ်ခြားသော ကစားစရာလေးတွေပဲဖြစ်ဖြစ်ကို ပြောတာပါ။ တစ်ချို့ကစားစရာတွေက ကလေးအသက်အရွယ်လိုက် သတ်မှတ်ထားပါတယ်။ ကလေးတွေအတွက် အန္တရာယ် ကင်းအောင်ပါ။

ကလေးတွေကို ကစားစရာတွေပေးထားပြီး ဆော့စေတဲ့အခါမှာလည်း ကလေးတစ်ယောက်တည်း မလွှတ်ထားပါနဲ။့ ကလေးဆိုတာက ဘာမှသေချာသိသေးတာ မဟုတ်တော့ ပါးစပ်ထဲ နှာခေါင်းထဲဝင်သွားတာတွေ ဖြစ်တတ်တယ်။

အရမ်းသေးတဲ့ကစားစရာတွေ အလုံးလေးတွေထွက်လာတတ်တဲ့ ဂျောက်ဂျက်လေးတွေ ကွဲလွယ်ရှလွယ်တဲ့ ဖန်နဲ့လုပ်ထားတာလေးတွေ အချွန်အတက်ပါတဲ့ ကစားစရာလေးတွေကို သီးသန့်ဖယ်ထားပေးပါ။ ကလေးတွေကိုမပေးပါနဲ့။

ကလေးဆိုတော့ ဘာမှန်းမသိဘဲ ပါးစပ်ထဲနှာခေါင်းထဲ ထည့်မိတာတွေကနေ အသက်ရှူပိတ်တတ်တယ်။ သီးတတ်တယ် အချွန်အတက်တွေကနေ ထိခိုက်နိုင်တတ်တယ်။ လက်ညပ်မိတာတွေ ဖြစ်သွားတတ်ပါတယ်။

နောက်တစ်ခုက ကစားစရာတွေကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးဖို့လိုပါတယ်။ ကစားထားတဲ့အခါ ကစားစရာအရုပ်လေးတွေက ကြမ်းပြင်ပေါ်ကျတာ ထိုင်ခုံတွေအောက်ဝင်သွားတာတွေ ရှိတတ်ပါတယ်။ ဒါမျိုးတွေဆိုဖြစ်နိုင်ရင် သန့်ရှင်းရေးပြန်လုပ်ဖို့ လိုပါတယ်။

ကစားစရာတွေပြန့်ကျဲနေတာမျိုးက ကလေးအတွက်ကောင်းတယ်ဆိုပေမယ့် မမြင်နိုင်တဲ့ ရောဂါပိုးတွေက အများကြီးပါ။ ကစားစရာပေါ်က ကြွက် ပိုးကောင် ပိုးဟပ်တွေ ဖြတ်ပြေးတာတွေကို ဘယ်သူမှသတိထားမိမှာ မဟုတ်လိုက်ပါဘူး။ ဒါကြောင့် ဘယ်ကစားစရာမဆို အဖုံးပါတဲ့ ခြင်းတွေ ဗီရိုတွေနဲ့ ထည့်သိမ်းပေးသင့်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ အမွှေးပွအရုပ်တွေပါ။ တစ်ချို့ကလေးတွေက အမွှေးပွအရုပ်လေးတွေကို အိပ်ယာထဲထိ ထည့်အိပ်တတ်ကြတယ်။ ဘယ်သွားသွား ယူသွားတတ်ကြတယ် ဒီအရုပ်လေးတွေရဲ့ အမွှေးတွေကြားထဲ အမှိုက်တွေ အကောင်တွေ ဖုန်တွေ ကပ်နေတတ်တယ်။ ကလေးတွေက အရုပ်လေးတွေကို ဖက်ပြီးနမ်းတာလေးတွေကနေတစ်ဆင့် ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။

ဒါကြောင့် ဒီအမွှေးပွအရုပ်လေးတွေကို သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ ဒီအရုပ်တွေကျတော့နေပူပြရုံနဲ့မပြီးပါဘူး။ ဆပ်ပြာနဲ့ လျှော်ပေးဖို့လိုပါတယ်။ နေရောင်ကောင်းကောင်းမှာ အခြောက်ခံဖို့လည်းလိုပါတယ်။

ကလေးနဲ့အရုပ်ဆိုတာ အမြဲဒွန်တွဲနေမှာပါ။ ဒါကြောင့်ကလေးကျန်းမာဖို့အတွက် အရုပ်လေးတွေသန့်ရှင်းဖို့ ဂရုစိုက်ကြရမှာဖြစ်ပါတယ်။

Dr. CST

Previous Post

မျက်ခုံးမွှေးထူထူ ပိုင်ရှင်ဖြစ်ဖို့

Next Post

လိင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ ဆစ်ဖလစ်ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
314

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
818

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
989
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
667

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လိင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ ဆစ်ဖလစ်ရောဂါ

အပေါင်းသွေး အနုတ်သွေးအကြောင်း

ရာသီအကူးအပြောင်းမှာ မဖျားရအောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.