fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ပြည့်၀တဲ့ အိပ်စက်ခြင်းနှင့် ကလေးများ၏ ကျန်းမာရေး

111
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/09/2020
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ဒီနေ့ကျွန်မအနေအနဲ့ကလေးတစ်ယောက်ရဲ့ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ပတ်သတ်ပြီးအရေးကြီးပြီးအရမ်းအသုံးဝင် အဖိုးတန်တဲ့ အကြောင်းအရာတွေဝေမျှလိုပါတယ်။
လူသားတစ်ဦးရဲ့ ဦးနှောက်ထဲမှာ မွေးစမှာပင် (Neutrons)လို့ခေါ်တဲ့ အာရုံကြောကလာပ်စည်း ၁၀၀ ဘီလီယံခန့်ရှိပြီး၊ အသက်(၃)နှစ်အရွယ်(မတ်တပ်ပြေးသည့်အရွယ်)မတိုင်မီအာရုံကြောကလာပ်စည်း
တစ်ခုစီတွင်(Synapses)ခေါ်အာရုံကြောအမြွှာဆုံလေးများပျှမ်းမျှအားဖြင့်တစ်သောင်းငါးထောင်ခန့်ထွက်လာပါသည်။ပထမ(၁၀)နှစ်အရွယ်ကာလအတွင်းမှာအာရုံကြောမြွှာဆုံလေးများရဲ့အရေအတွက်မှာ ယေဘုယျအားဖြင့်ပုံသေတသတ်မတ်တည်းဖြစ်နေပြီး၊ အာရုံကြောကလာပ်စည်း(Neutrons) အရေ အတွက်ကတော့ လျှော့နည်းကျဆင်း လာပါသည်။

သဘာဝနိယာမအရ အချို့သောအာရုံကြောအမြွှာဆုံများဖြစ်ပေါ်လာစဉ်မှာ အချို့သော အာရုံကြောဆုံများ ပျောက်ကွယ်သွားကြပါသည်။ မကြာခဏအသုံးပြုနေသော လမ်းကြောင်းများက တာရှည်ခံကျန်ရှိပြီး အသုံးပြုနည်းတဲ့လမ်းကြောင်းများကတော့ ဖယ်ရှားခြင်းခံရပါသည်။
အတွေ့အကြုံဟူသောပြင်ပအကြောင်းချက်များမှာဦးနှောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအပေါ် တိုက်ရိုက်အကျိုး သက်ရောက်မှုရှိကြောင်းကိုလည်း သက်သေပြပြီးဖြစ်ပါသည်။­
ဇီဝဆိုင်ရာဖြစ်တဲ့(ပြင်းထန်တဲ့ကျန်းမာရေးပြဿနာ)၊စိတ်ပိုင်းဆိုင်ရာဖြစ်တဲ့(ကလေးပြုစုပျိုးထောင်သည့် ပတ်ဝန်းကျင်)နှင့်လူမှုရေးဆိုင်ရာဖြစ်တဲ့(မိသားစုစနစ်နှင့်စီးပွားရေးအခြေအနေ)တွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးကြီးပြင်းလာမှုမှာသက်ရောက်လွှမ်းမိုးမှုရှိတဲ့အတွက်ထိုအချက်တစ်ချက်ချင်းစီကို သီးခြားစဉ်းစား သုံးသပ်ခြင်းဟာ အရမ်းဘဲအထောက်အကူပြုစေပါသည်။
လွယ်ကူရိုးရှင်းစွာပြောရမယ်ဆိုရင် ၊ မိဘနှင့်ကလေးဆက်ဆံရေး၊ မိဘများရဲ့ ချစ်ခင်ကြင်နာမှုနှင့် မိသားစုဝင်များဟာ ကလေးရဲ့ပတ်ဝန်းကျင်နှင့် ဆက်နွယ်မှုအတွက် အဓိကအခန်းကဏ္ဍမှပါဝင်ပါသည်။ လုံခြုံစိတ်ချရသောပတ်ဝန်းကျင်ဖန်တီးခြင်း၊အစားအစာ၊အဝတ်အစားနဲ့နေစရာအိမ်တွေဟာအနာဂတ် မှာရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာနှစ်ဖက်စလုံးမှာကျန်းမာသောကလေးများအဖြစ်ပုံသွင်းရန်အတွက် အခြေခံကျတဲ့ နေရာမှ အထောက်အကူပြုပါသည်။

အတွေးအခေါ် ပညာရှင်များ၏ လေ့ာဂျစ်များအရဆိုလျှင် အိပ်စက်ခြင်းသည် ရေနှင့် အဟာရကဲ့သို့ ပင်ကောင်းမွန်သောကျန်းမာရေးအတွက်အရေးပါသည်ကိုတွေ့ရှိရသည်။သက်တောင့်သက်သာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သောအချိန်ကာလနှင့်ကလေး၏ထိုးထွင်းသိမြင်နိုင်သည့်စွမ်းရည်တို့အကြားတွင်အလွန်ခိုင်မာသောဆက်နွယ်မှုရှိနေပါသည်။

အိပ်နေစဉ်မကြာခဏနိုးခြင်းသည် ကလေး၏တိုးထွင်းသိမြင်နိုင်မှု စွမ်းရည်ကိုကျဆင်း လျှော့နည်းစေသည်။ (Louise M.O’Brien,PhD reviewing Ednick M et al. Sleep 2009 Nov 1)

ကျွန်မ ဒီလိုပြောတဲ့အခါမှာကလေးတွေရဲ့ အသက်အရွယ်အပိုင်းအခြားကို သိချင်လာပါလိမ့်မယ် ၃နှစ်အရွယ်ကလေးလား၊ မူကြိုအရွယ်ကလေးလားလို့ပေါ့။ အသက်အရွယ်အလိုက် ဘယ်နှစ်နာရီ အိပ်ဖို့လို သလဲဆိုတာမျိုးပေါ့။
အမှန်တကယ်တော့အိပ်စက်ခြင်းဟာ ကျန်းမာရေးကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ ထိန်းသိမ်းခြင်းအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်ပါတယ်။အသက်အရွယ်အားလုံးအတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ အထူးသဖြင့် ကလေးတွေအတွက် အင်မတန် အရေးကြီးပါသည်။(SLEEP AND PEDIATRIC MENTAL HEALTH,Journal of the American academy of child and adolescent psychatry,VOLUME 56 NUMBER 10S . October 2017)

ဦးနှောက်ရဲ့အလျှင်မြန်ဆုံးဖွံ့ဖြိုးမှုဟာ ကလေးတစ်ယောက်ရဲ့ ပထမသုံးနှစ်အတွင်းမှာဖြစ်ပြီး၊ မတ်တတ် ပြေးအရွယ်အဆုံးတွင် ဦးနှောက်ဖွံ့ဖြိုးမှု 80 ရာခိုင်နှုန်းမှ 90ရာခိုင်းနှုန်းပြီးစီးသွားသည်။ ထို့ကြောင့် မူကြိုအရွယ်ကလေးနှင့်လူကြီးများ ထက် မွေးစမှ 3နှစ်အရွယ်အထိ ကလေးများမှ ပို၍အိပ်စက် သင့်ခြင်း ဖြစ်သည်။

ကနေးဒီးယန်း လေ့လာမှုမှ 2008 ခုနှစ်တွင် ထုတ်ဝေ ခဲ့သော ဂျာနယ်ပါ အိပ်စပ်ခြင်းဆောင်းပါးတွင် ညစဉ်အိပ်စက်ချိန် 10 နာရီထက် လျှော့နည်း၍အိပ်သော 3နှစ်အရွယ်ထိ ကလေးများသည် အသက် အရွယ်ကြီးလာသောအခါ ADHD ကဲ့သို့သောဦးနှောက်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်သည့် ဘာသာ စကားဆိုင်ရာပြဿနာများ၊ စာဖတ်စွမ်းရည်ပြဿနာများကို ပိုမိုကြုံတွေ့ရသည်ဟု ဖော်ပြထားသည်။ ထိုလေ့လာမှုအရဆိုလျှင် အိပ်စက်ခြင်းသည်ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်ပံ့ဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် အိပ်စက်ခြင်းနှင့် neuroplasticity ခေါ် ဦးနှောက်၏ပြန်လည်ပြုပြင်ပြောင်းလဲနိုင်စွမ်း တို့တွင် ခိုင်မာသောဆက်နွယ်မှု ရှိခြင်းကြောင့်ဖြစ်သည်။
မကြာသေးမီ ကာလအတွင်းကပင် Millennium Cohrt Studyှ မှ ကလေး၏ ဦးနှောက် နှင့် အိပ်စက်ခြင်း ဆက်နွယ်မှုကို လေ့လာမှုပြုခဲ့သည်။ထိုအရဆိုလျှင် မွေးကင်းစမှ 3နှစ် အရွယ်ကလေးများတွင် အချိန်မှန်မအိပ်ခြင်းသည် ကလေးများ၏ စာဖတ်စွမ်းရည် ၊ သင်္ချာစွမ်းရည်နှင့် အကွာအဝေး နားလည်စွမ်းရည်တို့ကို ဆိုးရွားစွာထိခိုက်စေသည်။
ထို့ကြောင့် မွေးကင်းစကလေးများသည် တစ်ရက်လျှင် ၁၄ နာရီမှ ၁၆ နာရီထိ အိပ်စက်ရန်လိုအပ်ပြီး၊ ညပိုင်းတွင် ၉ နာရီ မှ ၁၀ နာရီ အထိ အိပ်ရန်လိုအပ်သည်။

၄လ မှ ၆လ အရွယ် အိပ်စက်ချင်းခြင်းကို (Electroencephalogram) ခေါ် ဦးနှေက်လှိုင်းများဖြင့် တိုင်းတာ စစ်ဆေးသောအခါ ရင့်ကျက်သည့်ပုံစံတစ်ခုကိုပြသည်။ REM အခြေအနေ ကိုသတ်မှတ်ပေးသည် ။ REM မဟုတ် အခြေအနေအဆင့်(4) ဆင့်ကိုလည်းသတ်မှတ်ပေးနိုင်သည်။ ဤအိပ်စက်ခြင်းသံသရာမှာ ကလေးဘဝတွင် လူကြီးမှာထက် ပို၍တိုသည်။ လူကြီးတွင် မိနစ် 90နီးပါးရှိပြီးကလေးဘဝတွင် မိနစ် 50မှ 60နီးပါးရှိသည်။
ဤဆက်နွယ်နေမှုများအကြာင်းကို အစ္စရေးနှင့် တရုတ်နိုင်ငံတို့တွင် ၂၀၁၂ မှ၂၀၁၅အတွင်း လေ့လာမှု နှစ်ခုပြုလုပ်ခဲ့သည်။ 2လမှ 4နှစ်ကြားကလေး 1000 ခန့် ကိုစစ်တမ်း ကောက်ယူခဲ့ရာ ပထမ ဦးစွာ 2လမှ 12လအရွယ် တွင် စစ်ဆေးလေ့လာခဲ့သည်။ ထိုအဆိုပါ ကလေးများ 3နှစ် မှ4နှစ် အထိ အရွယ်ရောက်သော အခါ နောက်တစ်ကြိမ်စစ်ဆေးခဲ့သည်။
ရလာဒ်များမှာ ညတွင်တာရှည်အိပ်ရာမှနိုးနေသော အချိန်ကာလသည် နို့စို့ကလေးများ နှင့် မတ်တပ်ပြေးအရွယ် ကလေးများ၌ စိတ်ပိုင်းဆိုင်ရာပြဿနာများနှင့် ဆက်စပ်မှုမြင့်မားစွာရှိကြောင်း တွေ့ခဲ့ရသည်။ ရလာဒ်တစ်ခုအဖြစ် န့ိုစို့အရွယ် အိပ်စက်မှုအရည်အသွေး တိုင်းတာခြင်းက နောက်ကျသော ထိုးတွင်းသိမြင်မှုစွမ်းရည် နှင့် နောက်ကျသော အပြုအမူဆိုင်ရာစွမ်းရည်ကို ခန့်မှန်းပေးသည်။
ကလေးတွေရဲ့ ကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးကို အမြဲဂရုစိုက်ကြတဲ့ အမေများအနေနဲ့ ကိုယ့်ရဲ့ကလေးကို ဘယ်လိုနှစ်ခြိုက်စွာ အိပ်စေမလဲဆိုတဲ့ မေးခွန်း တွေလဲမေးနိုင်ပါတယ်။ ပထမအချက်ကတော့ အချိန်မှန်မှန်စားစေခြင်းနှင့် ကလေးရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို သေချာစွာလုပ်ပေးခြင်းဖြင့် ကလေးတွေကို နှိက်ခြိုက်စွာ အိပ်ပျော်စေပါသည်။ ပိုပြီးစုတ်ယူ အားကောင်းပြီး တစ်ညလုံးသုံးနိုင်တဲ့ Diapers တွေ အသုံးပြုခြင်းဖြင့်လည်း ကလေးမကြာခဏ နိုးစေတဲ့ကာလကိုလျှော့ချနိုင်ပါသည်။
အရမ်းနူးညံ့တဲ့ချည်သား Ultra Softcotton Diapers တွေကိုရွေးခြယ်နိုင်မယ်ဆိုရင်တော့ ကလေးကို အိပ်နေစဉ်မှာ သက်တောင့်သက်သာဖြစ်စေမှာဖြစ်ပြီး (Diaper rashes)လို့ခေါ်တဲ့ အဖုတွေထွက် ယားယံခြင်းမှ ကင်းဝေးမှာ ဖြစ်ပါတယ်။

လူမှုရေးရှုထောင့်မှနေ၍ ခိုင်လုံသောအကြံပေးချက်တစ်အနေဖြင့် ဖွံ့ဖြိုးကြီးထွားနေသောကလေးတိုင်းကို ခဏခဏမနိုးစေဘဲ နှစ်ခြိုက်စွာအိပ်စက်နိုင်အောင် ဆောင်ရွက်ပေးသင့်သည်။ အဘယ်ကြာင့်ဆိုသော် အစောပိုင်းအရွယ် ကျန်းမာစွာရှိခြင်းသည် နောင်တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအတွက် အလွန်အရေး ပါသောကြောင့်ဖြစ်သည်။
Author : ကလေးအထူးကု ဆရာဝန်  ဒေါက်တာ-တင်ဝါဝါ၀င်း

Previous Post

ကလေးမီးဖွားပြီးနောက် အရေပြားအကြောပြတ်ခြင်းကို လျော့နည်းစေရန်

Next Post

ကလေးများ အရိုးအဆစ်သန်မာစေရန် အရေးကြီးသောကယ်ဆီယမ်နှင့် ဗီတာမင် ဒီ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများ အရိုးအဆစ်သန်မာစေရန် အရေးကြီးသောကယ်ဆီယမ်နှင့် ဗီတာမင် ဒီ

အပူလောင်၊ ရေနွေးပူလောင်နှင့် ဆီပူလောင်ဒဏ်ရာတွေကို ဘယ်လိုကုသမလဲ ?

ပျိုမေတို့ စိုးရွံ့သည့် နေရောင်ခြည်နှင့် ထိတွေ့ ပြီးနောက် အသားအရောင်မညီညာခြင်းပြဿနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.