fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးတွေမွေးစမှာ ဘာလို့ Vitamin K ထိုးတာလဲ

247
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/09/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ဆေးရုံဆေးခန်းတွေမှာ မွေးတဲ့ ကလေးလေးတွေကို မွေးပြီးတာနဲ့ ဆေးရုံဆေးခန်းတွေက vitamin k တစ်လုံး အသားမှာ ထိုးပေးလေ့ရှိကြတယ်။ မိဘတစ်ချို့သိတာရှိမယ်။ တစ်ချို့လည်း မသိကြဘူး ဆေးထိုးလိုက်တာသိခဲ့ရင်တောင် ဘာကြောင့်ထိုးရတာလဲဆိုတာ မသိကြတာများပါတယ်။

Vitamin K က သွေးခဲစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ် Vitamin K ပုံမှန်ရှိရမယ့် ပမာဏအောက် လျော့နည်းနေတယ်ဆိုရင်ဖြင့် သွေးခဲစေတဲ့ အစွမ်းလည်း နည်းလာနိုင်ပါတယ်။ သွေးလည်း လွယ်လွယ်မတိတ်နိုင်သလို အလိုအလျောက်သွေးထွက်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ် ။

Viramin K ကို အစိမ်းရောင်အသီးအရွက်တွေ ကနေတစ်ဆင့်ရနိုင်ပါတယ်။
လူ့ကိုယ်ခန္ဓာ အူလမ်းကြောင်းထဲမှာ ရှိနေတဲ့ တစ်ချို့သော ဘက်တီးရီးယားတွေကလည်း Vitamin K ကို ပုံမှန်ထုတ်ပေးနေတတ်ပါတယ်။ ဖြစ်လာတဲ့ Vitamin K တွေကို အသည်းမှာ သိမ်းထားပြီး လိုအပ်သလို ပြန်လည် အသုံးပြနေကြတာပါ ။

Vitamin K လျော့နည်းရတဲ့ အကြောင်းတွေကတော့ Vitamin K ပါဝင်သောအစားအစာများ လုံလောက်အောင် မစားသုံးခြင်း အူလမ်းကြောင်းရောဂါအမျိုးမျိုးနှင့် အသည်းရောဂါတွေမှာ ဖြစ်နိုင်ပါတယ် ။

မွေးစအရွယ်လေးတွေမှာ အူလမ်းကြောင်းထဲရှင်းနေတာကြောင့် မည်သည့်ဘက်တီးရီးယားမှ မရှိသေးတာကြောင့် Vitamin K ကိုမထုတ်နိုင်သေးတာကတစ်ကြောင်း အမေနို့ကလွဲပြီး မည်သည့်အစားမှ မစားရသေးတာကတစ်ကြောင်း အသည်းကလည်း မွေးစမှာ ကောင်းမွန်စွာအလုပ်မလုပ်နိုင်သေးတာကတစ်ကြောင်း စတဲ့ အကြောင်းတွေကြောင့် မွေးစကလေးတွေမှာ Vitamin K နည်းနေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်နေတုန်း အမေက ကိုယ်ဝန်ဆောက်အားဆေးတွေသောက်နေတာပဲ Vitamin K ကလေးကို မရဘူးလားလို့ မေးစရာရှိပါတယ် အမေသောက်တဲ့ အားဆေးထဲမှာ Vitamin K က ကလေးဆီ မရောက်ပါဘူး ဘာကြောင့်လဲဆိုရင် Vitamin K က အချင်းကို မဖြတ်နိုင်လို့ပါ။
ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အမေဆီက အားဆေးတွေ အာဟာရတွေ ကလေးဆီရောက်ဖို့ဆို အချင်းကို ဖြတ်ပြီးသွားနိုင်မှရမှာပါ ။

မွေးစအရွယ်မှာ ကြိုတင်ပြီး Vitamin K ထုတ်ထားရအောင်လည်း အူထဲမှာ ဘာအစာမှမရှိတဲ့အခါ ဘယ်ဘက်တီးရီးယားတွေကမှ မထုတ်နိုင်ပါဘူး။
အမေနို့စတိုက်လာတော့လည်းအမေနို့ကိုယ်တိုင်မှာ Vitamin K ပါဝင်မှုနည်းပါတယ်။
အမေနို့ကိုပဲ တိုက်နေရတဲ့ ကလေးတွေမှာ ရက်သတ္တပတ်အနည်းငယ်ကြာမှသာ အူလမ်းကြောင်းထဲကဘက်တီးရီးယားတွေက Vitamin K ကို စတင်ထုတ်နိုင်တာပါ ။

ကလေးလေးတွေမှာ Vitamin K နည်းတဲ့အခါမှာ သွေးအလိုလိုထွက်စေပါတယ်။
Vitamin K Deficiency Bleeding လို့ခေါ်ပါတယ်။Haemorrhagic disease of newborn လို့လည်းခေါ်ပါတယ်။

Vitamin K နည်းလို့ သွေးထွက်တာပါ။ အလိုအလျောက်ထွက်တာဖြစ်တဲ့အပြင် သွေးထွက်များပါတယ်။
ကိုယ်ခန္ဓာအထဲရော အပြင်အရေပြားမှာပါ ဖြစ်နိုင်ပါတယ်။
သွေးထွက်များတာကြောင့် ကလေးဦးနှောက်ထိခိုက်တာတွေအပြင် အသက်ပါဆုံးရှုံးနိုင်ပါတယ် ။

Vitamin K ကို မွေးပြီးစ ၆နာရီအတွင်းမှာ ထိုးတတ်ကြပါတယ်။
တစ်ချို့နိုင်ငံတွေမှာ Vitamin K ကို မထိုးဘဲ ပါးစပ်ထဲ ဆေးအစက်ချတာလည်း လုပ်ကြပါသေးတယ်။
ဆေးမထိုးတဲ့ ကလေးတွေမှာ ပါးစပ်ထဲပဲအစက်ချတဲ့ ကလေးတွေမှာ Vitamin K နည်းလို့ ဖြစ်တဲ့သွေးထွက်တာတွေပိုဖြစ်တာကြောင့် အခုဆို ကလေးတိုင်းကို မွေးပြီးစမှာ ဆေးထိုးပါတယ်။
ဒါကြောင့်လည်း အခုနောက်ပိုင်းတွေမှာ ဒီလိုသွေးထွက်တဲ့ရောဂါတွေ ဖြစ်ပွားမှု အရမ်းနည်းပါးလာပါတယ် ။

ကလေးတိုင်း Vitamin K ထိုးပေးတယ်ဆိုပေမယ့် G6PD deficiency နဲ့ Pyruvate kinase deficiency စတဲ့ သွေးအားနည်းရောဂါတွေမှာတော့ ဆေးမထိုးသင့်ပါဘူး။
မသိလို့ ဆေးထိုးမိလိုက်တယ်ဆိုရင် သွေးအားနည်းခြင်းကို ဖြစ်စေနိုင်ပါတယ် ။

Vitamin K ဆေးထိုးပေးပြီး ဆေးမတည့်တာဖြစ်တာလည်း ရှိတတ်ပါတယ် မွေးစလေးတွေမှာ အဖြစ်နည်းပေမယ့် ဆေးမတည့်တာတွေရဲ့ ထုံးစံအတိုင်း တော့ အင်ပြင်ထွက်ခြင်း ယားယံခြင်း ဖောယောင်ခြင်း အသက်ရှူခက်ခြင်း စသဖြင့်လည်း ဖြစ်နိုင်ပါတယ် ။

Vitamin K ဆေးထိုးပြီးရင်တော့ တစ်ချို့ကလေးတွေမှာ ဆေးထိုးတဲ့နေရာတစ်ဝိုက်မှာ ယောင်ယမ်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါမျိုးကြုံလာရင်တော့ ဖြစ်စမှာ ရေအေးအဝတ်ကပ်ပေးပြီး ခဏအကြာမှာ ကျပ်ပူထိုးပေးလို့ ရပါတယ် ။

အခုလောက်ဆိုရင်တော့ မွေးစကလေးတွေမှာ ဘာလို့ Vitamin K ထိုးရတာလဲ ဆိုတာကို နားလည်နိုင်ပါလိမ့်မယ် ။

Dr. CST

Previous Post

အရေးပေါ်တားဆေးများ

Next Post

ပါးစပ်ထဲမှာ ဘာလို့ ချဉ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
311

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
816

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
987
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
665

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပါးစပ်ထဲမှာ ဘာလို့ ချဉ်

အရိုးပွရောဂါအတွက်ဆောင်ရန် ရှောင်ရန်များ

ဂယက်ထခဲ့သောHIVနောက်ဆက်တွဲ PCP

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.