fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးငယ်လေးတွေ အိပ်နေရင်းနဲ့ ရုတ်တရက်သေဆုံးနိုင်တဲ့အကြောင်းအရင်း

600
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/10/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးငယ်လေးတွေ အိပ်နေရင်းနဲ့ ရုတ်တရက်သေဆုံးနိုင်တဲ့ အကြောင်းအရင်း

ကျန်းမာရေးပြဿနာ တစုံတခုမရှိသော အကောင်းကြီးရှိနေသော ကလေးငယ်လေးတွေ အိပ်နေရင်းနဲ့ရုတ်တရက် သေဆုံးသွားတာမျိုးတွေကို ကြားဖူးကြမှာပါ။

ဒီလိုဖြစ်တာကို ဆေးပညာအရ Sudden Infant Death Syndrome (SIDS) လို့ခေါ်ပါတယ်။

အသက် ၆ လအောက်ကလေးငယ်လေးတွေမှာ အဖြစ်များပါတယ်။

အင်္ဂလိပ်လိုတော့ Cot death လို့ခေါ်ပါတယ်။

အင်္ဂလိပ်အခေါ် Cot death ကို ဘာသာပြန်တဲ့အခါမှာတော့ Cot = ပုခက်, Death = သေဆုံးခြင်း Cot death = ပုခက်ကြောင့်သေဆုံးခြင်းဆိုပြီး အဓိပ္ပာယ်ထွက်လာပါတယ်။

ဒါကြောင့် ဆရာဝန်မဟုတ်တဲ့စာရေးဆရာတချို့က ဒီအကြောင်းကို နိုင်ငံခြားဆေးပညာဆောင်းပါးတွေကို ဘာသာပြန်ရေးတဲ့အခါ ပုခက်ကြောင့်သေဆုံးခြင်းဆိုပြီး ရေးကြတာတွေရှိပါတယ်။

ဒီအခါမှာ မသိနားမလည်တဲ့ မေမေ အများစုက ဖတ်ပြီး ကလေးတွေကို ပုခက်နဲ့သိပ်လို့ရပါ့မလားဆိုပြီး စိုးရိမ်သောကရောက်တတ်ကြပါတယ်။

အွန်လိုင်းအမေးအဖြေကဏ္ဍမှာလည်း ကလေးတွေကို ပုခက်သုံးပြီးသိပ်ရမရ ခဏခဏ လာလာမေးကြပါတယ်။

ကလေးတွေမှာ ပုခက်သုံးလို့ရပါတယ်။

ကျန်းမာရေးပြဿနာ တစုံတခုမရှိသော အကောင်းကြီးရှိနေသော ကလေးငယ်လေးတွေ အိပ်နေရင်းနဲ့ရုတ်တရက် သေဆုံးသွားတာမျိုး (SIDS) ဖြစ်တာဟာ ပုခက်ကြောင့် မဟုတ်ပါဘူး။

ကလေးငယ်လေးတွေ အိပ်နေရင်းနဲ့ ရုတ်တရက် သေဆုံးသွားတာမျိုး (SIDS) ဖြစ်ရတဲ့အကြောင်းအရင်း အတိအကျကိုတော့ ခုထိမသိသေးပါ။

ကလေးအိပ်နေစဉ်မှာ အကြောင်းတခုခုကြောင့် ကလေးရဲ့ အသက်ရှုလမ်းကြောင်းပိတ်ဆို့သွားတာကြောင့် ဖြစ်နိုင်ခြေရှိပါတယ်။

ဒါ့အပြင် ကလေးကို မိခင်နို့မတိုက်တာ၊ ကလေးကအဝလွန်တာ၊ မိဘတွေက ဆေးလိပ်အရက်သောက်တာတွေနဲ့လည်း ဆက်စပ်မှုရှိနိုင်တယ်လို့ လေ့လာမှုတွေအရ ပညာရှင်တွေက ဆိုထားပါတယ်။

ကလေးငယ်လေးတွေ အိပ်နေရင်းနဲ့ရုတ်တရက် သေဆုံးသွားတာမျိုး မဖြစ်အောင်၊ ဖြစ်နိုင်ခြေနည်းအောင်ကတော့ အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်ဖို့လိုပါတယ်။

၁။ ကလေး ၁ နှစ်မပြည့်မချင်း ကလေးကို အခန်းခွဲမသိပ်ပါနဲ့။ မိဘနဲ့တခန်းတည်း အတူသိပ်ပါ။ သို့သော် မိဘတွေအိပ်တဲ့ ကုတင်ပေါ်မှာ အတူသိပ်တာမျိုးတော့ ရှောင်ရပါမယ်။ ဘာလို့လဲဆိုတော့ မိဘတွေအိပ်ပျော်တဲ့အခါ ကလေးအပေါ်ဖိမိပြီး ကလေးအသက်ရှုလမ်းကြောင်း ပိတ်သွားနိုင်လို့ပါ။

၂။ မိခင်နို့တိုက်ပါ။

သို့သော် ကလေးကို နို့တိုက်ရင်းနဲ့ မိမိအိပ်ပျော်သွားတာမျိုး မဖြစ်အောင်ဂရုစိုက်ပါ။ အထူးသဖြင့်ရင်သားကြီးတဲ့ မေမေတွေဆိုရင် ပိုဂရုစိုက်ရပါမယ်။ ရင်သွေးလေးကိုနို့တိုက်ရင်း မေမေအိပ်ပျော်သွားပါက မေမေရဲ့ရင်သားက ကလေးအသက်ရှုလမ်းကြောင်းကို သွားဖိပြီး ပိတ်တတ်လို့ပါ။

၃။ ကလေးအိပ်တဲ့အိပ်ရာခင်းနဲ့ ကလေးခေါင်းအုံးတွေကို အရမ်းကြီးအိစက်မြုပ်ဝင်သွားတဲ့ အမျိုးအစားတွေ မသုံးပါနဲ့။ မျက်နှာပြင်တင်းရင်းတဲ့ အမျိုးအစားတွေပဲ သုံးပါ။ အသက် ၆ လအောက်ကလေးတွေဆိုရင် ခေါင်းအုံးမသုံးပါနဲ့။

ကလေးအိပ်တဲ့ခုတင် သို့မဟုတ် ပုခက်ဟာ ကလေးနဲ့စာရင် အရမ်းကျယ်နေကြီးနေတာမျိုး မဖြစ်ပါစေနဲ့။ ကလေးအိပ်တဲ့အိပ်ရာထဲမှာ အမွှေးပွ အရုပ်ကြီးတွေထားတာမျိုးကို ရှောင်ပါ။

ကလေးလေးတွေ အိပ်နေရင်းနဲ့ပြုတ်မကျအောင် အကာအရံဘေးတန်းပါတဲ့ကုတင် သို့မဟုတ် အကာအရံပါဘေးတန်းပါတဲ့ ပုခက်နဲ့သိပ်ပါ။

၄။ ကလေးကို ညအိပ်ချိန် အအေးမိမှာစိုးပြီး စောင်အထူကြီးပတ်တာ၊ အနှီးနဲ့ကြပ်နေအောင်ထုတ်ထားတာ ရှောင်ပါ။

၅။ အိပ်တဲ့အခန်းနေရာက လေဝင်လေထွက်ကောင်းပြီး အပူချိန်မျှတဖို့လိုပါတယ်။

၆။ ၆ လအောက်ကလေးလေးတွေကို သိပ်ရင် ပက်လက်ပဲသိပ်ပါ။ ကလေးက အိပ်ရင်းနဲ့ ဘေးတစောင်းဖြစ်သွားရင် သို့မဟုတ် မှောက်လျက်ဖြစ်သွားရင် ပြန်လှည့်ပေးပါ။ ကလေးငယ်ရှိနေရင် မေမေဖေဖေတွေအနေနဲ့ ညဘက်တောက်လျှောက် အိပ်မောကျနေလို့ မရပါ။ အလှည့်ကျနဲ့ထပြီး ကလေးကိုကြည့်ဖို့ လိုပါတယ်။

Dr 528

Previous Post

ကဖင်းဓာတ် နဲ့ ကျန်းမာရေးအကောင်းအဆိုးများ 

Next Post

ဖြူပြာနီနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
314

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
823

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
992
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
669

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဖြူပြာနီနာ

ကင်ဆာ  ကကြီးခကွေး

ကိုယ်ဝန်ဆောင်စဉ် ဗိုက်ပြင်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.