fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

” နို့ချိုတိုက်ကျွေး မေ့ရင်သွေး ရောဂါမျိုးစုံ ကာကွယ်ပေး “

48
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/09/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

” နို့ချိုတိုက်ကျွေး မေ့ရင်သွေး ရောဂါမျိုးစုံ ကာကွယ်ပေး ”

မိခင်နို့ဆိုတာ မွေးကင်းစ ကလေးငယ်များအတွက် သဘာဝအစာပါ ။ သူရဲ့ ကျေးဇူးတွေကတော့ အံ့မခန်းပါဘူး ။ ပိုက်ဆံလည်း မကုန်သလို အဟာရရှိပြီး ပေါပေါများများလည်း ရနိုင်တာကြောင့် ကလေးငယ်တွေအတွက် နတ်သုဒ္ဓါ လို့ပြောရင်တောင် ပြောလို့ရပါတယ် ။ ရနိုင်တဲ့ အကျိုးကျေးဇူးတွေက များပြားလှတာကြောင့် ကလေးများအတွက် နဲ့ မိခင်များအတွက် ဆိုပြီး ခွဲခြားပြီး တင်ပြပေးလိုက်ရပါတယ် ။

ကလေးများအတွက်

– နို့ပွေး နဲ့ အချို့သော ဓာတ်မတည့်မှုများကို ကာကွယ်ပေးနိုင်ခြင်း ။

နွားနို့ နဲ့ ပဲနို့တွေမှာပါတဲ့ အသားဓာတ် ( Protein ) တွေက သင့်ကလေးငယ်ကို တစ်ခါတစ်ရံ ဓာတ်မတည့်မှုနဲ့ နို့ပွေးတွေ ဖြစ်ပေါ်စေနိုင်ပါတယ် ။ မိခင်မှာပါတဲ့ အသားဓာတ်ကတော့ အလွယ်တကူ ချေဖျက်နိုင်တဲ့အတွက် စိုးရိမ်စရာ မလိုပါဘူး ။

-နို့ဦးရည် ( Colostrum ) မှ အဟာရကို ရယူနိုင်ခြင်း ။

နို့ဦးရည်ဆိုတာ မွေးမွေးပြီးချင်း ရက်တွေမှာ ထွက်တတ်တဲ့ အရည်ကြည်လေးပါ ။ အဲ့နို့ဦးရည်မှာ ရောဂါပိုးတွေကို ကာကွယ်နိုင်တဲ့ဓာတ်တွေ ပါဝင်ပါတယ် ။ အဲ့လိုဓာတ်တွေကို နို့မှုန့်တွေကတောင် လိုက်တုလို့မရတဲ့အတွက် ကလေးငယ်အတွက် အရမ်းအရေးကြီးပါတယ် ။

– ဗိုက်အောင့်ခြင်း ၊ ဝမ်းသွားခြင်း ၊ ဝမ်းချုပ်ခြင်း တို့ ဖြစ်ပွားမှု ရာခိုင်နှုန်း အလွန်ပင်နည်းခြင်း ။

ဒါကလည်း အပေါ်မှာ ဖော်ပြထားသလိုပါပဲ ။ မိခင်ရဲ့ နို့ရည် ကို ကလေးငယ်ရဲ့ အစာအိမ်က အလွယ်တကူ လက်ခံတဲ့အတွက်ကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားမှာကို စိုးရိမ်စရာမလိုတော့ပါဘူး ။ အစာအိမ်ကိုလည်း အနားပေးထားသလို ဖြစ်နေတဲ့အတွက် အရမ်းအဆင်ပြေပါတယ် ။

-ဆီးပိုးဝင်ခြင်း ၊ အူရောင်ခြင်း ၊ အစာအိမ်ရောင်ခြင်း ၊ နားပိုးဝင်ခြင်း ၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း တို့ ဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်ခြင်း ။

လေ့လာချက်များအရ နိုမှုန့်ပဲ တိုက်ကျွေးတဲ့ ကလေးငယ်တွေဟာ မိခင်နို့ပဲ တိုက်ကျွေးတဲ့ ကလေးငယ်တွေနဲ့ ယှဉ်ရင် ၃ဆ ကနေ ၅ဆ အထိ အထက်ဖော်ပြပါ ရောဂါတွေ ပိုမိုဖြစ်ပွားနိုင်ပါတယ် ။

– Sudden Infant Death Syndrome ( SIDS ) ဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်ခြင်း ။

SIDS ဆိုတာ အသက်တစ်နှစ်အောက် ကလေးငယ်တွေရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ နယ်ပယ်ကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခု ချို့ယွင်းပြီး အသက်ဆုံးရှုံးတာပါ  ။ ပုခက်ထဲမှာ အိပ်နေရင်းနဲ့လည်း အသက်ဆုံးနိုင်လို့ Crib death လို့လည်း ခေါ်လေ့ရှိပါတယ် ။ မိခင်နို့က SIDS ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ် ။

– အာရုံကြောဆိုင်ရာရောဂါများ ၊ ဆီးချိုအမျိုးအစား ၁ ( Type 1 Diabetes ) ၊  အကျိတ်ကင်ဆာ ( Hodgkin’s Lymphoma ) တွေကို ကာကွယ်ပေးနိင်ခြင်း ။

ဒီရောဂါတွေကို ကာကွယ်နိုင်တဲ့ ဓာတ်တွေ ၊ သွေးဖြူဥတွေက က မိခင်ရဲ့ နို့ထဲမှာ ပါဝင်ပြီးသား ဖြစ်ပါတယ် ။

– ကလေးကို ဉာဏ်ပိုကောင်းစေခြင်း ။

လေ့လာချက်တွေအရ အတိအကAcids မရှင်းပြနိုင်ပေမဲ့ နို့ရည်တိုက်ကျွေးထားတဲ့ ကလေးငယ်တွေက တခြားကလေးတွေထက် ပညာရေးနယ်ပယ်မှာ အပြင် လူမှုရေးနဲ့ စီးပွားရေး နယ်ပယ်တွေမှာပါ IQ ပိုကောင်းတယ်ဆိုတာကို ညွှန်ပြနေပါတယ် ။ ဖြစ်နိုင်တာကတော့ မိခင်နို့ထဲမှာပါတဲ့ Fatty Acid တွေက ဦးနှောက်အတွက် အားဆေးပါပဲ ။

– အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း ။

နို့ရည်တိုက်ကျွေးထားတဲ့ ကလေးငယ်တွေက တခြားကလေးတွေထက် အဝလွန်နိုင်ချေ နည်းပါးပါတယ် ။ ပညာရှင်တွေကတော့ ဒီအချက်ကို မိခင်တွေက ကလေးငယ်တွေ ဗိုက်ဝတဲ့အခါ ဖော်ပြတတ်တဲ့ ကိုယ်ဟန်အမူအရာကို နားလည်တဲ့အတွက် အလွန်အကျွံအစာကျွေးခြင်းကို မပြုလုပ်တော့တာကြောင့်လို့ ဆိုပါတယ် ။ ငယ်ငယ်တည်း အဝလွန်တဲ့ ကလေးငယ်တွေက ကြီးလာတဲ့အခါလည်း အဝလွန်နိုင်ချေ အဆမတန် ပိုများပါတယ် ။

– မိခင်နှင့် ကလေး ပိုမိုရင်းနှီးစေခြင်း ။

မွေးကာစကလေးငယ်တွေက စကားမပြောနိုင်သေးတာ လူတိုင်းအသိပါ ။ ဒီအချိန်မှာ နို့စို့ခြင်းကသာ ကလေးငယ် နဲ့ မိခင်ကြားက ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေနိုင်မှာ ဖြစ်ပါတယ် ။

အမေများအတွက်

ကလေးငယ်တွေအတွက်ပဲ မဟုတ်ပါဘူး ။ အမေများရနိုင်တဲ့ ကောင်းကျိုးတွေကလည်း ဒုနဲ့ဒေး ရှိပါတယ် ။

– ရင်သားနဲ့ မမျိုးဥကင်ဆာ ဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်ခြင်း ။

နို့မတိုက်တဲ့ အမျိုးသမီးတွေမှာ ဒီလို ကင်ဆာတွေကို ပိုတွေ့ရလေ့ရှိပါတယ် ။

– ကိုယ်ဝန်ကြောင့် တက်လာတဲ့ ကိုယ်အလေးချိန်တွေကို ချပေးခြင်း ။

အစားအသောက်ကို မလျှော့ချပဲနဲ့ ကိုယ်အလေးချိန်ကို ဖြည်းဖြည်းနဲ့ မှန်မှန် ကျဆင်းစေတဲ့ ကျန်းမာလှတဲ့ ဝိတ်ချနည်းပါ ။ နို့တိုက်မိခင်များက တစ်နေ့ကို Calorie ၂၀၀ ကနေ ၅၀၀ ကြား အလွယ်လး လောင်ကျွမ်းစေနိုင်ပါတယ် ။

– သားအိမ်ပြန်လည်ကျုံ့စေခြင်း ။

သားအိမ်က ကိုယ်ဝန်ရင့်လာတာနဲ့အမျှ သန္ဓေသားနေရာအတွက် ကျယ်လာရပါတယ် ။ နို့တိုက်တာနဲ့ မိမိရဲ့သားအိမ် နဂိုအရွယ်ကို ပြန်လည်ကျုံ့လာတာကို ပထမအပတ်အနည်းငယ်မှာတင် ခံစားရမှာပါ ။

– အရိုးပါးခြင်းကို လျှော့ချပေးခြင်း ။

နို့တိုက်တာက အရိုးရဲ့ သိပ်သည်းဆတွေကို များပြားစေတယ်လို့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ် ။

– ကိုယ်ဝန်မရအောင် တားဆီးနိုင်ခြင်း ။

တခြား သန္ဓေတားနည်းတွေလောက်တော့ စိတ်မချရပါဘူး ။ ဒါပေမဲ့ နေ့ညမပြတ် ကလေးငယ်ကို နို့တိုက်ကျွေးခြင်းက မမျိုးဥကြွေခြင်းကို သဘာဝနည်းအရ တားဆီးနိုင်တဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်စေတဲ့ သဘာဝနည်းလေးပဲ ဖြစ်ပါတယ် ။

– ကလေးငယ်က မိခင်ကို ပိုမိုရင်းနှီးတွယ်တာလာခြင်း ။

ဒါကတော့ အကြီးမားဆုံး အကျိုးကျေးဇူးပါပဲ ။ နို့တိုက်ချိန်မှာ တခြားဘယ်သူမှ ဝင်ရောက်နှောင့်ယှက်လို့မရဘဲ အမေနဲ့ ကလေးနဲ့သာ ဟန်ပန်အမူအရာတွေ ၊ အထိအတွေ့တွေ ၊ ရယ်သံတွေ ဖလှယ်နိုင်တာကြောင့် အရမ်းအရေးကြီးပါတယ် ။

– ငွေကြေးအကုန်အကျ သက်သာခြင်း ။

နို့မှုန့်ဘူးတွေရဲ့ဈေးက လူတိုင်းသိကြတဲ့အတိုင်း တော်တော်မြင့်မားပါတယ် ။ ဒီအချိန်မှာ သဘာဝနည်းအရ ဖန်ဆင်းပေးထားတဲ့ မိခင်နို့ကသာ ငွေကြေးတစ်ပြားတစ်ချပ်မှ မကုန်ကျပဲ အလကားရယူနိုင်တဲ့ အတွက်ကြောင့်မို့လို့ သဘာဝကြီးကို ကျေးဇူးတင်ရမှာပါ ။

– နို့ရည်ချည်းဘဲ တိုက်ကျွေးရာမှ ဖြည့်စွက်စာသို့ပြောင်းလျင်လွယ်ကူခြင်း   ။

ကလေးငယ်များတွင် အစာစားသော အလေ့အထကို ပြောင်းလဲရသည်မှာ မလွယ်ကူပါ ။ နို့ရည်မှအစာသို့ တန်းပြောင်းလျင် အစာဓာတ်မတည့်မှုများ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ အစာပြောင်းကျွေးရာမှာ ကျွေးချင်တဲ့အစာပျော့ပျော့အပြင် ကလေးငယ်နှင့် ရင်းနှီးပြီးသားဖြစ်တဲ့ နို့ရည်ကိုပါ ရောပီးကျွေးလျင် ကလေးငယ်အတွက် ပိုခံတွင်းတွေ့စေပါတယ် ။

ဖော်ပြထားတဲ့ အချက်တွေက မိခင်ရော ကလေးပါ အကျိုးများစေတဲ့ အတွက်ကြောင့်မို့ မွေးကင်းစကလေးငယ်တွေကို အနည်းဆုံး ၆လ အထိ မိခင်နို့တစ်မျိုးတည်းကိုပဲ တိုက်ကျွေးသင့်ပါတယ် ။ နို့ချိုတိုက်ကျွေး မေ့ရင်သွေး ရောဂါမျိုးစုံကာကွယ်ပေး ဆိုတဲ့အတိုင်း နို့ချိုတိုက်ကျွေးပြီး ကျန်းမာသော မေမေနဲ့ သားသားမီမီးများကို ပျိုးထောင်နိုင်ကြပါစေလို့ Dr.Z မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။

Dr. Z

Previous Post

ကိုယ်ဝန်ဆောင်မိခင်များတွင် အချိန်မတိုင်မှီ အချင်းကွာခြင်း

Next Post

တားဆေး ဘယ်ထဲထည့်မယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
311

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
816

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
987
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
665

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တားဆေး ဘယ်ထဲထည့်မယ်

ကြည်လင်ပြီး ကျန်းမာသော အသားအရည် ပိုင်ဆိုင်စေဖို့ နည်းလမ်း ၅ သွယ်

LASIK - လေဆာဖြင့် မျက်စိပါဝါဖျောက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.