ကိုယ်ဝန်ဆောင်စဉ် ဘာစားစားအန်နေသူတွေ ဖတ်ဖို့
ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅% မှာဖြစ်တတ်တဲ့ ကိုယ်ဝန်ရှိစအန်ခြင်း Morning sickness အတွက် တခါတရံ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မဖြစ်မနေပေးရတဲ့ ဆေးတချို့မှာ လူနာ စိတ်သက်သာရစေတဲ့ ဆေးလို့ခေါ်တယ်။ ခံစားရတာကို သက်သာအောင်သာ လုပ်ရတာများတယ်။
အစာချေရည်ဆန်တာနဲ့ တွဲနေတာဆိုရင် ညမအိပ်ခင် Antacid လေဆေး သောက်အိပ်ပါ။
အစားအသောက်မှာ (ဖိုင်ဘာ) များတာ စားပေးပါ။ အဆီလဲ စားဘို့ လိုတယ်။ ပေါင်မုံ့ဖြူက အညိုထက် ဒီနေရာမှာ သင့်တယ်။ အသီးအနှံ၊ အသီးအရွက်တွေလဲ အစိမ်းမစားသင့်ပါ။ အဆီများတဲ့အသား ရှောင်ထားပါ။ စားပြီးရင် လဲလျောင်းမနေပါနဲ့၊ အစာစားပြီး လမ်းလျှောက်ပေးပါ။ သကြားဓါတ်နည်းတာဖြစ်ရင် သွားရည်စာ ခဏခဏစားပေးပါ။ သံပရာ၊ ရှောက်သီး၊ လိမ္မော်သီးတွေက အကျိုးများစေတယ်။
ဂျင်းဆေးတောင့်၊ ချင်းလဖက်ရည် ကောင်းတယ်။ အန်ရင် ရေခဲငုံပါ။ တခါစားရင် နဲနဲချင်းစားပါ။ ထမင်းမစားပြီးပြီးချင်း ရေမသောက်သေးဘဲ နာရီဝက်နေမှ သောက်ပါ။ မစားခင် ရေကို နာရီဝက်ကြို သောက်ထားပါ။
မနက်မထခင် Soda crackers စားနိုင်တယ်။ အိပ်ရာထရင် Crackers စားပါ။ အနံ့၊ အရသာ မကြိုက်တာမစားပါနဲ့၊ အစာစားချိန်မှာ မစားဘဲမနေပါနဲ့၊ ကောင်းကောင်း အနားယူပါ၊ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးပါ။ Vitamin B6 50 mg (ဗီတာမင် ဘီ ၆) သောက်ပါ။ ဆားဓါတ်ခန်းခြောက်တာဖြစ်ရင် ORS ဓါတ်ဆားထုပ် သောက်ပါ။ သောက်တာလဲ အန်ရင် Ringer Lactate drip သွင်းပါ။
Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကျွံအန်ခြင်း
ဆိုးတယ်။ ကြာရင် ကိုယ်အလေးချိန် လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆပြောင်းလဲခြင်းတွေ ဖြစ်လာနိုင်တယ်။ ကိုယ်ဝန် ၈ – ၁၂ ပတ်ရှိချိန် အဖြစ်များတယ်။ ၂ဝ ပတ်ဆိုရင် ၁ဝ% ကလွဲပြီး ပျောက်နိုင်သွားတယ်။ ဘာ့ကြောင့်ဖြစ်ရသလဲ တိတိပပမသိပါ။ ကိုယ်ဝန် ၂ဝဝ ရင် ၁ ယောက်ကနေ ၄ ယောက်ထိ ဖြစ်တတ်တယ်။
promethazine, prochlorperazine and metoclopramide တို့ကို ပေးနိုင်တယ်။ အနားယူပါ။ အစာကို နည်းနည်းတဲ့ အကြိမ်ခွဲစားပါ။ ပရိုတင်းများများ စားသင့်ပြီး အဆီနှင့် အစပ်လျော့သင့်တယ်။
လိုအပ်ရင် အရည်ဓာတ်ပြန်လည် ဖြည့်ပေးဖို့ ပုလင်းချိတ်ခြင်း Normal saline or Lactated Ringer solution သွင်းပေးဘို့လိုနိုင်တယ်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမည်။ ဗီတာမင် ဘီ ၆၊ doxylamine 10 mg + pyridoxine (B6) 10 mg ရောပေးပါ။
Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg စအိုမှ ၁၂ နာရီခြား၊ Meclizine, dimenhydrinate, Metoclopramide ကိုလည်းပေးနိုင်တယ်။
Methylprednisolone 16 mg စားဆေး သို့မဟုတ် ထိုးဆေး၊ တနေ့ (၃) ကြိမ်ကို နောက်ဆုံး အဖြစ်ပေးနိုင်တယ်။ ၃ ရက်နဲ့သက်သာရင် ၂ ပတ်အထိ ဆက်ပေးပါ။ ဂျင်းGinger capsules of 250 mg တနေ့ (၄) ကြိမ်သောက်နိုင်ပါတယ်။
Dr.Z