fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်မှာသွေးဆင်းခဲ့ရင်

530
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/12/2018
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကျွန်တော့်လူနာ ကိုယ်ဝန်ဆောင်သည်မလေးတစ်ယောက် တစ်နေ့က ကျွန်တော့်ဆီကို ဖုန်းဆက်လာတယ်။ ‘ဆရာရေ သမီးတော့ဒုက္ခရောက်ပြီ။ သမီးရဲ့ကလေးလေးပျက်ကျသွားပြီ။ သမီးယောက်ျားတော့ ဆူတော့မှာပဲ’ ဆိုပြီး ချုံးပွဲချငိုပါလေရော။ ‘နေပါဦးသမီးရယ် သမီးကိုယ်ဝန်က ဘယ်လိုပျက်ကျသွားတာတုန်း’ လို့မေးတော့ ‘ဘယ်လိုမှမလုပ်ပါဘူး။ သူ့ဘာသာပျက်ကျတာ။ သမီးအခု အောက်ကနေ သွေးတွေဆင်းနေပြီ’ တဲ့။ ‘ဟင် သွေးဆင်းရင် ကလေးပျက်ကျတယ်လို့ သမီးကိုဘယ်သူပြောသလဲ’ လို့မေးတော့ ‘ဆရာရယ် ကိုယ်ဝန်ဆောင်နေစဉ် ရာသီမလာရဘူးလေ။ အခုက ရာသီလာနေသလို သွေးတွေဆင်းနေပြီ။ သမီးတော့ သေချင်တာဘဲ’ ဆိုပြီးဖုန်းချသွားပါလေရော။ ကျနော်လည်း ဖုန်းပြန်ခေါ်ပြီး သေချာရှင်းပြပေးလိုက်မှ အငိုတိတ်ပြီး သားဖွားမီးယပ်အထူးကုနဲ့သွားပြတယ်။ တကယ်တော့ သွေးဆင်းတိုင်း ကိုယ်ဝန်ပျက်တာမှ မဟုတ်တာဗျာ။

မိန်းကလေး တော်တော်များများက ကိုယ်ဝန်ဆောင်နေစဉ် သွေးဆင်းရင် ရူးမတတ်ကြောက်သွားပြီး ထိတ်လန့်တတ်ကြတာကို တွေ့လိုက်ရတော့ အဲ့အကြောင်းလေး ရှင်းပြရင် ကောင်းမှာဘဲလို့ တွေးမိတယ်။ကိုယ်ဝန်သည်တွေ သွေးဆင်းတိုင်း ကြောက်စရာမလိုဘူး။ ဒီလိုပြောလို့ မကြောက်ရဘူးလား ဆိုတော့လည်း မဟုတ်ဘူးဗျ။ ကြောက်သင့်သလောက်တော့ ကြောက်ရမယ်ဗျ။

(၁) ကိုယ်ဝန်ဆောင်ကာလ

ကိုယ်ဝန်ဆောင်ကာလကို ၃ပိုင်းခွဲထားတယ်။ ပထမ၃လ ဒုတိယ၃လ တတိယ၃လ ဆိုပြီး စိတ်နဲ့အလွယ်ပိုင်းထားလိုက်ဗျာ။

(၂) ပထမ၃လ
၁လမှာ ၄ပါတ်ကျော်လောက်ရှိတယ်။ ၃လဆိုတော့ ၁၂ပါတ်ကျော် ၁၃ပါတ်နီးပါးပေါ့ဗျာ။ ပထမ ၃လ အတွင်းမှာ သွေးဆင်းတာဆိုရင် ပုံမှန်ဖြစ်နိုင်သလို ပျက်ကျတာလည်းဖြစ်နိုင်တယ်ဗျ။ ပုံမှန်ဆိုရင် မိန်းမရဲ့သားဥက ယောက်ျားရဲ့သုတ်ပိုးနဲ့တွေ့ပြီး မျိုးအောင်သွားရင် သားဥပြွန်ထဲကနေ သားအိမ်ထဲကိုဆင်းလာပြီး သားအိမ်နံရံတနေရာရာမှာ တွယ်ကပ်ရတယ်ဗျ။ အဲ့အချိန်ကျရင် သားအိမ်နံရံရဲ့ အထူအပါးကိုလိုက်ပြီး အနည်းနဲ့အများတော့ သွေးဆင်းတတ်ပါတယ်။ အဲဒါက ပထမ ၁ဝပါတ်လောက်မှာ ဖြစ်တတ်တယ်။ တချို့က အတွင်းခံ စွန်းရုံလောက်လေး ဆင်းပေမယ့် တချို့က ရာသီလာသလို များတာလည်းရှိတယ်။ အဲ့လောက်နဲ့တော့ ကြောက်စရာမလိုသေးဘူးဗျ။ ဆင်းတဲ့အထဲမှာ အူဖတ်လိုအသားစလေးတွေ ပါလာရင်၊ သွေးဆင်းတာနဲ့တချိန်တည်းမှား ဆီးစပ်ကလည်း မခံနိုင်လောက်အောင် ကိုက်ခဲလာရင်တော့ သတိထားရတော့မယ်။ အာထရာဆောင်းရိုက်ပြီး ကိုယ်ဝန်မြဲနေသေးလား၊ ပျက်ကျသွားပြီလားဆိုတာ စစ်ဆေးသင့်ပါတယ်။ တစ်ချို့က မျိုးအောင်ပြီးသားဥဟာ သားဥပြွန်ထဲမှာဘဲ တွယ်ကပ်နေရင် ဒါမှမဟုတ် သားအိမ်ဖက်ကိုမဆင်းဘဲ သားဥအိမ်ဖက်ကနေတဆင့် ဝမ်းခေါင်းအိမ်ထဲ ရောက်သွားရင်လည်း သွေးဆင်းတတ်တယ်ဗျ။ အဲ့လိုဟာမျိုးကို ectopic pregnancy လို့ခေါ်တယ်။ အဲ့ဟာကတော့ ကြောက်ရတယ် အချိန်မရွေး အရေးပေါ်ခွဲရတတ်တယ်ဗျ။

(၃) ဒုတိယ၃လ နှင့် တတိယ၃လ
ပထမ ၁၃ပါတ်ကျော်ကနေ ၄၀ပါတ်အထိကိုပြောတာ။ တချို့ကိုယ်ဝန်တွေက အပါတ်၂၀လောက်မှာ သွေးဆင်းတတ်တယ်။ အချင်းက သားအိမ်နံရံထဲကို ဖောက်ဝင်နေတာမျိုးဆိုရင် အဲ့လိုဆင်းတတ်တယ်။ placenta acreta လို့ခေါ်တယ်ဗျ။ အဲ့ဒါက နည်းနည်းတော့ရှားပါတယ်။

အဖြစ်အများဆုံးတွေက အခုမှလာမှာ…

(က) အချင်းရှေ့ရောက်ခြင်း(placenta previa)

အပါတ်၃၀ကျော်လောက်မှာ စဖြစ်တတ်တယ်ဗျ။ အကြောင်းရင်းကတော့ အချင်းက သားအိမ်ရဲ့အောက်ခြေ(လည်တိုင်နားမှာ) သွားပြီး တွယ်ကပ်နေလို့ ကိုယ်ဝန်ရင့်လာရင် သားအိမ်လည်တိုင်က ရှည်ပြီး ပါးလာတော့ သားအိမ်ခေါင်းအဝကို ပိတ်မိသလိုဖြစ်ပြီး သွေးဆင်းတာ။ သွေးဆင်းတာကလည်း များတတ်တယ်။ ပထမကိုယ်ဝန်မှာ ခွဲမွေးထားဖူးတဲ့လူတွေ ဒုတိယကိုယ်ဝန်ဆောင်ရင် အဖြစ်များတယ်။ အချင်းက သားအိမ်ရဲ့ခွဲကြောင်းနေရာမှာ သွားတွယ်ကပ်တတ်တာကြောင့်ဖြစ်တာဗျ။ ကြောက်စရာလိုသလား မေးရင်တော့ ကြောက်စရာ မလိုဘူးဗျ။ ဆေးရုံမှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် အိပ်ယာထဲမှာ ငြိမ်ငြိမ်လေး နားနေလိုက်ရင် ရပြီဗျ။ အာထရာဆောင်းရိုက်ပြီး အချင်းရှေ့ရောက်တာကို သေချာအောင်လုပ်ထားဖို့တော့ လိုတာပေါ့ဗျာ။

(ခ) အချင်းကွာခြင်း (abruptio placenta)
အဲ့ဟာကတော့ အကြောင်းအရာ တစ်ခုခုကြောင့် အချင်းကွာသွားရင် သွေးဆင်းတတ်တာကိုပြောတာ။ ဥပမာ… ချော်လဲပြီး ဗိုက်ကိုထိခိုက်မိတာမျိုး၊ ကိုယ်ဝန်ဆောင်မိခင်မှာ သွေးတိုးရှိနေတတ်တာမျိုး စသဖြင့်ပေါ့ဗျာ။ အဲ့လိုအခြေအနေမှာတော့ သွေးဆင်းတာအရမ်းများတတ်တယ်။ ဆီးစပ်ကလည်းအရမ်းကိုက်တယ်။ ဗိုက်က အထိမခံနိုင်လောက်အောင်နာတယ်ဗျ။ အချင်းက သားအိမ်နံရံကနေ ကွာထွက်သွားတဲ့အတွက် ကလေးဆီကို သွေးထောက်ပံ့မှု နည်းသွားပြီး ကလေးလည်း ဒုက္ခရောက်တတ်တယ်ဗျ။ အာထရာဆောင်းရိုက်ပြီး ကလေးက အသက်ရှင်နေသေးတယ်ဆိုရင် မြန်မြန်ခွဲမွေးသင့်တယ်ဗျ။

သွေးဆင်းတတ်တဲ့ အခြားအကြောင်းအရာတွေလည်း ရှိသေးတယ်။ ဒါပေမယ့် စာရှည်မှာစိုးလို့ အဖြစ်များတာလေးတွေကိုပဲ ရှင်းပြပေးလိုက်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတိုင်း ကလေးပျက်ကျတာ မဟုတ်ဘူး။ အရမ်းလည်းစိတ်ပူစရာမလိုဘူး။ စိတ်အေးအေးထားပြီး ကိုယ်ဗိုက်အပ်ထားတဲ့ OG နဲ့ သွားပြပါလို့ အကြံပေးလိုက်ပါရစေဗျာ။

ဪ… စာအရှေ့ဆုံးမှာ ကျွန်တော်ပြောခဲ့တဲ့ ကလေးမက အာထရာဆောင်းရိုက်လိုက်တော့ ကလေးပျက်ကျတာ မဟုတ်ဘူး။ အချင်းရှေ့ရောက်နေတာတဲ့ဗျ။ သူလည်းအခု ဆေးရုံမှာ နားနေလေရဲ့။

ကိုယ်ဝန်ဆောင်များအားလုံး ကျန်းမာကြပါစေဗျာ…

လေးစားစွာဖြင့်
ဒေါက်ပြည့်

Previous Post

တစ်ခါထည့်ပြီး သုံးနှစ်ချစ်လို့ရတဲ့ပစ္စည်း (သို့မဟုတ်) လက်မောင်းတွင်းထည့်သော သန္ဓေတားပစ္စည်း

Next Post

သားရေဖိနပ်မှာဆိုးတဲ့ဆေးကို အစားအသောက်မှာဆိုးပြီးရောင်းလာကြတဲ့အခါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
254

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
308

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
815

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
985
Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
560

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားရေဖိနပ်မှာဆိုးတဲ့ဆေးကို အစားအသောက်မှာဆိုးပြီးရောင်းလာကြတဲ့အခါ

အသားတွေယားနေရင် သန်ချဆေးသောက်ဖို့လိုမလား

အရက်နာကျတာ မြန်မြန်သက်သာချင်ရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.