fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

အမေရောကလေးပါ အသက်အန္တရာယ်ရှိနိုင်တဲ့ ရေမွှာရေပိုးဝင်ခြင်း

210
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/01/2019
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

အမေရောကလေးပါ အသက်အန္တရာယ်ရှိနိုင်တဲ့ ရေမွှာရေ ပိုးဝင်ခြင်း

ရေမွှာရည်ဆိုတာ သန္ဓေသားလေး အသက်ရှင်ဖွံ့ဖြိုးကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။

ရေမွှာရည်ဟာ သန္ဓေသားပြင်ပထိခိုက်မှုဒဏ်တွေကနေ ကာကွယ်ပေးပါတယ်။ (ဥပမာ ကိုယ်ဝန်ဆောင်မိခင်ဗိုက်ကို မတော်တဆ တခုခုနဲ့ထိခိုက်မိတဲ့အခါမှာ ဖြစ်လာတဲ့ သက်ရောက်မှုအားကို အတတ်နိုင်ဆုံး သန္ဓေသားဆီမသက်ရောက်အောင် ကာကွယ်ပေးပါတယ်။)

လရင့်လာတာနဲ့အမျှ ဗိုက်ထဲမှာ သန္ဓေသားလေးဟာ တဖြည်းဖြည်းကြီးလာပေမယ့် ရေမွှာရည်ကြောင့် လွယ်ကူလွပ်လပ်စွာ လှည့်လည်လှုပ်ရှားနိုင်ပါတယ်။

ဒါ့အပြင် သန္ဓေသားရဲ့ ခြေလက်တွေ ကြွက်သားတွေ အဆုတ်တွေနဲ့ အစာခြေစနစ် ဖွံ့ဖြိုးဖို့အတွက်လည်း မရှိမဖြစ်အရေးပါပါတယ်။

သန္ဓေစတည်ပြီးနောက် ၁၂ ရက်လောက်အကြာမှာ ရေမွှာအိတ်စဖြစ်လာပါတယ်။ ရေမွှာအိတ်စဖြစ်တာနဲ့ ရေမွှာရည်ကို စထုတ်ပေးပါတယ်။

အကြောင်းတခုခုကြောင့် ရေမွှာရည်ထဲကို ဘက်တီးရီးယားပိုးတွေဟာ မိခင်သွေးထဲမှတဆင့် သို့မဟုတ် မိန်းမကိုယ်၊ သားအိမ်ခေါင်း၊ မွေးလမ်းကြောင်း၊ စအိုမှတဆင့် ဝင်ရောက်ကူးစက်တဲ့အခါမှာ ရေမွှာရည်ပိုးဝင်ခြင်း ဖြစ်လာပါတယ်။

ဆေးပညာအရတော့ Chorioamnionitis သို့မဟုတ် Amnionitis သို့မဟုတ် Intra-amniotic infection လို့ ခေါ်ကြပါတယ်။

ရေမွှာရည်ပိုးဝင်ခြင်းကို ဖြစ်စေတဲ့အကြောင်းတွေကတော့

– တကိုယ်ရေသန့်ရှင်းမှု အားနည်းတာ

– လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါရှိတာ

– ကလေးမွေးချိန်ကြာတာ၊ ရေမွှာရည်ပေါက်ပြီး ကလေးချက်ချင်းမမွေးနိုင်တာ

– ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ မူးယစ်ဆေးသုံးတာ

– မိန်းမကိုယ်ထဲကို စမ်းသပ်တဲ့အခါမှာ လက် သို့မဟုတ် ကိရိယာက သန့်ရှင်းမှုမရှိတာ စသဖြင့်ဖြစ်ပါတယ်။

ရေမွှာရည်ပိုးဝင်တဲ့အခါမှာ ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့

– ဖျားတာ

– မိန်းမကိုယ်ကနေ အနံ့မကောင်းတဲ့ အရည်တွေ ဆင်းတာ

– ဗိုက်၊ ဆီးစပ်တွေ ကိုက်တာနာတာ စသဖြင့်ခံစားရနိုင်ပါတယ်။

ဒီလိုတွေခံစားရပြီဆိုရင် ရေမွှာရည်ပိုးဝင်တာ ဟုတ်မဟုတ်သေချာသိရအောင် ဆရာဝန်နဲ့ပြသစမ်းသပ်ဖို့လိုပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ အမေ့ရဲ့သွေးကိုစစ်တာ၊ ရေမွှာရည်ကိုယူစစ်တာ၊ အာထရာဆောင်းရိုက်တာစတာတွေ လုပ်ရနိုင်ပါတယ်။

စမ်းသပ်စစ်ဆေးကြည့်လို့ ရေမွှာရည်ပိုးဝင်တာဆိုရင် ဆရာဝန်နဲ့ပြသပြီး သေချာကုဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ ရေမွှာရည်ပိုးဝင်တာဟာ ကလေးရော အမေရောကိုပါ ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။

အမေအနေနဲ့ဆိုရင် သားအိမ်နံရံပိုးဝင်ရောင်ရမ်းတာ၊ အဆုတ်နဲ့တင်ပဆုံမှာသွေးခဲခြင်းဖြစ်တာ၊ မီးဖွားချိန်မှာ သွေးအလွန်အကျွံဆင်းတာ၊ သွေးဆိပ်သင့်တာတွေဖြစ်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်သလို

ကလေးအနေနဲ့ဆိုရင်လည်း

လမစေ့ဘဲမွေးတာ၊ ဦးနှောက်အမြှေးရောင်တာ၊ အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေပါလာတာ၊ သွေးဆိပ်သင့်တာတွေဖြစ်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ပိုးသတ်ဆေး (Antibiotics) တွေသောက်တာ၊ ထိုးတာတွေ လုပ်ရနိုင်ပါတယ်။ ဒီလိုတွေလုပ်လို့ မသက်သာဘူးဆိုရင် ဆေးရုံတက်ရတာ၊ ကလေးကို လစေ့တဲ့အထိမစောင့်ဘဲ စောမွေးရတာ မျိုးတွေလည်း လုပ်ရနိုင်ပါတယ်။

မွေးလာတဲ့ကလေးကိုလည်း ပိုးသတ်ဆေးပေးပြီး ကုသရတာမျိုးလည်းရှိတတ်ပါတယ်။

Dr 528

Previous Post

ခုထိကလေးမရနိုင်သေးခြင်းရဲ့   အမှား (၇) ခု

Next Post

အဆုတ်ကင်ဆာရဲ့    မသိမသာ လက္ခဏာ (၉)ခု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
259

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
829

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
564

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဆုတ်ကင်ဆာရဲ့    မသိမသာ လက္ခဏာ (၉)ခု

အမျိုးသားတွေ ကြိုသိထားဖို့လိုတဲ့ ဝှေးစေ့ရောင်ခြင်းပြဿနာ

ဗီတာမင် ဒီ ပါတဲ့ ဖြည့်စွက်စာတွေ သောက်သင့်ရဲ့ လား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.