(Zawgyi)
ကေလးငယ္ေလးတစ္ေယာက္ေမြးဖြားလာၿပီဆိုတာနဲ႔ ေဖေဖေမေမတို႔ရဲ႕တာဝန္က ဒီကေလးငယ္ကိုက်န္းမာတဲ့ ကေလးေလးတစ္ေယာက္ျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးဖို႔ပါပဲ။ က်န္းမာတဲ့ကေလးျဖစ္ဖို႔ ျပဳစုေစာင့္ေရွာက္တဲ့အ ခါ အစာအာဟာရပဲေကြၽးေနလို႔မရပါဘူး။ လိုအပ္တဲ့ကာကြယ္ေဆးေတြကိုလည္း သူ႔အခ်ိန္နဲ႔သူထိုးေပးဖို႔လိုပါ တယ္။
ျမန္မာႏိုင္ငံမွာေမြးစကေလးေတြ ကာကြယ္ေဆးထိုးဖို႔အတြက္ ေဆး႐ုံေတြ၊ ေဒသႏၲရက်န္းမာေရးဌာနေတြမွာ ထိုးလို႔ရပါတယ္။ တခ်ိဳ႕ေတြလည္း ကေလးဆရာဝန္သီးသန႔္ျပၿပီးထိုးၾကတယ္။ ေက်း႐ြာေတြမွာေတာ့ ဆရာမ ေတြလိုက္လံထိုးေပးတာေတြလည္းရွိပါတယ္။
ဘယ္လိုပုံစံပဲထိုးထိုးပါ။ အေရးႀကီးတာက ကာကြယ္ေဆးဆိုတာမ်ိဳးေတြက သတ္မွတ္အပူခ်ိန္ေတြမွာသိမ္းထား ရတာပါ။ ထိုးကာနီးမွ အျပင္ထုတ္ခြင့္ရွိပါတယ္။ တစ္ေနရာမွတစ္ေနရာသယ္ဖို႔လိုလာတယ္ဆိုရင္လည္း ေရခဲပုံး နဲ႔ထည့္သယ္ရတာပါ။ ေဆးအာနိသင္မပ်က္ဖို႔ပါ။ ကာကြယ္ေဆးကိုဝယ္သြားၿပီး အိမ္က်မွတစ္ေယာက္ေယာက္ ကိုထိုးခိုင္းမယ္ဆိုတာမ်ိဳး မရပါဘူး။
ကာကြယ္ေဆးထိုးတဲ့အခါမွာ သတ္မွတ္ထားတဲ့အသက္အ႐ြယ္အရ ဘာေဆးထိုးရမယ္ဆိုတာေတြ ရွိပါတယ္။ အေကာင္းဆုံးကေတာ့ ကာကြယ္ေဆးထိုးၿပီးတိုင္းမွာ ကာကြယ္ေဆးထိုးတဲ့ကဒ္ျပားမွာ ေသခ်ာျဖည့္ဖု႔ိပါပဲ။ ကေလးအသက္ဘယ္ေလာက္မွာ ဘယ္ကာကြယ္ေဆးထိုးခဲ့တယ္ဆိုတာမ်ိဳးပါ။ ဒါဆိုရင္ ေဆးထိုးဖို႔လည္းမေမ့ ေတာ့ပါဘူး။ ေနာက္တစ္ႀကိမ္ဘယ္ေတာ့ထိုးရမယ္ဆိုတာလည္း မွတ္ထားလို႔ရပါတယ္။ ေဆးေတြထိုးထားတဲ့ မွတ္တမ္းလည္းရွိေနႏိုင္ပါတယ္။ တခ်ိဳ႕ေနရာေတြကဒ္ျပားမရတာေတြရွိတယ္။ အဲလိုအခါေတြမွာ အေကာင္းဆုံး ကစာ႐ြက္နဲ႔ခ်ေရးထားဖို႔ပါပဲ။
တခ်ိဳ႕မိဘေတြက ကေလးကာကြယ္ေဆးထိုးဖို႔အခ်ိန္ေရာက္ရင္ ကေလးကိုေခၚၿပီးေရွာင္ေနတတ္ၾကတယ္။ ကေလးငိုမွာစိုးလို႔ဆိုၿပီးေတာ့ပါ။ အဲဒါက ကေလးကိုခ်စ္ရာမေရာက္ဘဲႏွစ္ရာေရာက္ပါတယ္။ တခ်ိဳ႕က်ေတာ့ လည္းက်န္းမာေရးအသိနည္းၿပီး ေဆးထိုးရေကာင္းမွန္းမသိတာလည္း ရွိတတ္ပါတယ္။
ျမန္မာႏိုင္ငံမွာ တစ္ႏိုင္ငံသားလုံးအတြက္ ကာကြယ္ေဆးကိုစီမံခ်က္နဲ႔ထိုးေပးေနပါတယ္။ ေငြကုန္ေၾကးက်မျဖစ္ ပါဘူး။ အေျခခံလိုအပ္တဲ့ေရာဂါ ကာကြယ္ေဆးေတြပါ။ မိဘေတြအေနနဲ႔သတ္မွတ္ခ်ိန္ေရာက္ရင္ ကေလးကိုေခၚ ၿပီးသြားထိုး႐ုံပါပဲ။ စီမံခ်က္ထဲမွာ မပါေသးတဲ့ကာကြယ္ေဆးေတြလည္း ရွိပါေသးတယ္။ တခ်ိဳ႕ေတြက်ေတာ့အ ျပင္မွာသက္သက္ဝယ္ၿပီး ထိုးတတ္ၾကပါတယ္။
တခ်ိဳ႕ကေလးေတြအသက္အရ မထိုးလိုက္ရတဲ့ကာကြယ္ေဆးေတြ ရွိတတ္ၾကပါတယ္။ အရင္ကမသိလိုက္လို႔၊ ကာကြယ္ေဆးထိုးဖို႔ဘယ္ႏွစ္လေလာက္လြန္သြားၿပီး စသျဖင့္ရွိတတ္ၾကတယ္။ ကာကြယ္ေဆးဆိုတာက သူ႔အ ခ်ိန္နဲ႔သူထိုးတယ္ဆိုေပမယ့္ လုံးဝမထိုးထားတာထက္စာရင္ ေနာက္က်မွထိုးလိုက္တာပါ ကေလးအတြက္အ ေထာက္အကူျပဳပါတယ္။
တစ္ခုပါပဲ ကာကြယ္ေဆးထိုးမယ့္အခ်ိန္မွာ ကေလးငယ္ကဖ်ားနာေနတယ္ဆိုရင္ေတာ့ ခဏေတာ့ေနာက္ဆုတ္ ရပါမယ္။ ေနျပန္ေကာင္းမွ ကေလးကိုကာကြယ္ေဆးထိုးဖို႔ေခၚသြားပါ။ မထိုးျဖစ္တဲ့အေၾကာင္းကိုလည္း သက္ ဆိုင္ရာဆရာဝန္၊ ေဆး႐ုံ၊ ဆရာမေတြကိုအေၾကာင္းၾကားထားပါ။
ကာကြယ္ေဆးမထိုးေတာ့ ဘာျဖစ္တတ္သလဲဆိုရင္ ေရာဂါျဖစ္မွသိၾကတာပါ။ လူႀကီးေတြခံရတာမဟုတ္ပါဘူး။ ကေလးငယ္ကခံစားရတာပါ။ ဒါေၾကာင့္ ေဖေဖေမေမေတြကိုယ့္သားသမီးေတြကို က်န္းမာေစခ်င္တယ္ဆိုရင္ ကာကြယ္ေဆးထိုးဖို႔ကိစၥကို အေလးထားေဆာင္႐ြက္ဖို႔လိုပါတယ္။
Author: Dr. CST
(Unicode)
ကလေးငယ်လေးတစ်ယောက်မွေးဖွားလာပြီဆိုတာနဲ့ ဖေဖေမေမေတို့ရဲ့တာဝန်က ဒီကလေးငယ်ကိုကျန်းမာတဲ့ ကလေးလေးတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့ပါပဲ။ ကျန်းမာတဲ့ကလေးဖြစ်ဖို့ ပြုစုစောင့်ရှောက်တဲ့အ ခါ အစာအာဟာရပဲကျွေးနေလို့မရပါဘူး။ လိုအပ်တဲ့ကာကွယ်ဆေးတွေကိုလည်း သူ့အချိန်နဲ့သူထိုးပေးဖို့လိုပါ တယ်။
မြန်မာနိုင်ငံမှာမွေးစကလေးတွေ ကာကွယ်ဆေးထိုးဖို့အတွက် ဆေးရုံတွေ၊ ဒေသန္တရကျန်းမာရေးဌာနတွေမှာ ထိုးလို့ရပါတယ်။ တချို့တွေလည်း ကလေးဆရာဝန်သီးသန့်ပြပြီးထိုးကြတယ်။ ကျေးရွာတွေမှာတော့ ဆရာမ တွေလိုက်လံထိုးပေးတာတွေလည်းရှိပါတယ်။
ဘယ်လိုပုံစံပဲထိုးထိုးပါ။ အရေးကြီးတာက ကာကွယ်ဆေးဆိုတာမျိုးတွေက သတ်မှတ်အပူချိန်တွေမှာသိမ်းထား ရတာပါ။ ထိုးကာနီးမှ အပြင်ထုတ်ခွင့်ရှိပါတယ်။ တစ်နေရာမှတစ်နေရာသယ်ဖို့လိုလာတယ်ဆိုရင်လည်း ရေခဲပုံး နဲ့ထည့်သယ်ရတာပါ။ ဆေးအာနိသင်မပျက်ဖို့ပါ။ ကာကွယ်ဆေးကိုဝယ်သွားပြီး အိမ်ကျမှတစ်ယောက်ယောက် ကိုထိုးခိုင်းမယ်ဆိုတာမျိုး မရပါဘူး။
ကာကွယ်ဆေးထိုးတဲ့အခါမှာ သတ်မှတ်ထားတဲ့အသက်အရွယ်အရ ဘာဆေးထိုးရမယ်ဆိုတာတွေ ရှိပါတယ်။ အကောင်းဆုံးကတော့ ကာကွယ်ဆေးထိုးပြီးတိုင်းမှာ ကာကွယ်ဆေးထိုးတဲ့ကဒ်ပြားမှာ သေချာဖြည့်ဖု့ိပါပဲ။ ကလေးအသက်ဘယ်လောက်မှာ ဘယ်ကာကွယ်ဆေးထိုးခဲ့တယ်ဆိုတာမျိုးပါ။ ဒါဆိုရင် ဆေးထိုးဖို့လည်းမမေ့ တော့ပါဘူး။ နောက်တစ်ကြိမ်ဘယ်တော့ထိုးရမယ်ဆိုတာလည်း မှတ်ထားလို့ရပါတယ်။ ဆေးတွေထိုးထားတဲ့ မှတ်တမ်းလည်းရှိနေနိုင်ပါတယ်။ တချို့နေရာတွေကဒ်ပြားမရတာတွေရှိတယ်။ အဲလိုအခါတွေမှာ အကောင်းဆုံး ကစာရွက်နဲ့ချရေးထားဖို့ပါပဲ။
တချို့မိဘတွေက ကလေးကာကွယ်ဆေးထိုးဖို့အချိန်ရောက်ရင် ကလေးကိုခေါ်ပြီးရှောင်နေတတ်ကြတယ်။ ကလေးငိုမှာစိုးလို့ဆိုပြီးတော့ပါ။ အဲဒါက ကလေးကိုချစ်ရာမရောက်ဘဲနှစ်ရာရောက်ပါတယ်။ တချို့ကျတော့ လည်းကျန်းမာရေးအသိနည်းပြီး ဆေးထိုးရကောင်းမှန်းမသိတာလည်း ရှိတတ်ပါတယ်။
မြန်မာနိုင်ငံမှာ တစ်နိုင်ငံသားလုံးအတွက် ကာကွယ်ဆေးကိုစီမံချက်နဲ့ထိုးပေးနေပါတယ်။ ငွေကုန်ကြေးကျမဖြစ် ပါဘူး။ အခြေခံလိုအပ်တဲ့ရောဂါ ကာကွယ်ဆေးတွေပါ။ မိဘတွေအနေနဲ့သတ်မှတ်ချိန်ရောက်ရင် ကလေးကိုခေါ် ပြီးသွားထိုးရုံပါပဲ။ စီမံချက်ထဲမှာ မပါသေးတဲ့ကာကွယ်ဆေးတွေလည်း ရှိပါသေးတယ်။ တချို့တွေကျတော့အ ပြင်မှာသက်သက်ဝယ်ပြီး ထိုးတတ်ကြပါတယ်။
တချို့ကလေးတွေအသက်အရ မထိုးလိုက်ရတဲ့ကာကွယ်ဆေးတွေ ရှိတတ်ကြပါတယ်။ အရင်ကမသိလိုက်လို့၊ ကာကွယ်ဆေးထိုးဖို့ဘယ်နှစ်လလောက်လွန်သွားပြီး စသဖြင့်ရှိတတ်ကြတယ်။ ကာကွယ်ဆေးဆိုတာက သူ့အ ချိန်နဲ့သူထိုးတယ်ဆိုပေမယ့် လုံးဝမထိုးထားတာထက်စာရင် နောက်ကျမှထိုးလိုက်တာပါ ကလေးအတွက်အ ထောက်အကူပြုပါတယ်။
တစ်ခုပါပဲ ကာကွယ်ဆေးထိုးမယ့်အချိန်မှာ ကလေးငယ်ကဖျားနာနေတယ်ဆိုရင်တော့ ခဏတော့နောက်ဆုတ် ရပါမယ်။ နေပြန်ကောင်းမှ ကလေးကိုကာကွယ်ဆေးထိုးဖို့ခေါ်သွားပါ။ မထိုးဖြစ်တဲ့အကြောင်းကိုလည်း သက် ဆိုင်ရာဆရာဝန်၊ ဆေးရုံ၊ ဆရာမတွေကိုအကြောင်းကြားထားပါ။
ကာကွယ်ဆေးမထိုးတော့ ဘာဖြစ်တတ်သလဲဆိုရင် ရောဂါဖြစ်မှသိကြတာပါ။ လူကြီးတွေခံရတာမဟုတ်ပါဘူး။ ကလေးငယ်ကခံစားရတာပါ။ ဒါကြောင့် ဖေဖေမေမေတွေကိုယ့်သားသမီးတွေကို ကျန်းမာစေချင်တယ်ဆိုရင် ကာကွယ်ဆေးထိုးဖို့ကိစ္စကို အလေးထားဆောင်ရွက်ဖို့လိုပါတယ်။
Author: Dr. CST