လှုပ်ရှားလွန်းရောဂါဟာ ငြိမ်သက်လွန်၊ ခံစားမှုမဲ့၊ ချောင်တစ်ချောင်ထဲကုပ်နေတဲ့ နေတာမျိုးလို သုံးမျိုးထဲကတစ် ခုဖြစ်တယ်။ သုံးမျိုးရှိရာမှာ – ငြိမ်ကုပ်နေတဲ့ပုံစံ၊ လှုပ်ရှားလွန်းပုံစံ၊ နှစ်မျိုးတွဲပုံစံခွဲထားပါတယ်။
ကလေးဘ၀ စကားမပြောတတ်ကာစ မှတ်မိနိုင်တဲ့ အသက်အပိုင်းအခြားမှာ ယင်းလက္ခဏာမျိုးပြတတ်တယ်။ ယင်းမှာဆေးပညာရပ်ထဲက စိတ်ပိုင်းဆိုင်ရာမူမမှန်မှုဖြစ်ပြီး စိတ်ဖိစီးမှုတွေဘဝတစ်လျှောက်ဖြစ်ကာ လှုပ်ရှား လွန်းရောဂါလက္ခဏာများ ဖြစ်လာနိုင်ပါတယ်။
လှုပ်ရှားလွန်းကလေးတွေရဲ့ အသိသာဆုံးရောဂါအဖော်နိုင်ဆုံးက သင်ကြားနာယူဖို့ ခက်ခဲခြင်းဖြစ်တယ်။ ဘ၀ သက်တမ်းတစ်လျှောက်မှာ ခက်ခက်ခဲခဲကျော်ဖြတ်ရသလို စိတ်ပိုင်းဆိုင်ရာ အမူအကျင့်ပိုင်းဆိုင်ရာလွဲချော်မှုနဲ့ အတူကျန်းမာတဲ့ ပုံမှန်လူ့အသိုင်းအဝိုင်းအရဆိုရင် စည်းအပြင်ကလူဖြစ်လို့နေပါတယ်။ မျိုးရိုးရှိရင်လေးဦးမှာ သုံး ဦးရှိနိုင်ပြီး ပေါင်မပြည့်လမစေ့ မွေးသူများ၊ မွေးဖွားရာမှာထိခိုက်ခံရသူများ၊ ဦးနှောက်ထိခိုက်ခံရသူများ၊ ဆေး လိပ်၊ အရက်သောက်ခြင်း၊ ကိုယ်ဝန်ဘဝစိတ်ဖိစီးမှုများခြင်းတွေက ယင်းရောဂါကလေးများမွေးဖွားနိုင်ပါတယ်။
ရောဂါရှိတဲ့ကလေးဟာ သူများကလေးစကားပြောနိုင်၊ ကျောင်းထားနိုင်တဲ့အချိန်မှာ စကားပြောနောက်ကျ၊ စာ မှတ်မရဘဲရှိကာ စာတစ်ပုဒ်ပြီးအောင်မနည်းသင်ရပြီး စာသင်စဉ်အတွင်းငြီးငွေ့လွယ်တာ တွေ့ရတယ်။ တစ်နေ ရာရာကိုအဓိပ္ပါယ်မဲ့ငေးစိုက်ကြည့်နေခြင်း၊ ကလေးဘဝပြုမူပုံများ၊ လှုပ်ရှားမှုများခက်ခဲခြင်း၊ အသက်မွေးဝမ်း ကျောင်းပညာရပ်တစ်ရပ် သင်ပေးရာခက်ခဲခြင်း၊ အခြားသူစကားကိုနားမထောင်ခြင်း၊ အသင်းအဖွဲ့လှုပ်ရှားမှုလုပ် ကိုင်တဲ့အခါ၊ ကစားတဲ့အခါ အခက်တွေ့ခြင်း၊ အချိန်ကြာစဉ်းစားလေ့ရှိခြင်း၊ နေ့စဉ်ပြုမူနေကျအလုပ်များ မလုပ် ခြင်း၊ ငြီးငွေ့လွယ်ခြင်း၊ ပစ္စည်းတစ်ခုခုကိုင်တွယ်ပြီးရင် ထားချင်သလိုထားမေ့နေတတ်ခြင်းတို့ဖြစ်တယ်။
အော်တစ်ဇင်ဆိုတာ ချောင်တစ်ခုခုမှာငြိမ်ကုပ်နေတဲ့ကလေး၊ ဘာကိုမှစိတ်မဝင်စားတဲ့ကလေး၊ ဘာမှမဟုတ်တဲ. ပစ္စည်းတစ်ခုခုကို တန်ဖိုးထားလွန်းခြင်း၊ စာသင်ရခက်ခဲခြင်း၊ ကိုယ့်တာဝန်ကိုယ်မယူနိုင်ခြင်း ဖြစ်တယ်။ လှုပ်ရှား လွန်းကလေးနဲ့ အော်တစ်ဇင်ကလေးတွေဟာ ပြုစုစောင့်ရှောက်မှုအထူးလိုအပ်ပြီး အတန်းပညာသင်ကြားနိုင် တယ်။ သာမန်ကလေးတွေလို ဦးနှောက်ပြည့်မီလာပြီဆိုရင် အများကျောင်းမှာပြန်ထားနိုင်တယ်။ သားဦးမှာ လှုပ် ရှားမှုလွန်ကလေး (သို့) အော်တစ်ဇင်ကလေးပါရုံနဲ့ နောက်ကလေးမှာမရှိနိုင်လို့ နောက်ကိုယ်ဝန်ယူသင့်တယ်။
Vol-8 / No-5 (Healthcare Journal)