fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

အမွှာလေးတွေလိုချင်ရင်

2.8k
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/03/2019
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

အမွှာလေးတွေ လိုချင်ရင်

ယခုအခါ မင်းသမီးချစ်သုဝေရဲ့ သမီးအမွှာလေးများကို အားကျလျက် ကိုယ်ဝန်အမွှာရရန် အထူးဆန္ဒရှိကြပါတယ်။ အမွှာကိုယ်ဝန်ဆောင်နိုင်ရန် နည်းလမ်းပေးကြပါဟု အမြဲတောင်းတတ်ကြပါတယ်။ အမွှာကိုယ်ဝန်ဆောင်လျှင် တစ်ကြိမ်တစ်ခါတည်းနှင့် သားသမီး ၂ ဦးရရှိသောကြောင့် မိသားစုအတွင်း ပိုမိုပြည့်စုံနိုင်မည်ဟု ယုံကြည်ကြပါတယ်။ မျိုးအောင်စေသော ဆေးဝါးများသည်သာ အမွှာကိုယ်ဝန်ဆောင်နိုင်သော တစ်ခုတည်းသော နည်းလမ်းမဟုတ်ပါ။

အမွှာကိုယ်ဝန်ရစေသော အခြားနည်းလမ်းများမှာ ………

(1) အသက်အရွယ်

အသက် ၃၀ ကျော်သော အမျိုးသမီးများသည် အမွှာကိုယ်ဝန်ဆောင်နိုင်ချေ များပါတယ်။ အဘယ်ကြောင့်ဆိုသော် အသက်ကြီးလေလေ FHS ဟော်မုန်းများလေလေ ဖြစ်ပါတယ်။ FHS သည် မျိုးဥအိမ်တွင် မမျိုးဥကြွေရန် လိုအပ်ပါတယ်။ အသက်ကြီးသော အမျိုးသမီးများသည် အသက်ငယ်သူများထက် မျိုးဥကြွေရန် FHS ဟော်မုန်း ပိုမိုလိုအပ်ပါတယ်။ FHS သည် များလာသောအခါ မမျိုးဥတစ်လုံးထက် ပိုကြွေသောကြောင့် အမွှာကိုယ်ဝန်ရလာခြင်း ဖြစ်ပါတယ်။

(2) မျိုးရိုးရှိခြင်း

မိမိ မိသားစုမျိုးရိုးတွင် ထပ်တူညီသော အမွှာရှိပါက မိမိတွင် အမွှာကိုယ်ဝန်ရရန် အခွင့်အလမ်းနည်းသော်လည်း ထပ်တူမညီသောအမွှာရှိပါက အမွှာကိုယ်ဝန်ပိုမိုရလွယ်ပါတယ်။ မိဘ ၂ ဦးစလုံးတွင် အမွှာမျိုးရိုးရှိပါက ပိုမိုအခွင့်အလမ်းများပါတယ်။

(3) ကိုယ်အလေးချိန်

BMI 30 ကျော်သော ကိုယ်အလေးချိန်များသော အမျိုးသမီးများသည် BMI ကောင်းသော အမျိုးသမီးများထက် အမွှာပိုမိုရရှိစေရန် အခွင့်အလမ်းများသည်ဟု ဆိုသော်ငြားလည်း အရမ်းဝလျှင်လည်း ကိုယ်ဝန်မဆောင်နိုင်ပါ။ အဆီပိုများသည် estrogen ဟော်မုန်းများစေပြီး estrogen သည် သားဥအိမ်ကို မျိုးဥကြွေစေရန် လှုံဆော်မှု ပိုမိုစေပါတယ်။ ထို့ကြောင့် မမျိုးဥ တစ်လုံးထက်မနည်း ကြွေစေပါတယ်။

(4) အရပ်

အရပ်ရှည်သောသူများသည် အမွှာကိုယ်ဝန်ရရန် အခွင့်အလမ်းပိုများပါတယ်။

(5) လူမျိုး

အရှေ့တိုင်းအမျိုးသမီးများသည် အမေရိကန်နှင့် အာဖရိကန်အမျိုးသမီးနှင့်ယှဉ်လျှင် အမွှာကိုယ်ဝန်ရရန် အခွင့်အလမ်းနည်းပါတယ်။

(6) နို့တိုက်ခြင်း

နို့တိုက်နေစဉ် ကိုယ်ဝန်မတော်တဆရလျှင် အမွှာဖြစ်ရန် အခွင့်အလမ်းများပါတယ်။ နို့တိုက်ခြင်းသည် ကိုယ်ဝန်ရရန် တားဆီးပေးသည်ဟုဆိုသော်လည်း လေ့လာချက်အရ မတော်တဆရခဲ့လျှင် ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိရပါတယ်။

(7) အစာအာဟာရ

နို့နှင့်နို့ထွက်ပစ္စည်းများ ပိုမိုစားသုံးသော အမျိုးသမီးများသည် အမွှာကိုယ်ဝန်ရရန် အခွင့်အလမ်းများပါတယ်။

ဆေးဝါးအကူအညီဖြင့် အမွှာကိုယ်ဝန်ဆောင်ခြင်း

ဆေးဝါးသောက်သုံးခြင်းနှင့် IVF နည်းဖြင့် အမွှာကိုယ်ဝန်ရရန် ပြုလုပ်နိုင်ပါတယ်။ အမွှာကိုယ်ဝန်ဆောင်ခြင်းရဲ့ အကျိုးဆက် မိခင်နှင့် ကလေးများဖြစ်လာနိုင်သော ကျန်းမာရေးအခြေအနေများကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ကုသမှုတိုင်းကြောင့်တော့ ကိုယ်ဝန်ရရှိစေနိုင်သည်ဟု တထစ်ချယုံကြည်၍ မရနိုင်ပါ။

အမွှာကိုယ်ဝန်လိုချင်သော မိဘများအတွက် ဆေးဝါးကုသမူကြောင့် အမွှာရရှိစေနိုင်သည်ဟု တထစ်ချမယုံကြည်သင့်ဘဲ အခြားသောအကြောင်းရင်းများကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အမွှာကိုယ်ဝန်ရရှိလာသောအခါတွင်လည်း ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အပြည့်အဝရရှိမှသာ အမွှာကိုယ်ဝန်ကြောင့် ရရှိနိုင်သော ဆိုးကျိုးများကို လျော့ကျစေနိုင်ကြောင်း ကြိုတင်သိရှိရန်လိုအပ်ပါတယ်။

Dr. Pyae Shin

Previous Post

ပြုံးရယ်ခြင်းနဲ့ကျန်းမာရေးကောင်းကျိုးများ

Next Post

ကျန်းမာရေးအတွက် တရားထိုင်မယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
823

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
992
Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
564

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကျန်းမာရေးအတွက် တရားထိုင်မယ်

လေ့ကျင့်ခန်းလုပ်ကြမယ်

ကမ္ဘာကြီးပူလာပြီဆိုရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.