fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကာကွယ်ဆေးမထိုးထားရင် ဒဏ်ရိုက်တဲ့ တိုင်းပြည်

43
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/03/2019
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကာကွယ်ဆေးမထိုးထားရင် ဒဏ်ရိုက်တဲ့ တိုင်းပြည်

” ဦးလေး မလာလို့ ဆရာကတောင် မေးနေသေးတယ် ” မောင်အေးသည် ဦးလူဌေးကို မြင်ကတည်းက လှမ်းပြောလိုက်သည်။

” ဆေးခန်းဆိုတာ ခဏခဏ လာကောင်းတဲ့နေရာ မဟုတ်ဘူး။ အိမ်မှာလည်း မြေးထိန်းနေရသေးတယ်။ သတင်းထူးလေးတွေ ဖတ်ပြီးရင်တော့ ဆရာနဲ့လာဆွေးနွေးချင်တာပေါ့ ”

” လာခဲ့ပါ။ ဆရာကလည်း မျှော်နေတတ်တယ်”

” လာတော့ လာချင်တာပေါ့။ မင်းတို့ဆရာက အားတာလည်း မဟုတ်ပဲနဲ့။ တစ်ခါတစ်လေကျရင်လည်း အားနာတယ်။ ”

” ဒီလိုမျိုးဆေးခန်းပိတ်ခါနီးဆိုရင်တော့ အားပါတယ် ”

” လာနိုင်အောင်ကြိုးစားမယ်ကွာ ” ဦးလူဌေးသည်ကား ဆေးခန်းသို့လာကာ ဆရာဝန်နှင့် ဆွေးနွေး ချင်ပါသည်။ သို့သော် အိမ်မှာကလဲ မြေးထိန်းနေရသေးသည်။

” အခုကရော နေမကောင်းလို့ လာပြတာလား။ ဆရာနဲ့ လာဆွေးနွေးတာလား ”

” ဒီအချိန်ကြီး လာမှတော့ မင်းဆရာနဲ့ လာဆွေးနွေးတာပေါ့ ” ဦးလူဌေး မောင်အေးကို မသိရကောင်းလားဟု ငေါက်လိုက်သည်။

” ရှေမှာ လူနာတွေ စောင့်ရဦးမယ်နော်။ ”

” ရတယ်။ လူနာတွေ အားလုံးကုန်မှ ဝင်မှာပေါ့ ။ ဒါမှ စကားအေးအေးဆေးဆေး ပြောလို့ရမှာ ”

အတန်ကြာသော် ” လူနာတွေကလည်း များလိုက်တာနော်။ ” ဦးလူဌေးသည် စိတ်မရှည်တော့ဘူးထင်သည်။

” ရာသီအကူးအပြောင်းကြောင့်လည်း ပါမှာပေါ့။ ကျွန်တော်တို့ ဆေးခန်းတော့ ဝက်သက် ရောဂါ ဖြစ်တဲ့ ကလေးတွေ လာတာ အရမ်းများတယ် ”

” ရပ်ကွက်ထဲမှာ ကလေးတွေရော လူကြီးတွေရော ဝက်သက်ရောဂါ ဖြစ်ကြတယ်နော်။ အိမ်က မြေးတွေတောင် ဝက်သက်ဖြစ်မှာ စိုးရိမ်နေတာ။ ”

” ကာကွယ်ဆေးထိုးထားတယ်မလား။ ”

” ကာကွယ်ဆေးတွေတော့မှန်မှန်ထိုးထားတာပေါ့။ ဒါကြောင့်လည်း ကလေးတွေ ဝက်သက် မဖြစ်တာ။ ။ ဒါပေမဲ့ သားအငယ်ကောင်တော့ တစ်လောက ဝက်သက် ဖြစ်သွားသေးတယ်။ မင်းတို့ဆေးခန်းတောင် လာသေးတယ် ”

” ဟုတ်ကဲ့”

” ရိုးရိုးဖျားတယ် ထင်တာ။ ပြီးမှ ဝက်သက်ဖြစ်နေတာ ။ ကလေးတွေကတော့ကာကွယ်ဆေး ထိုးထားလို့ ဘာမှမဖြစ်ကြဘူးကွာ”

” ဒါကြောင့်လည်း ကလေးတွေကို ကာကွယ်ဆေးကို ဂရုတစိုက်ထိုးပေးဖို့ နိုးဆော်နေရတာပေါ့။ ”

ဒေါက်တာ စိုးသန်းသည် ဆေးခန်းတွင်းမှ ထွက်လာသည်။

” အပြင်မှာပဲထိုင်မယ်။ အပြင်လေက ပိုပြီးအေးတယ် ” ဦးလူဌေးနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ဒေါက်တာ စိုးသန်းသည် တော်တော်လေးကို ပင်ပန်းနေပုံပေါက်သည်။

” ဆရာလည်း ပင်ပန်းနေပြီ ” ဦးလူဌေး စကားစလိုက်သည်။

” ကဲ ဘာသတင်းတွေများ ထူးသေးလဲ”

” BBC ကနေ သတင်းတစ်ပုဒ်ပါလာတယ်ဆရာ။ ဆရာဖတ်ပြီးသွားပြီလား ”

” သတင်းတွေက အများကြီးပဲ ဘာသတင်းကို ပြောတာလဲ ”

” အီတလီနိုင်ငံမှာ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးဖို့အတွက် Law အသစ်တစ်ခု ပြဌာန်းလိုက်တယ်ဆိုတဲ့ သတင်းလေ ”

” ဟုတ်တယ် ကျွန်တော် တွေ့မိတယ်။ ”

“ကျွန်တော် ဒီသတင်းကို ဖတ်ရတော့ သိပ်အားရတာပဲ ဆရာရယ်။ Law တစ်ခု ထွက်ပြီးတော့ကို ကလေးငယ်တွေကို ကာကွယ်ဆေးထိုးဖို့ လုပ်ရတယ်ဆိုတော့ သူတို့ဆီမှာလည်း ကျွန်တော်တို့ဆီမှာလို ကာကွယ်ဆေးထိုးစရာ မလိုဘူးဆိုတဲ့ အယူအဆတွေ ရှိနေလို့ပေါ့နော် ”

“ဟုတ်တယ်ဗျာ။ ကျွန်တော်တို့ဆီမှာလည်း ကာကွယ်ဆေးထိုးစရာမလိုဘူးဆိုပြီး Facebook လို Social media မှာ လျှောက်ရေးတဲ့သူတွေရှိတော့ နားယောင်တဲ့သူတွေက နားယောင်တာပေါ့။ အဲဒီအတွက် ကလေးငယ်တွေမှာ ကူးစက်ရောဂါတွေဖြစ်ပွားပြီး မလိုအပ်ပဲ အသက်သေဆုံးရတာပေါ့ ”

” ဘာသတင်းလဲ ဆရာ။ ဆရာတို့က ဖတ်ပြီးပြီဆိုပေမဲ့ ကျွန်တော်မသိသေးတဲ့အတွက် ကျွန်တော့်ကို ပြောပြပါဦး” မောင်အေးသည် စိတ်ဝင်စားလာသည်။

” အီတလီနိုင်ငံမှာဆိုရင် အသက်ခြောက်နှစ်အောက် ကလေးငယ်တွေ မူကြိုတက်မယ်ဆိုရင် ကလေးတွေကို ကာကွယ်ဆေးထိုးထားကြောင်း အထောက်အထားတွေပြရမယ်။ ကာကွယ်ဆေး ထိုးထားကြောင်း အထောက်အထားမပြနိုင်ရင် မူကြိုထားလို့မရဘူး။ ”

” ကောင်းလိုက်တဲ့ အစီအစဉ်။ ” မောင်အေးသည် အားရဝမ်းသာစွာ ထောက်ခံသည်။

” အသက် ခြောက်နှစ်ကျော်လို့ ကျောင်းကြီးတက်မယ်ဆိုရင်တော့ သူတို့နိုင်ငံက သတ်မှတ်ထားတဲ့ ကာကွယ်ဆေးထိုးထားတဲ့ အထောက်အထား ပြစရာမလိုဘူး။ ကလေးတိုင်းကျောင်းတက်ခွင့် ရှိတယ်။ ကာကွယ်ဆေးမထိုးထားလို့ ကျောင်းမတက်ရဘူးလို့တော့ မပြဌာန်းထားဘူး။ ဒါပေမဲ့ မိဘတွေ ဒဏ်ငွေဆောင်ရမယ်။ ”

” ဒဏ်ငွေကများလား ဆရာ ”

” ယူရိုငွေ ၅၀၀ ၊အမေရိကန် ဒေါ်လာ ဆိုရင် ၅၆၀ ပေးဆောင်ရမယ်လို့ သတ်မှတ်လိုက်တယ်။ သူတို့ဆီမှာလည်း ဝက်သက်ရောဂါတွေ ဖြစ်ပွားနှုန်း အရမ်းမြင့်တက်နေတယ်တဲ့”

” ကျွန်တော်တို့ တစ်နိုင်ငံထဲ ဝက်သက်ရောဂါ ဖြစ်နေတာ မဟုတ်ဘူးပေါ့နော်။ ” မောင်အေး လေသံက ပျော်ရွှင် သွားပုံရသည်။

” ဝက်သက်က နိုင်ငံတော်တော် များများမှာဖြစ်ပွားနှုန်းအရမ်းကို မြင့်တက်နေတာ ”

” ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီလိုမျိုး ဥပဒေတွေ ထွက်လာရင် ကောင်းမှာပဲနော်” ဦးလူဌေးသည် သူ့ဆန္ဒကို ထုတ်ဖော်ပြောသည်။

” သူတို့နိုင်ငံမှာတောင် ဒီဥပဒေတစ်ခုထွက်ဖို့ မူကြမ်းကို အရှေ့အစိုးရ လက်ထပ်ကတည်းက မူကြမ်းကို တင်သွားခဲ့ပြီးသား။ အခုအစိုးရလက်ထပ်မှာမှ ပြဌာန်းနိုင်တာ။ ဥပဒေတစ်ခုထွက်ဖို့ အကြာကြီး ကြိုးစားရတာ။ အချိန်ယူရတာပါ။ ကျွန်တော်တို့ဆီမှာတော့ ရွှေပြည်တော် မျှော်တိုင်းဝေးပေါ့”

ဒေါက်တာ အောင်နိုင်စကားကြောင့် ဦးလူဌေးသည် ဝမ်းနည်းသွား၏။ သို့သော် မိမိ မတတ်နိုင်သော ကိစ္စများသာ။

” ကျွန်တော်တို့ဆီမှာလည်း ဥပဒေတွေမရှိပေမဲ့ ပညာပေးအစီအစဉ်တွေတော့ အမြဲလုပ်နေတာပဲလေ။ ကျွန်တော်ဆို ဆေးခန်းလာသမျှကလေး ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းနေတာပဲ ” မောင်အေးသည် သူ့လုပ်ရပ်ကို အလွန်ဂုဏ်ယူနေပုံရသည်။

” ဒီနှစ် measles အဖြစ်များတာကလည်း ကာကွယ်ဆေးမထိုးခဲ့တဲ့ အကျိုးဆက်တွေပေါ့”

ဒေါက်တာ စိုးသန်းသည် တွေးတွေးစစနှင့် ပြောလိုက်သည်။

ဦးလူဌေးသည် နာရီကို ငုံ့ကြည့်လိုက်သည်။

“ပြန်ဦးမယ် ဆရာ။ ဆရာလည်းနားရဦးမယ်။ အိမ်က အမေကြီးကလည်း ကလေးမထိန်းပဲ အပြင်ထွက်နေတယ်ဆိုပြီး အော်နေဦးမယ် ”

” ဟုတ်ကဲ့ပါဗျာ ”

ဦးလူဌေးသည် သွက်လက်စွာပင် ဆေးခန်းထဲမှ ထွက်သွားခဲ့သည်။ မောင်အေးသည် ဆေးခန်းပိတ်ရန် ပြင်လိုက်သည်။

အဝေးမှ ကာလသားတစ်စု၏ တေးသီချင်းသီဆိုသံကို တရေးရေးကြားနေရသည်။

လေနုအေးလေးက တိုက်ခတ်လျှက်။

ကောင်းကံတွင် တိမ်တို့ ကင်းစင်လျှက် ကြယ်သာယာတို့ လင်းလက်နေ၏။

ဒီလိုပဲ ကမ္ဘာ လောကကြီးသာယာပါစေလို့ ဒေါက်တာစိုးသန်း ဆုတောင်းကာ အိမ်သို့ ခြေဦးလှည့်လိုက်သည်။

Dr. အေးချမ်းမိုး

Previous Post

ဘယ်လိုလူတွေကို ခြင်ပိုကိုက်လေ့ရှိသလဲ

Next Post

လိင်တံအရည်ကျတဲ့ ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
823

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
992
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
669

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လိင်တံအရည်ကျတဲ့ ရောဂါ

ပင့်ကူရှပ်ရင် သေတတ်သလား

ကျန်းမာရေး ကောင်းကျိုးတွေနဲ့ ပြည့်နှက်နေတဲ့ ဂေါ်ဖီထုပ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.