fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မျက်စိကင်ဆာအကြောင်း

559
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/04/2019
in မိခင်နှင့်ကလေးကျန်းမာရေး, ရောဂါကြီးများ
1 min read
A A

မျက်စိကင်ဆာအကြောင်း

မျက်စိကင်ဆာဟာ တခြားကင်ဆာအမျိုးအစားတွေနဲ့ ယှဉ်လိုက်ရင် အဖြစ်နည်းတဲ့ ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ မျက်စိကင်ဆာမှာ ကင်ဆာဖြစ်တဲ့ မျက်လုံးနေရာပေါ်မူတည်ပြီး Uveal Melanoma, Retinoblastoma, intraocular lymphoma စသဖြင့် မျိုးကွဲတွေအများကြီးရှိပါတယ်။

အဲ့ထဲကမှ အခုဆောင်းပါးမှာ Retinoblastoma အမျိုးအစား မျက်စိကင်ဆာအကြောင်း တင်ပြချင်ပါတယ်။ ဘာလို့လဲဆိုတော့ Retinoblastoma မျက်စိကင်ဆာဟာ အခုနောက်ပိုင်း ကျွန်တော်တို့မြန်မာနိုင်ငံက ကလေးတွေမှာ ဖြစ်ပွားမှုနှုန်းများလာလို့ပါ။

Retinoblastoma အမျိုးအစားမျက်စိကင်ဆာဟာ မျက်စိရဲ့ Retina အလွှာမှာဖြစ်တဲ့ ကင်ဆာဖြစ်ပါတယ်။ Retina အလွှာဟာ အပြင်ကနေ မျက်စိထဲဝင်လာတဲ့ အလင်းကိုအာရုံခံပြီး optic nerve ကနေတဆင့် ဦးနှောက်ဆီကိုသတင်းပို့ပေးကာ ပုံရိပ်ဖော်ပေးတဲ့အလွှာပါ။

Retinoblastoma မျက်စိကင်ဆာဟာ အများအားဖြင့် အသက် ၅ နှစ်အောက်ကလေးငယ်တွေမှာဖြစ်ပွားလေ့ရှိပြီး အသက်နှစ်နှစ်အောက် ကလေးငယ်တွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။ မျက်စိတဖက်တည်းမှာ ဖြစ်တာရှိသလို မျက်စိနှစ်ဖက်လုံးဖြစ်တာလည်း ရှိပါတယ်။ လူကြီးတွေမှာလည်း Retinoblastoma အမျိုးအစား မျက်စိကင်ဆာဖြစ်နိုင်ခြေရှိပေမယ့် ဖြစ်တာအရမ်းရှားပါတယ်။

သုတေသနတွေအရ နှစ်စဉ် ကမ္ဘာတဝှမ်းက ကလေး ၇၀၀၀ မှ ၉၀၀၀ ခန့်ဟာ Retinoblastoma မျက်စိကင်ဆာဝေဒနာ ဖြစ်ပွားနေကြောင်းသိရပါတယ်။

Retinoblastoma မျက်စိကင်ဆာဖြစ်ပွားရတဲ့ အကြောင်းရင်းကတော့ မျိုးရိုးဗီဇကြောင့်ပါ။ သန္ဓေစတည်ကတည်းက ကင်ဆာဖြစ်မယ့်ဗီဇ (Gene) ပါလာတာကြောင့်လည်း ဖြစ်နိုင်သလို မွေးပြီးနောက်မကြာခင်မှာမှ မျိုးရိုးဗီဇဖောက်ပြန်မှုဖြစ်တာလည်း ရှိပါတယ်။

သန္ဓေစတည်ကတည်းက ကင်ဆာဖြစ်မယ့်ဗီဇ (Gene) ပါလာတာကြောင့်ဖြစ်တဲ့ Retinoblastoma မျက်စိကင်ဆာကို Heritable retinoblastoma လို့ခေါ်ပါတယ်။ ဒီအမျိုးအစားဟာ ကလေးအသက်တနှစ်မပြည့်ခင်မှာကို စတင်ဖြစ်ပွားတတ်ကာ မျက်စိနှစ်ဖက်လုံးမှာဖြစ်လေ့ရှိပါတယ်။ မွေးပြီးနောက်မကြာခင်မှာမှ မျိုးရိုးဗီဇဖောက်ပြန်မှုဖြစ်တဲ့ Retinoblastoma မျက်စိကင်ဆာကို Sporadic retinoblastoma လို့ခေါ်ပါတယ်။

ဒီအမျိုးအစားကတော့ ကလေးအသက်တနှစ်ကျော်လောက်မှာမှ ဖြစ်လေ့ရှိကာ မျက်လုံးတဖက်တည်းမှာပဲ ဖြစ်လေ့ရှိပါတယ်။

Retinoblastoma မျက်စိကင်ဆာရဲ့ လက္ခဏာတွေအနေနဲ့ကတော့ မျက်ဆံနေရာမှာ တိမ်ကဲ့သို့အဖြူစက်၊ အဖြူကွက်ဖြစ်တာ၊ မျက်လုံးအောင့်တာ၊ အမြင်ဝေဝါးတာ၊ မျက်စိစွေစောင်းတာ တွေဖြစ်ပါတယ်။

သင့်ကလေးမှာ ဒီလိုလက္ခဏာတွေတွေ့ပြီဆိုရင် ကလေးမျက်စိဆရာဝန်နဲ့ ပြသစမ်းသပ်ပြီး Retinoblastoma မျက်စိကင်ဆာဟုတ်မဟုတ် စစ်ဆေးကြည့်ဖို့လိုပါတယ်။

လုပ်နိုင်တဲ့စစ်ဆေးမှုတွေကတော့ မျက်စိကို အာထရာဆောင်းရိုက်တာ၊ သံလိုက်ဓါတ်မှန်ရိုက်တာ၊ ကွန်ပျူတာဓါတ်မှန်ရိုက်တာ၊ သွေးစစ်တာ စသဖြင့်ပါ။ ဒီလိုတွေ စမ်းသပ်စစ်ဆေးကြည့်လို့ မျက်စိကင်ဆာရှိနေပြီဆိုရင် အမြန်ဆုံးကုသဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ မျက်လုံးကင်ဆာဟာ မျက်လုံးကနေ တခြားနေရာများသို့ပျံ့နှံခြင်းမရှိသေးချိန်မှာ ကုသပါက ပျောက်ကင်းနိုင်ခြေဟာ ၉၀ ရာခိုင်နှုန်းရှိပါတယ်။

အချိန်ဆွဲပြီး မကုသဘဲထားပါက မျက်စိကင်ဆာဟာ မျက်စိအပြင် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီပါ ပျံ့နိုင်ပါတယ်။ အဲ့အခါကျ ပျောက်ကင်းနိုင်ခြေနည်းပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေပေါ်မူတည်ပြီး Chemotherpy ခေါ်ကင်ဆာဆေးသွင်းကုသတာ၊ Cryotherapy ခေါ် ကင်ဆာဆဲလ်တွေကို အေးခဲပျက်စီးစေနဲ့နည်းနဲ့ ကုသတာ၊ Radiotherapy ခေါ် ဓါတ်ရောင်ခြည်ကုထုံးနဲ့ကုသတာ၊ Laser therapy ခေါ် လေဆာပစ်ကုသတာစသဖြင့်ရှိပါတယ်။

အရမ်းဆိုးတဲ့ အခြေအနေဆိုရင်တော့ ခွဲစိတ်ကုသနည်းကိုသုံးပြီးဖြစ်တဲ့ မျက်စိတခုလုံးကိုထုတ်ရတာမျိုးလည်း လုပ်ရနိုင်ပါတယ်။

Dr 528

Previous Post

မီးတွင်းကာလ မွေးလမ်းကြောင်းပိုးဝင်ဖျားခြင်း

Next Post

ကော်ဖီသောက်ခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
483

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကော်ဖီသောက်ခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများ

သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်အကြောင်း သိကောင်းစရာ

ကပ္ပာယ်အိတ်ထဲ ဝှေးစေ့မရှိခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.