fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးတွေမှာအဖြစ်များသော တီဘီပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ

189
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/04/2019
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးတွေမှာအဖြစ်များသော တီဘီပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ

ကျွန်တော်တို့ရဲ့ ဦးနှောက် (Brain) ကို Meninges လို့ခေါ်တဲ့ အမြှေးပါးအလွှာလေးနဲ့ ဝန်းရံထားပါတယ်။

ဒီဦးနှောက်အမြှေးပါးအလွှာလေးဟာ ဘက်တီးရီးယားပိုး ဝင်ရောက်ကူးစက်ခံရတာ၊ ဗိုင်းရပ်စ်ပိုး ဝင်ရောက်ကူးစက်ခံရတာ၊ မှိုပိုး ဝင်ရောက်ကူးစက်ခံရတာ စတဲ့အကြောင်းတွေကြောင့် ရောင်ရမ်းခြင်းဖြစ်တတ်ပါတယ်။

ဦးနှောက်အမြှေးပါးအလွှာကို ရောင်ရမ်းစေတဲ့အကြောင်းရင်းတွေထဲကမှ ဒီတပတ်မှာ တီဘီပိုးကြောင့် ဦးနှောက်အမြှေးရောင်ရမ်းခြင်းအကြောင်းကို ရေးသားတင်ပြချင်ပါတယ်။ တီဘီပိုးကြောင့် ဦးနှောက်အမြှေးရောင်ရမ်းခြင်းကို ဆေးပညာအရ Tuberculous meningitis သို့မဟုတ် Meningeal tuberculosis လို့ခေါ်ပါတယ်။

ဦးနှောက်အမြှေးပါးကို Mycobacterium tuberculosis လို့ခေါ်တဲ့ တီဘီပိုးဝင်ရောက်ကူးစက်ခံရလို့ ဖြစ်တာပါ။ တီဘီပိုးဟာ အများအားဖြင့်တော့ အဆုတ်ကိုပဲ ဝင်ရောက်ကူးစက်လေ့ရှိပေမယ့် တခါတရံမှာ ဦးနှောက်အမြှေးပါးဆီကိုလည်း ဝင်ရောက်ကူးစက်နိုင်ပါတယ်။ တိုက်ရိုက်ဝင်ရောက် ကူးစက်တာလည်းရှိသလို အဆုတ်တီဘီကို သေချာစောစီးစွာမကုသတာကြောင့် တကိုယ်လုံးပျံ့ပြီး ဦးနှောက်အမြှေးပါးဆီကို ရောက်တာမျိုးလည်းရှိပါတယ်။

တီဘီပိုးကြောင့် ဦးနှောက်အမြှေးရောင်ရမ်းခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ခုခံအားကျနေတဲ့သူတွေ၊ ဘီစီဂျီ (BCG) ကာကွယ်ဆေးထိုးမထားတဲ့ကလေးတွေ၊ တီဘီရောဂါဖြစ်ဖူးတဲ့သူတွေ၊ တီဘီရှိတဲ့သူနဲ့ ထိတွေ့နေတဲ့သူတွေမှာ အဖြစ်များတတ်ပြီး စောစီးစွာမကုသပါက အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်နိုင်ကာ နောက်ဆက်တွဲဆိုးကျိုးတွေလည်းများနိုင်ပါတယ်။

တီဘီရောဂါပိုး ဦးနှောက်အမြှေးပါးဆီ ဝင်ရောက်ကူးစက်ပြီး ရက်သတ္တပတ်အတော်ကြာတဲ့အခါ ရောဂါလက္ခဏာ စပြပါတယ်။

ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ အစပိုင်းမှာဆိုရင် တငွေ့ငွေ့ဖျားပြီး ညနေညနေအဖျားတက်တာ၊ ညဘက်ချွေးထွက်တာ၊ အစားအသောက်ပျက်တာ၊ ကိုယ်အလေးချိန်သိသိသာသာကျတာ၊ အားမရှိသလိုဖြစ်တာ၊ နုံးတာတွေ ခံစားရနိုင်ပြီးနောက်ပိုင်းမှာဆိုရင် ခေါင်းကိုက်တာ၊ အလင်းကြောက်တာ၊ ဇက်တောင့်တင်းတာ၊ ထိုးအန်တာတွေအထိ ဖြစ်နိုင်ပါတယ်။

ဒီလိုတွေဖြစ်လာပါက နီးစပ်ရာဆေးရုံဆေးခန်းအမြန်ဆုံးပြသပြီး တီဘီပိုးကြောင့် ဦးနှောက်အမြှေးရောင်ရမ်းခြင်း ဟုတ်မဟုတ်သေချာအောင် စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။ လုပ်နိုင်တဲ့ စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ ခါးဆစ်ရိုးနှစ်ခုကြားအပ်ထိုးပြီး ဦးနှောက်နဲ့ ကျောရိုးအာရုံကြောအတွင်း လှည့်ပတ်နေတဲ့အရည်ကို ယူစစ်တာ (Lumbar puncture and Cerebrospinal fluid examination)၊ ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊ သွေးစစ်တာ၊ စီတီစကန် ရိုက်တာ စသဖြင့် လုပ်ရနိုင်ပါတယ်။

ဒီလိုတွေလုပ်ကြည့်လို့ ဟုတ်ခဲ့တယ်ဆိုရင်တော့ အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။ ဘာလို့လဲဆိုတော့ တီဘီပိုးကြောင့် ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်းဟာ ကြာလာတဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဦးနှောက်အာရုံကြောတွေထိခိုက်ပြီး တက်တာ၊ သတိလစ်တာ၊ လေဖြတ်သလိုကိုယ်တခြမ်းမလှုပ်နိုင်တာ၊ ကိုယ်တပိုင်းမလှုပ်နိုင်တာ၊ အကြားအာရုံဆုံးရှုံးရတာ၊ ဦးနှောက်တွင်းက ဦးနှောက်နဲ့ကျောရိုးအာရုံကြောအတွင်း လှည့်ပတ်စီးဆင်းနေတဲ့အရည်ကြည် (CSF) လှည့်ပတ်တဲ့လမ်းကြောင်းပိတ်သွားကာ ဦးနှောက်အတွင်း အရည်တွေအများကြီးစုတဲ့ Hydrocephalus ရောဂါဖြစ်တာ စသဖြင့် ဆိုးကျိုးတွေဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ တီဘီဆေးတွေ လချီပြီးသောက်ရတာ၊ စတီးရွိုက်ဆေးတွေသောက်ရတာတွေအပြင် ရောဂါအခြေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပေါ်မူတည်ပြီး ဆေးရုံတက်ရတာ၊ ဆေးသွင်းရတာ၊ ဦးခေါင်းခွဲစိတ်မှုလုပ်ရတာ၊ ကိုယ်ကာယပြန်လည်သန်စွမ်းရေး ကုသမှုခံယူရတာ စသဖြင့် လည်းရှိနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ တီဘီပိုးကြောင့် ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်းဟာ စောစီးစွာမကုသပါက နောက်ဆက်တွဲဆိုးကျိုးတွေများပြီး အသက်အန္တရာယ်လည်း စိုးရိမ်ရတဲ့အတွက် အထက်မှာဖော်ပြတဲ့ လက္ခဏာတွေခံစားရပါက စောစီးစွာ နီးစပ်ရာဆေးခန်းပြသပါလို့ အလေးအနက်ထားထပ်ပြောချင်ပါတယ်။

တီဘီပိုးကြောင့် ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ခြေနည်းအောင် မွေးကင်းစကလေးငယ်တိုင်းကို ဘီစီဂျီ (BCG) ကာကွယ်ဆေး မပျက်မကွက်ထိုးပေးကြပါ။ အဆုတ်တီဘီရောဂါဖြစ်နေတဲ့ သူများအနေနဲ့လည်း သေချာပျောက်အောင် စောစီးစွာ ဆရာဝန်နဲ့သေချာပြပါ။ ဆေးပတ်လည်အောင် သောက်ပါလို့လည်း ထပ်ဆောင်းအကြံပေးချင်ပါတယ်။

Dr 528

Previous Post

မည်းနေတဲ့ တံတောင်နဲ့ ဒူးတွေကို ပြန်လည်ဝင်းပစေမည့် သဘာဝနည်းများ

Next Post

လက်သည်းခြေသည်းလေးတွေ ကျန်းမာလှပအောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
312

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
816

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
988
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
665

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လက်သည်းခြေသည်းလေးတွေ ကျန်းမာလှပအောင်

ဆီးခုံမွေး ရိတ်သင့်ရဲ့လား

ခရမ်းသီးစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.