ကိုယ်ဝန်ဆောင်နှင့် နောက်ကျောအောင့်ခြင်း
Sciatica ရောဂါသည် ကိုယ်ဝန်ဆောင်စဉ် ကျောနာခြင်းအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကျောနာခြင်းသည် မိခင်အတွက် စိတ်သောကရောက်စေပါတယ်။ ကိုယ်ဝန်ပျက်ကျနိုင်သည်ဟု စိုးရိမ်စိတ်များတတ်ပါတယ်။ ဘယ်လိုသက်သာအောင်နေထိုင်ရမလဲဆိုသော အကြောင်းအချက်များက အရေးကြီးပါတယ်။
ကိုယ်ဝန်ဆောင်သည် ၃ ပုံ ၂ ပုံ ကျောနာသည်ကို အများဆုံး ခံစားရပါတယ်။ အဓိကအားဖြင့် နောက်ကျောထိုးကာ ခြေထောက်သို့ ပြန့်သွားတတ်ပါတယ်။ ကလေးထွားလျှင် ပိုမိုခံစားရနိုင်ပါတယ်။
ဖြစ်စေသောအကြောင်းရင်းများမှာ
Sciatica အာရုံကြောသည် ကျောရိုးမကြီးမှတဆင့် တင်ပါးနှင့် ခြေထောက်သို့ပြန့်နှံ့ပါတယ်။ နောက်ကျော၊ ခြေထောက်များရဲ့ အာရုံခံစားမှုကို ပေးစွမ်းပါတယ်။
ကိုယ်ဝန်ဆောင်စဉ် အဆိုပါအာရုံကြောသည် ကလေးငယ်ရဲ့ ဖိခြင်းကြောင့် ရောင်ရမ်းခြင်း၊ ယားခြင်းနှင့် နာကျင်ခြင်းကိုခံစားရပါတယ်။
လက္ခဏာများမှာ
နောက်ကျောအောင့်ခြင်း၊ တင်ပါးနာခြင်းနှင့် ခြေထောက်နာခြင်းစသည်တို့ ဖြစ်ပါတယ်။ ပထမအစပိုင်းတွင် ကျောအောက်ပိုင်းမှ ခြေထောက်သို့ဆင်းသွားပါတယ်။
အခြာလက္ခဏာများမှာ ..
– ခြေထောက်နာခြင်း
– ဆီးမထိန်းနိုင်ခြင်း
– ခြေထောက်များအားနည်းခြင်း
– ပူခြင်း
– ချောင်းဆိုး၊ နှာစေးလျှင် နာကျင်ခြင်းစသည်တို့ ဖြစ်ပါတယ်။
သက်သာစေသောနည်းလမ်းများမှာ
အကြောလျော့သောနည်းလမ်းများကို ပြုလုပ်လျှင် သက်သာစေနိုင်ပါတယ်။
(1) တင်ပါးကြွက်သာအကြောလျော့ခြင်း
တင်ပါးအောက်ကြွက်သားများ တင်းလျှင် အဆိုပါအာရုံကြောနာကျင်နိုင်ပါတယ်။ ကြွက်သားပြေလျော့အောင်ပြုလုပ်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
– ထိုင်ခုံတခုပေါ်တွင် ခါးမတ်မတ်ထားပြီးထိုင်ပါ။
– ဘယ်ခြေထောက်ကို ညာခြေထောက်ဖဝါးပေါ်တင်ပါ။
– ခါးကိုမတ်၍ ကိုယ်ကိုအရှေ့သို့ ကွေးချခြင်းဖြင့် နောက်ကျောကြွက်သားပြေလျော့စေအောင်ပြုလုပ်ပါ။
– စက္ကန့် ၃၀ ခန့်ပြုလုပ်ပြီး ဘယ်ညာပြောင်းပါ။
(2) ကလေးလိုကွေးပါ
– ဖျာတချပ်ပေါ်သို့ ဒူးထောက်ပါ။
– ခြေမချင်းထိကာ နိုင်သလောက်ကွေးချပါ။
– လက်ကိုခေါင်းပေါ်ဆန့်ထားပါ။
– အသက်ရှုသွင်းရှုထုတ်လုပ်ပါ။
(3) ခြေထောက်အကြောလျော့ပါ
– မြေပြင်ပေါ်မတ်တပ်ရပ်ပါ။
– ဘယ်ခြေထောက်ကို အရာဝတ္ထုတစ်ခုအပေါ်သို့ ဘေးတိုက်တင်ပါ။
– ပြီးလျှင်ကွေးချပါ။
– ဘယ်ညာပြုလုပ်ပေးပါ။
(4) ဒူးကွေးလေ့ကျင့်ခန်း
ပေါင်ရင်းကြွက်သား ပြေလျော့စေသော လေ့ကျင့်ခန်းများမှာ ခြေထောက်တဘက်ကို ဒူးထောက်၍ တဘက်ကိုနောက်သို့ဆန့်တန်းပါ။ ခါးထောက်ပါ။ ကြွက်သားများ ပြေလျော့လာပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်စဉ် ဖြေညင်းသောလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် ကိုယ်ဝန်ဆောင်နောက်ကျောထိုးမှုကို သက်သာစေပါတယ်။ လမ်းလျောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းနှင့် ယောဂပြုလုပ်ခြင်းတို့ဖြစ်ပါတယ်။
ခါးနောက်ပိုင်းတစ်ခုလုံးကို နှိပ်နယ်ပေးခြင်းသည် ကြွက်သားများပြေလျော့စေပါတယ်။
ရှောင်သင့်သောအရာများမှာ
– အချိန်ကြာမြင့်စွာထိုင်ခြင်း၊ လမ်းလျောက်ခြင်းနှင့် မတ်တပ်ရပ်ခြင်းကို ရှောင်ပါ။
– နောက်ကျောသို့ ရေနွေးကပ်ပါ။
– ရေနွေးဖြင့်ချိုးပါ။
– နာကျင်သက်သာဆေးများ သောက်ပါ။
– အနေအထားမှန်စွာအိပ်ပါ။ ထိုင်ပါ။ လမ်းလျောက်ပါ။
ကုသခြင်း
ခွဲစိတ်ကုသမှုပြုလုပ်၍ ကုသရသော်လည်း ကိုယ်ဝန်ဆောင်စဉ် မကုသသင့်ပါ။ ထို့ကြောင့် နေထိုင်မှု ပုံစံပြောင်းလဲပါ။
ထို့ကြောင့် ကိုယ်ဝန်ဆောင်စဉ် ခါးနာ နောက်ကျောအောင့်ပါက သေချာလေ့ကျင့်ခန်းပြုလုပ်ကာ နေထိုင်မှုပုံစံကို အထူးသတိပြု ပြုလုပ်ပါ။ ဖြစ်စေသော အကြောင်းအရာများကို ရှောင်ပါ။
Dr. Pyae Shin