fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်စဉ် အရေပြားယားယံခြင်း

951
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/08/2019
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်စဉ် အရေပြားယားယံခြင်း

ကိုယ်ဝန်ဆောင်တဲ့အခါမှာ အရေပြားဆီကို သွေးထောက်ပံ့မှု များလာခြင်း၊ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ဗိုက်ပိုထွက်လာပြီး ဗိုက်အရေပြားကို ဆွဲဆန့်သလို ဖြစ်လာခြင်းတွေကြောင့် ကိုယ်ဝန်ဆောင်အများစုအနေနဲ့ ယားယံခြင်းကို ခံစားရလေ့ရှိပါတယ်။

ကိုယ်ဝန်ဆောင်စဉ် အရေပြားယားယံခြင်းဖြစ်တာဟာ စိုးရိမ်ရသလား။

အနည်းငယ်ယားယံတာမျိုး (Mild itching) ကတော့မစိုးရိမ်ရနိုင်ပါ။

ပွပွလျလျ အဝတ်အစားတွေဝတ်တာ၊ လေဝင်လေထွက်ကောင်းတဲ့ ချည်သားနဲ့လုပ်ထားတဲ့ အဝတ်အစားတွေဝတ်တာ၊ ရေအေးချိုးတာ၊ Moisturiser (အစိုဓါတ်ပါတဲ့ခရင်မ်)လိမ်းတာတွေ လုပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။

တချို့တွေမှာ အနံ့ပြင်းတဲ့ အလှကုန်ပစ္စည်းတွေ၊ ကိုယ်တိုက်ဆပ်ပြာမွှေးတွေကြောင့်လည်း အရေပြားယားယံခြင်းကို ခံစားရနိုင်ပါတယ်။

အဲ့ဒါဆိုရင်တော့ အနံ့မပါတဲ့ အလှကုန်တွေသုံးတာ၊ ကိုယ်တိုက်ဆပ်ပြာမွှေးမသုံးဘဲ ရိုးရိုးဆပ်ပြာသုံးတာတွေလုပ်ဖို့ လိုပါတယ်။

တကယ်လို့ ဒီလိုတွေလုပ်လို့ မသက်သာဘူး၊ အနည်းငယ်ယားယံတာမျိုးကနေ တအားယားယံတာမျိုးဖြစ်လာရင်တော့ နီးစပ်ရာဆေးခန်း၊ ဆေးရုံပြသစစ်ဆေးဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ ဒီလိုတအားယားယံတာမျိုး ဖြစ်တာဟာ obstetric cholestasis (intrahepatic cholestasis of pregnancy) လို့ခေါ်တဲ့ အခြေအနေတခုရဲ့ လက္ခဏာဖြစ်နိုင်လို့ပါ။

obstetric cholestasis ဆိုတာဟာ ကိုယ်ဝန်ဆောင်စဉ်မှာ သည်းခြေရည်စီးဆင်းမှု နှေးသွားတာ သို့မဟုတ် ရပ်သွားတဲ့အခြေအနေ ဖြစ်ပါတယ်။

အဲ့အခြေအနေမှာဆိုရင် သည်းခြေဆား (Bile salts) တွေဟာ စုပုံလာပြီး အသည်းကလည်း များလာတဲ့သည်းခြေဆားတွေကို မဖယ်ရှားမစစ်ထုတ်နိုင်တော့ပါဘူး။

ဒီအခါမှာ သည်းခြေဆားတွေဟာ သွေးကြောထဲကို ရောက်သွားပြီး ယားယံခြင်းကို ဆိုးဆိုးဝါးဝါးဖြစ်စေပါတယ်။

Obstetric cholestasis ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ တိတိကျကျ ပြောမရသေးပါဘူး။

ဟော်မုန်းတွေ အတက်အကျအပြောင်းအလဲ ဖြစ်တာကြောင့် ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆကြပါတယ်။

ကိုယ်ဝန်ဆောင် နောက်ဆုံးသုံးလမှာဖြစ်လေ့ရှိပြီး ကလေးမွေးပြီး ရက်ပိုင်းလောက်အကြာမှာ ပျောက်သွားတတ်ပါတယ်။

အဖြစ်များလေ့ရှိတဲ့ အခြေအနေမဟုတ်ပါဘူး။ တချို့သော ကိုယ်ဝန်ဆောင်တွေမှာသာ ဖြစ်တတ်ပါတယ်။

လေ့လာမှုတွေအရ

ကိုယ့်မိသားစုထဲမှာ ဒီလိုဖြစ်ဖူးတဲ့သူရှိတဲ့ ကိုယ်ဝန်ဆောင်တွေ၊

အရင်ကိုယ်ဝန်တုန်းက ဒီလိုဖြစ်ဖူးတဲ့ ကိုယ်ဝန်ဆောင်တွေ၊

အိန္ဒိယ၊ ပါကစ်စတန် မျိုးနွယ်ဝင် ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်နိုင်ခြေပိုများကြောင်းသိရပါတယ်။

Obstetric cholestasis ရဲ့ လက္ခဏာတွေကတော့

အနီကွက်တွေပေါ်ခြင်းမရှိဘဲ တအားယားတာ၊

အများအားဖြင့် ခြေဖဝါး၊ လက်ဖဝါးနေရာတွေမှာ ယားတာ၊

အထူးသဖြင့် ညမှာ ပိုယားတာ၊

ယားယံခြင်းဖြစ်တာနဲ့အတူ အသားဝါလာတာ၊ မျက်လုံးဝါလာတာ၊ ဆီးအရောင်ရင့်လာတာ၊ ဝမ်းအရောင်ဖျော့လာတာ တွေပါ။

ဒီလိုတွေဖြစ်လာရင် နီးစပ်ရာဆေးခန်းဆေးရုံပြသပြီး စမ်းသပ်စစ်ဆေးကုသမှုခံယူဖို့ လိုပါတယ်။

ဘာလို့လဲဆိုတော့ မကုသဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ လမစေ့တဲ့ကလေးမွေးတာ၊ ကလေးအသေမွေးတာ၊ မွေးလာတဲ့ကလေးမှာ အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ပါလာတာ စသဖြင့် ဆိုးကျိုးတွေဖြစ်လာနိုင်လို့ပါ။

ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ တအားယားယံခြင်းဖြစ်ပါက မပေါ့ဆပဲ ဆေးမြီးတိုတွေနဲ့ ကုသမနေဘဲနဲ့ ဆေးရုံဆေးခန်းပြသကြပါလို့ အဆုံးသတ်အနေနဲ့ မှာချင်ပါတယ်။

ဒါမှသာ မွေးလာမယ့်ကလေးမှာ ဆိုးကျိုးဖြစ်နိုင်ခြေနည်းမှာပါ။

Dr 528

Previous Post

မွေးလာတဲ့ကလေးက ပေါင်ချိန်လွန်နေရင် သို့မဟုတ် တအားဝနေရင် ဘာတွေဖြစ်လာနိုင်လဲ။

Next Post

သိုင်းရွိုက်မုန်တိုင်း အကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
312

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
818

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
989
Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
563

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သိုင်းရွိုက်မုန်တိုင်း အကြောင်း

သုက်ရည်ထဲ သွေးပါနေပြီဆိုလျှင်

သွေးဆိပ်တက်ခြင်း သို့မဟုတ် သွေးဆိပ်သင့်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.