fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မွေးလာတဲ့ကလေးက ပေါင်ချိန်လွန်နေရင် သို့မဟုတ် တအားဝနေရင် ဘာတွေဖြစ်လာနိုင်လဲ။

647
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/08/2019
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

မွေးလာတဲ့ကလေးက ပေါင်ချိန်လွန်နေရင် သို့မဟုတ် တအားဝနေရင် ဘာတွေဖြစ်လာနိုင်လဲ။

မွေးကင်းစကလေးတွေရဲ့ ပုံမှန်ပေါင်ချိန်ဟာ ၇ ပေါင် ၁၁ အောင်စ ဖြစ်ပါတယ်။

မွေးကင်းစကလေးငယ်ရဲ့ ပေါင်ချိန်ဟာ ၅ ပေါင် ၈ အောင်စအောက်နည်းနေတယ်ဆိုရင် ထိုကလေးငယ်ကို ပေါင်ချိန်မပြည့်တဲ့ကလေးငယ် (Low birth weight infant) လို့သတ်မှတ်ပါတယ်။

တကယ်လို့ မွေးကင်းစကလေးငယ်ရဲ့ ပေါင်ချိန်ဟာ ၈ ပေါင် ၁၃ အောင်စ ထက်များနေတယ်ဆိုရင်တော့ ထိုကလေးငယ်ကို ပေါင်ချိန်လွန်တဲ့ကလေး သို့မဟုတ် ပုံမှန်အရွယ်အစားထက် ကြီးတဲ့ကလေး (Big baby) လို့သတ်မှတ်ပါတယ်။

ပေါင်ချိန်လွန်တဲ့ ကလေး၊ အရွယ်အစားကြီးတဲ့ ကလေးမွေးလာရင် ကျန်းမာရေးဗဟုသုတနည်းတဲ့ မိခင်ဖခင် အများစုက ပျော်တတ်ကြပါတယ်။

ကိုယ့်ကလေးက သူများကလေးထက်ကြီးတယ်၊ ထွားတယ် ၀၀ကစ်ကစ်လေးနဲ့ ချစ်စရာကောင်းတယ်ဆိုပြီး ဂုဏ်ယူတတ်ကြပါတယ်။

တကယ်တော့ ပေါင်ချိန်လွန်၊ အရွယ်အစားကြီးတဲ့ ကလေး (Big baby) မွေးလာတာဟာ ပေါင်ချိန်မပြည့်တဲ့ ကလေးမွေးလာသလိုပဲ ဆိုးကျိုးတွေရှိပါတယ်။

ကလေးက ပုံမှန်ထက် အရွယ်အစားကြီးတာကြောင့် မွေးတဲ့အခါမှာ မွေးရခက်တာ၊ မွေးချိန်ကြာတာ၊ လေစုပ်၊ ညှပ်ဆွဲမွေးရတာ မျိုးတွေဖြစ်နိူင်ပါတယ်။

ဒီအခါ မိခင်ရဲ့မွေးလမ်းကြောင်းစုတ်ပြဲမှုများပြီး သွေးဆင်းများတာ၊ ကလေးခေါင်း ထိခိုက်ဒဏ်ရာရတာ၊ ကလေးပခုံးအဆစ်လွဲတာတွေ ဖြစ်နိုင်ပါတယ်။

အများအားဖြင့်တော့ ကလေးကြီး (Big baby) တွေဟာ ရိုးရိုးမွေးရလေ့မရှိတတ်ဘဲ ခွဲမွေးရလေ့ရှိတတ်ပါတယ်။

အောင်အောင်မြင်မြင်မွေးပြီးလို့ မိခင်ဝမ်းအပြင်ရောက်တဲ့အခါမှာ ကလေးကြီး အတော်များများဟာ သွေးတွင်းသကြားဓါတ် ကျတာမျိုး ဖြစ်လေ့ရှိပါတယ်။

သွေးတွင်းသကြားဓါတ် အလွန်အမင်းကျတာကို အချိန်မှီမသိ ကုသမှုမခံယူပါက အသက်ဆုံးရှုံးသည်အထိ အန္တရာယ် ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မွေးပြီးပြီးချင်းမှာ သွေးတွင်းသကြားဓါတ်ကို ဖောက်စစ်ဖို့လိုပြီး စောင့်ကြည့်မှုတွေလုပ်ကာ လိုအပ်သလို သွေးတွင်းသကြားဓါတ်ကို စစ်နေဖို့လိုပါတယ်။

မွေးပြီးနာရီဝက်အတွင်းမှာ မိခင်နို့တိုက်ဖို့ လိုပါတယ်။

ဒါ့အပြင် ကလေးကြီးတွေဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ပါလာနိုင်သလို၊ အသားဝါဝင်နိုင်ခြေလည်း များပါတယ်။

နောက်ပိုင်းမှာလည်း အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ပေါင်ချိန်လွန်၊ အရွယ်အစားကြီးတဲ့ ကလေးမွေးခြင်းကို ဖြစ်စေတဲ့အကြောင်းတွေကတော့

– ဆီးချိုရောဂါ အခံရှိတာ

– ကိုယ်ဝန်ဆောင်ချိန် ဆီးချိုတက်တာ

– ကိုယ်ဝန်ဆောင်ချိန် အဝလွန်တာ

– ခန့်မှန်းမီးဖွားရက်ထက် တပတ် သို့မဟုတ် နှစ်ပတ် ကျော်ပြီးမှမွေးတာ

– အသက် ၃၅ နှစ်ကျော်မှ ကိုယ်ဝန်ရတာ

– အရင်က အရွယ်အစားကြီးတဲ့ ကလေးမွေးဖူးတာ စသဖြင့် အကြောင်းတွေအများကြီးရှိပါတယ်။

အရွယ်အစားကြီးတဲ့ ကလေးမွေးနိုင်ခြေနဲအောင် အောက်ပါအချက်တွေကို ဂရုစိုက်လိုက်နာဖို့အကြံပေးချင်ပါတယ်။

– ကိုယ်ဝန်အပ်ပါ။

– အပ်တဲ့ဆီကချိန်းတိုင်း မှန်မှန်ပြပါ။

– ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုမတက်အောင် ဂရုစိုက်ပါ။

– အဝမလွန်ပါစေနဲ့။ ကိုယ်အလေးချိန်ကို ထိန်းပါ။

– ကိုယ်ဝန်ဆောင်ချိန်မှာ အသား ငါး ဟင်းရွက်မျှတအောင် စားပါ။

– ကလေးတအားထွားအောင်ဆိုပြီး အလွန်အကျွံ စားတာမျိုးမလုပ်ပါနဲ့။

– အချိုများတဲ့ အစားစားတွေ၊ ဆီေြက်ာတွေ၊ ရယ်ဒီမိတ် အသင့်စားအစားစာတွေ အချိုရည်တွေကိုရှောင်ပါ။

Dr 528

Previous Post

အနှိပ်ခံခြင်းဖြင့် ဖြစ်လာနိုင်သည့် ကောင်းကျိုး ဆိုးကျိုးများ

Next Post

ကိုယ်ဝန်ဆောင်စဉ် အရေပြားယားယံခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
312

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
818

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
989
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
666

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်စဉ် အရေပြားယားယံခြင်း

သိုင်းရွိုက်မုန်တိုင်း အကြောင်း

သုက်ရည်ထဲ သွေးပါနေပြီဆိုလျှင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.