fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေး တီဘီရောဂါ

29
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/04/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

(Zawgyi)

“ေမေမေရ သီဟ ဒီေန႔ေက်ာင္းျပန္တက္တယ္။ သူ မွာ တီဘီေရာဂါျဖစ္ေနလို႔ တီဘီေဆးေသာက္ရမယ္တဲ့။ ေဆးကိုလည္း အၾကာႀကီးေသာက္ရမယ္တဲ့ ”
ဒုတိယတန္း တက္ေနေသာ သားက ေက်ာင္းက ျပန္ျပန္လာခ်င္း သူ၏ သူငယ္ခ်င္းအေၾကာင္းကို ေဖာက္သည္ခ်လိုက္သည္။ သီဟေနမေကာင္းလို႔ေက်ာင္းမတက္တာ နည္းနည္းေတာ့ၾကာေနၿပီဆိုတာ သားေျပာျပထားလို႔ေတာ့သိေနသည္။

“ဗုေဒၶါ ” သီတာ သားေယာက္ သားအေျပာၿပီးမွာေတာ့ ဘုရားတမိသည္။ တီဘီေရာဂါလို႔ဆိုပါလား။ သားေလးကို ကူးသြားမွာစိုးရိမ္လိုက္ရတာ။ သားကို တီဘီေရာဂါ အကူးမခံႏိုင္ပါ။
နက္ျဖန္ေတာ့ ေက်ာင္းကို ေသခ်ာလိုက္သြားရမည္။ သား၏ အတန္းပိုင္ဆရာမ မွတစ္ဆင့္ ေက်ာင္းအုပ္ႀကီးအထိကိုပါ သီဟကို ေက်ာင္းမတက္ခိုင္းဖို႔ေျပာရမည္။ သီဟေက်ာင္းတက္ေနရင္းႏွင့္ တစ္ျခားေက်ာင္းသားမ်ား ( သားအပါအဝင္) ကို တီဘီပိုး ကူးစက္သြားမွာ စိုးရိမ္ရပါသည္။ သီဟ ကိစၥ စိတ္ထဲစြဲေနသျဖင့္ ညဖက္ေကာင္းေကာင္းေတာင္ အိပ္မေပ်ာ္။ သား ၏ အေဖကို တိုင္ပင္ေတာ့လည္း ဆရာမႀကီးကို ေသခ်ာနားလည္ေအာင္ရွင္းျပခဲ့ဖို႔မွာလိုက္ေသးသည္။

ေက်ာင္းေရာက္ေတာ့ အတန္းပိုင္ဆရာမ မွတစ္ဆင့္ ေက်ာင္းအုပ္ဆရာမႀကီး႐ုံးခန္းသို႔ ေရာက္ခဲ့သည္။ ဆရာမႀကီးအား သီဟလို တီဘီေရာဂါရွိေနေသာ ေက်ာင္းသားတစ္ေယာက္ ကို ေက်ာင္းေပးမတက္ပဲ ေက်ာင္းနားထားသင့္ေၾကာင္း ရွင္းျပရသည္။ ဆရာမႀကီးမွ သီတာေျပာေနသည္မ်ားကို ေသခ်ာနားေထာင္သည္။ ထို႔ေနာက္ သီတာ့ကို ရွင္းျပလိုက္သည္။

ကေလးေတြမွာ ျဖစ္တဲ့ အဆုတ္တီဘီေရာဂါ ဟာ ေနာက္လူတစ္ေယာက္ကို မကူးစက္ႏိုင္ပါဘူး မသီတာ။ ဆရာမႀကီးတို႔နားလည္ပါတယ္။ ေက်ာင္းမွာ ကေလးတစ္ေယာက္ေယာက္ အဆုတ္တီဘီေရာဂါျဖစ္ရင္ ေက်ာင္းမနားခိုင္းပါဘူး။ ကေလးတီဘီက တျခားလူကို မကူးစက္ပါဘူး။ ဒါေပမဲ့ လူႀကီးတစ္ေယာက္မွာအဆုတ္ တီဘီေရာဂါျဖစ္ေနရင္ေတာ့ တျခားသူကို ကူးစက္ႏိုင္ပါတယ္။ အခု သီဟေလးဟာလည္း လူႀကီးတစ္ေယာက္ေယာက္ဆီကေန ကူးစက္လာတာပါ။ ေက်ာင္းမွာ ဆရာ၊ ဆရာမ တစ္ေယာက္ေယာက္ တီဘီေရာဂါရွိတယ္ဆိုရင္ေတာ့ ေရာဂါရွိသူ ဆရာ၊ ဆရာမေတြကို ေက်ာင္းနားခိုင္းပါတယ္။

ေက်ာင္းျပန္တက္ဖို႔ကိုေတာ့ သက္ဆိုင္ရာဆရာဝန္က ေက်ာင္းျပန္တက္လို႔ရပါၿပီ။ တျခားလူေတြကို မကူးစက္ေတာ့ပါဘူးဆိုမွ ေက်ာင္းျပန္ေပးတက္တာပါ။ ကေလးေတြကိုေတာ့ ေက်ာင္းနားခိုင္းတာမ်ိဳးမရွိပါဘူး။”
“ေသခ်ာလို႔လား ဆရာမႀကီးရယ္။ ကြၽန္မ ေမာင္ဝမ္းကြဲ တီဘီေရာဂါျဖစ္တာ တျခားသူေတြကို ကူးမွာစိုးလို႔ အလုပ္နားရတယ္။ ဒါေၾကာင့္ပါ ”
” ကေလးမွာ တျခားလူေတြကို မကူးစက္ပါဘူး။ ေသခ်ာပါတယ္။”
“ဟုတ္ကဲ့ပါ ဆရာမႀကီး ”
သီတာ တစ္ေယာက္ သိပ္ဘဝင္မက်ပဲႏွင့္ ေက်ာင္းမွျပန္လာခဲ့သည္။ ရင္ထဲ မေက်နပ္တာႏွင့္ပဲ လမ္းထိပ္ ေဆးခန္းမွ ဆရာဝန္ေလးကို ဝင္ေမးဦးမည္ဟု ဆုံးျဖတ္လိုက္သည္။

“ဆရာရယ္ သားေက်ာင္းကေန အခုျပန္လာတာ။ သားရဲ႕သူငယ္ခ်င္းတစ္ေယာက္ အဆုတ္တီဘီျဖစ္ေနလို႔ပါ။ အဲဒါ တျခားကေလးေတြကို ကူးစက္မွာစိုးလို႔ ျဖစ္တဲ့ကေလးကို ေက်ာင္းနားခိုင္းေပးပါလို႔ ေက်ာင္းအုပ္ဆရာမႀကီးကို သြားေျပာတာ ကေလးေတြမွာ တီဘီေရာဂါျဖစ္ရင္ တျခားသူကို မကူးစက္ဘူးတဲ့။ ဒါေၾကာင့္ တီဘီျဖစ္ေနတဲ့ ကေလးကို ေက်ာင္းနားစရာမလိုဘူးလို႔ေျပာလိုက္တယ္။ ”
“ဟုတ္ပါတယ္။ ကေလးေတြမွာျဖစ္တဲ့ တီဘီေရာဂါက တျခားလူေတြကို မကူးစက္ပါဘူး။ ဒါေၾကာင့္ကေလးေတြကို ေက်ာင္းနားခိုင္းစရာမလိုပါဘူး။ လူႀကီးေတြမွာ ျဖစ္တဲ့ အဆုတ္တီဘီေရာဂါကသာ တျခားလူေတြကို ကူးစက္ေစတာပါ။ ”

“ေသခ်ာရဲ႕လား ဆရာရယ္။ ကြၽန္မသားက သူ႔သူငယ္ခ်င္းကို အရမ္းခင္တာ။ သူ႔သူငယ္ခ်င္းဆီကေန ေရာဂါကူးလာမွာစိုးလို႔ပါ ”
“ေသခ်ာပါတယ္။ မကူးပါဘူး ”
” ခုမွပဲ စိတ္ေအးရေတာ့တယ္ ဆရာရယ္။ ေက်းဇူးတင္ပါတယ္။”
သီတာတစ္ေယာက္ စိတ္လက္ေပါ့ပါးစြာႏွင့္ပဲ ေဆးခန္းထဲမွ ထြက္လာခဲ့သည္။ သားအတြက္ စိတ္ေအးရပါၿပီ။ ကေလးတီဘီသည္ တျခားသူမ်ားကို မကူးစက္တတ္ပါဟု ဆရာဝန္ကိုယ္တိုင္ေျပာခဲ့ၿပီးပါၿပီ။

Author: Dr.ေအးခ်မ္းမိုး

(Unicode)

“မေမေရေ သီဟ ဒီနေ့ကျောင်းပြန်တက်တယ်။ သူ မှာ တီဘီရောဂါဖြစ်နေလို့ တီဘီဆေးသောက်ရမယ်တဲ့။ ဆေးကိုလည်း အကြာကြီးသောက်ရမယ်တဲ့ ”
ဒုတိယတန်း တက်နေသော သားက ကျောင်းက ပြန်ပြန်လာချင်း သူ၏ သူငယ်ချင်းအကြောင်းကို ဖောက်သည်ချလိုက်သည်။ သီဟနေမကောင်းလို့ကျောင်းမတက်တာ နည်းနည်းတော့ကြာနေပြီဆိုတာ သားပြောပြထားလို့တော့သိနေသည်။

“ဗုဒ္ဓေါ ” သီတာ သားယောက် သားအပြောပြီးမှာတော့ ဘုရားတမိသည်။ တီဘီရောဂါလို့ဆိုပါလား။ သားလေးကို ကူးသွားမှာစိုးရိမ်လိုက်ရတာ။ သားကို တီဘီရောဂါ အကူးမခံနိုင်ပါ။
နက်ဖြန်တော့ ကျောင်းကို သေချာလိုက်သွားရမည်။ သား၏ အတန်းပိုင်ဆရာမ မှတစ်ဆင့် ကျောင်းအုပ်ကြီးအထိကိုပါ သီဟကို ကျောင်းမတက်ခိုင်းဖို့ပြောရမည်။ သီဟကျောင်းတက်နေရင်းနှင့် တစ်ခြားကျောင်းသားများ ( သားအပါအဝင်) ကို တီဘီပိုး ကူးစက်သွားမှာ စိုးရိမ်ရပါသည်။ သီဟ ကိစ္စ စိတ်ထဲစွဲနေသဖြင့် ညဖက်ကောင်းကောင်းတောင် အိပ်မပျော်။ သား ၏ အဖေကို တိုင်ပင်တော့လည်း ဆရာမကြီးကို သေချာနားလည်အောင်ရှင်းပြခဲ့ဖို့မှာလိုက်သေးသည်။

ကျောင်းရောက်တော့ အတန်းပိုင်ဆရာမ မှတစ်ဆင့် ကျောင်းအုပ်ဆရာမကြီးရုံးခန်းသို့ ရောက်ခဲ့သည်။ ဆရာမကြီးအား သီဟလို တီဘီရောဂါရှိနေသော ကျောင်းသားတစ်ယောက် ကို ကျောင်းပေးမတက်ပဲ ကျောင်းနားထားသင့်ကြောင်း ရှင်းပြရသည်။ ဆရာမကြီးမှ သီတာပြောနေသည်များကို သေချာနားထောင်သည်။ ထို့နောက် သီတာ့ကို ရှင်းပြလိုက်သည်။

ကလေးတွေမှာ ဖြစ်တဲ့ အဆုတ်တီဘီရောဂါ ဟာ နောက်လူတစ်ယောက်ကို မကူးစက်နိုင်ပါဘူး မသီတာ။ ဆရာမကြီးတို့နားလည်ပါတယ်။ ကျောင်းမှာ ကလေးတစ်ယောက်ယောက် အဆုတ်တီဘီရောဂါဖြစ်ရင် ကျောင်းမနားခိုင်းပါဘူး။ ကလေးတီဘီက တခြားလူကို မကူးစက်ပါဘူး။ ဒါပေမဲ့ လူကြီးတစ်ယောက်မှာအဆုတ် တီဘီရောဂါဖြစ်နေရင်တော့ တခြားသူကို ကူးစက်နိုင်ပါတယ်။ အခု သီဟလေးဟာလည်း လူကြီးတစ်ယောက်ယောက်ဆီကနေ ကူးစက်လာတာပါ။ ကျောင်းမှာ ဆရာ၊ ဆရာမ တစ်ယောက်ယောက် တီဘီရောဂါရှိတယ်ဆိုရင်တော့ ရောဂါရှိသူ ဆရာ၊ ဆရာမတွေကို ကျောင်းနားခိုင်းပါတယ်။

ကျောင်းပြန်တက်ဖို့ကိုတော့ သက်ဆိုင်ရာဆရာဝန်က ကျောင်းပြန်တက်လို့ရပါပြီ။ တခြားလူတွေကို မကူးစက်တော့ပါဘူးဆိုမှ ကျောင်းပြန်ပေးတက်တာပါ။ ကလေးတွေကိုတော့ ကျောင်းနားခိုင်းတာမျိုးမရှိပါဘူး။”
“သေချာလို့လား ဆရာမကြီးရယ်။ ကျွန်မ မောင်ဝမ်းကွဲ တီဘီရောဂါဖြစ်တာ တခြားသူတွေကို ကူးမှာစိုးလို့ အလုပ်နားရတယ်။ ဒါကြောင့်ပါ ”
” ကလေးမှာ တခြားလူတွေကို မကူးစက်ပါဘူး။ သေချာပါတယ်။”
“ဟုတ်ကဲ့ပါ ဆရာမကြီး ”
သီတာ တစ်ယောက် သိပ်ဘဝင်မကျပဲနှင့် ကျောင်းမှပြန်လာခဲ့သည်။ ရင်ထဲ မကျေနပ်တာနှင့်ပဲ လမ်းထိပ် ဆေးခန်းမှ ဆရာဝန်လေးကို ဝင်မေးဦးမည်ဟု ဆုံးဖြတ်လိုက်သည်။

“ဆရာရယ် သားကျောင်းကနေ အခုပြန်လာတာ။ သားရဲ့သူငယ်ချင်းတစ်ယောက် အဆုတ်တီဘီဖြစ်နေလို့ပါ။ အဲဒါ တခြားကလေးတွေကို ကူးစက်မှာစိုးလို့ ဖြစ်တဲ့ကလေးကို ကျောင်းနားခိုင်းပေးပါလို့ ကျောင်းအုပ်ဆရာမကြီးကို သွားပြောတာ ကလေးတွေမှာ တီဘီရောဂါဖြစ်ရင် တခြားသူကို မကူးစက်ဘူးတဲ့။ ဒါကြောင့် တီဘီဖြစ်နေတဲ့ ကလေးကို ကျောင်းနားစရာမလိုဘူးလို့ပြောလိုက်တယ်။ ”
“ဟုတ်ပါတယ်။ ကလေးတွေမှာဖြစ်တဲ့ တီဘီရောဂါက တခြားလူတွေကို မကူးစက်ပါဘူး။ ဒါကြောင့်ကလေးတွေကို ကျောင်းနားခိုင်းစရာမလိုပါဘူး။ လူကြီးတွေမှာ ဖြစ်တဲ့ အဆုတ်တီဘီရောဂါကသာ တခြားလူတွေကို ကူးစက်စေတာပါ။ ”

“သေချာရဲ့လား ဆရာရယ်။ ကျွန်မသားက သူ့သူငယ်ချင်းကို အရမ်းခင်တာ။ သူ့သူငယ်ချင်းဆီကနေ ရောဂါကူးလာမှာစိုးလို့ပါ ”
“သေချာပါတယ်။ မကူးပါဘူး ”
” ခုမှပဲ စိတ်အေးရတော့တယ် ဆရာရယ်။ ကျေးဇူးတင်ပါတယ်။”
သီတာတစ်ယောက် စိတ်လက်ပေါ့ပါးစွာနှင့်ပဲ ဆေးခန်းထဲမှ ထွက်လာခဲ့သည်။ သားအတွက် စိတ်အေးရပါပြီ။ ကလေးတီဘီသည် တခြားသူများကို မကူးစက်တတ်ပါဟု ဆရာဝန်ကိုယ်တိုင်ပြောခဲ့ပြီးပါပြီ။

Author: Dr.အေးချမ်းမိုး

Previous Post

အသားအရေကျန်းမာလှပစေရန် သစ်သီးများဖြင့်ပေါင်းတင်ခြင်း

Next Post

အုန်းလွဲခြင်း ၊ဇက်ခိုင်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
263

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
319

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
837

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
1k
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
675

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အုန်းလွဲခြင်း ၊ဇက်ခိုင်ခြင်း

သွေးဆုံးခြင်းလက္ခဏာများကို သက်သာစေနိုင်မည့်အစားအစာနှင့် ဖြည့်စွက်ဆေးများ

ကွမ်းသီးနှင့်ကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.