(Zawgyi)
“ေမေမေရ ေမေမေရ သားကို ကယ္ပါဦး ေမေမေရ ေမေမေရ ”
သား၏ အဆက္မျပတ္ေအာ္ဟစ္သံေၾကာင့္ နီလာတစ္ေယာက္ လန႔့္ႏိုးလာသည္။ သားအား လွမ္းေပြ႕ခ်ီလိုက္သည္။ သားကား ေခြၽးသီးေခြၽးေပါက္မ်ား တစ္ကိုယ္လုံးခြၽဲ ေန၍ ေၾကာက္႐ြံ႕တုန္လႈပ္ေနသည္။ သားကိုရင္ခြင္ထဲ ပိုက္၍ ဖက္ထားလိုက္သည္။
“ေမေမရွိတယ္။ဘာမွ မေၾကာက္နဲ႔ ေနာ္ ” လို႔ တဖြဖြ ေျပာေနရသည္။
နီလာတစ္ေယာက္ နာရီလွမ္းၾကည့္လိုက္ေတာ့ သန္းေခါင္ေက်ာ္ေက်ာ္ေလးပဲရွိေသးသည္။ သားကို ေရတိုက္လိုက္သည္။ သားကား အေမ့ရင္ခြင္ထဲတြင္ လုံၿခဳံေနသလိုမ်ိဳးခံစားေနရသည္။
” ဘာအိမ္မက္ေတြမ်ားမက္ေနလို႔လဲ သားရဲ႕” သားကို ေခ်ာ့ေမာ့ကာေမးလိုက္သည္။
“အိမ္မက္ထဲမွာ လူဆိုးေတြနဲ႔သားနဲ႔ခ်တာ။ သားရႈံးသြားတယ္။ သားေနာက္ကို လူဆိုးေတြ လိုက္လာလို႔ေမေမ ” သားကား အေမ့မ်က္ႏွာကို ၾကည့္၍ ေျပာေနသည္။
” ဒါက အိမ္မက္ပါသားရယ္။ ဘာမွ မေၾကာက္နဲ႔ေနာ္ သား။ ေမေမလည္းရွိတယ္။ ေဖေဖလည္းရွိတယ္။ အိမ္မက္ဆိုတာ စိတ္စြဲလန္းလို႔ျဖစ္တာ။ သားမေၾကာက္နဲ႔ေနာ္” သားကို ရင္ခြင္ထဲထည့္ၿပီး ျပန္သိပ္လိုက္သည္။ ေယာက္်ားကေတာ့ သားေအာ္တုန္းခဏထထိုင္ၿပီးျပန္အိပ္ေပ်ာ္သြားပုံရသည္။ သားအိပ္ေပ်ာ္မွပဲ နီလာတစ္ေယာက္ ျပန္အိပ္ရသည္။ မနက္ေရာက္ေတာ့ သားက အိမ္မက္အေၾကာင္းျပန္ေျပာေနေသးသည္။ အိမ္မက္ထဲမွာ လူဆိုးေတြႏွင့္ ခ်ရင္းေျပးရသည့္အေၾကာင္းေတြ ေျပာေနသည္။ အလုပ္ထဲေရာက္ေတာ့ သားအေၾကာင္းေမ့သြားသည္။ သား၏ အိမ္မက္သည္ ဒီေလာက္ အေရးမႀကီးေတာ့။
ေနာက္တစ္ပတ္ေလာက္အၾကာမွာေတာ့ ညသန္းေခါင္ယံေလာက္ႀကီးသားထေအာ္ျပန္သည္။
“ေမေမေရ။ ေမေမေရ ” လို႔ ၿငီးေနသည္။ နီလာတစ္ေယာက္ သားအသံကို အိမ္မက္လိုလို ဘာလိုလိုထင္ေနသည္။ ေနာက္မွ သားၿငီးေနတာကို သိၿပီး လန႔္ႏိုးလာသည္။ သားကို ႏိုးၿပီးရင္ခြင္ထဲ ထည့္ထားလိုက္သည္။ သားကားေခြၽးေတြ တခြၽဲခြၽဲ ျဖစ္ေနျပန္သည္။သားကို မေၾကာက္ေအာင္ ေသေသခ်ာခ်ာ ေခ်ာ့ၿပီးျပန္သိပ္ထားလိုက္သည္။ ဒီတစ္ခါက သားေနာက္ကို သရဲေတြ လိုက္လာလို႔ သားက အိမ္မက္ထဲတြင္ ေျပးေနရသည္ဟု ေျပာသည္။ သားေနာက္ကို သရဲေတြ လိုက္လာသည္ဟု အိမ္မက္ မက္ေနျခင္းသည္ သားဘာေတြကိုမ်ားစိတ္စြဲလန္းေနသလဲဟု နီလာတစ္ေယာက္ စိုးရိမ္သြားသည္။
ဒီလိုအိမ္မက္မ်ိဳးကို သားလို သူငယ္တန္းကေလးတစ္ေယာက္ မက္ေနသည္ဆိုသည္မွာ သားေန႔ခင္းေန႔လည္ တစ္ခုခုကို ျမင္ဖူးလို႔ျဖစ္ရမည္။ မနက္မိုးလင္းေတာ့ သားက အိမ္မက္အေၾကာင္းျပန္ေျပာေနသည္။ သားယခုလို ခဏခဏ ေရာင္ေနသည္ကို နီလာတစ္ေယာက္ သိပ္ၿပီးသေဘာမက်ပါ။ ငယ္ငယ္႐ြယ္႐ြယ္ ကေလးတစ္ေယာက္ ဘာလို႔မ်ား အခုလို အတိတ္တလန႔္ျဖစ္ေနရသလဲဟု စဥ္းစားမိသည္။ ေက်ာင္းတြင္မ်ား တစ္ခုခု ေၾကာက္စရာမ်ားရွိလို႔လားဟု နီလာတစ္ေယာက္ ေက်ာင္းတြင္ စုံစမ္းၾကည့္သည္။ ေက်ာင္းတြင္လည္း ပုံမွန္ပဲျဖစ္သည္။ ေနာက္တစ္ပတ္ေလာက္ အၾကာတြင္ ေနာက္တစ္ႀကိမ္ သားတစ္ေယာက္ သားထေရာင္သည္။ ဒီတစ္ႀကိမ္လည္း သားသည္ေၾကာက္လန႔္ေနသည္။ နီလာတစ္ေယာက္ သားအား စိုးရိမ္မိသည္။ သားကို ဆရာဝန္သြားျပရမလား။ သား ဒီလိုမ်ိဳးျဖစ္ေနသည္မွာ သာမန္မွ ဟုတ္ရဲ႕လားဟု စိတ္ထဲ သံသယမ်ားေနမိသည္။ ႐ုံးတြင္ ျပန္ေျပာၾကည့္ေတာ့ သူငယ္ခ်င္းတစ္ေယာက္မွ အႀကံဉာဏ္ေပးသည္။
” မင္းကေလးက TV အရမ္းၾကည့္တယ္လို႔ေျပာတယ္ေနာ္”
” ဟုတ္တယ္ သားက TV ႀကိဳက္တယ္။ ေက်ာင္းကျပန္လာကတည္းက TV ၾကည့္ေနတတ္တယ္။ သူႀကိဳက္တဲ့ ကာတြန္းကားေတြ ဖြင့္ျပထားရတယ္” နီလာတစ္ေယာက္ ျပန္ရွင္းျပလိုက္သည္။
“ကေလး ကာတြန္းကားေတြကေတာ့ ကေလးေတြအတြက္ ဘာျပႆနာမွ မရွိဘူး။ ကေလးက ကာတြန္းကားေတြ အျပင္ တျခားဇာတ္လမ္းတြဲေတြေရာၾကည့္တတ္လား။ ဥပမာ မင္းတို႔ၾကည့္တဲ့ ကိုရီးယားကားေတြ ဘာေတြေရာလိုက္ၾကည့္တတ္လား ” သူငယ္ခ်င္းကား နီလာ စားပြဲေရွ႕မွ ထိုင္ခုန္ကို ဆြဲယူၿပီးထိုင္လိုက္သည္။
” ပုံမွန္ေတာ့ သူမၾကည့္တတ္ဘူး။ ကာတြန္းကားေတြပဲ အၾကည့္မ်ားတာ။ ဒါေပမဲ့ တစ္ခါတစ္ေလ သူ႔အေဖ ၾကည့္တဲ့ ဇာတ္လမ္းေတြကိုေတာ့ အေဖနဲ႔အတူတူ ၾကည့္တတ္တယ္။ ရွားေတာ့ရွားပါတယ္။ ၾကည့္ေတာ့ ၾကည့္တတ္တယ္” နီလာတစ္ေယာက္ ေတြးေတြးစစႏွင့္ျပန္ေျဖမိသည္။
“သူ႔အေဖက ဘယ္လိုကားမ်ိဳးေတြ ၾကည့္တတ္လဲ ” စပ္စုလိုက္သည့္ သူငယ္ခ်င္းလို႔ စိတ္ထဲေတြးေနမိသည္။
” English ဇာတ္လမ္း action ကားေတြ ႀကိဳက္တာေပါ့။ အၿမဲၾကည့္တာမဟုတ္ေပမဲ့ ၾကည့္ရင္ေတာ့ action ကားေတြ ၾကည့္တာမ်ားတယ္။ ကေလးလည္း သူ႔အေဖနဲ႔ တစ္ခါတစ္ေလ လိုက္ၾကည့္တတ္တယ္။”
“ဒါပဲေလ နီလာေရ မင္းကေလး ညဖက္ ခဏခဏ ထထေရာင္တာဟာ ဘာ ပေယာဂလို႔ မွ မင္းထင္မေနနဲ႔။ မင္းအမ်ိဳးသားကိုသာ ကေလးနဲ႔အတူ ရက္စက္တဲ့ action ႐ုပ္ရွင္ကားမ်ိဳးေတြ မၾကည့္ပါနဲ႔လို႔။ ၾကည့္ခ်င္ရင္လည္း ကေလးကို မျပပါနဲ႔လို႔။ ကေလးက ဒီလိုမ်ိဳး ေၾကာက္လန႔္ထိတ္လန႔္တဲ့ ဇာတ္လမ္းတြဲေတြ ၾကည့္ၾကည့္ၿပီး ညဖက္က်ရင္ ခဏခဏ အလန႔္တၾကားထေရာင္ေနတာေပါ့။ မင္းသတိထားမၾကည့္မိဖူးလား။ ” နီလာကို စုံေထာက္ႀကီး ဦးစံရွားပုံစံမ်ိဳးႏွင့္ ေျပာေနသည္။
“အင္း။ မင္းေျပာမွ သတိထားမိတယ္။ျဖစ္ႏိုင္တယ္။သားက ဇာတ္လမ္းေတြ ၾကည့္ၿပီးရင္ ဒီလိုမ်ိဳးေရာင္တတ္တယ္။ ငါကလည္း ညဖက္ဆိုရင္ အိမ္အလုပ္ေတြလုပ္ေနရတာနဲ႔သားကို အခ်ိန္မေပးႏိုင္ဘူး။ သားကို ပုံမွန္ေတာ့ ကေလး ကာတြန္းကားေတြပဲ ေပးၾကည့္တာပါ။ အခုတေလာမွ သူ႔အေဖၾကည့္တဲ့ဇာတ္ကားေတြ လိုက္ၾကည့္ေနတာ။ သူ႔အေဖကိုေတာ့ ေျပာရမွာပဲ” နီလာတစ္ေယာက္ သူငယ္ခ်င္းေျပာမွပဲ သတိထားမိေတာ့သည္။ သားကား တစ္ခါတစ္ေလ အေဖႏွင့္ အတူ ဇာတ္လမ္းေတြ ၾကည့္ေနမိသည္ကို ျပန္သတိရလာသည္။
“ေအး ဘာပေယာဂ မွ မဟုတ္ဘူး။ ကေလးကို မိဘ၂ ပါး အခ်ိန္မ်ားမ်ားသာေပးၿပီးေဆာ့ကစားေပး။ ကေလးေတြကို ကေလး ကာတြန္းေတြပဲ ေပးၾကည့္။ မင္းကေလး ေနာက္တစ္ခါ ထထၿပီး မေရာင္ေစရဘူး။စိတ္ခ်။ ” သူငယ္ခ်င္းကာ း နီလာအား အႀကံဉာဏ္ေတြ ေပးေနသည္။
” ေက်းဇူးပါသူငယ္ခ်င္းရယ္ မင္းေျပာမွပဲ င့ါမွာ သားအတြက္ စိုးရိမ္စိတ္ေတြ နည္းသြားေတာ့တယ္”
နီလာတစ္ေယာက္ သူငယ္ခ်င္းကို ေက်းဇူးတင္စကားေျပာၿပီး သားအေၾကာင္းေတြးေနမိသည္။ သားကို လူႀကီးေတြၾကည့္ေသာ ေၾကာက္လန႔္ထိတ္လန႔္ဖြယ္ေကာင္းေသာ ဇာတ္လမ္းမ်ားေပးမၾကည့္ဖို႔ သတိထားရမည္။ သားအတြက္ ကာတြန္းကား အသစ္ေလးေတြ ဝယ္သြားရဦးမည္ဟု ေတြးရင္း ႐ုံးဆင္းခ်ိန္ကို ေမွ်ာ္ေနမိေတာ့သည္။
Author : Dr.ေအးခ်မ္းမိုး
(Unicode)
“မေမေရေ မေမေရေ သားကို ကယ်ပါဦး မေမေရေ မေမေရေ ”
သား၏ အဆက်မပြတ်အော်ဟစ်သံကြောင့် နီလာတစ်ယောက် လန့့်နိုးလာသည်။ သားအား လှမ်းပွေ့ချီလိုက်သည်။ သားကား ချွေးသီးချွေးပေါက်များ တစ်ကိုယ်လုံးချွဲ နေ၍ ကြောက်ရွံ့တုန်လှုပ်နေသည်။ သားကိုရင်ခွင်ထဲ ပိုက်၍ ဖက်ထားလိုက်သည်။
“မေမေရှိတယ်။ဘာမှ မကြောက်နဲ့ နော် ” လို့ တဖွဖွ ပြောနေရသည်။
နီလာတစ်ယောက် နာရီလှမ်းကြည့်လိုက်တော့ သန်းခေါင်ကျော်ကျော်လေးပဲရှိသေးသည်။ သားကို ရေတိုက်လိုက်သည်။ သားကား အမေ့ရင်ခွင်ထဲတွင် လုံခြုံနေသလိုမျိုးခံစားနေရသည်။
” ဘာအိမ်မက်တွေများမက်နေလို့လဲ သားရဲ့” သားကို ချော့မော့ကာမေးလိုက်သည်။
“အိမ်မက်ထဲမှာ လူဆိုးတွေနဲ့သားနဲ့ချတာ။ သားရှုံးသွားတယ်။ သားနောက်ကို လူဆိုးတွေ လိုက်လာလို့မေမေ ” သားကား အမေ့မျက်နှာကို ကြည့်၍ ပြောနေသည်။
” ဒါက အိမ်မက်ပါသားရယ်။ ဘာမှ မကြောက်နဲ့နော် သား။ မေမေလည်းရှိတယ်။ ဖေဖေလည်းရှိတယ်။ အိမ်မက်ဆိုတာ စိတ်စွဲလန်းလို့ဖြစ်တာ။ သားမကြောက်နဲ့နော်” သားကို ရင်ခွင်ထဲထည့်ပြီး ပြန်သိပ်လိုက်သည်။ ယောက်ျားကတော့ သားအော်တုန်းခဏထထိုင်ပြီးပြန်အိပ်ပျော်သွားပုံရသည်။ သားအိပ်ပျော်မှပဲ နီလာတစ်ယောက် ပြန်အိပ်ရသည်။ မနက်ရောက်တော့ သားက အိမ်မက်အကြောင်းပြန်ပြောနေသေးသည်။ အိမ်မက်ထဲမှာ လူဆိုးတွေနှင့် ချရင်းပြေးရသည့်အကြောင်းတွေ ပြောနေသည်။ အလုပ်ထဲရောက်တော့ သားအကြောင်းမေ့သွားသည်။ သား၏ အိမ်မက်သည် ဒီလောက် အရေးမကြီးတော့။
နောက်တစ်ပတ်လောက်အကြာမှာတော့ ညသန်းခေါင်ယံလောက်ကြီးသားထအော်ပြန်သည်။
“မေမေရေ။ မေမေရေ ” လို့ ငြီးနေသည်။ နီလာတစ်ယောက် သားအသံကို အိမ်မက်လိုလို ဘာလိုလိုထင်နေသည်။ နောက်မှ သားငြီးနေတာကို သိပြီး လန့်နိုးလာသည်။ သားကို နိုးပြီးရင်ခွင်ထဲ ထည့်ထားလိုက်သည်။ သားကားချွေးတွေ တချွဲချွဲ ဖြစ်နေပြန်သည်။သားကို မကြောက်အောင် သေသေချာချာ ချော့ပြီးပြန်သိပ်ထားလိုက်သည်။ ဒီတစ်ခါက သားနောက်ကို သရဲတွေ လိုက်လာလို့ သားက အိမ်မက်ထဲတွင် ပြေးနေရသည်ဟု ပြောသည်။ သားနောက်ကို သရဲတွေ လိုက်လာသည်ဟု အိမ်မက် မက်နေခြင်းသည် သားဘာတွေကိုများစိတ်စွဲလန်းနေသလဲဟု နီလာတစ်ယောက် စိုးရိမ်သွားသည်။
ဒီလိုအိမ်မက်မျိုးကို သားလို သူငယ်တန်းကလေးတစ်ယောက် မက်နေသည်ဆိုသည်မှာ သားနေ့ခင်းနေ့လည် တစ်ခုခုကို မြင်ဖူးလို့ဖြစ်ရမည်။ မနက်မိုးလင်းတော့ သားက အိမ်မက်အကြောင်းပြန်ပြောနေသည်။ သားယခုလို ခဏခဏ ရောင်နေသည်ကို နီလာတစ်ယောက် သိပ်ပြီးသဘောမကျပါ။ ငယ်ငယ်ရွယ်ရွယ် ကလေးတစ်ယောက် ဘာလို့များ အခုလို အတိတ်တလန့်ဖြစ်နေရသလဲဟု စဉ်းစားမိသည်။ ကျောင်းတွင်များ တစ်ခုခု ကြောက်စရာများရှိလို့လားဟု နီလာတစ်ယောက် ကျောင်းတွင် စုံစမ်းကြည့်သည်။ ကျောင်းတွင်လည်း ပုံမှန်ပဲဖြစ်သည်။ နောက်တစ်ပတ်လောက် အကြာတွင် နောက်တစ်ကြိမ် သားတစ်ယောက် သားထရောင်သည်။ ဒီတစ်ကြိမ်လည်း သားသည်ကြောက်လန့်နေသည်။ နီလာတစ်ယောက် သားအား စိုးရိမ်မိသည်။ သားကို ဆရာဝန်သွားပြရမလား။ သား ဒီလိုမျိုးဖြစ်နေသည်မှာ သာမန်မှ ဟုတ်ရဲ့လားဟု စိတ်ထဲ သံသယများနေမိသည်။ ရုံးတွင် ပြန်ပြောကြည့်တော့ သူငယ်ချင်းတစ်ယောက်မှ အကြံဉာဏ်ပေးသည်။
” မင်းကလေးက TV အရမ်းကြည့်တယ်လို့ပြောတယ်နော်”
” ဟုတ်တယ် သားက TV ကြိုက်တယ်။ ကျောင်းကပြန်လာကတည်းက TV ကြည့်နေတတ်တယ်။ သူကြိုက်တဲ့ ကာတွန်းကားတွေ ဖွင့်ပြထားရတယ်” နီလာတစ်ယောက် ပြန်ရှင်းပြလိုက်သည်။
“ကလေး ကာတွန်းကားတွေကတော့ ကလေးတွေအတွက် ဘာပြဿနာမှ မရှိဘူး။ ကလေးက ကာတွန်းကားတွေ အပြင် တခြားဇာတ်လမ်းတွဲတွေရောကြည့်တတ်လား။ ဥပမာ မင်းတို့ကြည့်တဲ့ ကိုရီးယားကားတွေ ဘာတွေရောလိုက်ကြည့်တတ်လား ” သူငယ်ချင်းကား နီလာ စားပွဲရှေ့မှ ထိုင်ခုန်ကို ဆွဲယူပြီးထိုင်လိုက်သည်။
” ပုံမှန်တော့ သူမကြည့်တတ်ဘူး။ ကာတွန်းကားတွေပဲ အကြည့်များတာ။ ဒါပေမဲ့ တစ်ခါတစ်လေ သူ့အဖေ ကြည့်တဲ့ ဇာတ်လမ်းတွေကိုတော့ အဖေနဲ့အတူတူ ကြည့်တတ်တယ်။ ရှားတော့ရှားပါတယ်။ ကြည့်တော့ ကြည့်တတ်တယ်” နီလာတစ်ယောက် တွေးတွေးစစနှင့်ပြန်ဖြေမိသည်။
“သူ့အဖေက ဘယ်လိုကားမျိုးတွေ ကြည့်တတ်လဲ ” စပ်စုလိုက်သည့် သူငယ်ချင်းလို့ စိတ်ထဲတွေးနေမိသည်။
” English ဇာတ်လမ်း action ကားတွေ ကြိုက်တာပေါ့။ အမြဲကြည့်တာမဟုတ်ပေမဲ့ ကြည့်ရင်တော့ action ကားတွေ ကြည့်တာများတယ်။ ကလေးလည်း သူ့အဖေနဲ့ တစ်ခါတစ်လေ လိုက်ကြည့်တတ်တယ်။”
“ဒါပဲလေ နီလာရေ မင်းကလေး ညဖက် ခဏခဏ ထထရောင်တာဟာ ဘာ ပယောဂလို့ မှ မင်းထင်မနေနဲ့။ မင်းအမျိုးသားကိုသာ ကလေးနဲ့အတူ ရက်စက်တဲ့ action ရုပ်ရှင်ကားမျိုးတွေ မကြည့်ပါနဲ့လို့။ ကြည့်ချင်ရင်လည်း ကလေးကို မပြပါနဲ့လို့။ ကလေးက ဒီလိုမျိုး ကြောက်လန့်ထိတ်လန့်တဲ့ ဇာတ်လမ်းတွဲတွေ ကြည့်ကြည့်ပြီး ညဖက်ကျရင် ခဏခဏ အလန့်တကြားထရောင်နေတာပေါ့။ မင်းသတိထားမကြည့်မိဖူးလား။ ” နီလာကို စုံထောက်ကြီး ဦးစံရှားပုံစံမျိုးနှင့် ပြောနေသည်။
“အင်း။ မင်းပြောမှ သတိထားမိတယ်။ဖြစ်နိုင်တယ်။သားက ဇာတ်လမ်းတွေ ကြည့်ပြီးရင် ဒီလိုမျိုးရောင်တတ်တယ်။ ငါကလည်း ညဖက်ဆိုရင် အိမ်အလုပ်တွေလုပ်နေရတာနဲ့သားကို အချိန်မပေးနိုင်ဘူး။ သားကို ပုံမှန်တော့ ကလေး ကာတွန်းကားတွေပဲ ပေးကြည့်တာပါ။ အခုတလောမှ သူ့အဖေကြည့်တဲ့ဇာတ်ကားတွေ လိုက်ကြည့်နေတာ။ သူ့အဖေကိုတော့ ပြောရမှာပဲ” နီလာတစ်ယောက် သူငယ်ချင်းပြောမှပဲ သတိထားမိတော့သည်။ သားကား တစ်ခါတစ်လေ အဖေနှင့် အတူ ဇာတ်လမ်းတွေ ကြည့်နေမိသည်ကို ပြန်သတိရလာသည်။
“အေး ဘာပယောဂ မှ မဟုတ်ဘူး။ ကလေးကို မိဘ၂ ပါး အချိန်များများသာပေးပြီးဆော့ကစားပေး။ ကလေးတွေကို ကလေး ကာတွန်းတွေပဲ ပေးကြည့်။ မင်းကလေး နောက်တစ်ခါ ထထပြီး မရောင်စေရဘူး။စိတ်ချ။ ” သူငယ်ချင်းကာ း နီလာအား အကြံဉာဏ်တွေ ပေးနေသည်။
” ကျေးဇူးပါသူငယ်ချင်းရယ် မင်းပြောမှပဲ င့ါမှာ သားအတွက် စိုးရိမ်စိတ်တွေ နည်းသွားတော့တယ်”
နီလာတစ်ယောက် သူငယ်ချင်းကို ကျေးဇူးတင်စကားပြောပြီး သားအကြောင်းတွေးနေမိသည်။ သားကို လူကြီးတွေကြည့်သော ကြောက်လန့်ထိတ်လန့်ဖွယ်ကောင်းသော ဇာတ်လမ်းများပေးမကြည့်ဖို့ သတိထားရမည်။ သားအတွက် ကာတွန်းကား အသစ်လေးတွေ ဝယ်သွားရဦးမည်ဟု တွေးရင်း ရုံးဆင်းချိန်ကို မျှော်နေမိတော့သည်။
Author : Dr.အေးချမ်းမိုး