fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

Game ကစားသော ကလေးငယ်

66
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/04/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

Game ကစားသော ကလေးငယ်

ကြည်ပြာတစ်ယောက် သားကို မူကြိုပို့ပြီး အလုပ်သို့ သွားရသည်။ လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်ကြသည်မို့ သားကို ပို့ပြီးသည်နှင့် အလုပ်ကို အမြန်ပြေးရသည်။ မူကြို ပို့စက ငိုတတ်သော သားက ကျောင်းတွင်ပျော်နေပြီ။ သူငယ်ချင်းများစွ ာရနေပြီးဖြစ်၍ တစ်နေ့တစ်နေ့ သူ့သူငယ်ချင်းတွေ အကြောင်းပြောရသည်မှာလည်း သူ့အတွက် အမော။

သား ကျောင်းတွင်ပျော်သည်ဆို၍ ကြည်ပြာတစ်ယောက် စိတ်အေးရသည်။ ညနေကျောင်းက အပြန်ဆိုလျှင်တော့ သားတစ်ယောက် အိမ်တွင် ပြင်းနေတတ်သည်။ ထို့ကြောင့် ကြည်ပြာတစ်ယောက် ဖုန်း တစ်လုံး သားကို ပေးထားလိုက်သည်။ ဖုန်း ထဲက game လေးတွေကို သားက ဆော့နေတတ်သည်။

သားက ဉာဏ်ကောင်းသည်ဟုဆိုရမည်။ Game တော်တော်များများကို ကစားနေတတ်သည်။ ဘေးအိမ်က ကျောင်းသားတစ်ယောက်က သားကို Game ဆော့နည်းများ သင်ပေးသည်။ သားကလည်း ညဖက်ဆိုလျှင် Game ဆော့နေတတ်သည်။ တစ်ခါတစ်လေ သူကြည့်ချင်သော ကာတွန်းကားများ ကို ကြည့်သည်။ တစ်ခါတစ်လေ သီချင်းတွေ ကြည့်နေတတ်သည်။ ကြည်ပြာတို့လင်မယာကတော့ ကလေး ငြိမ်လျှင် ပြီးရောသဘောမျိုးနှင့် ကလေးကို game တွေ ပေးဆော့ထားလိုက်သည်။

ဒီနှစ် တော့ သားကို မူလတန်းကျောင်းသို့ ပို့ရတော့မည်။ ကျောင်းဖွင့်လျှင် ကျောင်းသွားအပ်ရမည်။ ကြည်ပြာတစ်ယောက် သားအတွက် ကြိုတင် မှန်းဆနေလိုက်သည်။ လိုအပ်သော ကျောင်းဝတ်စုံများကိုလည်း ဝယ်ရမည်။ အတွေးတွေနှင့် ကြည်ပြာတစ်ယောက် အလုပ်များနေတော့သည်။

အခုတစ်လော သားက အိပ်ချင်သည်ဟု ခဏခဏပြောနေသည်။ သားကို ကြည့်ရသည်မှာလည်း မလန်း။ ဘာဖြစ်တာလဲဟု မေးလျှင် သားအိပ်ချင်သည်ဟုပဲ ခဏခဏပြောနေသည်။ ကျောင်းတွင် ပင်ပန်းလို့ အိပ်ချင်တာဟု ကြည်ပြာတစ်ယောက် ပေါ့ပေါ့ပဲ ယူဆလိုက်သည်။

တစ်နေ့ရုံးတွင် အလုပ်လုပ်နေရင်း သား၏ အတန်းပိုင်ဆရာမ ကြည်ပြာဆီဖုန်းဆက်သည်။
“ကလေး နေမကောင်းလို့ ပြန်လာခေါ်ပါ”  ဟု လှမ်းပြောသည်။ ကြည်ပြာတစ်ယောက် ဖုန်းချချခြင်းပင် လူကြီးဆီ ခွင့် တောင်း၍ သား၏ကျောင်းသို့ အပြေးသွားသည်။

သားကားဆရာမ အပေါ်တွင် မိန်းနေပေသည်။ အမေ့အသံကြားတော့ မျက်လုံလည်း ဖွင့်ကြည့်သည်။ တခြားကလေးများအားလုံးက အိပ်နေ ကြပြီ။ သားကို ကြည်ပြာလှမ်းခေါ်လိုက်သည်။ ဆရာမ မှ ကြည်ပြာအား

“ကလေးက အိပ်ချင်တယ်လို့ ခဏခဏပြောတတ်တယ်။ အရင်ကတော့ ရိုးရိုးအိပ်ချင်တယ်ထင်တာ။ အခု ပိုပိုဆိုးလာတယ်။ ကလေးက အိပ်ချင်တာမဟုတ်ဘူး ခေါင်းမူးနေတာပါ။ သူအိပ်ချင်တယ်လို့ပြောတဲ့ အချိန်ဆိုရင် စာလည်း သင်လို့မရတော့ဘူး။ မှိုင်နေတတ်တယ်။ တစ်ခါတစ်လေ အိပ်ပျော်သွားတတ်တယ် ” ဆရာမက သားအကြောင်းပြောပြသည်။

“အိမ်မှာလည်း ဒီအတိုင်းပဲ။ အိပ်ချင်တယ်လို့ပြောတတ်တယ်။ အဲဒါဆိုရင် သူ့ကို သိပ်လိုက်တယ် ”     ကြည်ပြာတစ်ယောက် ဆရာမအား ပြန်ရှင်းပြလိုက်သည်။

” ကျွန်မစိတ်ထင် ကလေး မျက်စိအားနည်းလို့ အိပ်ချင်တယ်လို့ထင်တယ်။ သူအိမ်မှာ game တွေ ကစားတယ်လို့လဲပြောတယ်။” ဆရာမက လှမ်းမေး လိုက်သည်။

“ဟုတ်ပါတယ်။ သားက ငယ်ငယ်ကတည်းက game ကစားပါတယ်။ အခုလည်း အိမ်မှာဆိုရင် game ကစားပါတယ်။ တစ်ဦးတည်းသော သားဆိုတော့ သူ့မှာ ကစားစရာ အဖော်လည်းမရှိတော့ အိမ်မှာဆိုရင် သားက game ဆော့နေတတ်တယ်။ ဉာဏ်လည်းတော်တော်ကောင်းပါတယ်။ game တော်တော်များများကို ကစားတတ်တယ်” ကြည်ပြာတစ်ယောက် သားနှင့်ပတ်သတ်ပြီး ဆရာမတွေကို ပြန်ပြောပြလိုက်သည်။

ဘေးတွင်ရပ်နေသော ဆရာမမှ ကြည်ပြာအား စိတ်မရှည်သလိုနှင့် ပြောလိုက်သည်။

” အမယ်လေး အမေရယ် ဒီအချိန်မှာ ကလေး game တွေ ဆော့တတ်တယ်ဆိုတာ ပြောရမဲ့ အချိန်မဟုတ်တော့ဘူး။ သူဒီလို Game တွေ ကစားလို့ မျက်လုံးအားနည်းနေတာလဲ ဖြစ်တတ်တယ်။ အခုလည်း တော်တော်ဆိုးလို့ အမေကို လှမ်းခေါ်လိုက်ရတာ။ ကလေးက မှိုင်မှိုင်နေတတ်တယ်။ အခုဆိုရင် အရင်ကထက် ပိုဆိုးလာတယ်။ ဒါကြောင့် ကလေးကို မျက်စိဆရာဝန်နဲ့ပြကြည့်ပါဦး။ မျက်စိအားနည်းလို့ ဒီလိုမျိုးဖြစ်တာ ဖြစ်လိမ့်မယ်”

“ဟုတ်ကဲ့ပါ ဆရာမ။ သွားပြလိုက်ပါမယ် ”  ကြည်ပြာတစ်ယောက် သားလက်ကိုစွဲကာ ဆရာမများအားနှုတ်ဆက်၍ ကျောင်းဝင်းအတွင်းမှထွက်လာခဲ့သည်။  သားကို ခေါ်၍ မျက်စိဆေးခန်းသို့ပြေးရသည်။ သား၏မျက်စိကိုစမ်းသပ်ကြည့်သည်။ သား၏ မျက်လုံးမကောင်း၍ မျက်မှန်တက်ရမည်ဟု ဆရာဝန်မှ ပြောလိုက်သည်။ သားက သူ Game ကစားတတ်ကြောင်း ဆရာဝန်ကို ကြွားနေသေးသည်။ ဆရာဝန်မှ သားအား တော်လိုက်သည့်ကလေးဟု ပြောပြီး ကြည်ပြာအားလှမ်းဆူလိုက်သည်။

” အသက်ငယ်ငယ် ကလေးတွေကို ဘာဖြစ်လို့ game တွေ ပေးဆော့ရတာလဲ။ အခုဆိုရင် ဘယ်လောက်တောင် game တွေ ကစားထားလည်းမသိဘူး။ ကလေးမျက်စိက ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တပ်နေရပြီ။ game တွေ ဆော့ပါများလို့ မျက်မှန်တက်ရတာ။ အခုခေတ်မှာ ကလေးတွေ ကစားဖို့ ကစားနည်းတွေ အများကြီးရှိရဲ့သားနဲ့ ကလေးကို game တွေ ပေးဆော့တာ အမေတို့ သိပ်မိုက်မဲတယ်”

ကြည်ပြာတစ်ယောက် ဆရာဝန်ကြီးဆူတာကို ခေါင်းငုံနေရင်း အလိုလို ဝမ်းနည်းလာမိသည်။

“အဖေနဲ့ အမေက ကလေး အငိုတိတ်ရင် ပြီးရော ကလေးကို ဖုန်းပြကြတယ်။ ဖုန်းထဲမှာသူတို့ကြိုက်တာလေးတွေ ပထမ ပေးကြည့်တယ်။ နောက် ကလေးကို ဖုန်းပေးကိုင်တယ်။ ကလေးက ဖုန်းကိုကိုင်တတ်လာပြီး Game တွေ တော်တော်များများကို စွဲလာတယ်။ ကလေးမှာ မောင်နှမ အကြီးတွေရှိရင်လည်း အငယ်တွေက Game တော်တော်များများကို အသက်အရွယ်ငယ်ငယ်နှင့် ကစားတတ်တယ်”

ဘေးအိမ်က ကလေးတွေ သားကို Game တွေ သင်ပေးသည်ကို ကြည်ပြာတစ်ယောက် သတိရမိသည်။ ဆရာဝန်ကြီးကိုတော့ ဘာမှ အတွန့်မတက်ခဲ့ပါ။

“ကလေးကို game တွေ ပေးမဆော့ပါနဲ့။ ဆော့ပါများရင် ပါဝါတိုးတိုးလာလိမ့်မယ်။ နားလည်တယ်နော် ”

“နားလည်ပါတယ် ဆရာရယ်။ သူ ကို game ပေး မကစားခိုင်းတော့ပါဘူး ”
ကြည်ပြာသားလက်ကိုစွဲ၍ အိမ်ပြန်လာခဲ့သည်။ သားကို game မစားခိုင်းလျှင် ဘာလုပ်ခိုင်းထားရမည်နည်း။ မိသားစု ၃ ယောက်သာရှိသော အိမ်တွင် သားသည်မည်သူနှင့် ဆော့မည်နည်း။

မိမိကလည်းညနေခင်းဆိုလျှင် အိမ်အလုပ်တွေ လုပ်ရသေးသည်။ သားအဖေကလည်း အလုပ်များသူမို့ သားကို အချိန်မပေးနိုင်။ သားကို game ပေးဆော့ထားလျှင်တော့ သားက game လေး ကစားနေပြီး တစ်ညနေခင်းလုံးငြိမ်နေတတ်သည်။ အခုတော့ ကြည်ပြာတစ်ယောက် သားကို အချိန်ပေးပြီး နေရတော့မည်။

သားအဖေကိုလည်း ညဖက်တွေ ဖုန်းသုံးတာလျော့ခိုင်းပြီး သားနှင့်အတူ ဆော့ကစားရန်ပြောရမည်။ အိုး သားအတွက် အချိန်တွေအများကြီးပေးရဦး မည်ကို တွေးရင်း သားနှင့်အတူ အိမ်သို့ပြန်လာခဲ့သည်။ သားကတော့ အမေလက်ကို စွဲ၍ လိုက်လာသည်။ ညနေခင်းကား သာယာလှပနေသော်လည်း  ကြည်ပြာရင်ထဲတွင်တော့ ပူလောင်လျှက်။

Author: Dr.အေးချမ်းမိုး

Previous Post

ငယ်ရွယ်တဲ့အမျိုးသားတွေ ကင်ဆာကိုလျစ်လျူမရှုပါနဲ့

Next Post

ပွင့်သောပန်းတိုင်းလန်းစေချင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
253

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
307

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
808

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

2 years ago
980
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
659

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပွင့်သောပန်းတိုင်းလန်းစေချင်

ခရမ်းလွန်ရောင်ခြည်နှင့် သင်္ကြန်အလှအပများ

ကလေးအိပ်စက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.