fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးတွေမှာ အဖြစ်များတဲ့ အစာအိမ် နှင့် အူလမ်းကြောင်း ပြဿနာများ

1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/05/2020
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

အစာအိမ် နှင့် အူလမ်းကြောင်း ပြဿနာများဟာ ကလေးတွေ မိဘတွေကို အပြောဆုံး အခြေအနေ တွေ ဖြစ်တယ်။
ဖေဖေမေမေတွေဟာ မိမိခလေးငယ်များရဲ့ ဗိုက်နာတယ်၊ ဝမ်းချုပ်တယ်၊ ဝမ်းလျှောတယ်၊ အန်တယ် ၊ ရင်ပူတယ် ဆိုတဲ့ အခြေအနေတွေကို ကြုံဖူးကြလေ့ရှိကြတယ်။
အများစု အန္တရာယ် မရှိတတ်ကြသော်လည်း တစ်ခါတစ်ရံမှာတော့ အသက်အန္တရာယ် ရှိစေနိုင်ပါ တယ်။
အောက်ပါ အစာအိမ် နှင့် အူလမ်းကြောင်းပြဿနာ (၄) ခုကတော့ ကလေးတွေမှာ အဖြစ်များတဲ့ အခြေအနေတွေဖြစ်တယ်။
(၁) ရင်ပူခြင်း
ကလေးတွေရဲ့ 3-5 % ဟာ ရင်ပူခြင်း ခံစားရလေ့ရှိတယ်လို့ ဆိုပါတယ်။
အစာအိမ်ထဲတွင် ရှိနေသော အက်စစ်ပါတဲ့ အစာအိမ်အရည်တွေဟာ oesophagus လို့ခေါ်တဲ့ အစာမျို ပိုက်ထဲသို့ ဆန်တက်တဲ့ အခြေအနေကြောင့် ဖြစ်တယ်။
GERD ရောဂါလို့လည်း ခေါ်ကြတယ်။
အစာအိမ် အက်စစ်ဓာတ်များခြင်း၊ အစာမျိုပိုက် အရင်းရှိ ညှစ်ကြွက်သား (oerophagal sphincter) အားနည်းခြင်း နှင့် အချို့သော အစားအသောက်တွေကြောင့် ဖြစ်ပေါ်လေ့ရှိတယ်။
Q.ဖြစ်စေသော အကြောင်းအရင်းများ
အက်စစ်ဓာတ်များသော အစားအသောက်များ eg.ချဉ်သော အသီးများ
အဆီများသော အစားအသောက် နှင့် အကြော်များ
အဝလွန်ခြင်း
စိတ်ပူပန်မှုများခြင်း
အစာစားပြီး လှဲအိပ်ခြင်း
အစာစားပြီး လှဲအိပ်ခြင်း
ကော်ဖီ ၊ လက်ဖက်ရည် နှင့် ချောကလတ်
စပ်သော အစားအသောက်များ


Q.ကုသခြင်း
အိမ်တွင်းကုထုံး 1. အက်စစ်ဓာတ်များသော အစားအသောက်ရှောင်ပါ။
2. အဆီများသော အစားအသောက် နှင့် အကြော်များ ရှောင်ပါ။
3. ကော်ဖီ၊ လက်ဖက်ရည် နှင့် ချောကလက်ရှောင်ပါ။
4. ညမအိပ်ခင် ၁ နာရီမှ ၂ နာရီအတွင်း အစားမကျွေးပါနှင့်။
5. ဗိုက်အပြည့် အစာစားပြီးချိန်တွင် ချက်ချင်းလှဲအိပ်ခိုင်းခြင်း ရှောင်ပါ။
6. သင့်ကလေးရဲ့ ခုတင်ခေါင်းရင်းကို မြှင့်ပေးထားခြင်းဟာ အက်စစ်ရည် လျှံတက်ခြင်း ကို သက်သာစေပါတယ်။
7. အဝလွန်လျှင် ကိုယ်အလေးချိန် လျှော့ချပေးပါ။
8. အပူ / အစပ်များ ရှောင်ပါ။

ဆေးဝါးများ
ကလေးများအတွက် ဆရာဝန် နှင့် တိုင်ပင်ပြီးမှ တိုက်ပါ။
အစာအိမ်အက်စစ်ပြင်းအားလျော့ဆေး (Antacids)
အက်စစ်လျှော့ဆေးများ
H2 Blockers
PPI
(၂) ဝမ်းချုပ်ခြင်း
ကလေးတွေမှာ ဝမ်းချုပ်ခြင်းဟာလည်း အလွန်အဖြစ်များတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။
သင့်ရဲ့ ကလေးဟာ
၁ ပတ်လျှင် ၃ ခေါက်ထက်လျှော့၍ ဝမ်းသွားလျှင်
စမျဉ်းတုံးပိတ်လျှင်
ယုန်ချေးကဲ့သို့ ဝမ်းမာမာကျစ်ကျစ်သေးသေးလေးများသွားလျှင်
ဝမ်းကို ဗိုက်နာသည်အထိ ညှစ်ညှစ်သွားရလျှင်
ဝမ်းသွားလျှင် နာသည့်အတွက် ဝမ်းသွားရမှာကြောက်သည့် ပုံစံပြလျှင် သင့်ကလေး ဝမ်းချုပ်နေတယ်လို့ အကြမ်းအားဖြင့် သိနိုင်ပါတယ်။

Q. ဖြစ်စေသော အကြောင်းအရင်းများ
ဝမ်းအောင့်ထားခြင်း
စားသည့် အစားအသောက်တွင် အမျှင်ဓာတ် နှင့် ရေဓာတ်လုံလောက်မှု မရှိခြင်း
နွားနို့တွင် ပါသည့် ပရိုတင်းဓာတ်နှင့် ဓာတ်မတည့်ခြင်း
ဝမ်းတည်သည့် အလေ့အကျင့် ပုံစံမမှန်ကန်ခြင်း
နေ့တဓူဝတွင် အပြောင်းအလဲများ ဖြစ်ခြင်း Eg- စိတ်ဖိစီးမှုများ၊ရာသီဥတုပူခြင်း၊ခရီးသွားခြင်း
ဆေးဝါးများ Eg- စိတ်ကျရောဂါတွင် သုံးသည့်ဆေး
အူလမ်းကြောင်း ရောဂါများ
Q. ကုသခြင်း
အများအားဖြင့် အနေအထိုင် ၊ အစားအသောက်ဖြင့် ကုသနိုင်ပါတယ်။
အမျှင်ဓာတ်များသော အစားအသောက်ပိုကျွေးပါ။
အရည်များများ တိုက်ပေးပါ။
အားကစား နှင့် ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။
အဆော့မက်ပြီးဝမ်းကိုအောင့် မထားပါစေနှင့်။
အိမ်သာ တက်သည့် အမူအကျင့်ကို မှန်မှန်ကန်ကန် လေ့ကျင့်ပေးပါ။
( အချိန်မှန်မှန် ဝမ်းတည်ပေးပါ။ အတင်းအကြပ် ဝမ်းသွားခိုင်းခြင်း ရှောင်ပါ။ မနက်စာ (သို့) နေ့လည်စာ (သို့) ညစာ ကျွေးပြီးချိန်တွင် ဆရာဝန် နှင့် တိုင်ပင်ပြီးမှ တိုက်ပါ။
Q. သတိပြုရန် အချက်များ
အောက်ပါ အချက်များတွေ့လျှင်တော့ ဆရာဝန် နှင့် ပြသရန် လိုပါတယ်။
၂ ပတ်ထက် ပိုပြီး ဝမ်းချုပ်လျှင်
ဖျားလျှင်
အစာအစားလျှင်
ဝမ်းထဲသွေးပါလျှင်
ဗိုက်ဖောင်းလာလျှင်
ကိုယ်အလေးချိန်ကျလျှင်
ဗိုက်အောင့်လျှင်
စအိုမှ အူရဲ့ တစ်စိတ်တစ်ဒေသထွက်ကျလာလျှင်
(၃) ဝမ်းလျှောခြင်း
သင့်ကလေးဟာ (၂၄) နာရီအတွင်း (၃) ကြိမ်ထက် ပိုပြီး ဝမ်းသွားလျှင် ဝမ်းလျှောပြီလို့ ယေဘုယျ အားဖြင့် သတ်မှတ်နိုင်ပါတယ်။
ရက်တို ဝမ်းလျှောခြင်းတွေဟာ ကလေးတွေမှာ အဖြစ်များပါတယ်။
(၂) ပတ်အောက် ဝမ်းလျှောခြင်းများကို ရက်တို ဝမ်းလျှောခြင်းလို့ သတ်မှတ်ပါတယ်။
အများစုသည် ဗိုင်းရပ်စ် ပိုးများကြောင့် ဖြစ်လေ့ရှိပြီး (၃) ရက်မှ (၅) ရက်အတွင်း ကောင်းသွားလေ့ ရှိပါတယ်။
Q. ဖြစ်စေသော အကြောင်းအရင်းများ
ဗိုင်းရပ်စ်ပိုးများ
အူလမ်းကြောင်းပိုးဝင်ခြင်း
အစာအဆိပ်ဖြစ်ခြင်း
နို့ နှင့် နို့ထွက်ပစ္စည်းများမှ “Lactose” နှင့် ဓာတ်မတည့်ခြင်း
အူလှုပ်ရှားမှု ပုံမှန်မဟုတ်ခြင်း
Q. ကုသခြင်း
ရေဓာတ် မဆုံးရှုံးအောင် အရည်များများ ဖြည့်တိုက်ပေးရပါမည်။
(မိခင်နို့ ၊ ရေ၊ ဓာတ်ဆား၊ စွပ်ပြုတ်၊ သဘာဝသစ်သီးဖျော်ရည်များ)
ကော်ဖီ၊ ဖက်လက်ရည်၊ Gas ပါသော အချိုရည်များ ရှောင်ရမည်။
အူလမ်းကြောင်း အကျိုးပြုပိုး (Probiotic/ Prebiotic) သောက်နိုင်ပါသည်။
ဝမ်းပိတ်ဆေး နှင့် ပိုးသတ်ဆေး (Antibiotic) များကိုတော့ ဆရာဝန် ညွှန်ကြားမှသာ တိုက်သင့်ပါ
တယ်။
ဝမ်းရပ်ပြီး (၄၈) နာရီကျော်မှ ကျောင်းမူကြို ပို့ရပါမယ်။
လက်သန့်ရှင်းရေး အထူးဂရုပြုဖို့ လိုပါတယ်။
Q. အရေးပေါ်လက္ခဏာများ
ဆီးနည်းသွားလျှင်
ခြေဖျားလက်ဖျားသေးလျှင်
ငယ်ထိပ်ချိုင့်လျှင်
မျက်ရည်မထွက်လျှင်
ပျော့ခွေသွားလျှင်

(၄) အန်ခြင်း
အန်ခြင်း ပြဿနာဟာလည်း ကလေးတွေမှာ အတွေ့များတဲ့ အစာအိမ် နှင့် အူလမ်းကြောင်းဆိုင် ရာ ပြဿနာ တစ်ခုဖြစ်၊ ကျန်းမာရေး အခြေအနေအချို့ နှင့် အရာဝတ္ထုအချို့ဟာ ကလေးတွေကို အန်စေခြင်း ဖြစ်စေပါတယ်။
အများအားဖြင့် ၊ ရက် ၂ ရက်ထက် ပိုကြာလေ့ မရှိပါသည်။

Q. ဖြစ်စေသော အကြောင်းအရင်းများ
(၁) အထက်လန်အောက်လျှောဖြစ်ခြင်း
(၂) အစာအဆိပ်ဖြစ်ခြင်း
(၃) အူအတက်ရောင်ခြင်း
(၄) ဘက်တီးရီးယား ပိုးဝင်ခြင်းများ – ဦးနှောက်အမှေးရောင်ခြင်း
– နမိုးနီးယား အဆုပ်ယောင်ရောဂါ
– ဆီးပိုးဝင်ခြင်း
(၅) အူပိတ်ခြင်း

Q. ကုသခြင်း
အများအားဖြင့် (၁) ရက်အတွင်း အလိုလို ကောင်းသွားလေ့ ရှိပါတယ်။
ရေဓာတ်မဆုံးရှုံးအောင် အရည်ဝင်အောင် ကြိုးစားပြီး တိုက်ပေးရပါမယ်။
ဓာတ်ဆား၊ ရေ ၊ မိခင်နို့ ၊ စွပ်ပြုတ် နှင့် သဘာဝအသီးဖျော်ရည်များ
ကြေညက်လွယ်သော အစားအစာများသာ ကျွေးပါ။
အစားအသောက်ကို နည်းနည်းနှင့် ခဏခဏ စိတ်ရှည်ရှည်ထား၍ ကျွေးရန် လိုအပ်ပါတယ်။
အအန်ပျောက်ဆေးများကိုတော့ ဆရာဝန် နှင့် တိုင်ပင်ပြီးမှ ကုသရပါမယ်။
Q. သတိပြုရန် လိုသည့် အရေးကြီးသည့် လက္ခဏာများ
အောက်ပါ အချက်များတွေ့လျှင် ဆရာဝန် နှင့် အမြန်ဆုံး ပြသရန် လိုအပ်ပါတယ်။
(၂၄) နာရီကျော်သည်အထိ အအန်မရပ်လျှင်
အစာ နှင့် ရေ မဝင်လောက်အောင် ဆိုးရွားစွာအန်လျှင်
အဖျားကြီးလျှင်
အနီစက် ထွက်လျှင်
ဇာတ်တောင့်လျှင်
အန်သည့်အခါ- သွေးစပါလျှင် ၊ အညိုအမဲများ အန်လျှင်၊ စိမ်းနေလျှင်
ရေဓာတ်ဆုံးရုံးသော လက္ခဏာများတွေ့ရလျှင်
(လျှာခြောက်ခြင်း၊ ငယ်ထိပ်ချိုင့်ခြင်း၊ မျက်ရည်မထွက်ခြင်း၊ ပျော့ခွေခြင်း၊ ခြေဖျားလက်ဖျားအေး ခြင်း၊ ဆီးနည်းခြင်း၊ မှိန်းခြင်း)

Dr.Yin Yin Win
M.B;B.S (YGN)
Dip. Med.Sc (Family Medicine)

Previous Post

အစာအုပ်စုတွေအကြောင်းတကယ်သိရဲ့လား

Next Post

ကလေးတွေကို ငွေကြေးစီမံခန့်ခွဲမှုကျွမ်းကျင်အောင် ငယ်ငယ်ကတည်းက ဘယ်လိုလေ့ကျင့်ပေးရမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးတွေကို ငွေကြေးစီမံခန့်ခွဲမှုကျွမ်းကျင်အောင် ငယ်ငယ်ကတည်းက ဘယ်လိုလေ့ကျင့်ပေးရမလဲ

ကလေးအစာအိမ်နှင့် အူလမ်းကြောင်းပို ပိုအားဖြစ်စေဖို့ ဘာတွေ ပိုကျွေးသင့်သလဲ?

ကလေးဝမ်းပျက်ဝမ်းလျှောခြင်း နဲ့ Probiotics / Prebiotics တွေရဲ့ အခန်းကဏ္ဍ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.