fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ဖော်မြူလာ နို့ (သို့မဟုတ်) နို့ဘူးကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းပြသနာဖြစ်နိုင်လား ?

845
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/06/2020
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးတွေအတွက် အကောင်းဆုံး နှင့် အန္တရာယ် အကင်းဆုံးမှာ မိခင်နို့ဖြစ်ပါတယ်။
ကလေးအသက် ၆ လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဟာ အမေရော ကလေးအတွက် အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။
သို့သော် တစ်ခါတစ်ရံ အချို့ အခြေအနေတွေမှာ ဖော်မြူလာနို့ (သို့မဟုတ်) နို့ဘူး တိုက်ကျွေးရ သည့် အနေအထားမျိုး ရှိကြပါတယ်။
ဖော်မြူလာနို့ကို မှန်ကန်စွာ နှင့် အန္တရာယ်ကင်းစွာ၊ ဂရုစိုက်တိုက်ကျွေးပါလျှင် လိုအပ်သော အာဟာရ ရရှိပြီး ကြီးထွားဖွံ့ဖြိုးနိုင်ပါတယ်။

 ဖော်မြူလာ နို့ ဆိုတာဘာလဲ?
ဖော်မြူလာနို့ (Formula Milk)ဆိုတာ သဘာဝမိခင်နို့ နှင့် အနီးစပ်ဆုံး တူညီအောင် လုပ်ထားတဲ့ အာဟာရ နို့ဖြစ်ပါတယ်။
မိခင်နို့ မလုံလောက်သည့်အခါ နှင့် မိခင်နို့တိုက်ကျွေးရန် အခက်အခဲ ရှိသည့် အခြေအနေတွေမှာ ကျွေးရသော နို့ဖြစ်ပါတယ်။
ဖော်မြူလာ နို့တွင် ပါဝင်ရမည့် အာဟာရ တန်ဖိုးများသည် Codex Aliment Arius Commission ရဲ့ စံသတ်မှတ်ချက်တွေ နှင့် ကိုက်ညီအောင် ထုတ်ရပါတယ်။
ကလေး အသက်အရွယ် အပေါ်၊ အခြေအနေပေါ်မူတည်ပြီး ဖော်မြူလာနို့ အမျိုးမျိုး ရှိပါတယ်။
အသက် ၆ လအောက်ကလေးများကို Infant Formual လို့ခေါ်တဲ့ ၆ လအောက်ကလေး ဖော်မြူလာ နို့ကိုသာ တိုက်ကျွေးရပါမယ်။

ဖော်မြူလာနို့ မှန်မှန်ကန်ကန် ရွေးချယ်ခြင်း

မိမိဝယ်ယူမည့် ဖော်မြူလာနို့မှုန့်ကို စစ်ဆေးခြင်း
သက်တမ်းကုန်ဆုံးရက်
FDA စစ်ဆေးချက်
အာဟာရတန်ဖိုး နှင့် ဖော်မြူလာ
ထုတ်ပိုးမှု ချို့ယွင်းချက် ရှိမရှိ
ရွေးချယ်ခြင်း
ကျန်းမာသော ကလေးများအတွက် နွားနို့မှ ထုတ်သော ဖော်မြူလာနို့ (Stage I Formula) သည် ယေဘုယျအားဖြင့် သင့်တော်လေ့ရှိပါတယ်။
ကိုယ်ခံအားကျသော ကလေးများ၊ လမစေ့သော ကလေးများ၊ နွားနို့မှ ပရိုတင်းဓာတ်ကို ဓာတ်မတည့်သောကလေးများနှင့် နို့ နှင့် နို့ထွက်ပစ္စည်းများမှ Lactose ဓာတ်ကို မချေ ဖျက်နိုင်သော ကလေးများအတွက် ဆရာဝန်၊ သူနာပြု၊ အာဟာရ ပညာရှင်များနှင့် တိုင်ပင် ပြီးမှ ရွေးချယ်၍ တိုက်သင့်ပါတယ်။
အသက် ၆ လ အောက်ကလေးများအတွက် Infant formula လို့ခေါ်တဲ့ ၆ လအောက်ကလေး သီးသန့် ဖော်မြူလာ အမျိုးအစားကိုသာ ရွေးချယ် တိုက်ရမှာဖြစ်ပြီး 1 နှစ်ကျော် မှ နွားနို့ ၊ ဆိတ်နို့ အစရှိသည်တို့ကို တိုက်ကျွေးနိုင်မှာ ဖြစ်ပါတယ်။
Dry powder (နို့မှုန့်) အနေ နှင့် (သို့မဟုတ်) ready to feed liquid formula (အသင့်ဖျော်ထားသော ဖော်မြူလာနို့) အနေနှင့် ဝယ်ယူရရှိနိုင်ပါတယ်။


ဝယ်ယူရရှိနိုင်သော ဖော်မြူလာနို့အမျိုးအစားများ
First Infant Formula (1st Milk)
နွားနို့အခြေခံ ဖော်မြူလာနို့ဖြစ်ပါတယ်။
ကလေးရဲ့ အစာချေစနစ်မှ ချေနိုင်သော ပရိုတင်းဓာတ်နှစ်မျိုးဖြစ်သည့် whey နှင့် casein အဓိက ပါဝင်အောင် ပြုလုပ်ထားပါတယ်။
မွေးကာစ အရွယ်မှစ၍ တိုက်နိုင်ပါတယ်။
ကျန်းမာသော ကလေးများအတွက် ယေဘုယျအားဖြင့် သင့်တော်ပါတယ်။
အသက် တစ်နှစ်အထိ ဆက်၍ တိုက်နိုင်ပါတယ်။
တစ်နှစ်ကျော်လျှင် ပိုးသတ်ထားသော ပုံမှန် နွားနို့ စတင် တိုက်ကျွေးနိုင်ပါပြီ။
ဆိတ်နို့အခြေခံဖော်မြူလာနို့ (Goat’s Milk Formula)
ဘာသာရေး အယူအဆအရ နွားနို့အခြေခံ ဖော်မြူလာနို့ အဆင်မပြေသူများတွင် တိုက်ကျွေးနိုင်ပါတယ်။
နွားနို့အခြေခံ ဖော်မြူလာနို့ နှင့် အာဟာရတန်ဖိုးတူပါတယ်။
မွေးကာစ မှ စပြီး တိုက်နိုင်ပါတယ်။
နွားနို့ ပရိုတင်းဓာတ်မတည့်သောကလေးများအတွက်တော့ မသင့်တော်ပါ။
Hungrier Baby Formula (Hungry Milk)
Casein ပရိုတင်း ဓာတ်ပို ပါဝင်ပါတယ်။
ထိုဓာတ်ဟာ ကလေးအစာချေဖျက်မှုကို ပိုနှေးစေတဲ့အတွက် ဗိုက်စာနှုန်း ကျစေပါ တယ် လို့ ဆိုပါတယ်။
မွေးကာစ မှ စတိုက်နိုင်သော်လည်း ဆရာဝန်၊ သူနာပြုနှင့် အာဟာရ ပညာရှင်များရဲ့ အကြံပေးချက်လိုအပ်ပါတယ်။
Anti- reflux (Stay Down) Formula
နို့အန်တတ်သော ကလေးများအတွက် ဖော်မြူလာနို့ဖြစ်တယ်။
နို့ကို ပို၍ ပြစ်ပြစ် ဖျော်ထားသော ဖော်မြူလာဖြစ်ပါတယ်။
ရေစပ်နွေးနွေး (70℃) ကို သာ သုံးပြီး ဖျော်စုခြင်းဖြစ်သည့်အတွက် အထူးသတိထား ဖို့ လိုပါတယ်။
မွေးကာစမှစတင်၍ တိုက်နိုင်သော်လည်း ဆရာဝန်၊ သူနာပြုနှင့် အာဟာရ ပညာရှင် များရဲ့ အကြံပေးချက် လိုအပ်ပါတယ်။
Comfort Formula
လေထိုးလေ့အောင့်ဖြစ်တတ်သော ၊ ဝမ်းချုပ်တတ်သော ကလေးများအတွက် ဖော်မြူ လာ အမျိုးအစားဖြစ်တယ်။
နွားနို့ အခြေခံ ဖော်မြူလာတစ်မျိုးဖြစ်တယ်။
ကလေးအစာခြေစနစ်မှ ပိုမို လွယ်ကူစွာ ချေဖျက်နိုင်အောင် ပရိုတင်းဓာတ် တစ်စိတ်တဒေသကို အသင့်ချေဖျက်ပေးထားခြင်း (Partially Hydrolyzed) ဖြစ် တယ်။
မွေးကာစ အရွယ်မှစပြီး တိုက်နိုင်သော်လည်း ဆရာဝန်၊ သူနာပြု၊ အာဟာရ ပညာရှင် များ၏ အကြံပေးချက်လိုပါတယ်။
နွားနို့ ပရိုတင်း ဓာတ်ကို မတည့်သူများအတွက် တိုက်ကျွေးရန် မသင့်တော်ပါ။

Lactose Free Formula
Lactose မပါအောင် ပြုလုပ်ထားသော ဖော်မြူလာနို့ တစ်မျိုးဖြစ်တယ်။
Lactose ဓာတ်ဟာ နို့နှင့် နို့ထွက်ပ္စည်းတွေမှာ ပါဝင်တဲ့ သကြားဓာတ် တစ်မျိုးဖြစ် တယ်။
Lactose ဓာတ်ကို မချေဖျက်နိုင်သော ကလေးများ (Lactose Intolerance) အတွက် သင့်တော်ပါတယ်။
မွေးကာစ အရွယ်မှစပြီး တိုက်နိုင်သော်လည်း ဆရာဝန်၊ သူနာပြု နှင့် အာဟာရ ပညာရှင်များ၏ အကြံပေးချက် လိုအပ်ပါတယ်။
သင့်ကလေးဟာ နို့သောက်ပြီး ဝမ်းလျှောမယ်၊ ဗိုက်ကယ်မယ်၊ လေထိုးလေအောင့် ဖြစ်လျှင် ယေဘုယျအားဖြင့် Lactoseဓာတ်ကို မချေဖျက်နိုင်ခြင်း အခြေအနေလို့ ယူဆနိုင်ပါတယ်။
Hypo allergic Formula
ဓာတ်မတည့်မှု နည်းအောင် ပြုလုပ်ထားသော ဖော်မြူလာနို့
နွားနို့မှ ရသော ပရိုတင်းဓာတ်ကို လုံးဝ ချေဖျက်ပြီးသား (Fully hydrolyzed) နို့ ဖြစ်ပါတယ်။
နွားနို့ ပရိုတင်းဓာတ်မတည့်သောကလေးများ တိုက်ကျွေးနိုင်ပါတယ်။
မွေးကာစ အရွယ်မှစ၍ တိုက်ကျွေးနိုင်သော်လည်း ဆရာဝန်၊ သူနာပြုနျင့် အာဟာရ ပညာရှင်များ ၏ အကြံပေးချက် လိုပါတယ်။
အခြားဖော်မြူလာများ
Follow on formula- ၆ လ အထက်ကလေးများအတွက်
Good Night Milk Formula – ၆ လ အထက် ကလေးများအတွက်
ပဲနို့မှ လုပ်ထားသော ဖော်မြူလာနို့ – ၆လ အထက်ကလေးများအတွက်
ဗာဒံစေ့မှ လုပ်ထားသော ဖော်မြူလာနို့ – ၆ လ အထက် ကလေးများ အတွက်
Growing up milk Formula – 1 နှစ် အထက် ကလေးများအတွက်

စနစ်တကျ ဖော်မြူလာတိုက်နည်း
(1) နို့ဘူးရွေးချယ်ခြင်း
Bisphenol A (BPA) မပါသော နို့ဘူးကို ရွေးပါ။
နို့ဘူးပေါ်ရှိ အမှတ်အသားများမှ အရောင်အလွယ် တကူ မကျွတ်နိုင်သော နု့ိဘူးအမျိုးအစား ရွေးချယ်ပါ။
အတွင်းဘက် နှင့် အမှတ်အသားများကို ထင်ရှား ပြတ်သားစွာ မြင်နိုင်သော နို့ဘူးကို ရွေးပါ။
အရွယ်အစားမှန်သော ၊ သန့်ရှင်းရေးလုပ်ရန် လွယ်ကူသော အမျိုးအစားကို ရွေးချယ် ပါ။
နောက်သွားသော ၊ အမှတ်အသား မမြင်ရသော နု့ိဘူးများကို လွှတ်ပစ်ပါ။
(2) နို့သီးခေါင်းရွေးချယ်ခြင်း
နို့သီးခေါင်း အရွယ်အစား နှင့် နို့သီးခေါင်း အပေါက်အရွယ်စား မှန်ကန်ရပါမယ်။
Latex နို့သီးခေါင်းများဟာ ပျော့ပြီး ပျော့ပြောင်းပါတယ်။
Silicone နို့သီး ခေါင်းများကတော့ ပို၍ ကြာရှည်ခံပါတယ်။
(3) သန့်ရှင်းရေးလုပ်ခြင်း
လက်ကိုဆပ်ပြာဖြင့် သေချာဆေးပါ။
နို့တိုက်ပြီးလျှင် နို့ဘူး နှင့် နို့သီးခေါင်းများကို ဆပ်ပြာရည် နွေးနွေးဖြင့် ချက်ချင်း ဆေးပြီး နို့ဘူး တိုက်တံ နှင့် တိုက်ပါ။
တောက်လျှောက်ဆင်းသော ရေအောင် (ဘုံဘိုင်ရေ၊ running water)ဖြင့် သေချာဆေးပါ။
ပြီးလျှင်
ရေနွေးဖြင့် ၁၀ မိနစ်ခန့် ပြုတ်ပါ။(သို့မဟုတ်)
နို့ဘူးပြုတ်စက် (electric or microwave sterilizer) ဖြင့် ပိုးသတ်ပါ။
နောက်တစ်ကြိမ် နို့တိုက်မည်ဆိုမှ အိုးမှ ထုတ်၍ နို့ဘူးဖျော်ပါ။
(4) ဖော်မြူလာဖျော်ခြင်း
ရေနွေးကို ဆူအောင်တည်ပါ။
နို့ဘူးဖျော်မည့် နေရာကို သန့်ရှင်းရေးလုပ်ပါ။
လက်ကို ဆပ်ပြာဖြင့် သေချာဆေးပါ။ သန့်ရှင်းသော အဝတ်(သို့မဟုတ်) တစ်သျှူးဖြင့် ခြောက် အောင်ဘုတ်ပါ။


ပိုးသတ်ထားသော နို့ဘူးနှင့် နို့သီးခေါင်းကို အသင့်ထုတ်ထားပါ
ကြိုချက်ထားသော ရေကို သာ သုံးပါ။
70℃ ထက် မလျော့သော ရေနွေးဖြင့် ဖျော်ပါ။
ရေဆူပြီး မိနစ် ၃၀ အတွင်းဆိုလျှင် ရေနွေးအပူချိန်မှာ 70℃ အထက် ရှိနေလေ့ ရှိပါတယ်။
သတ်မှတ်ထားသော ရေနွေးပမာဏ၊ ဖော်မြူလာနို့မှုန့်ပမာဏ ဖြင့် ဖျော်ပါ။
အားလုံး ပျော်ဝင်သွားအောင် နို့ဘူးကို ညင်သာစွာ လှုပ်ပေးပါ။
ရေအေးဇလုံး (သို့မဟုတ်) ခွက်တွင် နို့ဘူးကို စိမ်ပြီး အအေးခံပါ။
ကလေးသောက်နိုင်သော ခပ်နွေးနွေး ပမာဏ ရှိမရှိ စမ်းပြီးမှ ကလေးကို တိုက်ပါ။
ဖျော်ပြီး ၂ နာရီအတွင်း တိုက်လျှင် အကောင်းဆုံး ဖြစ်ပါတယ်။

Formula နို့ကို သိမ်းဆည်းခြင်း နှင့် နွေး၍ တိုက်ခြင်း

တစ်ခါတိုက်ခါနီး တစ်ခါ ဖျော်၍ တိုက်ခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။
ကြိုဖျော်ထားသည်ဆိုလျှင် အအေးခံပြီး 4℃ အောက် အပူချိန်တွင် သိမ်းပါ။
၂၄ ကျော်လျှင် သွန်ပစ်ရပါမယ်။
အအေးခံ သိမ်းဆည်းထားသော ဖော်မြူလာနို့ တိုက်မည်ဆိုလျှင် ၁၅ မိနစ်ထပ်ပို၍ အနွေးပေးလို့ မရပါဘူး။
ရေနွေးထည့်ထားသော ဇလုံ (သိုပမဟုတ်) ခွက်တွင် နို့ဘူးကိုစိမ်ပြီး အနွေးပေးရပါမယ်။
မျှမျှတတ နွေးသွားအောင် နို့ဘူးကို လှုပ်ပေးနိုင်ပါတယ်။
နို့အကျန်များကိုတော့ အနွေးပေးပြီး ပြန်တိုက်လို့ မရပါဘူး။
Microwave ဖြင့် အပူပေးပြီး တိုက်ကျွေးလို့ မရပါဘူး။
အထက်ပါ နည်းလမ်းများဖြင့် ဖော်မြူလာနို့ (သို့မဟုတ်) နို့ဘူးကို အန္တရာယ်ကင်းစွာ မှန်မှန်ကန်ကန် တိုက်ကျွေးနိုင်ပါတယ်။

Dr.Yin Yin Win
M.B; B.S (YGN)
Dip.Med:Sc (Family Medicine)

Previous Post

ကလေးဝမ်းပျက်ဝမ်းလျှောခြင်း နဲ့ Probiotics / Prebiotics တွေရဲ့ အခန်းကဏ္ဍ

Next Post

သုတ်ရည်စစ်ဆေးခြင်းအကြောင်း(Cat-Reproductive Health)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သုတ်ရည်စစ်ဆေးခြင်းအကြောင်း(Cat-Reproductive Health)

အသက်ကြီးလာရင် ဖက်တီးလို့ အခေါ်မခံရစေဖို့ ငယ်တုန်းမှာ ဒါတွေလိုက်နာပါ

အမေတွေသိဖို့လိုတဲ့ ကလေးပျို့အန်ခြင်းအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.