fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ဘက်စုံထူးချွန်တဲ့ကလေးတစ်ယောက်ဖြစ်ဖို့ မေမေတို့ ဘယ်လိုပျိုးထောင်ရမလဲ

59
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/07/2020
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ဘက်စုံထူးချွန်တဲ့ ကလေးငယ်လေးတွေကို ပိုင်ဆိုင်ဖို့ဆိုတာ မေမေတို့အားလုံးရဲ့ အိပ်မက်ပဲဖြစ်ပါတယ်။ ကလေးငယ်တို့ ငယ်စဥ်ဘဝမှာ ပျော်ရွှင်တက်ကြွပြီး ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုရှိစေဖို့က ကလေးမေမေတို့ရဲ့တာဝန်ပါပဲ။ ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာအရ ဖွံ့ဖြိုးတိုးတက်ဖို့အပြင် ကလေးရဲ့ကိုယ်ပိုင်ပတ်ဝန်းကျင်မှာ ကောင်းကောင်းမွန်မွန်နဲ့ ယုံကြည်မှုရှိရှိ ပြောဆိုနေထိုင်နိုင်ဖို့အတွက် မေမေတို့က ပြုစုပျိုးထောင်ပေးကြရမှာပါ။

ဒါကြောင့် ကလေးငယ် ငယ်စဥ်ဘဝမှာ ပညာရေးနဲ့ ကျန်းမာရေးအပြင် စိတ်နှလုံးရည်၊ စာရိတ္တနဲ့ လူမှုပေါင်းသင်းဆက်ဆံရေး ဘက်စုံထူးချွန်စေဖို့ မေမေတို့ ပြုစုပျိုးထောင်ပေးနိုင်မယ့် နည်းလမ်း (၅) သွယ်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကလေးငယ်ကို အားပေးချီးမွမ်းပါ
            သုတေသနတွေအရ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားဟာ သူ့ရဲ့အပြုအမူတွေကို လွှမ်းမိုးပါတယ်တဲ့။ ကလေးထိန်းတဲ့ကိစ္စမှာလည်း ကလေးငယ်ရဲ့ စိတ်နေစိတ်ထားကောင်းမွန်စေဖို့ ကလေးငယ် အလုပ်တစ်ခုခု ပြီးမြောက်တိုင်းမှာ မေမေတို့အနေနဲ့ အားပေးချီးမွမ်းပေးသင့်ပါတယ်။ အလုပ်တစ်ခုခုကို အောင်မြင်ပြီးမြောက်သွားချိန်မှာ မေမေတို့ရဲ့ အားပေးမှုကို ရရှိမယ်ဆိုရင် ကလေးငယ်ဟာ မိမိကိုယ်ကိုကိုယ် ယုံကြည်မှုရှိစေပြီး ကိုယ့်ကိုကိုယ်အကောင်းမြင်စိတ် ပိုတိုးတက်သွားမယ့်အပြင် အသစ်အသစ်သော စိန်ခေါ်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားနိုင်စေမှာ ဖြစ်ပါတယ်။ ဥပမာ ကလေးငယ် ပန်းချီကားတစ်ခုဆွဲပြီးတိုင်း၊ အရုပ်ဆက်ပြီးတိုင်း ဒါမှမဟုတ် အိမ်စာလုပ်ပြီးတိုင်း မေမေတို့အနေနဲ့ ချီးမွမ်းအားပေးသင့်ပါတယ်။ အတန်းပညာမှာလည်း အဆင့်ကောင်းမှ အားပေးချီးမွမ်းတာမျိုး မဟုတ်ဘဲ စာကြိုးစားသင်ယူချင်စိတ် ဖြစ်ပေါ်လာအောင်သာ ပျိုးထောင်သင့်ပါတယ်။ သင်ခန်းစာတစ်ခုခု ဖတ်ပြီးတိုင်း ဒါမှမဟုတ် သင်္ချာပုစ္ဆာတစ်ပုဒ် တွက်ပြီးတိုင်းမှာ ကလေးငယ်ကို ချီးမွမ်းအားပေးဖို့ မမေ့ပါနဲ့။

၂။ ကလေးငယ်ကို နေရာအသစ်တွေ ခေါ်သွားပါ
            ကလေးငယ်စဥ်ဘဝဟာ စူးစမ်းလေ့လာလိုစိတ် အကောင်းဆုံးဖြစ်ပါတယ်။ ကလေးငယ်ကို နေရာအသစ်တွေကို ခေါ်သွားခြင်းက အတွေ့အကြုံသစ်တွေကို တိုးပွားစေနိုင်ပါတယ်။ နေရာအသစ်လို့ပြောတဲ့အခါမှာ အားကစားပွဲ၊ ဂီတပွဲ၊ အစားအသောက်၊ အနုပညာယဥ်ကျေးမှုပွဲ စတဲ့နေရာတွေ ဖြစ်ပါတယ်။ ဒီလိုနေရာတွေကို ကလေးငယ် စိတ်ဝင်တစား လေ့လာတဲ့အခါ ကလေးငယ်ကိုယ်တိုင် ဝါသနာပါရာကို တွေ့ရှိသွားတတ်ပါတယ်။ ဒါ့အပြင် ကလေးငယ် မသိသေးတဲ့ နယ်ပယ်အသီးသီးကို လေ့လာရတဲ့အတွက် အတွေ့အကြုံအမျိုးမျိုးလည်း တိုးပွားစေနိုင်ပါတယ်။ ဒီလိုအတွေ့အကြုံတွေကလည်း ကလေးငယ်ကို ဘက်စုံထူးချွန်စေနိုင်ပါတယ်။

၃။ ကလေးငယ်ကို စာဖတ်သင်ပေးပါ၊ စာဖတ်ပါ
            ကလေးငယ်ကို စာဖတ်စေဖို့ သင်ပေးတဲ့အခါမှာ အရမ်းစောသေးတယ်ဆိုတာ မရှိပါဘူး။ မူကြိုအရွယ် စာဖတ်တတ်စ အချိန်တည်းက အိမ်မှာ ကလေးငယ်ဖတ်ဖို့ စာအုပ်လေးတွေ ဆောင်ထားပါ။ ကျောင်းမတက်ခင် မူကြိုအရွယ်မှာတည်းက မေမေတို့အနေနဲ့ ကလေးငယ်နဲ့ စာအတူတူဖတ်တာက ဘာသာစကားဖွံ့ဖြိုးတိုးတက်စေမှုအပြင် စာဖတ်စွမ်းရည်ကို တိုးတက်စေပြီး ဗဟုသုတပေါင်းစုံကိုလည်း ရရှိစေနိုင်ပါတယ်။ စာတွေ၊ စကားလုံးတွေကို နားမလည်ခင်အရွယ်မှာတောင် မေမေတို့အနေနဲ့ ကလေးငယ်ကို စာဖတ်ပြတာက ဘာသာစကားဆိုင်ရာ လေယူလေသိမ်းတွေ၊ ဝေါဟာရတွေကို ကျွမ်းကျင်စေပြီး နားထောင်မှုစွမ်းရည်ကိုပါ တိုးတက်စေပါတယ်တဲ့။ စာဖတ်ခြင်းက ဗဟုသုတကြွယ်ဝစေတာအပြင် ကလေးရဲ့စိတ်ခံစားနားလည်မှုကိုပါ တိုးပွားစေပြီး ကလေးငယ်ရဲ့ အပြုအမူနဲ့ ပြောဆိုဆက်ဆံမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ လောကနီတိစာအုပ်နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စာအုပ်လေးတွေ တူတူဖတ်ပြီး သွန်သင်ခြင်းကလည်း ကိုယ်ကျင့်တရားကောင်းမွန်ပြီး စာရိတ္တပြည့်ဝတဲ့ ကလေးငယ်လေးတွေ ဖြစ်လာစေမှာပါ။

၄။ ညစာ တူတူစားပါ၊ ကလေးငယ်ကို နားထောင်ပေးပါ
            မေမေတို့အနေနဲ့ ဟင်းချက်တော်ပြီး ညစာဖွယ်ဖွယ်ရာရာဖြစ်နေမှ မိသားစုလက်စုံထမင်းစားနိုင်တာ မဟုတ်ပါဘူး။ ထမင်းမြိန်မှမဟုတ်ဘဲ မိသားစုထမင်းဝိုင်းတူတူစားခြင်းကသာ ကလေးငယ်တို့အနေနဲ့ မိဘဆီက အတွေ့အကြုံတွေ၊ စကားပြောဆိုမှုစွမ်းရည်တွေနဲ့ စိတ်ခံစားနားလည်မှုဆိုင်ရာစွမ်းရည်တွေ တိုးတက်စေနိုင်မှာပါ။ မြန်မာ့ယဥ်ကျေးမှုအလေ့အထအရ ထမင်းဝိုင်းမှာ စကားပြောတာကို သဘောမကျကြပေမယ့် မိသားစုထမင်းဝိုင်းလောက် လူစုံပြီး စကားပြောဆိုဆက်ဆံလို့အကောင်းဆုံးအချိန် မရှိပါဘူး။ ဒါကြောင့် တစ်ပတ်မှာ ရက်တော်တော်များများ ကလေးငယ်နဲ့တူတူ မိသားစုလက်စုံထမင်းစားပေးပြီး ကလေးကျောင်းက တွေ့ကြုံရသမျှကို ရင်ဖွင့်ပြောကြားခိုင်းပါ။ လေ့လာချက်တွေအရ တစ်ပတ်မှာ (၅) ရက်လောက် ညစာတူတူစားပြီး ရင်ဖွင့်စကားပြောဆိုခြင်းက ကျောင်းနေပျော်တဲ့အပြင် စာတော်စေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်မှုအလေ့အထကိုလည်း ပိုင်ဆိုင်နိုင်ပါစေတယ်တဲ့။ ညစာအဆင်မပြေတဲ့အခါမှာလည်း မနက်စာ ဒါမှမဟုတ် နေ့လယ်စာဖြစ်ဖြစ် တူတူစားပေးနိုင်ပါတယ်။

ကလေးငယ် ရင်ဖွင့်တဲ့အခါမှာ မေမေတို့အဓိကလိုက်နာရမှာက မေမေတို့ရဲ့ကိုယ်ပိုင် စိတ်သဘောထားနဲ့ ဆုံးဖြတ်ချက်မပါဘဲ နားထောင်ပြီး ပြန်လည်ပြောဆိုလမ်းညွှန်ပေးရမှာ ဖြစ်ပါတယ်။ သွန်သင်ဆုံးမတဲ့အခါမှာ မှန်ကန်တဲ့နည်းလမ်းနဲ့ ဘက်မလိုက်တဲ့ဆုံးဖြတ်ချက်ကိုပဲ အားပေးခြင်းက ကလေးငယ်ကို စာရိတ္တကောင်းမွန်တဲ့လူတစ်ယောက်အဖြစ် ကြီးပြင်းစေမှာ ဖြစ်ပါတယ်။

၅။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေ မွေးမြူပေးပါ
            ကျန်းမာတဲ့ကလေးက စိတ်ပျော်ရွှင်ပြီး ဖျတ်လတ်သန်မာပါတယ်။ ဘက်စုံထူးချွန်တဲ့ ကလေးဖြစ်ဖို့ ကျန်းမာရေးလည်း ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ မေမေတို့အနေနဲ့ ကလေးငယ် ကျန်းမာရေးကောင်းမွန်ဖို့ ကျန်းမာတဲ့အလေ့အထလေးတွေ မွေးမြူပေးထားဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးရှိဖို့ ပြုစုပျိုးထောင်ပေးသင့်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက် အလေ့အထ မွေးမြူပေးခြင်းက ကလေးငယ်ကို ကျန်းကျန်းမာမာနဲ့ ဖွံ့ဖြိုးစေပြီး ရောဂါဘယလည်း ကင်းဝေးစေပါတယ်။ အသင့်စားအစာတွေဖြစ်တဲ့ ခေါက်ဆွဲခြောက်ထုတ်၊ အာလူးကြော်ထုတ်၊ ကယ်လိုရီအရမ်းများတဲ့ အဆီကြော်စာ၊ ဟမ်ဘာဂါနဲ့ အသင့်သောက်အချိုရည်ဘူး စတာတွေကို ရှောင်ရှားဖို့ သင်ကြားပေးထားသင့်ပါတယ်။ ဗီတာမင်ဓါတ်ကြွယ်ဝတဲ့ သစ်သီးဝလံအမျိုးမျိုးကို စားဖို့ ပျိုးထောင်ပေးရပါမယ်။

ကလေးငယ်နဲ့တူတူ မိသားစုလိုက် ညနေခင်းကိုယ်လက်လေ့ကျင့်ခန်း အတူတူလုပ်ဆောင်ပါ။ အိမ်မှာ အေရိုးဗစ်ကိုယ်လက်လေ့ကျင့်ခန်း ဒါမှမဟုတ် ပန်းခြံမှာ လမ်းလျှောက်ထွက်တာ၊ အတူတူ ရွရွပြေးတာကလည်း သွေးလည်ပတ်မှုကောင်းစေပြီး ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ကလေးငယ်ဝါသနာပါတဲ့ အားကစားလုပ်ဆောင်တဲ့အခါမှာလည်း အားပေးသင့်ပါတယ်။ ဘောလုံး၊ ကြက်တောင်ရိုက်၊ ဘတ်စ်ကတ်ဘောအားကစားတွေအပြင် ဝါသနာပါတဲ့ ကရာတေး၊ တိုက်ကွမ်ဒို စတဲ့ သိုင်းကစားနည်းတွေကလည်း သန်မာြဖတ်လတ်စေတဲ့အပြင် ကစားဖော်တွေနဲ့ ပေါင်းသင်းဆက်ဆံရေးကိုလည်း တိုးတက်စေနိုင်ပါတယ်။

အခုဖော်ပြခဲ့တာတွေကတော့ မေမေတို့လည်း အလွယ်တကူလိုက်နာနိုင်ပြီး မိမိတို့ရဲ့ သားသားမီးမီးလေးတွေကို ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့အပြင် ထူးချွန်တဲ့ကလေးတွေဖြစ်လာစေနိုင်မယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ သားသမီးရတနာတွေကို ဘက်စုံထူးချွန်စေဖို့ မေမေတို့အနေနဲ့ စိတ်ရှည်သည်းခံပြီး ပြုစုပျိုးထောင်ပေးဖို့က မိဘတို့ တာဝန်ဝတ္တရားလည်း ဖြစ်ပါတယ်။ ဘက်စုံထူးချွန်တဲ့ကလေးငယ်တွေဟာ အသက်ကြီးပြင်းလာတဲ့အခါ မိသားစုအကျိုးအပြင် လူမှုပတ်ဝန်းကျင်အကျိုးကို သယ်ပိုးနိုင်တဲ့ သားကောင်း၊ သမီးကောင်း ရတနာလေးတွေ ဖြစ်လာနိုင်တဲ့အတွက် မေမေတို့ လိုက်နာလုပ်ဆောင်နိုင်စေဖို့ ကလေးငယ်လေးတွေကို ပြုစုပျိုးထောင်ပေးရမယ့် နည်းလမ်းလေးတွေကို ရေးသားဖော်ပြပေးလိုက်ရပါတယ်။

ဒေါက်တာကောင်း (ဆေး-၂)

Previous Post

မျက်စိအထူးကုဆရာဝန်ကြီးများ

Next Post

မေမေတစ်ယောက်ကို စိန်ခေါ်နေတဲ့ အခက်အခဲများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
826

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
997
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မေမေတစ်ယောက်ကို စိန်ခေါ်နေတဲ့ အခက်အခဲများ

အကြောပြတ်ရာတွေ မြန်မြန်ပျောက်အောင်

နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန်ကြီးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.