fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

မေမေတစ်ယောက်ကို စိန်ခေါ်နေတဲ့ အခက်အခဲများ

195
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/07/2020
in ကျန်းမာသောစိတ်, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

မေမေတစ်ယောက် အထူးသဖြင့် စံပြမေမေတစ်ယောက် ၊ သားသမီးတွေရော ပတ်ဝန်းကျင်ကပါ အမေကောင်းတစ်ယောက်အဖြစ်သတ်မှတ်ခံရဖို့အတွက်ဆိုရင် စိန်ခေါ်မှုတွေအများကြီးရှိတယ်လို့ ဆိုကြပါတယ်။
ဘယ်လိုစိန်ခေါ်မှုတွေလဲ ကြည့်လိုက်ရအောင်။
စိန်ခေါ်မှုတွေက ဘာလဲဆိုတာ သိတဲ့နောက်မှာ ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲဆိုတာကိုပါ နည်းနည်းလေး ပြောပြချင်ပါသေးတယ်။

(၁)
အမေတစ်ယောက်ကို အကြီးဆုံးစိန်ခေါ်နေတဲ့  အနီးကပ်ဆုံး စိန်ခေါ်သူကတော့ “သူမကိုယ်တိုင်” ပါပဲ။

“အမေဆိုတာ တခါတုန်းက သမီးပါပဲ” ဆိုတဲ့စကားလေးလိုပါပဲ။
သမီးတစ်ယောက်အဖြစ် မိမိဖြတ်သန်းခဲ့တဲ့ ငယ်ဘဝရဲ့ ကောင်းခြင်းဆိုးခြင်းတွေ၊ ပျော်စရာ၊ နာကျည်းစရာ၊ စိတ်ခွန်အားဖြစ်စရာ၊ စိတ်ဒဏ်ရာရစရာ စသည် စသည် အားလုံးက ကလေးဘဝနဲ့အတူ ပျောက်ကွယ်သွားတာတော့ မဟုတ်ပါဘူး။

ဒီအရာတွေအားလုံးက မှတ်ဉာဏ်နဲ့ စိတ်နှလုံးသား ဝိဉာဏ်ထဲမှာ တစ်သက်တာလုံး ခိုအောင်းပြီး ပါလာပါတယ်။
မိခင်တစ်ယောက်ဟာ သူငယ်ငယ်က ထိန်းကျောင်းခံခဲ့ရတဲ့ Parenting Style က မိမိသားသမီးထိန်းကျောင်းမှုအပေါ်အများကြီးလွှမ်းမိုးမှုရှိပါတယ်။

“ငါ့တုန်းက ဘယ်လို” “ငါ့သားသမီးကျရင် ဒီလိုဖြစ်စေရမယ်” “ဒီလိုမဖြစ်စေရဘူး”ဆိုတဲ့အတွေးမျိုး လူတော်တော်များများမှာရှိတတ်ပါတယ်။
ဒါပေမဲ့ စိတ်ပညာရဲ့ ထူးဆန်းအံ့အားသင့်စရာ အချက်တစ်ချက်ကိုပြောရရင် မိဘတော်တော်များများဟာ မိမိမကြိုက်ခဲ့တဲ့ ထိန်းကျောင်းမှုပုံစံမျိုးကိုပဲ မိမိသားသမီးတွေကို ပြန်ပေးမိနေတတ်ပါတယ်။

ဒီတော့ ဒီစိန်ခေါ်မှုအတွက်ဆိုရင် မေမေတွေအနေနဲ့ မိမိစိတ်၊ မိမိငယ်ဘဝ၊ မိမိသားသမီးကို ထိန်းကျောင်းရာမှာ အခက်အခဲဖြစ်နေတဲ့အရာတွေကို ကိုယ်တိုင်နားလည်ဖို့လိုပါတယ်။
မိမိကိုယ်တိုင်မဖြေရှင်းနိုင်တာတွေအတွက် ကျွမ်းကျင်သူတွေကို မေးမြန်းဖို့နဲ့ မိမိသားသမီးရဲ့ ပျော်ရွှင်မှုကသာ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာကို နားလည်ထားဖို့ လိုပါတယ်။

မိမိမဖြစ်ခဲ့တဲ့ မိမိလိုချင်ခဲ့တဲ့အရာကို အစားထိုးဖို့ မိမိသားသမီးလေးတွေ ဒီကမ္ဘာပေါ်ရောက်လာတာမဟုတ်ဘူးဆိုတာ အမြဲသတိရှိဖို့လိုပါတယ်။

သူတို့လေးတွေ ကိုယ်ပိုင်အိပ်မက်၊ ကိုယ်ပိုင်ဘဝနဲ့ လွတ်လွတ်လပ်လပ် အမှီအခိုကင်းကင်း ကြီးပြင်း ပျံသန်းသွားနိုင်ဖို့က စံပြမေမေတစ်ယောက်ရဲ့ ရည်မှန်းချက်ဖြစ်ရပါမယ်။

(၂)
မေမေတစ်ယောက်အတွက် နောက်ထပ် စိန်ခေါ်မှုကြီးတစ်ခုကတော့ “မေမေတွေ” ပါပဲ။
တိတိကျကျပြောရရင်တော့ မိမိပတ်ဝန်းကျင်က တခြားသော မေမေတွေပါ။

အမေဆိုတာလည်း လူသားတွေဖြစ်တဲ့အတွက် စိတ်ထားမျိုးစုံ ၊ ပုံစံမျိုးစုံ ၊ လူနေမှုအဆင့်အတန်းမျိုးစုံ ရှိနေတတ်ပါတယ်။
“သူကတော့ သူ့သားသမီးကို ဒီလိုထားတယ်” “သူကတော့ ဒါလုပ်ပေးနိုင်တယ်” “သူကတော့ ဒီကျောင်းမှာထားနိုင်တယ်” “သူကတော့ ဒီလိုစနစ်တကျကျွေးမွေးနိုင်တယ်” ဆိုတဲ့ အတွေးတွေက စိန်ခေါ်မှုတွေအဖြစ် မေမေတွေကို စိတ်ဖိစီးစေပါတယ်။

ဒါကြောင့် မေမေအချင်းချင်း ပိုဖေးမဖို့လိုပါတယ်။
မေမေအချင်းချင်းမှာလည်း စေတနာကြောင့်ဖြစ်စေ၊ ကြွားဝါချင်စိတ်ကြောင့်ဖြစ်စေ “ကျမတော့ ဘယ်လိုလုပ်ပေးတာ ၊ ဒါမျိုးလေးလုပ်ပေးကြည့်ပါလား”
ဆိုတာမျိုး ဘယ်တော့မှမပြောမိပါစေနဲ့။
တကယ်စေတနာပါပါ လမ်းညွှန်မယ်ဆိုရင်တောင် ရင်းနှီးနွေးထွေးမှု စာနာနားလည်မှု မြင်သာထင်သာရှိပါစေ။

မိမိအတွက် ဘာမှမဟုတ်တဲ့ စကားလေးတစ်ခွန်းက နောက်မေမေတစ်ယောက်အတွက် ထိခိုက်မှုကြီးတစ်ခုဖြစ်သွားစေတတ်ပါတယ်။
မိခင်တစ်ယောက်ရဲ့ စိတ်ဓာတ်ပြိုလဲမှုက သားသားမီးမီးတွေရဲ့ အနာဂတ်ပျောက်ဆုံးမှုဆိုတာအမြဲသတိရှိပေးပါ။

ကလေးတိုင်းရဲ့ ဘဝကို လှပစေဖို့ဆိုရင် မေမေတိုင်းဟာလည်း မိမိသားသမီးအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနေသူတွေပဲဆိုတဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့လိုပါတယ်။
ဒီကိုယ့်ကိုယ်ကို ယုံကြည်မှုကပဲ မိမိသားသမီးတွေရဲ့ နောက်မျိုးဆက်အတွက်ပါ အကောင်းဆုံးထိန်းကျောင်းမှုပုံစံတစ်ခုကို အမွေအဖြစ်ပေးခဲ့နိုင်စေမှာ ဖြစ်ပါတယ်။

(၃)
မေမေတွေအတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ အနီးဆုံးမှာရှိနေတဲ့ “ဖေဖေ”တွေပါပဲ။

ဖေဖေတစ်ယောက်ဟာ အကောင်းဆုံး ပံ့ပိုးသူတစ်ယောက်ဖြစ်နိုင်သလို အဆိုးဆုံး စိန်ခေါ်သူတစ်ယောက်လည်း ဖြစ်သွားနိုင်ပါတယ်။

မေမေတွေအနေနဲ့ အကောင်းဆုံးပံ့ပိုးနေတဲ့ ဖေဖေတစ်ယောက်ကို ကျေးဇူးတင်အသိအမှတ်ပြုပေးဖို့လိုသလို အကူအညီမရတဲ့ အပြစ်ပဲတင်တတ်တဲ့ စိတ်ဆင်းရဲစရာပဲပေးနေတဲ့ ဖေဖေတွေဖြစ်နေခဲ့ရင်လည်း လစ်လျှူရှုပြီး မိမိရဲ့ အကောင်းဆုံးပုံစံကို မပျက်မယွင်း မိမိသားသားမီးမီးတွေကို ဆက်ပေးသွားဖို့လိုပါတယ်။

ဖေဖေတွေအနေနဲ့လည်း အပေါ်မှာပြောခဲ့တဲ့ စိန်ခေါ်မှုတွေကို နားလည်ပေးဖို့လိုပါတယ်။

သားသားမီးမီးတွေအတွက် အကောင်းဆုံးဖေဖေဆိုတာ ကလေးတွေအပေါ်ကြင်နာနေရုံနဲ့ မဖြစ်သွားပါဘူး။
စံပြဖေဖေဆိုတာ မေမေတွေအပေါ်ဘယ်လောက်အကောင်းဆုံးဆက်ဆံလဲ ဘယ်လောက် မေမေတွေကို ပြုံးပျော်စေလဲဆိုတာနဲ့ပဲဆုံးဖြတ်ရပါတယ်။

အပေါ်မှာပြောခဲ့တဲ့ စိန်ခေါ်မှုတွေအပြင် နေ့စဉ်ဘဝမှာလည်း မေမေတွေအနေနဲ့ အိမ်ထောင်မှုတာဝန်တွေ၊ နေ့စဉ်ကြုံတွေ့နေကျ အခက်အခဲတွေ၊ သားသားမီးမီးတွေရဲ့ ကျန်းမာရေးပြဿနာတွေ  စသည်ဖြင့် တခြားသောစိန်ခေါ်မှုမျိုးစုံကလည်း စောင့်ကြိုနေကြပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ဘယ်စိန်ခေါ်မှုကိုမဆို ကျော်လွန်နိုင်ဖို့ ရင်ဆိုင် အောင်မြင်နိုင်ဖို့ လက်နက်ကတော့ မေမေတွေဆီမှာ ရှိနှင့်ပြီးသားဆိုတာ ဘယ်တော့မှမမေ့ပါနဲ့။

မိမိကိုယ်ကိုယုံကြည်ပါ။
သင်ဟာ အကောင်းဆုံးမေမေတစ်ယောက်ပါ။

မေတ္တာဖြင့်

Dr ဖြိုးဝေလင်း

Previous Post

ဘက်စုံထူးချွန်တဲ့ကလေးတစ်ယောက်ဖြစ်ဖို့ မေမေတို့ ဘယ်လိုပျိုးထောင်ရမလဲ

Next Post

အကြောပြတ်ရာတွေ မြန်မြန်ပျောက်အောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
256

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
826

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
997
About the negative effects caused by stress

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သော ဆိုးကျိုးများအကြောင်း

3 years ago
593

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အကြောပြတ်ရာတွေ မြန်မြန်ပျောက်အောင်

နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန်ကြီးများ

အာဟာရဆိုင်ရာဆရာဝန်ကြီးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.