fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးများ အရိုးအဆစ်သန်မာစေရန် အရေးကြီးသောကယ်ဆီယမ်နှင့် ဗီတာမင် ဒီ

291
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/09/2020
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

မိဘတိုင်းလိုလို မိမိသားသမီး ကောင်းကောင်းမွန်မွန် ကြီးထွားဖွံ့ဖြိုးလာတာကိုပဲ မြင်ချင်ကြပါတယ်။ ဒီလို ကောင်းမွန်စွာ ကြီးပြင်းလာဖို့အတွက်ဆိုရင် သားသားမီးမီးတွေဟာ ကျန်းမာရေးကောင်းမွန်နေရုံသာမက အရိုးအဆစ်တွေ သန်မာမှသာ ဖြစ်နိုင်မှာပါ။ ဒါကြောင့် အရိုးအဆစ်တွေ သန်မာဖို့ဆိုရင် မွေးစကတည်းက ဂရုစိုက်ပြုစုပျိုးထောင်ပေးသင့်ပါတယ်။
မိဘတွေဟာ မိမိသားသမီးကို မွေးစအရွယ်ကတည်းက အရိုးအဆစ်သန်မာအောင် ပြုစုပျိုးထောင်ခဲ့လျှင် ကောင်းမွန်စွာ အရပ်ရှည် ကြီးထွားနိုင်မည်သာမက အသက်အရွယ်ရလာတဲ့ အခါ အသက်ကြီးသူတွေ ခံစားရတတ်လေ့ရှိသော အရိုးဝေဒနာများဖြစ်သည့် အရိုးပွခြင်း၊ အရိုးကျိုးလွယ်ခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
ကလေးတွေ အရိုးအဆစ်တွေသန်မာဖို့အတွက် ကယ်ဆီယမ်နှင့် ဗီတာမင် ဒီ တို့ရဲ့ အခန်းကဏ္ဌဟာ အရေးကြီးပါတယ်။ ဗီတာမင်ဒီကြောင့် ကယ်ဆီယမ်ကို အစာအိမ်အူလမ်းကြောင်းက စုပ်ယူနိုင်ပြီး အဲဒီကယ်ဆီယမ်ဟာ အရိုးတွေကြံ့ခိုင်အောင် တည်ဆောက်ပေးပါတယ်။ ဒါကြောင့် ကယ်ဆီယမ်နှင့် ဗီတာမင်ဒီဓာတ်လုံလုံလောက်လောက် ရရှိမှသာ အရိုးတွေကို ကောင်းမွန်စွာ တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ကလေးမှာ အဆိုပါဓာတ်တွေမချို့တဲ့အောင် ကိုယ်ဝန်ဆောင်စဉ်ကတည်းက ကယ်ဆီယမ်နဲ့ ဗီတာမင် ဒီကြွယ်ဝတဲ့ အစားအစာတွေကို စုံစုံလင်လင်စားဖို့လိုအပ်ပါတယ်။

နို့တိုက်ကလေးအရွယ်တွေမှာ မိခင်နို့တစ်မျိုးသာ တိုက်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ သို့သော် မိခင်နို့ဟာ အရိုးအတွက် လိုအပ်တဲ့ ဗီတာမင် ဒီကို လုံလုံလောက်လောက်မပေးစွမ်းနိုင်ပါဘူး။ American Academy of Pediatrics (AAP) ရဲ့ ညွှန်ကြားချက်အရ ကလေးတစ်ယောက်ဟာ တစ်နေ့ကို ဗီတာမင် ဒီ 400 IU လိုအပ်တယ် လို့ ဆိုထားပါတယ်။ဒါကြောင့် ကလေးတစ်ယောက်အတွက် မိခင်နို့အပြင် ဗီတာမင်ဒီအားဖြည့်ဆေးပါ လိုအပ်ပါတယ်။

ကယ်ဆီယမ်ဟာ အရိုးတည်ဆောက်ရေးအတွက် အုတ်မြစ်တစ်ခု ဖြစ်ပါတယ်။ ဗီတာမင် ဒီ ရဲ့ အကူအညီနဲ့ ကယ်ဆီယမ်ဟာ အရိုးတွေ သန်မာအောင် လုပ်ဆောင်ပေးပါတယ်။ ကလေးတစ်ယောက်အတွက် တစ်နေ့ကို ကယ်ဆီယမ် 200mg လိုအပ်ပါတယ်။ မိခင်နို့ 100 gram မှာ ကယ်ဆီယမ် 32mg ပါဝင်နေပါတယ်။
အသက်ခြောက်လပြည့်ပြီး နောက်ပိုင်း ဖြည့်စွက်စာ စတင်ကျွေးလို့ရတဲ့ အရွယ်ရောက်လာလျှင် ဗီတာမင် ဒီနှင့် ကယ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေကို သေချာကျွေးပေးသင့်ပါတယ်။ အစားအသောက်ကအပြင် ဗီတာမင် ဒီ ကို နေအလင်းရောင်မှလည်း ရရှိနိုင်တဲ့အတွက် ကလေးကိုနေရောင်ခြည်နှင့်လည်း များများထိတွေ့ပေးသင့်ပါတယ်။ အစားအသောက်တွေ အနေနဲ့ နွားနို့နှငိ့ နို့ထွက်ပစ္စည်းများဖြစ်သည့် ဒိန်ချဉ်၊ ချိစ် နှင့်ထောပတ်များ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ(အထူးသဖြင့် ပန်းဂေါ်ဖီစိမ်း၊ဟင်းနုနွယ်ရွက်)၊ အရိုးပါ ဝါးစား၍ ရသော ငါးအသေးများ၊ ပုစွန် စသည်တို့ဟာ ကယ်ဆီယမ်နဲ့ ဗီတာမင် ဒီ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကယ်ဆီယမ်နှင့် ဗီတာမင်ဓာတ် ချို့တဲ့နေရင် အရိုးပျော့ခြင်း(rickets)၊ ခြေထောက်ခွင်ခြင်း(bow leg) နှင့် ကြီးထွား ဖွံ့ဖြိုးမှုနှေးကွေးခြင်း စသည်တို့ ခံစားရတတ်ပါတယ်။


အရိုးအဆစ်သန်မာစေရန် လေ့ကျင့်ခန်းလုပ်ပေးခြင်း
အစားအသောက်တင်သာမကပဲ အရိုးအဆစ်တွေသန်မာစေဖို့ ဆိုလျှင် ကိုယ်လက်လေ့ကျင့်ခန်းတွေလည်း ပြုလုပ်ပေးလို့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးခြင်းဟာ ကြွက်သားတွေကို သန်မာစေတဲ့အပြင် အရိုးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။
လေ့ကျင့်ခန်းဟာ မွေးကင်းစအရွယ်မှ စတင်၍ပြုလုပ်ပေးလို့ရပါတယ်။

• ကလေးကို မှောက်ထားပေးခြင်း
ကလေးကို နို့တိုက်ပြီး မှောက်ပေးထားခြင်းကို ကလေးဇက်မခိုင်သေးတဲ့အချိန်ကတည်းက ပြုလုပ်ပေးလို့ရပါတယ်။

• Sit-up exercise
အသက်လေးလဝန်းကျင် ဇက်ခိုင်တဲ့အရွယ် ရောက်လာပြီဆိုလျှင် အိပ်ထ မတင် လေ့ကျင့်ခန်း (sit-up) ပုံစံမျိုး ကလေး လက်ကိုကိုင်ပေးထားပြီး အသာအယာ ဆွဲမပေးပြီး ပြန်လှဲချရပါမယ်။သည်လိုမျိုး မကြာခဏ လုပ်ပေးတာဟာ ကလေးရဲ့ ကြွက်သားတွေသာမက အရိုးတွေပါ သန်မာစေပါတယ်။

• နှိပ်နယ်ပေးပါ
ကလေးတွေကို နှိပ်နယ်ပေးတာဟာလည်း သွေးလှည့်ပတ်မှုကောင်းစေရုံသာမက အရိုးနှင့်ကြွက်သားတွေ သန်မာဖို့အတွက် နည်းလမ်းတစ်မျိုးပါပဲ။ အဆီတစ်မျိုးမျိုး လိမ်းပေးပြီး အသာအယာနှိပ်ပေးသင့်ပါတယ်။ အားအလွန်သုံးပြီး နှိပ်နယ်ခြင်းကိုတော့ ရှောင်သင့်ပါတယ်။
ကလေးငယ်တွေရဲ့ အရိုးအဆစ်သန်မာခြင်း၊ မသန်မာခြင်းဟာ အသက်ကြီးလာတဲ့အခါမှာ အရိုးကျန်းမာရေးအပေါ် များစွာသက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို ဗီတာမင် ဒီနှင့် ကယ်ဆီယမ်ဓာတ် မချို့တဲ့အောင် ဂရုစိုက်ပေးခြင်းဖြင့် အရိုးအဆစ်တွေ သန်မာစေရန် ပြုစုပျိုးထောင်ပေးသင့်ပါတယ်။

Author : Dr. Aye Myat

Previous Post

ပြည့်၀တဲ့ အိပ်စက်ခြင်းနှင့် ကလေးများ၏ ကျန်းမာရေး

Next Post

အပူလောင်၊ ရေနွေးပူလောင်နှင့် ဆီပူလောင်ဒဏ်ရာတွေကို ဘယ်လိုကုသမလဲ ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အပူလောင်၊ ရေနွေးပူလောင်နှင့် ဆီပူလောင်ဒဏ်ရာတွေကို ဘယ်လိုကုသမလဲ ?

ပျိုမေတို့ စိုးရွံ့သည့် နေရောင်ခြည်နှင့် ထိတွေ့ ပြီးနောက် အသားအရောင်မညီညာခြင်းပြဿနာ

Vitamin D ကြွယ်ဝသောအစားအစာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.