fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

Stay at Home ကာလမှာ မဖြစ်မနေဖန်တီးပေးသင့်သည့် သားသားမီးမီးတို့အတွက် ကိုယ်လက်လှုပ်ရှား အားကစား

18
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/10/2020
in ကိုဗစ်ရောဂါ, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

Covid-19 ရောဂါကာကွယ်ထိန်းချုပ်နေတဲ့ကာလအတွင်းမှာ မိဘတွေအနေနဲ့ Stay at Home အစီအစဉ်အရ အိမ်မှာနေရင်း သားသားမီးမီးတို့ကို အဖော်ပြုပေးနေရတဲ့အချိန်ဖြစ်ပါတယ်။Online class တွေသင်ရင်း၊ ဝါသနာပါတဲ့ activity လေးတွေပေးလုပ်ရင်းနဲ့ တဖက်ကနေ screen time မများအောင်လဲ ဂရုစိုက်ပေးနေရမယ့်အချိန်လဲဖြစ်ပါတယ်။ အသက် ၅နှစ်မှ၁၇ နှစ်အရွယ်ဟာ တစ်နေ့တာအနေနဲ့ နေ့စဉ်တစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သင့်တယ်လို့ ကျန်းမာရေးအဖွဲ့အစည်းများက အကြံပြုကြပါတယ်။

ဖေဖေမေမေတို့အနေနဲ့ သားသားမီးမီးတွေကို အိမ်မှာနေရင်း အကျိုးရှိပြီး ကျန်းမာတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်တဲ့သူဖြစ်စေဖို့ ကိုယ်လက်လှုပ်ရှား အားကစားတွေ မဖြစ်မနေဖန်တီးပေးသင့်ပါတယ်။ ဒီလိုဖန်တီးပေးတဲ့အခါမှာ-

 

1.Get out of room

ကလေးတွေကို အိပ်ခန်းထဲမှာပဲ တနေကုန် TV ကြည့်၊ စာဖတ်တာတွေ မလုပ်စေပဲ အိမ်အတွင်း ဒါမှမဟုတ် အိမ်ခြံဝန်းထဲ လမ်းလျှောက်ခိုင်း ဆော့ကစားခိုင်းတာမျိုးလုပ်ပေးသင့်ပါတယ်။ ဒီလိုဆော့ကစားခိုင်းတာဟာ ကလေးတွေရဲ့စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်တဲ့လို့ အမေရိကန် ကလေးကျန်းမာရေးအဖွဲ့အစည်းက ဖော်ပြထားပါတယ်။

 

2.Age appropriate Exercise

သားသားမီးမီးတို့ ယောက်ျားလေး၊မိန်းကလေး၊ အသက်အရွယ်အလိုက် စိတ်ဝင်စားတဲ့၊ သင့်လျော်တဲ့ လေ့ကျင့်ခန်းအမျိုးအစား၊ အားကစားတွေဟာ ကွာခြားမှုရှိတာဖြစ်တဲ့အတွက် ဖေဖေမေမေတို့အနေနဲ့ သေချာရွေးချယ်ပြီး သင်ပေးပြင်ဆင်ပေးသင့်ပါတယ်။

 

3.Walk/jog/dance together 

လွယ်ကူတဲ့လှုပ်ရှားမှုအနေနဲ့ ဖေဖေမေမေတို့နဲ့အတူ လမ်းလျှောက်ပေးတာ တေးသီချင်းသံ မြူးမြူးကြွကြွလေးဖွင့်ပြီး ပျော်ပျော်ရွှင်ရွှင်ကခုန်တာတွေလည်း အတူလုပ်လို့ရပါတယ်။

 

4.Set time

သားသားမီးမီးတို့ကို ကိုယ်လက်လှုပ်ရှားလုပ်ဖို့ သင့်လျော်တဲ့အချိန်တစ်ခုကို သတ်မှတ်ပေးရပါမယ်။ စာသင်ချိန်၊ကစားချိန်ဖယ်ပြီး အချိန်တစ်ခု သတ်မှတ်ပေး၊ သူတို့သဘောကျတဲ့ သီချင်းလေးတွေဖွင့်ပေးပြီး လေ့ကျင့်ခိုင်းလို့ရပါတယ်။ တစ်နေ့တာအတွက် မိနစ်၆၀ခန့် အားကစားလှုပ်ရှားမှုရှိအောင် မနက်သို့ညနေ အချိန်ပိုင်းခြားပြီး အချိန်သတ်မှတ်ပေးသင့်ပါတယ်။

 

5.Home exercises

နည်းပညာတိုးတက်ထွန်းကားတဲဲ့ အခုလိုခေတ်မှာ သားသားမီးမီးတို့ကို TV, online website, YouTube channel တွေကနေ ကလေးအသက်အရွယ်အလိုက် သင့်လျော်တဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ ရှာဖွေပြီးလုပ်ဖို့ ပြင်ဆင်ပေးသင့်ပါတယ်။အချို့ link တွေကိုအောက်မှာဖော်ပြပေးထားပါတယ်

Activekids

KIDZ BOP Dance Along Videos 

Nike Training Club PE With Joe

6.Relax body and mind

ကိုယ်ခန္ဓာကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတစ်ခုအနေနဲ့ လုပ်လို့ရတဲ့ ယောဂ yoga လေ့ကျင့်မှုကိုလည်း TV channel ကရော ၊ Kid Yoga online class အနေနဲ့ Zoom/live သင်ကြားမှု၊  Cosmic Yoga Cosmic Kids Yoga’s YouTube channel The Karma Class စတဲ့ online website များမှလည်း သင်ယူလို့ရနိုင်ပါတယ်။

 

7.Reward

သားသားမီးမီးတို့ ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ အမူအကျင့်ကောင်းကို လူကြီးမိဘတွေအနေနဲ့ ချီးကျူးစကားပြောတာ၊ သူတို့သဘောကျတဲ့ ဆုလက်ဆောင်လေးတွေ ပေးတာမျိုး reward ဆုပေးသင့်ပါတယ်။

 

8.Listen your child

နောက်ဆုံးအရေးကြီးတဲ့ အချက်တစ်ခုကတော့ သားသားမီးမီးတို့အနေနဲ့ တချို့ရက်တွေမှာ ကိုယ်လက်လှုပ်ရှား မလုပ်ချင်တာမျိုးရှိနိုင်တဲ့အတွက် ဖေဖေမေမေတို့အနေနဲ့ သူတို့ရဲ့ခန္ဓာကိုယ်ကျန်းမာရေး၊ ကြံ့ခိုင်မှုအနေအထား၊ စိတ်ပျော်ရွှင်မှုအခြေအနေကို သေချာဂရုစိုက်ပြီး အတင်းဖိအားပေးလုပ်ခိုင်းတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

အိမ်မှာသားသားမီးမီးရှိတဲ့ မိဘတွေအနေနဲ့ ကလေးတွေအတွက် ကျန်းမာတဲ့နေထိုင်မှု ဘဝပုံစံရအောင် ကိုယ်လက်လှုပ်ရှား အားကစားပုံမှန်ပြုလုပ်တဲ့ အလေ့အထကောင်းလေးကို   ခုလို Stay at home ကာလမှာ အတူတကွပျော်ပျော်ရွှင်ရွှင်လေ့ကျင့်ပေးနိုင်ကြပါစေနော်……

Author : Dr. Yee Mon

Previous Post

သားသားမီးမီးတို့ရဲ့ ကိုယ်ခံစွမ်းအားနှင့် Covid 19

Next Post

ရောဂါပိုးဝင်သောအနာများကို ဘယ်လိုကုသမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
993
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
670

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရောဂါပိုးဝင်သောအနာများကို ဘယ်လိုကုသမလဲ

လေထိုး၊ လေပွခြင်းရဲ့ အန္တရာယ်

သားသားမီးမီးတို့ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ပေးခြင်းနှင့် Covid-19

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.