ခုအချိန်ဟာဆိုရင် ရောဂါပိုး ကပ်ဘေးအန္တရာယ်ကို ပြည်သူတရပ်လုံးက Stay at home အစီအစဉ်နဲ့ ကူညီနေရတဲ့ကာလဖြစ်ပါတယ်။အိမ်မှာသားသားမီးမီးရှိတဲ့ မိဘတွေအတွက်ကတော့ Stay at homeမှာ family time မိသားစုအချိန်လေး ပိုရနိုင်တဲ့ကာလလည်း ဖြစ်ပါတယ်။အရင်ကလိုအပြင်စားသောက်ဆိုင်တွေ ထွက်မစားနိုင်တဲ့အချိန်မှာ သားသားမီးမီးတို့အတွက် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ (Home cooked meals ) အစားအစာတွေကို အိမ်မှာပြင်ဆင်ပေးနိုင်ပါတယ်။
နေ့စဉ်အစားအသောက်ကို အာဟာရပြည့်ဝတဲ့ ထမင်းတစ်နပ်အဖြစ် ဖန်တီးနိုင်ဖို့အတွက်
- ဒီလိုအချိန်မှာအလွယ်တကူဝယ်လို့မှာလို့ရတဲ့ processed food/ready-to-eat meals အသင့်စားအစာတွေ၊အာဟာရပါဝင်မှုနည်းပါးပြီးကိုလက်စထရောများတဲ့ပီဇာ pizzas၊ဘာဂါ burgers၊ခေါက်ဆွဲဘူးတွေ၊အာလူးကြော်လိုဆီကြော် fries စတဲ့အစားအစာ junk food တွေကိုခနခနမှာစားမိတာဖြစ်နိုင်တဲ့အတွက်သတိပြုရပါမယ်။တပါတ်ကို delivery ကနေအသင့်စားစာကျွေးမိတဲ့ရက်ဘယ်နှကြိမ်လဲဆိုတာဂရုတစိုက်မှတ်ပြီးဆင်ခြင်သင့်ပါတယ်။
- Have regular variety of foods
ဒီကာလမှာ ကလေးတွေအနေနဲ့ အိပ်ချိန်၊ ကစားချိန်၊ စားချိန် မမှန်တာမျိုး ဖြစ်တတ်တဲ့အတွက် အစားစားချိန်ကို ပုံမှန်သတ်မှတ်ပြီး ကျွေးရပါမယ်။အစာအုပ်စု ၃ မျိုးဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ် ကစီဓါတ်၊အသားဓါတ် protein၊အသီးအရွက်စုံလင်အောင် တနေ့တမျိုးပြင်ဆင်ကျွေးမွေးသင့်ပါတယ်။
- Fruits and Veges
ဗီတာမင်ဓါတ်၊ဖိုင်ဘာအမျှင်ဓါတ်၊ အာဟာရဓါတ်အစုံရနိုင်တဲ့ လတ်ဆတ်တဲ့ ရောင်စုံအသီးအနှံ၊အစိမ်းရောင်အရွက် စုံလင်အောင် ကျွေးရပါမယ်။ အချို၊အငံ၊အဆီဓါတ်လွန်ကဲတဲ့ အစားအသောက်တွေစားတာကို ကန့်သတ်ရပါမယ်။
- Protein – အသားကျွေးရခက်တဲ့ကလေးတွေအတွက်အသားဓါတ်များတဲ့ပဲအမျိုးမျိုးကိုဖွယ်ဖွယ်ရာရာချက်ပြုတ်ပေးနိုင်ပါတယ်။ကြက်ဥ၊နို့နှင့်နို့ထွက်ပစ္စည်းတွေကိုလည်းဖြည့်စွက်ကျွေးမွေးဖို့လိုအပ်ပါတယ်။
- အစားရွေးတဲ့သားသားမီးမီးတို့ကိုကျွေးရခက်တဲ့အခါဖေဖေ၊မေမေတို့အနေနဲ့ပုံစံပြောင်းလဲပြီးပြင်ဆင်ကျွေးတာမျိုး၊တဖြေးဖြေးချင်းချော့ပြီးကျွေးတာမျိုး၊စားစေချင်တဲ့အစားအသောက်စားတဲ့အချိန်မှာသူတို့လိုချင်တဲ့ဆု၊ လက်ဆောင်တစ်ခုခုပေးတာမျိုးနဲ့ ပြောင်းလဲအောင်လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် မိသားစုအတူတကွ စုံညီလက်ဆုံစားတာက ကလေးတွေအတွက် အစားစားချင်စိတ်ပိုဖြစ်စေပါတယ်။
- A snack or two during the day
အဆာပြေမုန့် Snacks ဆိုတာ သားသားမီးမီးတို့အကြိုက်ဖြစ်တာမို့ တနေ့တနေ့စားတဲ့ snackတွေကို ဆိုဒီယမ် အငံဓါတ်လွန်ကဲတဲ့ အသင့်စား အဆာပြေမုန့်တွေအစား သန့်ရှင်းလတ်ဆတ်တဲ့ အိမ်လုပ်မုန့် ၊အသီးအနှံတွေနဲ့ အစားထိုးပြင်ဆင်ပေးသင့်ပါတယ်။
- Stay hydrated
သားသားမီးမီးတို့ကို ရေဓါတ်ပြည့်ဝအောင် ရေသန့်နဲ့ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေတိုက်ပေးသင့်ပါတယ်။ ကျန်းမာရေးအတွက် မသင့်လျော်တဲ့ အချိုဓါတ်လွန်ကဲတဲ့ ဖျော်ရည်၊သကြားဓါတ်များတဲ့အရည်တွေ သောက်တာကို ဂရုပြုရပါမယ်။
- Teach Important Life skill
အစားအသောက်ချက်ပြုတ်တဲ့နေရာမှာ သားသားမီးမီးတို့ကို အရွယ်နဲ့အလိုက် ပါဝင်စေတာ၊ အစာအုပ်စုအညီအမျှ ရွေးချယ်တတ်အောင်၊ လက်ဆေးတာ၊သန့်ရှင်းမှု၊ချက်ပြုတ်ပြင်ဆင်တာတွေ သင်ပေးပြီး ကလေးတွေအတွက် ကျန်းမာတဲ့နေထိုင်မှု ဘဝပုံစံရအောင် လေ့ကျင့်ပေးနိုင်မှာ ဖြစ်ပါတယ်။
Covid-19 ကပ်ရောဂါကြောင့် Stay-at-home အိမ်မှာပဲနေရတဲ့အချိန်မှာ အာဟာရပြည့်ဝတဲ့ ထမင်း၊ဟင်း၊မုန့်တွေကို သားသားမီးမီးတို့နဲ့အတူ ချက်ပြုတ်ပြင်ဆင်ပြီး အတူတူစားရင်း Family-bonding-time မိသားစုအချိန်ပိုရတဲ့ ကောင်းကျိုးလေးတွေရရှိနိုင်ကြပါစေနော်……