fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးများတွင် တွေ့ရသော သွေးအားနည်းရောဂါအကြောင်းသိကောင်းစရာများ။

271
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/12/2020
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

လူ့ခန္ဓာကိုယ်တွင် တွေ့ရသော သွေးထဲတွင် အဓိကအားဖြင့် သွေးဆဲလ်အမျိုးအစား သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ

  • သွေးနီဥများ
  • သွေးဖြူဥများ
  • သွေးဆဲလ်မွှားများ ဖြစ်ကြပါသည်။

၎င်းတို့အနက် သွေးနီဥများသည်‌ သွေး၏ ၄၅ ရာခိုင်နှုန်းခန့်ပါဝင်နေကြောင်းတွေ့ရှိရပါသည်။

သွေးနီဥ၏ လုပ်ငန်းများမှာ ခန္ဓာကိုယ်၏ အစိတ်အပိုင်းအသီးသီးသို့ အောက်ဆီဂျင်နှင့် ရောဂါပိုးမွှားများကို တိုက်ထုတ်ရန် ပဋိပစ္စည်းများကို ပို့ဆောင်ပေးခြင်း ဖြစ်ပါသည်။

ထိုလုပ်ငန်းများကို လုပ်ဆောင်ရန် သွေးနီဥလုံလောက်စွာမရှိခြင်း အခြေအနေကို သွေးအားနည်းရောဂါဟု သတ်မှတ်ပါသည်။

 

ကလေးများတွင် သွေးအားနည်းရောဂါ ဖြစ်ရခြင်း၏အကြောင်းရင်းများ

( ၁ )     သွေးနီဥထုတ်လုပ်မှု နည်းပါးခြင်း

အကြောင်းရင်းမှာ ကလေးများ အာဟာရဓာတ်လုံလောက်စွာ မရရှိခြင်းနှင့် သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထိုအခြေအနေကို သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းဟုခေါ်ပါသည်။

 

( ၂ )      သွေးနီဥများအလွန်အကျွံပျက်စီးခြင်း

အခြေခံရောဂါအချို့ ( သို့မဟုတ် ) မွေးရာပါ သွေးနှင့်ပတ်သက်သောရောဂါ (ဥပမာ sickle cell anaemia) ရှိသောကလေးများတွင် သွေးနီဥအလွန်အကျွံပျက်စီးခြင်းကြောင့် သွေးအားနည်းရောဂါ ဖြစ်နိုင်ပါသည်။

 

( ၃ )     သွေးဆုံးရှုံးမှု များပြားခြင်း

ထိခိုက်ဒဏ်ရာရရှိမှု နှင့် မကြာခဏနှာခေါင်းသွေးလျှံခြင်း ၊သွားဖုံးသွေးယိုခြင်းစသောအခြေအနေ များတွင် သွေးဆုံးရှုံးမှုများပြားခြင်းကြောင့် သွေးအားနည်းရောဂါခံစားရခြင်းဖြစ်ပါသည်။

သွေးအားနည်းရောဂါအမျိုးအစားများ။

ဖြစ်ပွားရသော အကြောင်းရင်းပေါ်မူတည်၍ သွေးအားနည်းရောဂါအမျိုးအစား အမျိုးမျိုးရှိပါသည်။

၎င်းတို့မှာ

( ၁ )      ( Iron deficiency anaemia )  သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ

( ၂ )         ( Megaloblastic or macrocytic anaemia ) ဗီတာမင် B12 ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ

( ၃ )        ( Haemolytic anaemia ) သွေးနီဥများ ပြိုကွဲပျက်စီးတတ်သော မွေးရာပါသွေးရောဂါကြောင့် ဖြစ်သော သွေးအားနည်းရောဂါ

( ၄ )        ( Sickled cell anaemia ) သွေးနီဥတွင်ပါဝင်သော ဟေမိုဂလိုဘင်ဓာတ်ပုံမှန်မဟုတ်သဖြင့် သွေးနီဥများပြိုကွဲမှုများသော မွေးရာပါသွေးရောဂါတစ်မျိုးကြောင့် ဖြစ်သည့် သွေးအားနည်းရောဂါ

( ၅ )        ( Thalassemia ) ပုံမှန်မဟုတ်သော သွေးနီဥများကို ထုတ်လုပ်သည့် မွေးရာပါသွေးရောဂါတစ်မျိုးကြောင့်ဖြစ်သော သွေးအားနည်းရောဂါ

( ၆ )        ( Chronic anaemia ) နာတာရှည်ရောဂါတစ်မျိုးကြောင့်ဖြစ်သော သွေးအားနည်းရောဂါ

( ၇ )        ( Aplastic anaemia ) ရိုးတွင်းခြင်ဆီမှ သွေးဆဲလ်များလုံလောက်စွာ မထုတ်လုပ်နိုင်သောကြောင့်ဖြစ်သော သွေးအားနည်းရောဂါ စသည်တို့ ဖြစ်ကြပါသည်။

 

ရောဂါလက္ခဏာများ။

သွေးအားနည်းရောဂါ ဖြစ်ပေါ်ခံစားရသောကလေးများတွင် အောက်ပါ ရောဂါလက္ခဏာများကို တွေ့ရှိရတတ်ပါသည်။

–  အလွန်အမင်းမောပန်းလွယ်ခြင်း

–  ဂနာမငြိမ်ဖြစ်ခြင်း

–  ခေါင်းကိုက်ခြင်း

–  အားနည်းနေခြင်း

–  ရင်တုန်ခြင်း

–  အသက်ရှူ မ၀ခြင်း

–  အစားအစာစားချင်စိတ် မရှိခြင်း

–  လျှာနာခြင်း၊ လျှာရောင်ရမ်းခြင်း

–  အရေပြား ဖြူဖျော့ဖျော့ ဖြစ်နေခြင်း

–  လက်သည်းကျွတ်ဆတ်ဆတ် ဖြစ်နေခြင်း

–  အနာကျက် နှေးခြင်း

–  ဖွံ့ဖြိုးကြီးထွားမှု နှေးကွေးခြင်းစသည်တို့ကို သွေးအားနည်းရောဂါရှိသော ကလေးများတွင် တွေ့ရှိရပါသည်။

 

ကုသခြင်းနည်းလမ်းများ။

–  သံဓာတ်နှင့် B12 ချို့တဲ့သောကြောင့် သွေးအားနည်းသော ကလေးများကို သံဓာတ်နှင့် B12 ကြွယ်၀သော အစားအစာများ၊ သံဓာတ်နှင့် B12 ပါသော အားဆေးများတိုက်ကျွေးပါ။

–  အကယ်၍ရောဂါ ပိုးကူးစက်ခြင်း နှင့် အခြေခံရောဂါတစ်စုံတစ်ခုကြောင့် ဖြစ်သောသွေးအားနည်း ရောဂါဖြစ်လျှင် ရောဂါဖြစ်စေသော အကြောင်းရင်းများကို ကုသရန်လိုအပ်ပါသည်။

–  နာတာရှည်သွေးအားနည်းရောဂါ အချို့တွင် သွေးသွင်းခြင်းဖြင့် ကုသမှုခံယူရန်လိုအပ်ပါသည်။

–  အချို့သော သွေးအားနည်းရောဂါဖြစ်သူများတွင် လိုအပ်သည့်အခါ သရက်ရွက်ကို ဖယ်ထုတ်သည့် ခွဲစိတ်ကုသမှုဖြင့် ကုသရကြောင်းတွေ့ရှိရပါသည်။

–  Aplastic anaemia ကဲ့သို့သော အရိုးခြင်ဆီလုပ်ငန်းမလုပ်ဆောင်နိုင်သောကြောင့် ဖြစ်သော သွေးအားနည်းရောဂါတွင် အရိုးခြင်ဆီကို လှုံ့ဆော်သောဆေးဝါးများပေးခြင်းဖြင့် ကုသနိုင်ပါသည်။

 

Author : Dr. CK

Previous Post

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ စားသုံးသင့်သော အစားအစာများ။

Next Post

မီးယပ်သွေးဆုံးမှုကြောင့် ကိုက်ခဲနာကျင်မှုအကြောင်းသိကောင်းစရာများ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
826

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
998
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မီးယပ်သွေးဆုံးမှုကြောင့် ကိုက်ခဲနာကျင်မှုအကြောင်းသိကောင်းစရာများ။

သံဓာတ်ချို့တဲ့ သွေးအားနည်း‌ရောဂါကို ဘယ်လိုကာကွယ်မလဲ။

ကလေးများ၏ အစာခြေစနစ်နှင့် Prebiotics

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.