အစာခြေဖျက်ခြင်းဆိုင်ရာ ပြဿနာသည် ကလေးများ မကြာခဏကြုံတွေ့ရသည့် ပြဿနာတစ်ခု ဖြစ်ပါသည်။
အစာခြေဖျက်ခြင်းဆိုင်ရာ ပြဿနာများကို ကြုံတွေ့ရသောအခါ လေထိုးလေအောင့် ဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းများအပါအဝင် အာဟာရဓါတ်များကို စုပ်ယူခြင်းဆိုင်ရာ ပြဿနာများကိုပါ ဖြစ်ပွားစေပါသည်။
အာဟာရဓါတ်များကို ကောင်းစွာ မစုပ်ယူနိုင်သည့်အခါ ကလေးများ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်လာစေပါတော့သည်။
ထို့ကြောင့် အစာခြေခြင်းဆိုင်ရာ ပြဿနာသည် မပေ့ါဆသင့်သော ပြဿနာ တစ်ရပ်ဖြစ်ပါသည်။
အစာခြေခြင်း ပြဿနာနှင့် ပတ်သက်လျှင် Prebiotics ဆိုသည်မှာ မသိမဖြစ် သိသင့်သော စကားလုံး တစ်ခု ဖြစ်ပါသည်။
Prebiotics ဆိုသည်မှာ ခန္ဓာကိုယ်၏ အူလမ်းကြောင်းအတွင်းတွင် နေထိုင်ကြသော အကျိုးပြု ဘက်တီးရီးယားများကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။
ထိုဘက်တီးရီးယားများသည် အစာခြေခြင်းနှင့် အာဟာရဓါတ်များကို စုပ်ယူရာတွင် မရှိမဖြစ် အရေးပါသော အရာများ ဖြစ်ကြပါသည်။
ထို့ကြောင့် စားသုံးလိုက်သော အစားအစာများကို ကောင်းမွန်စွာ ခြေဖျက်နိုင်ရန်နှင့် ခြေဖျက်ပြီးသော အာဟာရဓါတ်များကို ကုန်စင်အောင် စုပ်ယူနိုင်ဖို့ဆိုလျှင် Prebiotics များသည် မရှိမဖြစ် အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်ကူညီနေပါသည်။
ထို Prebiotics များအနက် Long chain Fructo-oligosaccharides သည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။
အတိုကောက်အားဖြင့် LcFOS ဟုခေါ်သော အဆိုပါ Prebiotics များသည် အူလမ်းကြောင်းအတွင်းတွင် အစာခြေဖျက်ခြင်းနှင့် အာဟာရဓါတ်များကို အပြည့်အဝ စုပ်ယူနိုင်အောင် ကူညီပေးပါသည်။
ထို့အပြင် အူနံရံများကို ထူထဲလာအောင် ကူညီပေးခြင်းအားဖြင့်ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေသော ဘက်တီးရီးယားပိုးများကို အူနံရံကို ဖြတ်သန်းပြီး သွေးကြောများအတွင်းသို့ ဝင်ရောက်သွားခြင်း မရှိစေရန် ကာကွယ်ပေးနိုင်ပါသည်။
ထို့ကြောင့် ခုခံအားစနစ်တွင်လည်း LcFOS များက တစ်ထောင့် တစ်နေရာမှ ပါဝင် ကူညီပေးပါသည်။
LcFOS များကို ကြက်သွန်နီ၊ ကြက်သွန်ဖြူများတွင် တွေ့ရှိရပါသည်။ ထို့ကြောင့် ကလေးများအား ဖြည့်စွက် အစာများကျွေးမွေးသောအခါ ကြက်သွန်ဖြူ ကြက်သွန်နီပါဝင်သော ဖြည့်စွက်အစာများအား များများကျွေးသင့်ပါသည်။
ထို့အပြင် ငှက်ပျောသီးကို ခြေ၍လည်းကောင်း၊ အာလူးကို ပြုတ်ပြီး ခြေ၍လည်းကောင်း ကျွေးမွေးနိုင်ပါသည်။
ထို့အပြင် LcFOS သည် ကညွတ်နှင့် ယာကွန်းဥတို့တွင်လည်း ပါဝင်ပါသည်။
ထို့ကြောင့် ကလေးများ၏ အစာခြေဖျက်ခြင်းကို ကူညီပေးသည့် သူရဲကောင်းဖြစ်သည့် LcFOS ကို ကလေးများအား လုံလောက်ပြည့်ဝအောင် ကျွေးမွေးသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။
Author : Dr. သန့်