ကလေးများ ကြီးထွားဖွံ့ဖြိုးနေစဉ်ကာလတွင် အာဟာရများကို အမျိုးအစားစုံလင်စွာနှင့် လုံလောက်ပြည့်မီအောင် ရရှိဖို့သည် လွန်စွာမှ အရေးကြီးပါသည်။
ထိုသို့ရရှိနိုင်ရန်အတွက် အာဟာရဓါတ်များကို စုံလင်အောင် စားသုံးရန်သာမက စားသုံးလိုက်သော အာဟာရဓါတ်များကို ကောင်းစွာခြေဖျက်ရန်၊ ခြေဖျက်ပြီးသော အာဟာရဓါတ်များကိုလည်း ကောင်းစွာ စုပ်ယူနိုင်ရန် အရေးကြီးလှပါသည်။
ထိုသို့ ခြေဖျက် စုပ်ယူနိုင်ရန်အတွက် အစာခြေစနစ်သည် လွန်စွာမှ အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်လာပါသည်။
ထို့ကြောင့် ကလေးများတွင် အစာခြေစနစ်ကို ကျန်းမာကောင်းမွန်အောင် လုပ်ဆောင်ပေးရန်သည် မေမေတို့အတွက် အရေးကြီးလှပါသည်။
ထို့ကြောင့် ကလေးများကို ကျွေးမွေးသော အစားအစာများတွင် အာဟာရဓါတ်များ စုံလင်စွာ ပါဝင်အောင် လုပ်ဆောင်သင့်သကဲ့သို့ အစာခြေစနစ်ကို အထောက်အကူပြုသော အစာအဟာရများ ပါဝင်အောင်လည်း မေမေတို့က ဂရုစိုက်ကျွေးမွေးသင့်လှပါသည်။
အစာခြေစနစ်ကို အထောက်အကူပြု ကူညီပေးသော အရာများစွာရှိပါသည်။ ၎င်းတို့ထဲတစ်ခုသည် Probiotics ဟုခေါ်သော အူလမ်းကြောင်းအတွင်းနေထိုင်ကြသည့် ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများဖြစ်ပြီး အခြားတစ်ခုမှာ ထိုဘက်တီးရီးယားများ၏ ကြီးထွားဖွံ့မှုကို အထောက်အကူပြုသော Prebiotics ဟုခေါ်သော အစားအစာများ ဖြစ်ပါသည်။
ထို Prebiotics များနှင့် Probiotics များသည် ကလေးများ၏ အစာခြေဖျက်မှုကို များစွာ အထောက်အကူပေးနိုင်ရုံသာမက ခြေဖျက်ပြီးသော အာဟာရဓါတ်များကို စုပ်ယူရန်အတွက်လည်း များစွာကူညီပေးပါသည်။
အကျိုပြု ဘက်တီးရီးယားများ၏ ပွားများမှုကို အထောက်အကူပြုသော Prebiotics များအနက် LcFOS သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
LcFOS သည် ကလေးများ၏ အစာခြေစနစ်ကို ဘက်ပေါင်းစုံမှ အထောက်အကူပြုပါသည်။
အစာခြေဖျက်ခြင်း၊ အာဟာရဓါတ်များကို စုပ်ယူခြင်းသာမက ကလေးများတွင် အဖြစ်များတတ်သော လေပွခြင်း၊ လေထခြင်း၊ လေထိုးလေအောင့်ခြင်းများကိုလည်း သက်သာ ပျောက်ကင်းအောင် လုပ်ဆောင်ပေးနိုင်ပါသည်။
ထို့အပြင် ဝမ်းပျက်ဝမ်းလျှောခြင်းများကိုလည်း ကာကွယ်ပေးနိုင်သလို သက်သာပျောက်ကင်းအောင်လည်း ကူညီပေးနိုင်ပါသည်။
LcFOS ကို အာလူး၊ ငှက်ပျောသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကညွတ်၊ ပဲပိုးတီ၊ ပန်ဂေါ်ဖီစိမ်း၊ ဂျုံစသည်တို့တွင် တွေ့ရပါသည်။ ထိုအစားအစာများထဲမှ အများစုသည် သားသားမီးမီးများကို ကျွေးမွေးရန် မလွယ်ကူသော အစားအစာများ ဖြစ်နေပါသည်။
ထိုသို့ LcFOS ကြွယ်ဝသော အစားအစာများကို သားသားမီးမီးတို့ကို ကျွေးမွေးရန် ခက်ခဲနေပါက LcFOS ကို ထည့်သွင်း ထုတ်လုပ်ထားသော နို့မှုန့်များကို သားသားမီးမီးတို့အား တိုက်ကျွေးနိုင်ပါသည်။
နို့မှုန့်များ တိုက်ကျွေးသောအခါ သားသားမီးမီးတို့ ကြုံတွေရတတ်သည့် ပြဿနာတစ်ခုမှာ ဝမ်းချုပ်ခြင်းဖြစ်ပါသည်။ သို့သော် ထိုပြဿနာကို LcFOS က ဖြေရှင်းပေးနိုင်ပါသည်။ LcFOS သည် သားသားမီးမီးတို့ကို ဝမ်းမချုပ်စေရန်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါသည်။
ထို့ကြောင့် ကလေးများ၏ အစာခြေစနစ်ကို များစွာ အကျိုးပြုသော LcFOS ပါဝင်သည့် အစားအစာများ သို့မဟုတ် ဖြည့်စွက်အာဟာရ၊ နို့မှုန့်များ မေမေတို့အနေဖြင့် သားသားမီးမီးတို့ကို တိုက်ကျွေးခြင်းအားဖြင့် အာဟာရပြည့်ဝပြီး ထူးချွန်ထက်မြက်အောင် ပြုစုပျိုးထောင်နိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
Author : Dr. သန့်