fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

သားသားမီးမီးတို့အတွက် အရေးပါသည့် သံဓာတ်။

153
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/01/2021
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးများတွင် အဖြစ်များသော ရောဂါပြဿနာများတွင် သွေးအားနည်းရောဂါသည် တစ်ခုအပါအဝင်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

သွေးထဲတွင် သွေးနီဥများ သို့မဟုတ် ဟေမိုဂလိုဘင် အရေအတွက် ပုံမှန်ထက်လျော့နည်းနေခြင်း အခြေအနေကို သွေးအားနည်းရောဂါဟု သတ်မှတ်ပါသည်။

သားသားမီးမီးတို့တွင် အဖြစ်များသော သွေးအားနည်းရောဂါကို အောက်ပါအတိုင်း အမျိုးအစားများ ခွဲခြားနိုင်ပါသည်။

 

– သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ ။

သံဓာတ်သည် သွေးနီဥများတွင် ရှိသော ဟေမိုဂလိုဘင်ဒြပ်ပေါင်းများ ဖွဲ့စည်းခြင်းဖြစ်စဉ်တွင် အဓိကလိုအပ်သော အာဟာရဓာတ်တစ်မျိုး ဖြစ်ပါသည်။

ထို့ကြောင့် သွေးထဲတွင် သံဓာတ်ချို့တဲ့သည့်အခါမျိုးတွင် သွေးအားနည်းရောဂါကို ဖြစ်ပေါ်ခံစားရခြင်း ဖြစ်ပါသည်။ ၎င်းသည် သားသားမီးမီးတို့တွင် အဖြစ်များဆုံးသော သွေးအားနည်းရောဂါ အမျိုးအစားဖြစ်ကြောင်း တွေ့ရှိရပါသည်။

 

–  Folic acid or vitamin B-12 ချို့တဲ့ခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါ။

 

Folic acid သို့မဟုတ် Vitamin B -12 ဓာတ်များချို့တဲ့ခြင်းကြောင့် ဖြစ်သည့် သွေးအားနည်းရောဂါ အမျိုးအစားတွင် သွေးနီဥအရွယ်အစားသည် ပုံမှန်ထက်ပို၍ ကြီးနေကြောင်း တွေ့ရှိရပါသည်။

 

 

– သွေးနီဥများ ပြိုကွဲခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါ။

 

အလွန်ဆိုးရွားသော ရောဂါပိုးကူးစက်ခံရခြင်း သို့မဟုတ် အချို့သော ဆေးဝါးများကြောင့် သွေးနီဥများ ပြိုကွဲခြင်းဖြစ်စေပြီး သွေးအားနည်းရောဂါ ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။

 

– Sickle cell anemia

 

‌မျိုးရိုးလိုက်သော သွေးအားနည်းရောဂါ အမျိုးအစားတစ်မျိုးဖြစ်ပြီး သွေးနီဥများပုံမှန်မဟုတ် သောကြောင့်ဖြစ်သော ရောဂါအမျိုးအစားဖြစ်ပါသည်။

 

 

– Cooley’s anemia (thalassemia). 

 

ကလေးများတွင်တွေ့ရှိရသော မျိုးရိုးလိုက်သည့် သွေးအားနည်းရောဂါအမျိုးအစားတစ်မျိုးဖြစ်ပြီး  သွေးနီဥပုံမှန်မဟုတ်ခြင်း လက္ခဏာများကို‌ တွေ့ရှိနိုင်ပါသည်။

 

 

–Aplastic anaemia

 

               ရိုးတွင်းခြင်ဆီလုပ်ငန်းအားနည်းခြင်းကြောင့် သွေးအတွင်းတွင်ရှိသော သွေးနီဥများ ၊ သွေးဖြူဥများနှင့် သွေးဆဲလ်မွှားများ မထုတ်လုပ်နိုင်သည့်အတွက်ကြောင့်ဖြစ်သော သွေးအားနည်း ရောဂါအမျိုးအစား ဖြစ်ပါသည်။

 

သံဓာတ်သည်  သွေးနီဥများအတွင်းရှိ‌ ဟေမိုဂလိုဘင်ဓာတ်များ ဖြစ်ပေါ်ဖွဲ့စည်းခြင်းတွင် မရှိမဖြစ်လိုအပ်သော အာဟာရတစ်မျိုးဖြစ်ပါသည်။

ဟေမိုဂလိုဘင်ဓာတ်များသည် သွေးတွင်းရှိ အောက်ဆီဂျင်ကို ခန္ဓာကိုယ် အစိတ်အပိုင်းများဆီသို့ သယ်ယူပို့ဆောင်ပေးသော လုပ်ငန်းကို လုပ်ဆောင်ပါသည်။

ထို့ကြောင့် သံဓာတ်သည် အောက်ဆီဂျင်ကို ပို့ဆောင်ပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း တွေ့ရှိရပါသည်။

 

အောက်ပါတို့သည် သံဓာတ်၏ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးပြုသော လုပ်ငန်းများ ဖြစ်ကြပါသည်။

– သွေးတွင်းရှိ အောက်ဆီဂျင်ကို ခန္ဓာကိုယ် အစိတ်အပိုင်းများဆီသို့ ပို့ဆောင်ပေးခြင်း

 

–  ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အားပေးကူညီခြင်း

 

– ကြွက်သားလုပ်ငန်းများကို အထောက်အပံ့ပေးခြင်း

 

– သွေးအားနည်းရောဂါကို ကာကွယ်ကုသခြင်း

 

– ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း

 

– ဆံပင် ၊ လက်သည်းနှင့် အရေပြားကျန်းမာရေးကို ကောင်းမွန်စေခြင်း

 

– နာတာရှည်ရောဂါအချို့ကို ခုခံတိုက်ခိုက်ပေးခြင်း စသည့် ကောင်းကျိုးများကို တွေ့ရှိရပါသည်။

 

ရောဂါ လက္ခဏာများ

            အောက်ပါတို့သည် သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါခံစားနေရသည့် ကလေးများတွင် တွေ့ရှိရသော ရောဂါ လက္ခဏာများ ဖြစ်ကြပါသည်။

 

– ပုံမှန်ထက် မောပန်းလွယ်ခြင်း

 

– အားနည်းခြင်း

 

–  နှုတ်ခမ်း ၊ မျက်ခွံအောက်ပိုင်းနှင့် အရေပြားဖြူဖျော့နေခြင်း

 

– ရင်တုန်ခြင်း

 

– ခုခံအားကျ၍ မကြာခဏ ဖျားနာခြင်း

 

– ခြေဖျားလက်ဖျားအေးစက်ခြင်း

 

– ဆံပင်များခြောက်သွေ့၍ ကျွတ်လွယ်ခြင်း

 

– လက်သည်းများကျွတ်ဆတ်၍ ကျိုးလွယ်ခြင်း

 

– ပါးစပ်နှင့်လျှာတွင် အနာများဖြစ်၍ ရောင်ရမ်းခြင်း စသည့် လက္ခဏာများကို သံဓာတ်ချို့တဲ့ခြင်း

ကြောင့် ဖြစ်သော သွေးအားနည်းရောဂါခံစားနေရသည့် ကလေးများတွင် တွေ့ရှိရပါသည်။

 

ထို့ကြောင့် သံဓာတ်သည် သားသားမီးမီးတို့၏ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ကျန်းမာရေး အတွက် အလွန်အရေးပါသော အာဟာရဓာတ်တစ်မျိုး ဖြစ်သည့်အတွက်  မိခင်တို့အနေနှင့် သံဓာတ် ကြွယ်၀သော အစားအစာများကို ကလေးများအား ကျွေးပေးရန် လိုအပ်ပါသည်။

 

 

သံဓာတ်ကြွယ်၀သော အစားအစာများ

သံဓာတ်ကြွယ်၀သော အစားအစာများမှာ

– အမဲသား၊ ဆိတ်သား ၊ ဘဲသား

– ကြက်အသည်း ၊ ဝက်အသည်း

– ကြက်ဥဘဲဥများ

– ဆာဒင်းငါး

– ဆော်လမွန်ငါး

– ပဲအမျိုးမျိုး

– တိုဖူး

– ကန်စွန်းရွက်

– ဟင်းနုနွယ်

– ဘရိုကိုလီ အစရှိသော ဟင်းသီးဟင်းရွက်များ စသည်တို့သည် သံဓာတ်ကြွယ်၀သော အစားအစာများ ဖြစ်ကြပါသည်။

 

ထို့အပြင် သံဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်ရန် အတွက် သံဓာတ်ပြည့်၀သော အစားအစာများကို စားသုံးရုံမက သံဓာတ်စုပ်ယူခြင်းကို အားပေးသော အစားအစာများနှင့် တွဲ၍ စားသုံးသင့်ကြောင်း တွေ့ရှိရပါသည်။

 

သို့မှသာ ကလေးများအတွက် အရေးပါသော သံဓာတ်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနို်င်မည် ဖြစ်ပါသည်။

ဗီတာမင် စီ သည် သံဓာတ်စုပ်ယူခြင်းကို ကောင်းစွာ အထောက်အကူပြုသော အစာအာဟာရဓာတ် တစ်မျိုးဖြစ်ပါသည်။

ထို့ကြောင့် မိခင်တို့အနေနှင့် သားသားမီးမီးများအား သံဓာတ်ပါဝင်သော အစားအစာများကို ကျွေးပေးရုံသာမက Vitamin C ကြွယ်၀သော အစားအစာများနှင့် လည်း တွဲဖက်၍ ကျွေးသင့် ကြောင်း အကြံပြုလိုပါသည်။

 

အောက်ပါတို့သည် ဗီတာမင် စီ ကြွယ်၀သော အစားအစာများဖြစ်ကြပါသည်။

 

၎င်းတို့မှာ

– ချဉ်သော သစ်သီးများ (ဥပမာ သံပုရာသီး၊ သံပယိုသီး၊ နာနတ်သီး၊

စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ ကီဝီသီး၊ မာလကာသီးစသော သစ်သီးအမျိုးမျိုး )

– အစိမ်းရောင် အရွက်ရှိသော ဟင်းသီးဟင်းရွက်များ

– ငရုတ်သီးစိမ်း

– ငရုတ်ပွသီး

– ခရမ်းချဉ်သီး စသည့်အစားအစာများကို သံဓာတ်ကြွယ်၀သော အစားအစာများနှင့် တွဲ၍ စားသုံး သင့်ကြောင်း အကြံပြုအပ်ပါသည်။

Author : Dr. CK

Previous Post

သံဓာတ်လွန်ကဲနေသော သူများတွင် သံဓာတ်လျှော့ချဖို့ ဘာတွေစားသင့်သလဲ။

Next Post

ကလေးများနှင့် အာဟာရချို့တဲ့ခြင်းပြဿနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
993
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
670

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများနှင့် အာဟာရချို့တဲ့ခြင်းပြဿနာ

ဘယ်လိုအစားအစာတွေက သံဓါတ်စုပ်ယူမှုကို တားဆီးနိုင်သလဲ

သက်သတ်လွတ်စားသောသူများတွင် သံဓာတ်ချို့တဲ့ခြင်းမှ ဘယ်လိုကာကွယ်မလဲ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.