fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးတွေရဲ့ ထိခိုက်ဒဏ်ရာအမာရွတ်တွေ သက်သာစေဖို့ဆိုရင်

329
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/06/2021
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

သားသားမီးမီးတို့၏ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်ပေါ်လာသော အမာရွတ်များကို သက်သာစေရန်အတွက် အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်ပါသည်။

( ၁ ) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်တွင် ပျက်စီးသွားသော အရေပြားရှိ ဆဲလ်သေများကို အသစ်ပြန်လည်ဖြစ်ပေါ်စေရန် အားပေးကူညီပေးနိုင်သည့် အာနိသင်ရှိကြောင်း လက်ခံယုံကြည် ထားကြပါသည်။ထို့ပြင် ရှားစောင်းလက်ပပ်တွင် အရေပြားကျန်းမာရေးကို အထောက်အကူပြုသော Vitamin C, Vitamin E စသည့် အာဟာရဓာတ်များလည်း ပါဝင်သဖြင့် အမာရွတ်များကို မှေးမှိန်သက်သာစေနိုင်သည့်အပြင် အခြားအရေပြားပြဿနာများစွာကိုလည်း ဖြေရှင်းပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

အသုံးပြုရန်နည်းလမ်း
ရှားစောင်းလက်ပပ်၏အနှစ်ကို အမာရွတ်အပေါ်တွင် လိမ်း၍ စက်ဝိုင်းပုံစံအတိုင်း နှိပ်နယ်ပေးပါ။
နာရီဝက်ခန့်အကြာတွင် ရေအေးဖြင့် ဆေးကြောသန့်စင်ပေးပါ။
အထက်ပါနည်းလမ်းအတိုင်း တစ်နေ့လျှင် နှစ်ကြိမ်ခန့်ပြုလုပ်ပေးပါ။

( ၂ ) Vitamin E
Vitamin E သည် အရေပြားကျန်းမာရေးအတွက် အောက်ပါကောင်းကျိုးများစွာ ပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
– အမာရွတ်များဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးခြင်း သို့မဟုတ် မှေးမှိန်သွားစေရန် ကူညီပေးခြင်း
– အရေပြားကို ရေဓာတ်ဖြည့်ပေးခြင်း
– အနာကျက်စေခြင်း
– အရေပြားကင်ဆာရောဂါကို ကာကွယ်ခြင်း
– အရေပြားယားယံခြင်းကို လျော့နည်းစေခြင်း
– အရေပြားနှင်းခူရောဂါကို သက်သာစေခြင်း
– အရေပြားနေလောင်ဒဏ်မှ ကာကွယ်ပေးခြင်းစသည့် ကောင်းကျိုးများကို တွေ့ရှိရပါသည်။

အသုံးပြုရန်နည်းလမ်း
ဗီတာမင်အီး ဆေးတောင့်ကိုဖွင့်၍ အထဲမှဆေးရည်ကို အမာရွတ်အပေါ်တွင် လိမ်းပေးပါ။ ထို့နောက် ၁၀ မိနစ်ခန့် နှိပ်နယ်ပေးပြီး ရေနွေးဖြင့် ဆေးပေးပါ။ အထက်ပါနည်းလမ်းအတိုင်း တစ်နေ့လျှင် သုံးကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါသည်။

( ၃ ) ပျားရည်
ပျားရည်သည် အမာရွတ်များကို သက်သာမှေးမှိန်စေရန် အားပေးကူညီနိုင်သည့် အာနိသင်ရှိသည့်အပြင် အရေပြားဆိုင်ရာ အခြားကောင်းကျိုးများစွာကိုလည်း ပေးစွမ်းနိုင်ကြောင်း တွေ့ရှိရပါသည်။
– မျက်နှာအရေပြားကို သန့်စင်စေနိုင်သည့် အာနိသင်ရှိခြင်း
– ဝက်ခြံထွက်ခြင်းကို ကုသရာတွင် အားပေးကူညီပေးခြင်း
– အသားအရေခြောက်သွေ့ခြင်းမှ ကာကွယ်ပေးခြင်း
– အသက်အရွယ်အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း စသည့် ကောင်းကျိုးများစွာ ရှိကြောင်း လေ့လာချက်များအရ သိရှိရပါသည်။

အသုံးပြုရန်နည်းလမ်း
အမာရွတ်ရှိသည့်နေရာကို ဦးစွာ ဆေးကြောသန့်စင်ပေးပါ။ ထို့နောက် ပျားရည်ကို အမာရွတ်ပေါ်တွင် လိမ်း၍ အရေပြားအတွင်းသို့ ဝင်စေရန် ၁၀ မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးလျှင် ရေဖြင့် ဆေးကြောသန့်စင်ပေးပါ။
အထက်ပါအတိုင်း ညစဉ်အိပ်ရာမဝင်ခင်တွင် ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်များကို သက်သာပျောက်ကင်းစေနိုင်ပါသည်။

( ၄ ) ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်တွင် အရေပြားဆိုင်ရာကျန်းမာရေးအတွက် အောက်ဖော်ပြပါကောင်းကျိုး များရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
– ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးခြင်း
– နေလောင်ဒဏ်မှ ကာကွယ်ပေးခြင်း
– အရေပြားဆဲလ်အသေများကို ဖယ်ရှား၍ ဆဲလ်အသစ်များကို ဖြစ်စေခြင်း
– အရေပြားချွေးပေါက်များကို ကျဉ်းစေ၍ အသားအရေကို တင်းရင်းစေနိုင်ခြင်း
– အသက်ကြီးလျှင် ထွက်လာတတ်သော အမည်းစက်များ နှင့် အရေပြားတွန့်ခြင်းကို ကာကွယ်ပေးခြင်းစသည့် ကောင်းကျိုးများကို ပေးစွမ်းနိုင်ပါသည်။

အသုံးပြုရန်နည်းလမ်း
ပန်းသီးရှာလကာရည် နှစ်ဇွန်းနှင့် ရေ လေးဇွန်းခန့်ကို ရော၍ မွှေပါ။
ထို့နောက် သန့်စင်သော ဂွမ်းလုံးလေးဖြင့် ၎င်းအရည်ကို စွတ်၍ အမာရွတ်ပေါ်တွင် သုတ်လိမ်းပေးပါ။
ပြီးလျှင် အမာရွတ်နေရာကို ခြောက်အောင်ထားပါ။
အထက်ပါနည်းလမ်းအတိုင်း ညစဉ် လုပ်ဆောင်ပေးပြီး နံနက်အိပ်ရာမှ နိုးထလာသည့်အချိန်တွင် ရေဖြင့် ဆေးကြောသန့်စင်ပေးပါ။

( ၅ ) သံလွင်ဆီ
သံလွင်ဆီသည် အသားအရေစိုပြည်လှပစေရန် များစွာအကျိုးပြုနိုင်သော အဆီတစ်မျိုးအဖြစ် လက်ခံယုံကြည်ထားကြပါသည်။
– လိမ်းထားသည့် မိတ်ကပ်များနှင့် နေလောင်ကာ ခရင်မ်များကို ဖယ်ရှားပေးခြင်း
– ခြောက်သွေ့သော အသားအရေကို ရေဓာတ်ဖြည့်ပေးခြင်း
– ပျက်စီးသွားသော အရေပြားတစ်ရှူးများကို ပြန်လည်ပြုပြင်ပေးခြင်း
– အရေပြားချွေးပေါက်များကို ကျဉ်းစေ၍ အရေပြားတင်းရင်းစေခြင်း
– အသားအရေအိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း စသည့် ကောင်းကျိုးများကို ပေးစွမ်းနိုင်ကြောင်းလေ့လာတွေ့ရှိရပါသည်။
အသုံးပြုရန်နည်းလမ်း။
သံလွင်ဆီကို အမာရွတ်အပေါ်တွင် လိမ်း၍ ၅ မိနစ်ခန့် နှိပ်နယ်ပေးပါ။
ထို့နောက် မိနစ် ၃၀ အကြာတွင်မှ ရေဖြင့် ဆေးကြောပေးပါ။

( ၆ ) သံပရာရည်
သံပုရာသီးတွင် ဗီတာမင်စီ ဓာတ်များပေါများစွာ ပါဝင်သည့်အတွက် အသားအရေကြည်လင်လှပစေရန် များစွာ အထောက်အကူပြုသော သစ်သီးတစ်မျိုး ဖြစ်ပါသည်။
– အသားအရေကို ရေဓာတ်ဖြည့်ပေးခြင်း
– အရေပြားကို ကြည်လင်တောက်ပစေခြင်း
– ဝက်ခြံထွက်ခြင်းကို ကုသပေးခြင်း
– အရေပြားရှိပိုးမွှားများကို သေစေသည့် အာနိသင်ရှိခြင်း
– အသားအရေတင်းရင်းစေသည့် ကော်လာဂျင်ဓာတ်ကို များပြားလာစေခြင်းစသည့် ကောင်းကျိုးများစွာရှိသဖြင့် အသားအရေထိန်းသိမ်းရန်အတွက် အသုံးပြုရန် အလွန်သင့်လျော်ကြောင်း တွေ့ရှိရပါသည်။

အသုံးပြုရန်နည်းလမ်း
သံပရာရည်ကို အမာရွတ်အပေါ်တွင် လိမ်း၍ ၁၀ မိနစ်ခန့် နှိပ်နယ်ပေးပါ။
ထို့နောက် ရေအေးဖြင့် သန့်စင်ပေးပါ။
အထက်ပါနည်းလမ်းအတိုင်း နေ့စဉ်ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်များကို သက်သာလျော့ပါးစေနိုင်မည် ဖြစ်ပါသည်။

Author: Dr. မွန်

Previous Post

ကလေးများအာရုံကြောဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အာဟာရဓာတ်များ

Next Post

သားသားမီးမီးတို့စားတဲ့အစားအစာတွေမှာ DHA ဓာတ်ပြည့်ဝခဲ့မယ်ဆိုရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
253

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
307

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
808

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
980
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
659

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားသားမီးမီးတို့စားတဲ့အစားအစာတွေမှာ DHA ဓာတ်ပြည့်ဝခဲ့မယ်ဆိုရင်

သားသားမီးမီးတို့ရဲ့မျက်စိကျန်းမာရေးအပေါ် DHA က ဘယ်လိုအကျိုးသက်ရောက်လဲ

သားသားမီးမီးတို့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက် DHA အရေးပါပုံ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.