fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

DHA ချို့တဲ့လျှင် တွေ့ရသောလက္ခဏာများ

239
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/06/2021
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

DHA (Decoxahexae Onic Acid) ဆိုတာ လူအများသိကြတဲ့ ငါးကြီးဆီရဲ့ ပါဝင်ပစ္စည်းဖြစ်တဲ့ Omega-3 Fatty Acid တစ်မျိုး ဖြစ်ပါတယ်။ DHAဟာ လူသားတွေရဲ့ ခန္ဓာကိုယ်ဆဲလ်တွေမှာလဲ ပါရှိပြီး ကျန်းမာရေးအတွက် အများကြီး လုပ်ဆောင်ပေးပါတယ်။  DHA ရဲ့ ကောင်းကျိုးတွေကတော့ –

• အရိုးအဆစ်များ ရောင်ရမ်း၊ နာကျင်ခြင်းကို သက်သာစေပြီး အရိုးကျန်းမာရေးကို အထောက်အကူပြုခြင်း၊
• အမြင်အာရုံကြည်လင်စေပြီး အထူးသဖြင့် ကလေးများတွင် မျက်စိကျန်းမာရေးပြဿနာများအား လျော့ကျစေခြင်း၊
• အယ်ဇိုင်းမားရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ ADHD အစရှိတဲ့ စိတ်ကျန်းမာရေးအခြေအနေတွေမှာ ခံစားရတဲ့ လက္ခဏာဝေဒနာတွေကို သက်သာစေခြင်း၊
• သွေးတွင်းအဆီဓာတ်များနှင့် သွေးပေါင်ကို ထိန်းညှိပေးတာကြောင့် နှလုံးရောဂါကို ကာကွယ်ပေးခြင်း၊
• ကိုယ်တွင်းရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့အတွက် နာတာရှည်ရောဂါအချို့နှင့် ကင်ဆာဖြစ်ပွားနှုန်းအချို့ကိုပါ လျှော့ချပေးနိုင်ပါတယ်။

DHA ချို့တဲ့ခြင်း
လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ DHA ကို လုံလောက်တဲ့ပမာဏ မထုတ်လုပ်ပေးနိုင်ပါဘူး။ ဒါကြောင့် DHA ပါဝင်တဲ့ Omega-3 Fatty Acid ကြွယ်ဝတဲ့ အစားအသောက်၊ ဖြည့်စွက်စာတွေကို စားသုံးပေးရပါတယ်။ အဲဒီအစားအစာတွေကို လုံလောက်စွာ မစားပေးရင် တစ်ခါတစ်ရံ DHA ချို့တဲ့တဲ့ဖြစ်စဥ်တွေကို ကြုံရတတ်ပါတယ်။ ထို့ပြင် ပရိုတိန်းဓာတ်များတဲ့ အနီရောင်အသား လွန်ကဲစွာစားခြင်းစတဲ့ အချို့အစားအသောက်ပုံစံတွေကလဲ ကိုယ်တွင်း Omega-3 fatty acid တွေကို ကျဆင်းစေပါတယ်။

DHA ချို့တဲ့လျှင် တွေ့ရှိရသည့် လက္ခဏာများမှာ-
1. အရေပြားခြောက်သွေ့ ယားယံခြင်း၊ ဝက်ခြံများထွက်ခြင်း
2. ဆံပင်များ ခြောက်သွေ့ ကြွပ်ဆတ်၍ ဆံပင်အလွန်ကျွတ်ခြင်း၊ ဗောက်ထခြင်း
3. မျက်စိခြောက်သွေ့ယားယံခြင်း
4. အလွယ်တကူ ပင်ပန်းနုံးချိခြင်း၊ အိပ်ရေးမဝခြင်း
5. အရိုးအဆစ်များ ရောင်ရမ်းခြင်း၊ ကိုက်ခဲခြင်းနှင့် ကြွက်တက်ခြင်း
6. ပန်းနာရင်ကျပ်၊ နှင်းခူ အစရှိတဲ့ ဓာတ်မတည့်ခြင်းရောဂါများ ခဏခဏဖြစ်ပွားခြင်း
7. သွေးတွင်းအဆီဓာတ်နှင့် သွေးပေါင်ထိန်းညှိရန် ခက်ခဲခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေမြင့်မားခြင်း
8. အာရုံစူးစိုက်ရခက်ခဲခြင်း၊ စိတ်အတက်အကျမြန်ခြင်း
9. အမျိုးသမီးများတွင် ဓမ္မတာမမှန်ခြင်း
10. ငယ်ရွယ်စဥ်ကာလ DHA လုံလောက်စွာ မရခဲ့တဲ့ ကလေးတွေမှာဆိုလျှင် သင်ယူရခက်ခဲခြင်း၊ စိတ်ခက်ထန်ရန်လိုတတ်ခြင်း၊ အာရုံစိုက်ရန် (သို့) ငြိမ်သက်စွာနေဖို့ ခက်ခဲတဲ့ ADHD (Attention Deficit Hyperactivity Disorder) ခံစားရခြင်း၊ မျက်စိအမြင်အာရုံပြဿနာများ ခံစားရခြင်းတို့ပဲ ဖြစ်ပါတယ်။

DHA ချို့တဲ့ခြင်းလက္ခဏာအချို့ဟာ သံဓာတ်၊ ဒါမှမဟုတ် Calcium ဓာတ်ချို့တဲ့ခြင်း လက္ခဏာတွေ ဆင်တူတာကြောင့် လူနာအများစုက မိမိကိုယ်ကို DHA ချို့တဲ့နေမှန်း သတိမထားကြပါဘူး။ ဒါကြောင့် မိမိမှာ အထက်ပါ လက္ခဏာတွေ ခံစားရလျှင် သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများနှင့် သွားရောက်ပြသပြီး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Author: Dr. Aye Chan Moe

Previous Post

ရေဓာတ်ပြည့်ဝတဲ့ အသားအရေပိုင်ဆိုင်ဖို့

Next Post

DHA က သားသားမီးမီးတို့ အိပ်စက်ခြင်းအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
253

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
307

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
808

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
980
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
659

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

DHA က သားသားမီးမီးတို့ အိပ်စက်ခြင်းအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ

ကလေးများကျန်းမာရေးအတွက် DHA က ဘာတွေအကျိုးပြုလဲ

ကလေးများကျန်းမာရေးအတွက် DHA က ဘာတွေအကျိုးပြုလဲ (အပိုင်း-၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.