fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

သားသားမီးမီးတို့စားတဲ့အစားအစာတွေမှာ DHA ဓာတ်ပြည့်ဝခဲ့မယ်ဆိုရင်

110
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/06/2021
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

သားသားမီးမီးတို့ကလေးအရွယ်သည် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးတိုးတက်ရန်အတွက် အလွန်အရေးပါသော အရွယ်ဖြစ်ပါသည်။  ငယ်ရွယ်စဉ်ကာလတွင် သားသားမီးမီးတို့၏ခန္ဓာကိုယ်သည် တည်ဆောက်ပုံအရသာမက ခန္ဓာကိုယ်တွင်း လုပ်ငန်းဆောင်တာဖြစ်စဉ််ဖွံ့ဖြိုးရန် အတွက်လိုအပ်ပါသည်။

ဖွံ့ဖြိုးမှု အမြန်ဆုံးကလေးအရွယ်တွင် ပုံမှန်တန်းတူကြီးထွားစေရန်အတွက် ကလေးငယ်များ၏ မျိုရိုးဗီဇ၊ အစားအသောက် အနေအထိုင် သန့်ရှင်းမှု စသည့်အချက်များအပေါ်တွင် မူတည်ပါသည်။ ထိုကဲ့သို့ များစွာသောအချက်များထဲမှ ပုံမှန်ဖွံ့ဖြိုးရန်အတွက် ငယ်ရွယ်စဉ်ကတည်းကပင် ခန္ဓာကိုယ်အတွက် အရေးကြီးသောအာဟာရဓာတ်များမှ တစ်ခုဖြစ်သည့် DHA (Docosahexaenoic Acid )နှင့် EPA (Eicosapentaenoic Acid) ဟုခေါ်သည့် Omega 3 Polyunsaturated Fatty Acid ရရှိရန်လိုအပ်ပါသည်။

DHA နှင့် EPA သည် ကလေးငယ်များ၏ ဇီဝကမ္ဗဗေဒဖြစ်စဉ်တွင် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ပါသည်။ Omega3 အုပ်စုဝင်တူဖြစ်သည့် EPA နှင့် DHA မတူသည့်အချက်မှာ DHA သည် ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးမှု အပိုင်းတွင်များစွာသောလုပ်ငန်းဆောင်တာပါဝင်၍အကျိုးများရှိပါသည်။

DHA ပြည့်ဝခြင်း၏ အကျိုးများမှာ

-အမြင်အာရုံဖွံ့ဖြိုးမှု ကောင်းခြင်း
-အာရုံခံမျက်ကြောလွှာ ဖွံ့ဖြိုးခြင်း
-ဦးနှောက်ဖွံ့ဖြိုးမှုစွမ်းရည် တိုးတက်စေခြင်း
-ဘာသာစကားစွမ်းရည် ဖွံ့ဖြိုးခြင်း
-သိမြင်တတ်သောစွမ်းရည်ကောင်းခြင်း
-စိတ်ပိုင်းဆိုင်ရာ တိုးတက်ခြင်း
-အာရုံစူးစိုက်နိုင်မှုတို့ကို ဖွံ့ဖြိုးတိုးတက်ခြင်း
-နှစ်ခြိုက်စွာအိပ်စက်နိုင်ခြင်း
-ခုခံအားကောင်းမွန်ခြင်း

DHA သည် ဦးနှောက်ဖွံ့ဖြိုးမှုပိုင်းသာမက

-ပန်းနာရင်ကျပ်ရောဂါ၊
-တစ်စုံတစ်ရာကိုထိမိစားမိ၍ယားယံခြင်း၊ ဖျားနာခြင်းဝေဒနာခံစားရခြင်း၊
-ADHD ဟုခေါ်သည့် အာရုံစိုက်သည့်အခါ ခက်ခဲခြင်း၊
-သာမာန်ထက်စိတ်တက်ကြွသည့်ရောဂါကိုလည်းကာကွယ်ပေးနိုင်ပါသည်။

DHA ဓာတ်ချို့တဲ့ပါက သားသားမီးမီးကလေးငယ်များတွင်

-ဦးနှောက်စွမ်းရည်တိုးတက်မှုနှေး၍ ဖွံ့ဖြိုးမှုပိုင်း၊
-တွေးခေါ်မှုပိုင်း၊
-သင်ယူမှုပိုင်း၊
-သိရှိနားလည်မှုပိုင်းနှင့် ပြောဆိုဆက်ဆံမှုပိုင်းများတွင် ချို့ယွင်းမှုများဖြစ်နိုင်ပါသည်။

ဦးနှောက်ဖွံ့ဖြိုးမှုအတွက် DHA လိုအပ်သောကြောင့် မွေးကင်းစကလေးအရွယ်မှစ၍သာမက မိခင် ကိုယ်ဝန်ဆောင်နေချိန်တွင်လည်း လုံလောက်စွာရရန်အရေးကြီးပါသည်။ DHA ကို မိခင်နို့မှတစ်ဆင့်လည်းကောင်း၊ DHA ပါသည့် အာဟာရဖြည့်စွက်စာ အားဆေးများမှလည်းကောင်းရရှိနိုင်ပါသည်။

အဆိုပါအကြောင်းရင်းများကြောင့် မိဘများအနေဖြင့် မိမိတို့၏ သားသားမီးမီးလေးများကို လုံလောက်သည့် DHA ရရှိစေရန်ကိုယ်ဝန်ဆောင်စဉ်ကာလနှင့် မိခင်နို့တိုက်ကျွေးစဉ်ကာလတွင် မိခင်များသည် DHA ပါဝင်သောအစားအစာများလုံလောက်အောင်စားသုံးရန်နှင့် သားသားမီးမီးတို့ကို လည်း DHA ပါသည့် အစားအစာ၊အာဟာရဖြည့်စွက်စာများတိုက်ကျွေးရန်လိုအပ်ပါသည်။

မိခင်နို့တိုက်ကျွေးသောကလေးများတွင် DHA+EPA 50-100 mg ဖြည့်စွက်လျှင် လုံလောက်ပါသည်။ သို့သော် မိခင်နို့မသောက်သုံးသော ၁ နှစ်အောက် ကလေးငယ်များအတွက် တစ်နေ့လျှင် DHA + EPA 500 mg သောက်သုံးလျှင်လုံလောက်ပြီး ၁ နှစ်မှ ၃ နှစ်ကလေးငယ်များအတွက် DHA+EPA 800 mg ပမာဏ ဆိုလျှင် လုံလောက်ပါသည်။

မိမိတို့၏ရင်သွေးငယ်အတွက်လုံလောက်သော DHA အာဟာရဓာတ်ကို မတိုက်ကျွေးမီ ဆရာဝန်နှင့် သေချာဆွေးနွေးတိုင်ပင်ပြီးမှ တိုက်ကျွေးရန် အကြံပြုလိုပါသည်။

သားသားမီးမီးတို့ DHA ဓာတ်ပြည့်ဝကာ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်လိုက်ပါသည်။

Author: Dr. Win

Previous Post

ကလေးတွေရဲ့ ထိခိုက်ဒဏ်ရာအမာရွတ်တွေ သက်သာစေဖို့ဆိုရင်

Next Post

သားသားမီးမီးတို့ရဲ့မျက်စိကျန်းမာရေးအပေါ် DHA က ဘယ်လိုအကျိုးသက်ရောက်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
253

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
307

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
808

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
980
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
659

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားသားမီးမီးတို့ရဲ့မျက်စိကျန်းမာရေးအပေါ် DHA က ဘယ်လိုအကျိုးသက်ရောက်လဲ

သားသားမီးမီးတို့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက် DHA အရေးပါပုံ

လုပ်ငန်းခွင်နှင့်ဆက်စပ်နေသော အရိုးအဆစ်နှင့် ကြွက်သားနာကျင်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.