fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

သင့်ကလေးအတွက် DHA အရေးကြီးပုံအကြောင်း

288
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/06/2021
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

DHA (Docosahexaenoic Acid) ဆိုသည်မှာ အိုမီဂါ-၃ အဆီအက်စစ် (Omega-3 Fatty Acids) တစ်မျိုးဖြစ်သည်။ Omega-3 fatty acids အမျိုးအစား ၃ မျိုးထဲတွင် ALA (Alpha-linolenic acid)၊ EPA (Eicosapentaenoic acid) တို့အပြင် DHA လည်း အပါအဝင် ဖြစ်သည်။

DHA သည် ကလေးများ၏ ဦးနှောက်အာရုံကြောစနစ်နှင့် မျက်စိအမြင်အာရုံစနစ်ကို ဖွံ့ဖြိုးတိုးတက်စေသော အရေးကြီးသည့်ဓာတ်ဖြစ်သည်။ မိခင်ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားအရွယ်မှစ၍ဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးတိုးတက်မှုအတွက် DHA က များစွာအကူအညီပေးသည်။

DHA ကို ခန္ဓာကိုယ်မှ ပမာဏအနည်းငယ်သာ ထုတ်လုပ်နိုင်သောကြောင့် ကလေးအတွက် DHA ဓာတ် လုံလောက်စွာရရှိနိုင်ဖို့ DHA ဓာတ် ကြွယ်ဝသောအစားအစာများနှင့် DHA ဓာတ် ဖြည့်စွက်ထားသော ဖော်မြူလာနို့မှုန့်ဘူးများ၊ အာဟာရမှုန့်များကို ကျွေးမွေးပေးခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

DHA အရေးပါပုံ

DHA သည် သန္ဓေသားအရွယ်မှစ၍ မွေးပြီးတစ်နှစ်အရွယ်ကလေးငယ်၏ ဦးနှောက်နှင့်အာရုံကြော လုပ်ငန်းဆောင်တာများကို ဖွံ့ဖြိုးတိုးတက်ရာစေတွင် မရှိမဖြစ်အရေးပါသည်။ ကလေး၏ ဦးနှောက်တွင်ပါဝင်သော အဆီဓာတ်၏ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်အထိကို DHA ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ DHA ကြွယ်ဝသော အစားအစာများ ပုံမှန်ကျွေးမွေးပါက ကလေး၏ သင်ယူလေ့လာနိုင်မှုစွမ်းရည်ကို တိုးတက်ပြီး မှတ်ဉာဏ်စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်သည်။ ထို့အပြင် မျက်စိအမြင်အာရုံကိုလည်း တိုးတက်ကောင်းမွန်စေသည်။

DHA သည် ကလေး၏ စိတ်ခံစားမှုဆိုင်ရာစွမ်းရည်နှင့် စိတ်အရည်အသွေးကို မြင့်တက်စေသောကြောင့် ကလေးများတွင် ခံစားရလေ့ရှိသော စိတ်ပိုင်းဆိုင်ရာပြဿနာများကိုလည်း ကာကွယ်ပေးနိုင်သည်။ ငယ်စဉ်က DHA ဓာတ်လုံလောက်စွာရရှိခဲ့သော ကလေးသည် DHA ချို့တဲ့သော ကလေးများနှင့်စာလျှင် သင်ယူလေ့လာနိုင်စွမ်း ပိုမိုမြင့်မားပြီး ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကိုလည်း ပိုမိုကောင်းမွန်စေသည်။

DHA ချို့တဲ့လျှင်

DHA ဓာတ် ချို့တဲ့ပါက ဦးနှောက်အာရုံကြောစနစ်၏လုပ်ဆောင်မှု ပျက်ယွင်းနိုင်ပြီး ကလေးများတွင် အာရုံစူးစိုက်မှု ကျဆင်းလာခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ သင်ယူလေ့လာမှုစွမ်းရည်ကျဆင်းလာခြင်း စသည့်ပြဿနာများ ဖြစ်ပေါ်လာနိုင်ပြီး ADHD (Attention Deficit Hyperactivity Disorder) ဟုခေါ်သော ကလေးစိတ်အတက်ကြွလွန်ရောဂါကိုပါ ဖြစ်ပွားစေသည်။ ထို့ပြင် DHA ချို့တဲ့ခြင်းသည် အမြင်အာရုံဆိုင်ရာ ပြဿနာများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။

DHA ကြွယ်ဝသော အစားအစာများ

DHA ချို့တဲ့မှုကို ကာကွယ်ရန် DHA ဓာတ် ပါဝင်သော အစားအစာများကို ပုံမှန်စားသုံးသင့်သည်။ DHA ကြွယ်ဝသော အစားအစာများမှာ
၁။ အဆီပါဝင်မှုများသော တူနာငါး၊ ငါးသေတ္တာငါး၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါးများ
၂။ ခရု၊ ကမာ၊ ဂုံး စသည့် ပင်လယ်စာအမျိုးမျိုး
၃။ ပုစွန်အမျိုးမျိုး
၄။ ဘိုစားပဲ၊ ပဲပိစပ် စသည့်ပဲအမျိုးမျိုး
၅။ ပင်လယ်ရေညှိ
၆။ မိခင်နို့ စသည်တို့ ဖြစ်သည်။
အထက်ပါအစားအစာများအပြင် အခွံမာသီးနှင့် အစေ့အဆန်များဖြစ်သော သစ်ကြားသီး၊ မြေပဲ စသည်တို့ကို စားသုံးခြင်းဖြင့်လည်း ခန္ဓာကိုယ်တွင်း DHA ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်သည်။ ထို့ပြင် DHA ဓာတ်ဖြည့်စွက် ထားသော ဖော်မြူလာနို့မှုန့်ဘူးများ၊ အာဟာရဘူးများဖြင့်လည်း ကလေးအတွက် လိုအပ်သော DHA ကို ဖြည့်တင်းပေးနိုင်သည်။

နေ့စဉ်လိုအပ်သော DHA ပမာဏ
ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသားနှင့် နို့စို့အရွယ်ကလေးငယ်တွင် DHA လုံလောက်စွာရရှိစေရန် မိခင်အနေဖြင့် DHA ကြွယ်ဝသော အစားအစာများကို ပုံမှန်စားသုံးသင့်သည်။ ထို့အပြင် ကလေး၏ အသက်အရွယ်အလိုက်
• လမ်းလျှောက်တတ်စအရွယ်တွင် DHA 70 မှ 100 mg အထိ
• ၂ နှစ်မှ ၃ နှစ်အရွယ်တွင် DHA 400 mg အထိ
• ၃ နှစ်မှ ၆ နှစ်အရွယ်တွင် DHA 600 mg အထိ နေ့စဉ်စားသုံးနိုင်သည်။

ပျမ်းမျှအားဖြင့် ကလေးများအတွက် နေ့စဉ်အစားအစာတွင် DHA 150 မှ 250 mg အထိ ပါဝင်နေပါက ကျန်းမာရေးနှင့်ညီညွတ်သောပမာဏဟု သတ်မှတ်နိုင်သည်။ DHA ချို့တဲ့မှုခံစားနေရသော ကလေးအတွက်ဆိုလျှင် DHA ပမာဏ ပို၍များများလိုအပ်မည် ဖြစ်သည်။

DHA သည် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် အရေးအကြီးဆုံးသော အဆီဓာတ်တစ်မျိုး ဖြစ်သည်။ ထို့ကြောင့် မိဘတို့အနေဖြင့် မိမိတို့၏သားသမီးရတနာလေးများကို ဉာဏ်ရည်ထက်မြက်ပြီး စိတ်အရည်အသွေးကောင်းများပိုင်ဆိုင်သော လိမ္မာရေးခြားရှိသည့် ကလေးများအဖြစ် ကြီးပြင်းလာစေရန် DHA ဓာတ်ကြွယ်ဝသော အစားအစာများနှင့် DHA ဖြည့်စွက်ထားသော ဖော်မြူလာနို့မှုန့်ဘူးများ၊ အာဟာရမှုန့်များကို ပုံမှန်ကျွေးမွေးသင့်ကြောင်း တိုက်တွန်းရင်း နိဂုန်းချုပ်လိုက်ရပါသည်။

Author: ဒေါက်တာကောင်း (ဆေး-၂)

Previous Post

DHA နှင့် ကလေးများ၏စိတ်ကျန်းမာရေး

Next Post

ငါးကြီးဆီနှင့် သွေးတွင်းကိုလက်စထရောဓာတ်များ ဆက်နွှယ်မှုအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
280

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
352

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
893

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

3 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
1k
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
700

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ငါးကြီးဆီနှင့် သွေးတွင်းကိုလက်စထရောဓာတ်များ ဆက်နွှယ်မှုအကြောင်း

ခန္ဓာကိုယ်ကျန်းမာရေးအတွက် Omega-3 Fatty Acids ရဲ့ကောင်းကျိုးများ

ကြွက်သားနာကျင်မှုကိုကျော်ဖြတ်ပြီး အောင်မြင်စွာ Gym ကစားနိုင်ဖို့ဆိုလျှင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.