fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မိခင်နို့ချိုတိုက်ကျွေးခြင်း

198
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/07/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးမွေးပြီးစ မိခင်တွေမှာ အမေနို့တိုက်ကျွေးပုံနဲ့ပက်သက်ပြီး တချို့လည်းသေသေချာချာသိကြတယ်။ တချို့လည်းမသိကြဘူး။ သားဦးမိခင်တွေ က    တော့ သေချာမသိတတ်ကြဘူး။ဆေးရုံတွေမှာ မွေးတဲ့ သူတွေအဖို့တော့ အစပိုင်းရက်တွေမှာ သက်ဆိုင်ရာ ဆရာမတွေက သင်ပေးတတ်ကြတယ်။ ဆေးရုံကပြန်ဆင်းပြီးတဲ့ အခါတွေရယ် ကိုယ့်အိမ်မှာ မွေးတဲ့သူတွေရယ် မှာ အခက်အခဲ နည်းနည်းပါးပါးကြုံရတတ်ကြတယ်။

မွေးပြီးစကနေ ကလေးအသက် ၆ လ ပြည့်တဲ့ အထိ မိခင်နို့တစ်မျိုးတည်းကို သေသေချာချာ ဂရုတစိုက်တိုက်ပေးဖို့လိုပါတယ်။ ဘာလို့လဲ နို့ဗူးတိုက်တော့   ရော မရဘူးလား။ ရေရော နည်းနည်းပါးပါးတိုက်တာပဲ မရဘူးလား ဆိုပြီး မေးစရာရှိပါတယ်။ မတိုက်ရပါဘူး။ မွေးစကလေးတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေက အခုမှ စပြီးအလုပ်လုပ်တာပါ။ အဲလိုအခါမှာ အမေနို့ အပြင် တခြားအစားတွေက အူတွေရဲ့ လှုပ်ရှားမှုကို ပင်ပန်းစေပါတယ်။ ကိုယ်ဝန်တောက်လျှောက်မှာလည်း ဒီအမေရဲ့ ကိုယ်ထဲမှာ နေထားပြီး မွေးစမှာလည်း အမေနို့ပဲတိုက်ခြင်းက ဓာတ်မတည့်တာတွေကို နည်းစေပါတယ်။ အမေနို့မှာ     အာဟာရဓာတ်အပြည့်အဝပါပါတယ်။ ရေဓာတ်လည်းပါပါတယ်။ အပြင်ကနေရေထပ်တိုက်ဖို့မလိုပါဘူး။

တချို့သော ကလေးတွေ မွေးတဲ့ အခါ အကြောင်းအမျိုးမျိုးကြောင့် အမေနို့မစို့ရတတ်ဘူး။ အဲ့ဒီ့အခါတော့ မဖြစ်မနေ နို့ဗူးကူရပါတယ်။ နို့ဗူးကူရတဲ့အခါမှာ လည်း နို့မှုန့်ဖျော်တဲ့အခါ ထင်သလိုဖျော်တိုက်လို့မရပါဘူး။ ပျစ်လွန်းတဲ့အခါတွေမှာ ကလေးတွေရဲ့ အူတွေက အရမ်းအလုပ်လုပ်ရပါတယ်။ မလိုလား တဲ့     ပြဿနာတွေ အူခေါက်တာတွေ ဖြစ်လာစေတတ်တယ်။ နို့မှုန့်တိုက်တဲ့အခါမှာ ပေးထားတဲ့ formula အတိုင်းဖျော်ရပါတယ်။ ဆားနည်းနည်းသကြားနည်း နည်းလည်း ထည့်လို့မရပါဘူး ။

တကယ်တမ်းကတော့ ကိုယ်ဝန်ဆောင်စဉ်အခါတည်းက ကိုယ်ဝန်ဆောင် မိခင်လောင်းတွေက မိမိတို့ရဲ့ နို့သီးခေါင်းကို အထဲကို ဝင်နေတာမရှိအောင် ဆွဲထုတ်ထုတ်ပေးရမယ်။ ရေချိုးတဲ့ အခါ သေချာဆေးကြောပြီး နို့သီးခေါင်းကိုညှစ်ညှစ်ကြည့်ပေးရမယ်။ နို့သီးခေါင်းကို ညှစ်ကြည်လို့ပြောတဲ့အခါ ရင်သားတစ်ခုလုံးအုံလိုက်ကြီး ညှစ်စရာမလိုပါဘူး။ နို့သီးခေါင်း ပတ်လည်မှာရှိတဲ့ areola လို့ခေါ်တဲ့အမဲဝိုင်းကို ညှစ်ပေးရင် ရပါတယ်။

အမေနို့ကစတိုက်တိုက်ချင်းမှာသိပ်မထွက်တတ်ဘူး။ ဒါပေမယ့် ဆက်တိုက်နေရပါမယ်။ မထွက်လို့ နို့ဗူး ပြောင်းတိုက်မယ်ဆိုပြီး လုပ်လို့မရပါဘူး။ အမေနိူ့က များများတိုက်မှများများညှစ်ပေးမှ များများထွက်မှာပါ။ နို့တိုက်တဲ့အခါ တစ်ခါတိုက်တိုင်းနှစ်ဖက်လုံးမျှနေအောင်တိုက်ပါ။ တချို့တွေကျတော့ ဒီတစ်ကြိမ်ဒီဘက်ရင်သားကတိုက်ပြီး နောက်တစ်ကြိမ် နောက်ရင်သားတစ်ဖက်က တိုက်ပါတယ်။ ဒါလည်းလက်ခံပါတယ်။ တစ်လှည့်စီတော့ ပြောင်းတိုက်ပေးရမှာပါ။ ဒါမှ နို့လည်းမခဲတော့ဘူး။ ရင်သားမှာလည်း အလုံးအကျိတ် မဖြစ်တော့ဘူး။ ကလေးငယ်တွေအတွက်လည်း တစ်ဖက်တည်းသာ တောက်လျောက်နို့စို့နေရရင် ခေါင်း တစ်ခြမ်းစောင်းတာတွေ အကြောကပ်တာတွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့်နို့တိုက်တဲ့ အခါ ရင်သားနှစ်ဖက်လုံးမျှတိုက်ပါ။

နို့တစ်ခါတိုက်ရင် ဘယ်လောက်ကြာရမလဲတော့ပုံသေမရှိပါဘူး။ နို့တင်းနေတာကနေ ပျောကျ့သွားတဲ့အထိတိုက်ရပါတယ်။ နို့အစို့သန်တဲ့ကလေးတွေဆို နာရီဝက်လောက်တိုက်ရုံနဲ့ နို့က ပျော့ကျသွားနိုင်ပါတယ်။ တချို့တော့ တစ်နာရီလောက်ကြာတတ်တယ်။ နို့တိုက်ပြီးတဲ့ အခါ ကလေး ကို ခေါင်းဘက်ပိုင်းကိုနည်းနည်း ပိုမြှင့်ပြီး ချီပေးဖို့တော့လိုပါတယ်။

နို့တိုက်တဲ့ အခါ ပုံစံအနေအထားမှန်ဖို့လိုပါတယ်။ ပုံစံမမှန်တဲ့ အခါ နို့တစ်ခါတစ်ခါတိုက်တဲ့ နာရီဝက် တစ်နာရီ အချိန်ကို မခံနိုင်ပါဘူး။ ကြာလာတာနဲ့ အမျှ ခါးတွေနာလာတတ်ပါတယ်။ နို့တိုက်မိခင်ကထိုင်နေတဲ့အခါ မတ်မတ်နေပါ။ကလေးကို ပွေ့ချီတဲ့အခါ ခေါင်းဘက်ပိုင်းကိုပိုမြှင့်ထားပါ။ ကလေးကို တံတောင်ဆစ်နဲ့ လက်ဖျံနေရာမှာ အလိုက်သင့် ထိန်းပေးထားပါ။ကလေးမျက်နှာက နို့တိုက်မိခင်ဘက်ကိုအနည်းငယ်စောင်းထားပါ။ ကလေးရဲ့ ပါးစပ်က နို့တိုက်မိခင်ရဲ့ နို့သီးခေါင်းရော ဘေးပတ်လည်းကအမဲဝိုင်း areola ရော ကို ငုံထားမိပါစေ။ နောက်လက်တစ်ဖက်က ကလေးခေါင်းကို လက်ဖဝါးနဲ့ ထိန်းပေးထားပါ။ ဒီလိုပုံစံဆို ကလေးလည်းသက်တောင့်သက်သာဖြစ်ပါတယ်။ နို့တိုက်မိခင်လည်း သက်တောင့်သက်သာဖြစ်ပါတယ်။ နို့တိုက်တဲ့ အခါ ကလေးကို ပေါင်ပေါ် တင်ထားပြီ ရှေ့ကိုကုန်းပြီးမတိုက်ပါနဲ့။ ကလေးအတွက်လည်း မကောင်းသလို နို့တိုက်မိခင်အတွက်လည်း မကောင်းပါဘူး။ ကြာကြာမတိုက်နိုင်တော့ဘူး။

ကလေးနို့တိုက်ပြီးတဲ့အခါ လေထုတ်ပေးဖို့လိုတတ်ပါတယ်။ ကလေးငယ်လေးတွေတော့ ခေါင်းကိုအသာလေးမြှင့်ပြီးချီထားတာမျိုးဖြစ်ဖြစ် လက်ပေါ်မှာ မှောက်ရက်အနေအထားဖြစ်ဖြစ် ထားပြီး ကျောကို အသာလေးပွတ်ပေးပါ။ ကလေးခေါင်းခိုင်လာတဲ့အခုမှာတော့ နို့တိုက်ပြီးတဲ့ အခါ ခေါင်းကိုထိန်းပြီး ထောင်ချီ  ပြီး လမ်းလျှောက်ပေးပါ လေတက်သွားအောင်ပါ။

လေမတက်တဲ့ အခါ လေမထုတ်ပေးဖြစ်တဲ့ အခါ ကလေးတွေက လေထိုးလေအောင့်ခံစားရတတ်တယ်။ ကလေးတွေ နို့စို့နေတဲ့ အခါမှာ လေလည်းအ     နည်းနဲ့အများတော့ဝင်သွားတာကြောင့်ပါ။ လေတွေများတဲ့ အခါ ဗိုက်တွေတင်းလာမယ်။ နို့ပြန်အန်မယ် ကလေးအီနေတတ်ပါတယ်။ မွေးစကလေးတွေကို နှစ်နာရီ ခြားတော့ နို့တိုက်ပေးရပါတယ်။ အိပ်နေလည်း နှိုးတိုက်ပေးပါ။ နို့တိုက်မိခင်ကတော့ပင်ပန်းပါလိမ့်မယ်။ ကလေးအိပ်တုန်းလိုက်အိပ်ပါ နားပါ။ ကလေးတွေက မွေးစလေးတွေမှာနို့တိုက်ပြီးပြန် အိပ်ပျော်တတ်ကြတယ် ။နို့သေချာမဝင်တဲ့အခါလည်း ဖြစ်တတ်တယ်။ သူ့ကိုနှိုးနှိုးပြီးနို့ပျော့တဲ့အထိတိုက်ပါ       ဖြေးဖြေးချင်းတိုက်ပါ။ လပိုင်းအရွယ်လောက်ရောက်တဲ့အခါတော့ သုံးနာရီခြားလောက်လည်း တိုက်လို့ရပါတယ်။

ကလေးတွေနို့တိုက်ပါများတော့ လျှာတွေမှာ အဖြူတွေဖြစ်တတ်တယ်။ လျှာကြီးထူနေသလိုဖြစ်တတ်တယ်။ သန့်ရှင်းတဲ့ gauze စ လေးကို ရေကျက်အေး  စိမ်ပြီး ဖြေးဖြေးပွတ်ပေးလို့ရပါတယ်။ကလေးနိုတိုက်နေတဲ့ မိခင်က တစ်နေ့ကို ရေအနည်းဆုံးလေးဗူသောက်ရပါမယ်။ အစားအကုန်စားရပါမယ်။ အပူအ  စပ်ကလွဲလို့ တခြားရှောင်စရာမလိုပါဘူး။ ဒါမှ နို့ထွက်အားကောင်းပါမယ်။ ကိုယ်ဝန်ဆောင်အားဆေးဖြစ်ဖြစ် တခြားအားဆေးဖြစ်ဖြစ် ဆက်သောက်နေရပါမယ်။ နို့မတိုက်ခင်မှာလည်း ရင်သားနှစ်ဘက်လုံးကို ရေနဲ့သေချာဆေးကြောပေးဖို့ လိုပါတယ်။
အရေးကြီးဆုံးကတော့ အမေနို့တစ်မျိုးတည်းကိုသာ ကလေးအသက် ၆လ အထိသေချာတိုက်ကျွေးပေးကြဖို့ဖြစ်ပါတယ်။

Author: Dr. CST

Previous Post

ရေကျောက်

Next Post

သွေးဆိပ်တက်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
256

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
825

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
996
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
670

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွေးဆိပ်တက်ခြင်း

ကြွက်တက်ခြင်းဆိုသည်မှာ

လိင်အင်္ဂါ အရေပြား ဖြတ်တောက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.