fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မွေးစကလေးငယ်များ ပြုစုစောင့်ရှောက်ပုံ အပိုင်း (၁)

1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/07/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

မွေးပြီးပြီးချင်းကလေးလေးတွေကို ဘယ်လို ပြုစုစောင့်ရှောက်ကြမလဲ ဆိုတာကို တော်တော်များများတော့ သိပြီးကြပါတယ် မသိတဲ့သူတွေအတွက် ပြောပေးတာပါ မွေးပြီးစကလေးတွေကို နို့တိုက်ကျွေးတာနဲ့ ပက်သက်လို့ ဆောင်းပါးတခုသက်သက်ရေးထားပါတယ်
မွေးစကလေးတွေမှာလည်း အလုပ်ကိုယ်စီရှိကြပါတယ် နို့စို့ကြတယ် ငိုကြတယ် ရယ်ကြတယ် အီးပါတ် ဆီးသွားပါတယ် အိပ်ကြတယ်
မွေးစမှာတော့ အိပ်ချိန်ကပိုများပါတယ် နို့ထစို့လိုက်တယ် ရှူးပေါက်အီးပါလုပ်ပြီးပြန်အိပ်ကြတယ်
အိပ်တဲ့အခါမှာ ကလေးငယ်လေးတွေကို အိပ်ယာပေါ်မှာပဲ ချသိပ်ပါ ခေါင်အုံးလေးကို အသာလေးမြှင့်ထားပါ တချို့တွေမှာ ဆန်ကွဲခေါင်းအုံးသုံးတတ်ကြတယ် တချို့ကျတော့ အလယ်ချိုင့်တဲ့ ခေါင်းအုံးသုံးကြတယ် ခေါင်းလေးလှဖို့ မချိုင့်ဖို့ပါ ဒါကခေါင်းအုံးနဲ့ပဲဆိုင်တာမဟုတ်ပါဘူး ကလေးချီတဲ့အခါမှာ ကလေးခေါင်းကို တံတောင်ဆစ်လက်ဖျံနဲ့ ဖိထားသလိုဖြစ်နေရင် ခေါင်းမှာချိုင့်တာတွေ မညီတာတွေဖြစ်တတ်ပါတယ် ကလေးခေါင်းကိုကိုင်တဲ့ အခါ လက်ဖဝါးနဲ့ ပဲ သေချာထိန်းပေးတာက ကလေးခေါင်းကိုမချိုင့်ဝင်စေပါဘူး
မွေးစကလေးငယ်လေးတွေ အိပ်တဲ့ အခါမှာ ပက်လက်အိပ်ကြတာများတယ် ပက်လက်အိပ်တဲ့အခါ ကလေးကလန့်တတ်ပါတယ် ကလေးရဲ့ရင်ဘတ်ပေါ်မှာ အနှီးကိုခေါက်ပြီးဖြစ်ဖြစ် စောင်ပါးလေးပဲဖြစ်ဖြစ် တင်ပေးထားပါ ကလေးရဲ့ ဘေးနှစ်ဘက်မှာလည်း ဖက်ခေါင်းအုံးတွေ စောင်တွေ နဲ့ ခုထားပါ ဒါမှ ကလေးလှိမ့်တာတွေ မဖြစ်အောင် ကလေးမှောက်မအိပ်အောင် ထိန်းပေးထားနိုင်မှာပါ ခြင်ထောင်နဲ့ သိပ်ပေးပါ အလင်းကို မျက်စိနေရာတိုက်ရိုက်မပေးပါနဲ့ ဘယ်လိုမှ လုပ်လို့မရရင် ခြင်ထောင်ပေါ်ကနေ အဝတ် တခုခုဖြန့်တင်ထားလိုက်ပါ ကလေးသိပ်တဲ့ အိပ်ယာကလည်း အရမ်းလည်းမမာနဲ့ အရမ်းလည်းမပျော့ပါနဲ့ သေးခံပလတ်စတစ်ခံထားတယ်ဆိုရင် သေးခံအပေါ်မှာ အနှီးပိုင်းဖြစ်ဖြစ် ထပ်ခင်းပေးပါ ကလေးအသားနဲ့ သေးခံနဲ့ တိုက်ရိုက်ဆို ကလေးအသားပူတတ်ပါတယ်
ကလေးငယ်တွေ အိပ်နေတဲ့ အခါ ဆူညံသံတွေ လျှော့ထားပေးပါ လူကြီးတစ်ယောက် အနားမှာအမြဲရှိပါ ကလေးငယ်လေးတွေ က ရုတ်တရက် လန့်လန့်နိုးတတ်ကြတယ် အဲ့အခါမှာ ချက်ချင်းပြန်ချော့သိပ်ပေးလို့ရတယ် အချိန်ကြာသွားတာနဲ့အမျှ ပြန်မအိပ်တော့ဘဲ ဖြစ်နေပါလိမ့်မယ်
ကလေးငယ်တွေ မွေးစကတော့ အိပ်ချိန်ကို ဘယ်လိုမှ လုပ်ပေးလို့ မရပါဘူး ခဏခဏအိပ်နေတော့ ညမအိပ်တာလည်းရှိတတ်တယ် တဖြေးဖြေးတော့အကျင့်ရအောင်လုပ်ရမှာပါ ညနေပိုင်းမှာ ည၇နာရီခွဲထိ ပေးအိပ်လို့ရတယ် အများဆုံး ည၈နာရီ ပါ ပြီး နို့တိုက်တာတွေ တခြားလုပ်စရာတွေလုပ်တာနဲ့ ကလေးကို နောက်တခါကို ဆယ်နာရီ ဆယ့်တစ်နာရီလောက်မှာပြန်သိပ်ပါ ညလယ် တော့ အနည်းဆုံးတစ်ခါလောက်တော့ ထပြီးနို့တိုက်ရတတ်ပါတယ် တစ်ခုပါပဲ ကလေးကို နေ့ဘက်တွေ နို့တိုက်ပြီးတဲ့ အခါ သေသေချာချာလေထုတ်ပေးပါ မဟုတ်ရင် ကလေးတွေက ညပိုင်းတွေမှာ လေထိုးလေအောင့်ပိုဖြစ်တတ်ပါတယ် ဖြစ်တဲ့အခါ ဘယ်လိုမှမအိပ်ပဲ တစ်ချိန်လုံးအီနေတတ်ပါတယ်
ကလေးတွေ သိပ်တဲ့ အခါ ခေါင်းကောင်းကောင်းမခိုင်သေးသရွေ့တော့ လက်ပေါ်မှာပဲဖြစ်ဖြစ် အိပ်ယာပေါ်မှာပဲဖြစ်ဖြစ် သိပ်ရပါတယ် ခေါင်းကောင်းကောင်းခိုင်မှ ပုခက်ထဲ ထည့်သိပ်ပါ မဟုတ်ရင် ကလေးကို ထိခိုက်စေနိုင်ပါတယ် အများဆုံး နှစ်လနဲ့ သုံးလကြား ခေါင်းခိုင်ပါတယ်
အခုနောက်ပိုင်းတွေမှာ ကလေးငယ်တွေကို အကြောင်းကြောင်းကြောင့် diaper ဝတ်ပေးထားတာတွေ ပိုများလာတယ် အပြင်သွားတာမျိုးတင်မကပဲ အိမ်မှာလည်း ဝတ်ထားတတ်ကြတယ် diaper က အမြဲတော့မဝတ်စေချင်ဘူး ဝတ်ဖြစ်တယ်ဆိုရင်လည်း နှစ်နာရီခြားတော့ လဲပေးပါ ဆီးသွားထားသည်ဖြစ်စေ မသွားထားသည်ဖြစ်စေပါ diaper ကြောင့် လှောင်တာတွေ ကို မဖြစ်အောင်ပါ ဆီးသွားထားတဲ့အခါလည်း သွားထားပြီးသားဆီးတွေက ဆီးသွားတဲ့ အင်္ဂါကိုပြန်ထိနေတော့ ဆီးပိုးလည်းဝင်လွယ်တတ်လို့ပါ diaper လဲတိုင်းလည်း ရေနွေးနွေးလေးဆေးပေးနိုင်ရင် ပိုကောင်းပါတယ် diaper ကြောင့်အသားပွန်းတာတွေ နီတာတွေရှိနေရင် ထပ်မဝတ်ပါနဲ့ ရေနွေးလေးဆေးပြီး ပေါင်ဒါလေးရိုက်တာဖြစ်ဖြစ် လုပ်ပါ သက်သာတဲ့အခါမှ ပြန်ဝတ်ပေးပါ diaper တွေ ကိုမကျပ်ပါစေနဲ့ ညအိပ်တဲ့ တောက်လျှောက်လည်း diaper ခဏခဏ လဲပေးရပါလိမ့်မယ်
ဆက်ရန်ရှိပါသည်

Author; Dr. CST

Previous Post

အိပ်စက်ခြင်းကို ကောင်းမွန်စေမည့် နည်းလမ်းများ

Next Post

တုပ်ကွေးနဲ့ အအေးမိတာ မတူပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
314

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
823

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
992
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
669

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တုပ်ကွေးနဲ့ အအေးမိတာ မတူပါ

စောလေ ကောင်းလေ

ရာသီမလာခင် စိတ်ကယောက်ကယက် ငိုမလို ရယ်မလို မှန်းရခက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.