fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးများတွင် ဝမ်းလျှောခြင်း

107
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/08/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

(Zawgyi)

ဝမ္းေလွ်ာျခင္းဆိုသည္မွာ ၂၄နာရီ တစ္ရက္ အတြင္းမွာ အရည္ဝမ္းမ်ား ၃ႀကိမ္နဲ႔အထက္ သြားျခင္းလို႔ ေဆးစာအုပ္မွာ သတ္မွတ္ထားပါတယ္။ ဝမ္းအမာမ်ား ခဏခဏသြားျခင္းကို ဝမ္းေလွ်ာျခင္းလို႔မသတ္မွတ္ပါ။

ကေလးတစ္ေယာက္ဝမ္းေလွ်ာပါက ဘယ္လိုလုပ္ရမလဲ။

ပထမဆုံး ကေလးရဲ႕အေျခအေနကိုၾကည့္ရပါမယ္။ ကေလးကလန္းလန္းဆန္းဆန္းရွိတယ္(Well alert)။ အီမေနဘူး။ မ်က္တြင္းမခ်ိဳင့္ဘူး(no sunken eye)ဆိုရင္ ကုသနည္း Plan A ကိုသုံးရပါမယ္။ Plan A ဆိုတာက ေဆး႐ုံ ေဆးခန္းသြားစရာမလိုဘဲ အိမ္မွာပဲ ဝမ္းသြားလို႔ဆုံးရႈံးသြားတဲ့ အရည္ဓါတ္နဲ႔ အာဟာရဓာတ္ကို ျပန္ျဖည့္ေပးတာပါ(Home therapy)ပါ။

အခ်က္ေလးခ်က္ပါပါတယ္။
၁။ ။ ဝမ္းသြားတဲ့ကေလးကို ပုံမွန္ထက္အရည္မ်ားမ်ားတိုက္ပါ။ဘယ္လိုအရည္ေတြတိုက္ရမလဲဆိုရင္
-ဓါတ္ဆားရည္
-ထမင္းရည္
-စြပ္ျပဳတ္ရည္
– ေရသန႔္
-ဟင္း႐ြက္ျပဳတ္ရည္ (ဟင္းခ်ိဳ)
-အခ်ိဳမပါဘဲ မိမိအိမ္တြင္ သန႔္ရွင္းစြာေဖ်ာ္ေသာ သစ္သီးေဖ်ာ္ရည္ ေတြတိုက္ႏိုင္ပါတယ္။

မတိုက္သင့္တဲ့အရည္ေတြကေတာ့
-ဂတ္စ္ပါတဲ့ အခ်ိဳရည္ဘူးမ်ား ပုလင္းမ်ား
-အျပင္ဆိုင္က သစ္သီးေဖ်ာ္ရည္မ်ား
-လက္ဖက္ရည္ ေကာ္ဖီ ေတြပါ။

ဘယ္ေလာက္ပမာဏတိုက္ရမလဲ။
သုေတသနအရ ဝမ္းတစ္ႀကိမ္ေလွ်ာၿပီးတိုင္းမွာ
၂ႏွစ္ေအာက္ကေလးဆိုရင္………….. ၅၀ ကေန ၁၀၀ မီလီလီတာ(ml)
၂ႏွစ္ကေန ၁၀ႏွစ္အတြင္းဆိုရင္…….. ၁၀၀ကေန၂၀၀မီလီလီတာ(ml)
၁၀ႏွစ္အထက္ဆိုရင္…………………. သူတို႔ေသာက္ႏိုင္သေလာက္ တိုက္ႏိုင္ပါတယ္။

ဘယ္လိုတိုက္ရမလဲ။
ေမြးခါစကေလးငယ္ငယ္ေလးေတြဆိုရင္ အစက္ခ်စုပ္ပိုက္(dropper) သို႔မဟုတ္ ေဆးထိုးႁပြန္ကိုသုံးပါ။ (ထိပ္ကအပ္ေတာ့ျဖဳတ္ထားပါ)။ ေနာက္နည္းနည္းႀကီးတဲ့ကေလးဆိုရင္ လက္ဖက္စားဇြန္းကိုသုံးၿပီးတိုက္ႏိုင္ပါတယ္။ ၂ႏွစ္အထက္ကေလးဆိုရင္ေတာ့ ခြက္နဲ႔တိုက္ႏိုင္ပါတယ္။

ဓါတ္ဆားရည္ သို႔မဟုတ္ တျခားအရည္ စစတိုက္ခ်င္းမွာ တခ်ိဳ႕ကေလးေတြကအန္တတ္မ်ိဳးျဖစ္တတ္ပါတယ္။ အထူးသျဖင့္ ခပ္ျမန္ျမန္ေသာက္လိုက္ရင္ ပိုျဖစ္ႏိုင္ပါတယ္။ အဲ့ဒီလိုမ်ိဳးျဖစ္ရင္ ၅မိနစ္ ၁၀မိနစ္ခဏေစာင့္ပါ။ ၿပီးရင္ နည္းနည္းခ်င္းနဲ႔ ခဏခဏထပ္တိုက္ပါ။

၂။ ။ ကေလးကို အရည္တိုက္တာအျပင္ ဇင့္ေဆးျပားလည္းတိုက္ပါ။
ဝမ္းသြားတဲ့အခါမွာ ခႏၶာကိုယ္ကဇင့္ဓါတ္ေတြလည္းပါသြားပါတယ္။ ဇင့္ေဆးျပားတိုက္ျခင္းျဖင့္ ပါသြားတဲ့ဇင့္ဓါတ္ေတြကို ျပန္ျဖည့္ေပးတဲ့အျပင္ ဝမ္းေလွ်ာတာကိုရက္မၾကာေအာင္ ေရဓါတ္ဆုံရႈံးမႈမမ်ားေအာင္လည္း ကူညီေပးပါတယ္။ ဇင့္ 10 – 20mg ကိုတစ္န႔တစ္ႀကိမ္ ဆယ္ရက္ေလာက္တိုက္ႏိုင္ပါတယ္။

၃။ ။ ဝမ္းေလွ်ာေနတဲ့ကေလးကိုအစာမျဖတ္ပါနဲ။
ခရမ္းခ်ဥ္သီး မန္က်ည္းသီးမွည့္ င႐ုတ္သီးပါတဲ့အစားအစာေတြ တနည္းအားျဖင့္ေျပာရရင္ ခ်ဥ္တဲ့စပ္တဲ့အစားစာေတြ၊ အစာေၾကခဲတဲ့အစားစာေတြကလြဲၿပီး က်န္တာေတြေကြၽးႏိုင္ပါတယ္။ ဥပမာ ဆန္ျပဳတ္၊ စြပ္ျပဳတ္၊ ထမင္းေပ်ာ့ေပ်ာ့တို႔ကိုၾကက္သား ငါးတို႔နဲ႔ေကြၽးႏိုင္ပါတယ္။ ႏို႔တိုက္ေနတဲ့ကေလးဆိုလည္း မိခင္ႏို႔ကိုဆက္တိုက္ေပးပါ။ မျဖတ္လိုက္ပါနဲ႔။

၄။ ။အဲ့လိုအိမ္မွာကုေနရင္းနဲ႔ ကေလးကမသက္သာဘူး။ မ်က္တြင္းခ်ိဳင့္လာတယ္ သို႔မဟုတ္ ေအာက္ကအခ်က္ေတြျဖစ္လာတယ္ဆိုရင္ေတာ့ ေဆးခန္း ေဆး႐ုံခ်က္ခ်င္းသြားဖို႔လိုပါတယ္။
-ကေလးကခဏခဏအန္ေနရင္
-ကေလးေရတအားငတ္ၿပီး ေရကိုအငန္းမရေသာက္လာရင္
-အစားအေသာက္မစားႏိုင္ရင္
-ဖ်ားရင္
-အီေနရင္ သို႔မဟုတ္ တအားမွိန္းေနရင္
-ဝမ္းထဲမွာေသြးပါရင္
-၃ရက္ေနလို႔မွ ဝမ္းေလွ်ာတာမသက္သာရင္ ေဆးခန္း ေဆး႐ုံျပပါ။

Author : Dr 528

(Unicode)

ဝမ်းလျှောခြင်းဆိုသည်မှာ ၂၄နာရီ တစ်ရက် အတွင်းမှာ အရည်ဝမ်းများ ၃ကြိမ်နဲ့အထက် သွားခြင်းလို့ ဆေးစာအုပ်မှာ သတ်မှတ်ထားပါတယ်။ ဝမ်းအမာများ ခဏခဏသွားခြင်းကို ဝမ်းလျှောခြင်းလို့မသတ်မှတ်ပါ။

ကလေးတစ်ယောက်ဝမ်းလျှောပါက ဘယ်လိုလုပ်ရမလဲ။

ပထမဆုံး ကလေးရဲ့အခြေအနေကိုကြည့်ရပါမယ်။ ကလေးကလန်းလန်းဆန်းဆန်းရှိတယ်(Well alert)။ အီမနေဘူး။ မျက်တွင်းမချိုင့်ဘူး(no sunken eye)ဆိုရင် ကုသနည်း Plan A ကိုသုံးရပါမယ်။ Plan A ဆိုတာက ဆေးရုံ ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာပဲ ဝမ်းသွားလို့ဆုံးရှုံးသွားတဲ့ အရည်ဓါတ်နဲ့ အာဟာရဓာတ်ကို ပြန်ဖြည့်ပေးတာပါ(Home therapy)ပါ။

အချက်လေးချက်ပါပါတယ်။
၁။ ။ ဝမ်းသွားတဲ့ကလေးကို ပုံမှန်ထက်အရည်များများတိုက်ပါ။ဘယ်လိုအရည်တွေတိုက်ရမလဲဆိုရင်
-ဓါတ်ဆားရည်
-ထမင်းရည်
-စွပ်ပြုတ်ရည်
– ရေသန့်
-ဟင်းရွက်ပြုတ်ရည် (ဟင်းချို)
-အချိုမပါဘဲ မိမိအိမ်တွင် သန့်ရှင်းစွာဖျော်သော သစ်သီးဖျော်ရည် တွေတိုက်နိုင်ပါတယ်။

မတိုက်သင့်တဲ့အရည်တွေကတော့
-ဂတ်စ်ပါတဲ့ အချိုရည်ဘူးများ ပုလင်းများ
-အပြင်ဆိုင်က သစ်သီးဖျော်ရည်များ
-လက်ဖက်ရည် ကော်ဖီ တွေပါ။

ဘယ်လောက်ပမာဏတိုက်ရမလဲ။
သုတေသနအရ ဝမ်းတစ်ကြိမ်လျှောပြီးတိုင်းမှာ
၂နှစ်အောက်ကလေးဆိုရင်………….. ၅၀ ကနေ ၁၀၀ မီလီလီတာ(ml)
၂နှစ်ကနေ ၁၀နှစ်အတွင်းဆိုရင်…….. ၁၀၀ကနေ၂၀၀မီလီလီတာ(ml)
၁၀နှစ်အထက်ဆိုရင်…………………. သူတို့သောက်နိုင်သလောက် တိုက်နိုင်ပါတယ်။

ဘယ်လိုတိုက်ရမလဲ။
မွေးခါစကလေးငယ်ငယ်လေးတွေဆိုရင် အစက်ချစုပ်ပိုက်(dropper) သို့မဟုတ် ဆေးထိုးပြွန်ကိုသုံးပါ။ (ထိပ်ကအပ်တော့ဖြုတ်ထားပါ)။ နောက်နည်းနည်းကြီးတဲ့ကလေးဆိုရင် လက်ဖက်စားဇွန်းကိုသုံးပြီးတိုက်နိုင်ပါတယ်။ ၂နှစ်အထက်ကလေးဆိုရင်တော့ ခွက်နဲ့တိုက်နိုင်ပါတယ်။

ဓါတ်ဆားရည် သို့မဟုတ် တခြားအရည် စစတိုက်ချင်းမှာ တချို့ကလေးတွေကအန်တတ်မျိုးဖြစ်တတ်ပါတယ်။ အထူးသဖြင့် ခပ်မြန်မြန်သောက်လိုက်ရင် ပိုဖြစ်နိုင်ပါတယ်။ အဲ့ဒီလိုမျိုးဖြစ်ရင် ၅မိနစ် ၁၀မိနစ်ခဏစောင့်ပါ။ ပြီးရင် နည်းနည်းချင်းနဲ့ ခဏခဏထပ်တိုက်ပါ။

၂။ ။ ကလေးကို အရည်တိုက်တာအပြင် ဇင့်ဆေးပြားလည်းတိုက်ပါ။
ဝမ်းသွားတဲ့အခါမှာ ခန္ဓာကိုယ်ကဇင့်ဓါတ်တွေလည်းပါသွားပါတယ်။ ဇင့်ဆေးပြားတိုက်ခြင်းဖြင့် ပါသွားတဲ့ဇင့်ဓါတ်တွေကို ပြန်ဖြည့်ပေးတဲ့အပြင် ဝမ်းလျှောတာကိုရက်မကြာအောင် ရေဓါတ်ဆုံရှုံးမှုမများအောင်လည်း ကူညီပေးပါတယ်။ ဇင့် 10 – 20mg ကိုတစ်န့တစ်ကြိမ် ဆယ်ရက်လောက်တိုက်နိုင်ပါတယ်။

၃။ ။ ဝမ်းလျှောနေတဲ့ကလေးကိုအစာမဖြတ်ပါနဲ။
ခရမ်းချဉ်သီး မန်ကျည်းသီးမှည့် ငရုတ်သီးပါတဲ့အစားအစာတွေ တနည်းအားဖြင့်ပြောရရင် ချဉ်တဲ့စပ်တဲ့အစားစာတွေ၊ အစာကြေခဲတဲ့အစားစာတွေကလွဲပြီး ကျန်တာတွေကျွေးနိုင်ပါတယ်။ ဥပမာ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ထမင်းပျော့ပျော့တို့ကိုကြက်သား ငါးတို့နဲ့ကျွေးနိုင်ပါတယ်။ နို့တိုက်နေတဲ့ကလေးဆိုလည်း မိခင်နို့ကိုဆက်တိုက်ပေးပါ။ မဖြတ်လိုက်ပါနဲ့။

၄။ ။အဲ့လိုအိမ်မှာကုနေရင်းနဲ့ ကလေးကမသက်သာဘူး။ မျက်တွင်းချိုင့်လာတယ် သို့မဟုတ် အောက်ကအချက်တွေဖြစ်လာတယ်ဆိုရင်တော့ ဆေးခန်း ဆေးရုံချက်ချင်းသွားဖို့လိုပါတယ်။
-ကလေးကခဏခဏအန်နေရင်
-ကလေးရေတအားငတ်ပြီး ရေကိုအငန်းမရသောက်လာရင်
-အစားအသောက်မစားနိုင်ရင်
-ဖျားရင်
-အီနေရင် သို့မဟုတ် တအားမှိန်းနေရင်
-ဝမ်းထဲမှာသွေးပါရင်
-၃ရက်နေလို့မှ ဝမ်းလျှောတာမသက်သာရင် ဆေးခန်း ဆေးရုံပြပါ။

Author : Dr 528

Previous Post

နေ့စဉ်လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ

Next Post

ဖိစီးနေတဲ့ စိတ်တွေရယ် ဘယ်လိုလျော့ရမယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
253

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
307

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
808

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
980
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
659

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဖိစီးနေတဲ့ စိတ်တွေရယ် ဘယ်လိုလျော့ရမယ်

ကလေးဖြည့်စွက်စာ နှင့် အာဟာရတန်ဖိုး

အမျိုးသားများအတွက် ကျန်းမာရေးကောင်းကျိုးပေးနိုင်မည့်အစားအစာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.