fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးနေမကောင်းတဲ့အခါ အစာကျွေးရမှာလား အစာဖြတ်ရမှာလား

67
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/08/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

(Zawgyi)

ဒီေမးခြန္းကို ကေလးမိဘေတြေတာ္ေတာ္မ်ားမ်ား အထူးသျဖင့္ အေမေတြေမးဖူးၾကပါလိမ့္မယ္။ ကြၽန္ေတာ့္ေဆးခန္းကို ကေလးေနမေကာင္းလို႔လာျပရင္လည္း အေမအမ်ားစုကလည္း ဒီေမးခြန္းကိုပဲ ထပ္ကာထပ္ကာေမးၾကပါတယ္။

အၾကမ္းအားျဖင့္ေျပာရရင္ ကြၽန္ေတာ္ကေတာ့ အစာျဖတ္တာကို အားမေပးပါဘူး။ ဘာလို႔လဲဆိုေတာ့ ကေလးေနမေကာင္းျဖစ္တဲ့အခါမွာ အာဟာရျဖစ္ဖို႔အတြက္ အင္အားျဖစ္ဖို႔အတြက္ အစားအစာ စားဖို႔ပိုလိုတယ္။ အရည္လဲမ်ားမ်ားေသာက္ဖို႔လိုတယ္။

သို႔ေသာ္ ေနမေကာင္းတဲ့အခါက် ကေလးအမ်ားစုက ခံတြင္းပ်က္ေနလို႔မစားတာမ်ိဴးေတြရွိတယ္။ ေနာက္ၿပီး မိဘကလည္း အစာေကြၽးလိုက္လို႔ရွိရင္ ပိုဖ်ားမလား၊ အဖ်ားတာရွည္မလားဆိုၿပီး မေကြၽးတာလည္းရွိမယ္။ အဲ့လိုအစာမေကြၽးရင္က် ကေလးက  ေရာဂါကိုတိုက္ဖို႔ ခံႏိုင္ဖို႔ အင္အားမရွိေတာ့တဲ့အတြက္ ေရာဂါဒဏ္ကိုပိုခံရပါတယ္။ ေနာက္ၿပီး ကေလးဖ်ားလို႔ရွိရင္ အဖတ္မေကြၽးရဘူး။ အရည္ပဲတိုက္ရမယ္ သို႔မဟုတ္ ေရပဲတိုက္ရမယ္လို႔ အယူစြဲေနတဲ့ မိဘမ်ားလည္း ေတြ႕ဖူးပါတယ္။

ဒီအယူမွားဟာ တိုက္ဖြိဳက္လို႔ေခၚတဲ့တစ္လနီးပါး အဖ်ားၾကာရွည္တဲ့ အူေရာင္ငန္းဖ်ားေရာဂါစေပၚလာတဲ့အခ်ိန္က စခဲ့တယ္လို႔ ထင္ပါတယ္။ အူေရာင္ငန္းဖ်ားျဖစ္တဲ့အခါ အူလမ္းေၾကာင္းမွာ အနာျဖစ္တဲ့အတြက္ေၾကာင့္ အစာမာေကြၽးလို႔ရွိရင္အစာနဲ႔အူအနာနဲ႔ပြတ္တိုက္ၿပီး အူေပါက္ၿပီးအႏၲရာယ္ရွိႏိုင္တဲ့အတြက္ အူေရာင္ငန္းဖ်ား ေရာဂါမွာအစာအဖတ္မေကြၽးရဘူးလို႔ ကန႔္သတ္ထားတာပါ။

အၾကမ္းအားျဖင့္ေျပာရရင္ အူေရာင္ငန္းဖ်ားျဖစ္ရင္ေတာင္မွစဖ်ားတဲ့ပထမအပတ္မွာ အစာေကြၽးလို႔ရပါတယ္။ ဘာျပသာနာမွလဲမရွိႏိုင္ပါဘူး။ ဒီအခ်ိန္ကာလမွာ အူမွာအနာမျဖစ္ေသးဘူးေလ။ ဖ်ားတဲ့ဒုတိယအပတ္မွာေတာ့ အစာမာမေကြၽးပါနဲ႔။

ၿခဳံေျပာရရင္ ကေလးေနမေကာင္းျဖစ္ရင္ အစာမျဖတ္ပါနဲ႔။ သို႔ေသာ္ အဖ်ားၾကာရွည္တဲ့ကေလးကို အူေရာင္ငန္းဖ်ားလို႔သံသယရွိရင္ေတာ့ ဖ်ားတဲ့ဒုတိယေျမာက္အပတ္မွာေတာ့ အစာမာမေကြၽးပါနဲ႔။ပထမအပတ္မွာေတာ့ အရည္ေရာ အဖတ္ေရာ ေကြၽးလို႔ရပါတယ္။

ေနမေကာင္းတဲ့ကေလးကို အရည္မ်ားမ်ားတိုက္ေစခ်င္တယ္။ အရည္ဆိုတာ ေရတစ္မ်ိဳးတည္းကိုပဲဆိုလိုတာမဟုတ္ပါဘူး။ စြပ္ျပဳတ္ရည္၊ ဆန္ျပဳတ္က်ဲက်ဲ၊ ႏို႔ ၊ အိုဗာတင္းတို႔လို အာဟာရျဖစ္မယ့္အရည္ေတြ တိုက္ဖို႔လိုပါတယ္။ ဘာလို႔လဲဆိုေတာ့ ဖ်ားေနတဲ့အခ်ိန္မွာ ေခြၽးထြက္မယ္။  ေနာက္ၿပီး ကေလးကအသက္ရႈျမန္ေနတဲ့အခါ ခႏၵာကိုယ္ထဲမွာရွိတဲ့ အရည္ဓါတ္ေတြဟာ ပိုၿပီးဆုံးရႈံးတဲ့အတြက္ အရည္ခန္းေျခာက္တဲ့ျပသာနာ ပိုျဖစ္ႏိုင္လို႔ပါ။

ေနာက္ထပ္ေျပာရရင္ တခ်ိဳ႕အေျခအေနေတြမွာ တခ်ိဳ႕အစားေသာက္ေတြကို မေကြၽးသင့္တာမ်ိဳးလည္းရွိပါတယ္။ ဥပမာဆိုရင္ ဝမ္းပ်က္ေနတဲ့ကေလးကို ေကာ္ဖီ၊ လက္ဘက္ရည္၊ အခ်ိဳရည္၊ ခရမ္းခ်ဥ္သီး  ၊မန္က်ည္းသီး၊ င႐ုတ္သီးစတဲ့ အစားအစာေတြလုံးဝမေကြၽးသင့္ပါ။

ေနာက္ဝမ္းပ်က္ၿပီး ျပန္ေကာင္းခါစမွာ အစာေၾကဖို႔ခက္မယ့္အစားအစာေတြျဖစ္တဲ့ အမွ်င္ဓါတ္မ်ားမ်ားပါေသာ ( ဥပမာ ႐ုံးပတီသီး၊ ကန္စြန္း႐ြက္၊ ဘူး႐ြက္၊ မွ်စ္ စတဲ့ဟင္းသီးဟင္း႐ြက္မ်ား) ကိုေကြၽးဖို႔မသင့္ေတာ္ပါဘူး။

ဝမ္းပ်က္ေနတဲ့အခ်ိန္နဲ႔ ဝမ္းပ်က္ၿပီး ျပန္ေကာင္းခါစမွာ ဘာေတြေကြၽးရမလဲဆိုရင္ ဆန္ျပဳတ္၊ စြပ္ျပဳတ္၊  ျမဴစြမ္၊ ထမင္းေပ်ာ့ေပ်ာ့ တို႔ကို ငါးနဲ႔ေကြၽးလို႔ရပါတယ္။ အရည္မ်ားမ်ား တိုက္ဖို႔ေတာ့လို႔ပါတယ္။

ဒီမွာမိဘေတြအေနနဲ႔ထပ္ေမးစရာရွိတာက ကေလးကိုေနမေကာင္းတဲ့အခါ အစာေကြၽး အရည္မ်ားမ်ားတိုက္တာေတာ့ ဟုတ္ပါၿပီ။ ဒါေပမယ့္ ကေလးက အန္ေနရင္ သို႔မဟုတ္ အရည္ကိုမေသာက္ခ်င္ဘဲနဲ႔ ခံတြင္းပ်က္ေနတယ္ ဆိုရင္ေကာ ဘယ္လိုလုပ္မလဲဆရာလို႔ ေမးရပါမယ္။

အဲ့လိုကေလးမ်ိဳးက် နည္းနည္းခ်င္းစီ နည္းနည္းခ်င္းစီ နဲ႔ ေခ်ာ့ၿပီးေတာ့ ခဏခဏ အရည္တိုက္သြားပါ။ ကေလးကအန္တုန္းေတာ့ အမ်ားႀကီးမအန္ေတာ့ပါဘူး၊ ကိုယ္ခႏၵာထဲမွာ အထိုက္အေလ်ာက္ေတာ့ က်န္မယ့္သေဘာရွိပါတယ္။ တကယ္လို႔လုံးဝမဝင္ဘူးဆိုရင္ေတာ့ ေဆးခန္းသြားၿပီး ဆရာဝန္နဲ႔ ေသခ်ာျပသေပးပါ။

ပြင့္ေသာပန္းတိုင္း လန္းေစခ်င္ေသာ ေစတနာျဖင့္

Author : Dr 528

(Unicode)

ဒီမေးခွန်းကို ကလေးမိဘတွေတော်တော်များများ အထူးသဖြင့် အမေတွေမေးဖူးကြပါလိမ့်မယ်။ ကျွန်တော့်ဆေးခန်းကို ကလေးနေမကောင်းလို့လာပြရင်လည်း အမေအများစုကလည်း ဒီမေးခွန်းကိုပဲ ထပ်ကာထပ်ကာမေးကြပါတယ်။

အကြမ်းအားဖြင့်ပြောရရင် ကျွန်တော်ကတော့ အစာဖြတ်တာကို အားမပေးပါဘူး။ ဘာလို့လဲဆိုတော့ ကလေးနေမကောင်းဖြစ်တဲ့အခါမှာ အာဟာရဖြစ်ဖို့အတွက် အင်အားဖြစ်ဖို့အတွက် အစားအစာ စားဖို့ပိုလိုတယ်။ အရည်လဲများများသောက်ဖို့လိုတယ်။

သို့သော် နေမကောင်းတဲ့အခါကျ ကလေးအများစုက ခံတွင်းပျက်နေလို့မစားတာမျိူးတွေရှိတယ်။ နောက်ပြီး မိဘကလည်း အစာကျွေးလိုက်လို့ရှိရင် ပိုဖျားမလား၊ အဖျားတာရှည်မလားဆိုပြီး မကျွေးတာလည်းရှိမယ်။ အဲ့လိုအစာမကျွေးရင်ကျ ကလေးက  ရောဂါကိုတိုက်ဖို့ ခံနိုင်ဖို့ အင်အားမရှိတော့တဲ့အတွက် ရောဂါဒဏ်ကိုပိုခံရပါတယ်။ နောက်ပြီး ကလေးဖျားလို့ရှိရင် အဖတ်မကျွေးရဘူး။ အရည်ပဲတိုက်ရမယ် သို့မဟုတ် ရေပဲတိုက်ရမယ်လို့ အယူစွဲနေတဲ့ မိဘများလည်း တွေ့ဖူးပါတယ်။

ဒီအယူမှားဟာ တိုက်ဖွိုက်လို့ခေါ်တဲ့တစ်လနီးပါး အဖျားကြာရှည်တဲ့ အူရောင်ငန်းဖျားရောဂါစပေါ်လာတဲ့အချိန်က စခဲ့တယ်လို့ ထင်ပါတယ်။ အူရောင်ငန်းဖျားဖြစ်တဲ့အခါ အူလမ်းကြောင်းမှာ အနာဖြစ်တဲ့အတွက်ကြောင့် အစာမာကျွေးလို့ရှိရင်အစာနဲ့အူအနာနဲ့ပွတ်တိုက်ပြီး အူပေါက်ပြီးအန္တရာယ်ရှိနိုင်တဲ့အတွက် အူရောင်ငန်းဖျား ရောဂါမှာအစာအဖတ်မကျွေးရဘူးလို့ ကန့်သတ်ထားတာပါ။

အကြမ်းအားဖြင့်ပြောရရင် အူရောင်ငန်းဖျားဖြစ်ရင်တောင်မှစဖျားတဲ့ပထမအပတ်မှာ အစာကျွေးလို့ရပါတယ်။ ဘာပြသာနာမှလဲမရှိနိုင်ပါဘူး။ ဒီအချိန်ကာလမှာ အူမှာအနာမဖြစ်သေးဘူးလေ။ ဖျားတဲ့ဒုတိယအပတ်မှာတော့ အစာမာမကျွေးပါနဲ့။

ခြုံပြောရရင် ကလေးနေမကောင်းဖြစ်ရင် အစာမဖြတ်ပါနဲ့။ သို့သော် အဖျားကြာရှည်တဲ့ကလေးကို အူရောင်ငန်းဖျားလို့သံသယရှိရင်တော့ ဖျားတဲ့ဒုတိယမြောက်အပတ်မှာတော့ အစာမာမကျွေးပါနဲ့။ပထမအပတ်မှာတော့ အရည်ရော အဖတ်ရော ကျွေးလို့ရပါတယ်။

နေမကောင်းတဲ့ကလေးကို အရည်များများတိုက်စေချင်တယ်။ အရည်ဆိုတာ ရေတစ်မျိုးတည်းကိုပဲဆိုလိုတာမဟုတ်ပါဘူး။ စွပ်ပြုတ်ရည်၊ ဆန်ပြုတ်ကျဲကျဲ၊ နို့ ၊ အိုဗာတင်းတို့လို အာဟာရဖြစ်မယ့်အရည်တွေ တိုက်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဖျားနေတဲ့အချိန်မှာ ချွေးထွက်မယ်။  နောက်ပြီး ကလေးကအသက်ရှုမြန်နေတဲ့အခါ ခန္ဒာကိုယ်ထဲမှာရှိတဲ့ အရည်ဓါတ်တွေဟာ ပိုပြီးဆုံးရှုံးတဲ့အတွက် အရည်ခန်းခြောက်တဲ့ပြသာနာ ပိုဖြစ်နိုင်လို့ပါ။

နောက်ထပ်ပြောရရင် တချို့အခြေအနေတွေမှာ တချို့အစားသောက်တွေကို မကျွေးသင့်တာမျိုးလည်းရှိပါတယ်။ ဥပမာဆိုရင် ဝမ်းပျက်နေတဲ့ကလေးကို ကော်ဖီ၊ လက်ဘက်ရည်၊ အချိုရည်၊ ခရမ်းချဉ်သီး  ၊မန်ကျည်းသီး၊ ငရုတ်သီးစတဲ့ အစားအစာတွေလုံးဝမကျွေးသင့်ပါ။

နောက်ဝမ်းပျက်ပြီး ပြန်ကောင်းခါစမှာ အစာကြေဖို့ခက်မယ့်အစားအစာတွေဖြစ်တဲ့ အမျှင်ဓါတ်များများပါသော ( ဥပမာ ရုံးပတီသီး၊ ကန်စွန်းရွက်၊ ဘူးရွက်၊ မျှစ် စတဲ့ဟင်းသီးဟင်းရွက်များ) ကိုကျွေးဖို့မသင့်တော်ပါဘူး။

ဝမ်းပျက်နေတဲ့အချိန်နဲ့ ဝမ်းပျက်ပြီး ပြန်ကောင်းခါစမှာ ဘာတွေကျွေးရမလဲဆိုရင် ဆန်ပြုတ်၊ စွပ်ပြုတ်၊  မြူစွမ်၊ ထမင်းပျော့ပျော့ တို့ကို ငါးနဲ့ကျွေးလို့ရပါတယ်။ အရည်များများ တိုက်ဖို့တော့လို့ပါတယ်။

ဒီမှာမိဘတွေအနေနဲ့ထပ်မေးစရာရှိတာက ကလေးကိုနေမကောင်းတဲ့အခါ အစာကျွေး အရည်များများတိုက်တာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ကလေးက အန်နေရင် သို့မဟုတ် အရည်ကိုမသောက်ချင်ဘဲနဲ့ ခံတွင်းပျက်နေတယ် ဆိုရင်ကော ဘယ်လိုလုပ်မလဲဆရာလို့ မေးရပါမယ်။

အဲ့လိုကလေးမျိုးကျ နည်းနည်းချင်းစီ နည်းနည်းချင်းစီ နဲ့ ချော့ပြီးတော့ ခဏခဏ အရည်တိုက်သွားပါ။ ကလေးကအန်တုန်းတော့ အများကြီးမအန်တော့ပါဘူး၊ ကိုယ်ခန္ဒာထဲမှာ အထိုက်အလျောက်တော့ ကျန်မယ့်သဘောရှိပါတယ်။ တကယ်လို့လုံးဝမဝင်ဘူးဆိုရင်တော့ ဆေးခန်းသွားပြီး ဆရာဝန်နဲ့ သေချာပြသပေးပါ။

ပွင့်သောပန်းတိုင်း လန်းစေချင်သော စေတနာဖြင့်

Author : Dr 528

Previous Post

လေထိုးလေအောင့်ဝေဒနာ

Next Post

အိမ်ထောင် မပြုခင် မပေါ့စေချင် ကျန်းမာရေးသတိရှိစေချင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
262

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
319

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
836

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
1k
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
673

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိမ်ထောင် မပြုခင် မပေါ့စေချင် ကျန်းမာရေးသတိရှိစေချင်

မှန်ကန်စွာ ရွေးချယ်တတ်မှ

အမျိုးသားများအတွက် ကျန်းမာရေးကောင်းကျိုးပေးနိုင်မည့် အစားအစာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.