မိခင်နို့သည် မွေးကင်းစကလေးများအတွက် အကောင်းဆုံးအာဟာရဖြစ်ပါတယ်။။ကလေးအသက်၆လထိ
မိခင်နို့တစ်မျိုးပဲတိုက်သင့်တယ် ။ရေတိုက်ဖို့မလိုပါ။
ဘာလို့လဲဆိုတော့ မိခင်နို့မှာ Energy (စွမ်းအင်) 75kcal/ml ၊ Lactose(နွားနို့တွင်ပါသောသကြားဓါတ်) 6.8g/100ml ၊ Protein(အသားဓါတ်) 1.1g/100ml ၊ Fat(အဆီဓါတ်) 4.5 g/100ml ၊ Sodium(ဆားဓါတ်) 7mmol/l ၊ Water(ရေဓါတ်) 87.1ml.100ml ပါဝင်လို့ ဖြစ်ပါတယ်။
၆လကျော်ရင်တော့ မိခင်နို့အပြင်ဖြည့်စွက်စာပါကျွေးရပါမယ်။
ဘာလို့လဲဆိုတော့ မိခင်နို့မှာပါဝင်တဲ့သံဓါတ်(Iron) ကအရမ်းနည်းပါတယ်။ ကလေး၆လကျော်သွားရင်
ကလေးအတွက်မိခင်နို့မှာပါတဲ့သံဓါတ်က မလုံလောက်တော့ပါဘူး။ဒါကြောင့်ဖြည့်စွက်စာကျွေးရတာပါ
ယနေ့လူငယ် နောင်ဝယ်လူကြီး စကားအတိုင်း လူငယ်များရဲ့အစ ကလေးဘဝမှာ အာဟာရပြည့်ဝပြီး
ရောဂါမဝင်ဖို့ ကလေးဉာဏ်ကောင်းဖို့အတွက် မိခင်နို့တိုက်ဖို့အရေးကြီးပါတယ်။ ဒါမှသာ နောင်အခါမှာ
ကျန်းမာရေးကောင်း ဉာဏ်ကောင်းပြီး နိုင်ငံအကျိုးကို သယ်ပိုးနိုင်တဲ့ လူငယ်များပေါ်ထွက်လာနိုင်လိမ့်မယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း မိခင်နို့တိုက်ကျွေးရေး အောင်မြင်စေဖို့ အတွက် နှစ်စဉ် သြဂုတ်လ ၁
ရက်ကနေ ၇ ရက်ထိကို မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်အဖြစ်သတ်မှတ်ပီး လှုံ့ဆော်ထားပါတယ်
မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနကလည်း မိခင်နို့တိုက်ကျွေးရေးအောင်မြင်ဖို့အတွက်
မူဝါဒချမှတ်ကာ ကျန်းမာရေးဝန်ထမ်းတွေကို အသိပေးထားခြင်း ၊
မိခင်နို့ တိုက်ကျွေးပုံကို ကျန်းမာရေးဝန်ထမ်းများအား သေချာလေ့ကျင့်ပေးထားခြင်း ၊
ကိုယ်ဝန်ဆောင်မိခင်တွေကို နို့တိုက်ပုံစနစ်ကျစေဖို့ ကျန်းမာရေးဝန်ထမ်းမျာကပြန်လည်သင်ကြားပေးခြင်း ၊
မွေးပြီးပြီးချင်းအစောဆုံးမိခင်နို့တိုက်ကျွေးဖို့ ၊ ဆာတိုင်းနို့တိုက်ပေးဖို့၊ ၆လထိတခြားဘာမှမကျွေးဖို့ နှင့်
မိခင်နို့ရဲ့ ကောင်းကျိုးတွေကို ကိုယ်ဝန်ဆောင်မိခင်များကိုသေချာ ပြောကြားခြင်းစတဲ့ နည်းလမ်းများကို
ဆောင်ရွက်နေပါတယ်။
မိခင်နို့ရဲ့ကောင်းကျိုးတွေကတော့
မိခင်အနေနဲ့ကြည့်၇င်
-မွေးပြီးနောက်ပိုင်းသွေးဆင်းတာ သွေးအားနည်းတာကို လျော့နည်းစေတယ်
-သားအိမ်ကျုံ့တဲ့နေရာမှာ အားပေးတယ်
-ကုန်ကျစရိတ် နဲ့ အချိန်ကုန် လူပန်း သက်သာတယ်
-သားဆက်ခြားစေတယ်(98%)
-ရင်သားကင်ဆာ သားဥအိမ်ကင်ဆာတွေကိုကာကွယ်ပေးတယ်
-မိခင်နဲ့ကလေးကြား သံယောဇဉ်ကိုတိုးစေတယ်
-မိခင်သောကကိုလျှော့ပါးစေတယ်
ကလေးအနေနဲ့ကြည့်ရင်
-မိခင်နို့ကအကောင်းဆုံးအာဟာရပါပဲ
-ကလေးမှာဖြစ်တတ်တဲ့ ဓါတ်မတည့်လို့ဖြစ်တဲ့ရောဂါ(Eczema, Asthma) ကင်ဆာရောဂါ (lymphoma)
-ဖြစ်နိုင်ချေတွေကို လျော့နည်းစေတယ်
-ကလေးရဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေကို အကောင်းဆုံး ထောက်ပံ့ပေးတယ်
-ကလေးအတွက်လိုသလောက်တိုက်လို့ရတယ် လတ်ဆတ်တယ်
မိသားစုအနေနဲ့ကြည့်၇င် မိခင်နို့ကဝယ်စရာမလိုတဲ့အတွက်ငွေမကုန်ဘူး
-နို့ဘူးလိုဖျော်စရာမလိုတဲ့အတွက်အချိန်မကုန်ဘူး
နိုင်ငံအနေနဲ့ကြည့်ရင် မိခင်နို့တိုက်တဲ့အတွက် ကလေးသေနှုန်းလျှော့ကျစေတယ်
-ကျန်းမာတဲ့ မျိုးဆက်တွေကြောင့်နိုင်ငံမှာ အင်အားပြည့်ဝတယ်
ဒီလိုဆိုတော့ အိတ်အိုင်ဗွီပိုး ရှိတဲ့မိခင်တွေရော ကလေးကိုနို့တိုက်ရမှာလားလို့မေးစရာရှိတယ်
ဘယ်အခြေအနေတွေမှာ မိခင်နို့မတိုက်ရဘူးလဲဆိုရင် မိခင်က ကင်ဆာဆေးတွေသောက်နေရင်
ဓါတ်ရောင်ခြည်ကုသမှုခံယူနေရင် အိတ်အိုင်ဗွီပိုးရှိရင် မတိုက်သင့်ပါဘူး။
နိူင်ငံတော်အတွက်ကျန်းမာသောမျိုးဆက်သစ်များထွက်ပေါ်လာစေချင်သောစေတနာဖြင့်
Author; Dr528