ကလေးငယ်ဟာ ရက်အတန်အကြာဝမ်းမသွားခဲ့လျှင်တော့ ဝမ်းချုပ်တယ်လို့ သတ်မှတ်ရပါမယ်။ ဝမ်းချုပ်ခြင်းဟာ အကြိမ်ရေတစ်ခုပဲ ကြည့်ပြီးသတ်မှတ်လို့ မရပါဘူး။ ကလေးငယ်ဟာ ဝမ်းအမာသွားရခြင်းကြောင့် စအိုဝပွန်းရျ် ဝမ်းနဲ့အတူသွေးစကလေးများ ပါတတ်ပါတယ်။ ကလေးငယ်ဟာ ဝမ်းသွားခါနီး ညှစ်ရခက်တဲ့အတွက် ဗိုက်မအီမသာဖြစ်သောကြောင့် ငိုတတ်ပါတယ်။ အစာစားဖို့ လည်း ငြင်းဆိုတတ်ပါတယ်။
ဝမ်းချုပ်တာသက်သာအောင် ဘယ်လိုလုပ်ရမလဲ?
မိခင်နို့တိုက်သောကလေးငယ်များအတွက် မိခင်ရဲ့စားသောက်မှုပုံစံကိုပြောင်းလဲရပါမယ်။ အစာမရှောင်ဘဲ အာဟာရစုံလင်စွာစားပေးရပါမယ်။ နို့မူန့်တိုက်တဲ့ကလေးငယ်တွေမှာတော့ နို့မူန့်အချိုးအဆမှန်ကန်အောင် ဖျော်စပ်ရပါမယ်။ တခြားသက်သာစေသောနည်းလမ်းတွေကတော့
(၁)ရေပိုတိုက်ပါ
မိခင်နို့မှာရေလုံလောက်စွာပါဝင်သော်လည်း ဝမ်းချုပ်ခဲ့လျှင် နို့စို့ပြီးနောက် ရေ နှစ်အောင်စမှ လေးအောင်စထိ ဖြေးဖြေးချင်းတိုက်ပေးပါ။
(၂)အသီးဖျော်ရည်တိုက်ခြင်း
အသီးဖျော်ရည်တိုက်ခြင်းဟာ သဘာဝနည်းဖြင့် ဝမ်းသွားစေခြင်းဖြစ်ပါတယ်။ ပန်းသီး၊သစ်တော်သီးဖျော်ရည်များက ဝမ်းချုပ်ခြင်းသက်သာစေပါတယ်။ လတ်ဆတ်တဲ့အသီးဖျော်ရည်ပဲတိုက်ပါ။
(၃)အမျှင်ဓာတ်များသောအစာကျွေးပါ
ဖြည့်စွက်စာကျွေးသောကလေးငယ်များတွင် ဌက်ပျောသီး၊ဥနီနှင့်ချိစ်များ ကျွေးပေးပါ။ သစ်တော်သီး၊စပျစ်သီးများကျွေးပေးပါ။
(၄)ခြေထောက်လေ့ကျင့်ခန်းလုပ်ပေးပါ
ကလေးငယ်ရဲ့ခြေထောက်များကို မိခင်မှ လေ့ကျင့်ခန်းလေးလုပ်ပေးပါ။ စက်ဘီးနင်းသကဲ့သို့ လုပ်ပေးပါ။ လှည့်ပေးပါ။ ထိုနည်းဖြင့် ဝမ်းဗိုက်အကြောလျော့ပေးပါ။
(၅)နို့မူန့်တိုက်သောကလေးငယ်များသည် ကလေးဆရာဝန်နဲ့တိုင်ပင်ပြီး နို့မူန့်အမျိုးအစားရွေးချယ်ပါ။
(၆)ဝမ်းချုခြင်း
ကလေးငယ် ဝမ်းချုလို့ရပါတယ်။ သိုသော် ကလေးဆရာဝန်ညွန်ကြားမှချုပါ။ စအိုဝကိုအဖျားတိုင်းတဲ့ကိရိယာကို ချောဆီ vaselineသုတ်ပြီး ချုခိုင်းလေ့ရှိပါတယ်။
(၇)နှိပ်နယ်ပေးခြင်း
ကလေးငယ်ရဲ့ဝမ်းဗိုက်နဲ့ကျောဘက်ကိုနာရီလက်တံကဲ့သို့လှည့်ရျ် နှိပ်နယ်ပေးပါ။ ပွတ်ပေးပါ။
(၈)ရေနွေးစပ်ချိုးပေးပါ
ရေနွေးစပ်ချိုးပေးခြင်းဖြင့် ကလေးငယ်ကို အကြောပြေစေပါတယ်။
(၉)ဂလစ်စထရင်းglycerin ဆေးတောင့်စအိုထဲထည့်ခြင်း
ဆရာဝန်ရဲ့ညွန်ကြားချက်နှင့်အတူ ဆေးတောင့်ထည့်လို့ရပါတယ်။ ဆေးတောင့်ကတော့ ဘယ်လောက်ထိရက်ကြာဝမ်းချုပ်သလဲပေါ်မူတည်ထည့်ရပါတယ်။ ၁၅မိနစ်မှ၃၀မိနစ်အတွင်း ဝမ်းသွားပါတယ်။
(၁၀)နောက်ဆုံးအချက်ပါ အရေးကြီးပါတယ်
ဝမ်းချုပ်ရင်မလုပ်သင့်တဲ့အရာတွေရှိပါတယ်။ ကလေးငယ်တွေဟာ ငယ်လွန်းတဲ့အတွက် အလွယ်တကူရေဓာတ်ခမ်းခြောက်တတ်တာကိုသတိပြုရပါမယ်။ မသုံးသင့်တာတွေကတော့ ဓာတ်ဆီ ၊ရေနံဆီ ၊ဝမ်းချုဘောလုံး နှင့် ဝမ်းနုတ်ဆေးများ လုံးဝမသုံးသင့်ပါ။
အထက်ဖော်ပြပါနည်းများဖြင့် မသက်သာခဲ့လျှင် ကလေးအထူးကုဆရာဝန် သို့မဟုတ် နီးစပ်ရာဆရာဝန်နှင့် ပြသစစ်ဆေးဖို့လိုပါတယ်။
Author : Dr.ပြည့်ရှင်း