(Zawgyi)
သားေလးဂြၽန္ကို မိဘေတြအလုပ္သြားတဲ့အခါ အဘိုးအဘြားအိမ္မွာ YouTube ကို ေပးၾကည့္တယ္။ ဒါေပမယ့္ အိမ္မွာေတာ့ သူ႔မိဘေတြဟာဂြၽန္ကို ဖန္သားျပင္အနားကို မကပ္ေစဘူး။ သူတို႔အက်ပ္႐ိုက္ေနတာကေတာ့ တျဖည္းျဖည္းမ်ားလာတဲ့ သာမန္ကိစၥတစ္ခုပဲ။ မိုဘိုင္းလ္ပစၥည္းေတြ၊ ကြန္ပ်ဳတာနဲ႔ တီဗြီ ေတြစတဲ့ ဖန္သားျပင္ကိရိယာေတြ သုံးစြဲလာမႈဟာ ေနရာတိုင္းလိုမွာ မျမင္ခ်င္တဲ့အဆုံးပဲ။ စမတ္ဖုန္းေတြနဲ႔ တက္ဘလက္ေတြ အလြယ္တကူရရွိႏိုင္တာ ေၾကာင့္လည္း ပိုဆိုးတာေပါ့။
၂၀၁၅ ခုႏွစ္က Early Childhood Education ဂ်ာနယ္မွာ ပါရွိတဲ့ သုံးသပ္ခ်က္တစ္ခုက စင္ကာပူ ႏိုင္ငံမွာ အသက္ခုႏွစ္ႏွစ္အ႐ြယ္ ကေလးေတြဟာ စမတ္ ဖုန္းနဲ႔ အနည္းဆုံးတစ္ေန႔ကို တစ္နာရီခန႔္ အခ်ိန္ကုန္ၾကတယ္လို႔ ေဖာ္ျပထားတယ္။အလြယ္တကူရရွိႏိုင္တာရယ္ သယ္ရျပဳရလြယ္တဲ့ လက္ကိုင္ကိရိယာ ေတြဟာ အရင္တုန္းက နည္းပညာေတြနဲ႔စာရင္ ပိုၿပီးလႊမ္းမိုးမႈရွိလာတယ္။အရင္တုန္းကဆိုရင္ ကေလးေတြဟာ ဂိမ္းကစားပစၥည္းေတြနဲ႔ တီဗြီေတြမွာ ဘယ္ေလာက္ အခ်ိန္သုံးခဲ့တယ္ဆိုတာ ေျပာျပႏိုင္ၾကတယ္။ အခုအခ်ိန္မွာေတာ့ စမတ္ဖုန္းနဲ႔ တက္ဘလက္ေတြေၾကာင့္ ျပႆနာကို ပိုၿပီး ေနရာတကာ ပ်ံ႕ႏွံ႔ေနတယ္။
တခ်ိဳ႕ကေလးေတြနဲ႔ မိဘအခ်ိဳ႕တို႔ေတာင္ ဒီကိရိယာေတြကို အၿမဲအသုံးျပဳေနတာေၾကာင့္ ဘယ္ေလာက္အခ်ိန္ကုန္လဲဆိုတာ မေျပာျပႏိုင္ၾကဘူး။ မိဘအျပင္သြားခိုက္ ကေလးေစာင့္ၾကည့္ေပးသူေတြဟာလည္း မိုဘိုင္းလ္ကိရိယာေတြကို ကေလးေစာင့္ၾကည့္တဲ့ပစၥည္း အျဖစ္အသုံးျပဳၾကတယ္။ သူတို႔အျခားအိမ္အလုပ္လုပ္စရာရွိရင္ (သို႔) ကေလးေစာင့္ၾကည့္တဲ့အခါ၊ နားခ်င္တဲ့အခ်ိန္မွာေပါ့။မျမင္ရတဲ့ အႏၲရာယ္ေတြအလြန္အမင္း ဖန္သားျပင္ကို အသုံးျပဳတာဟာ carpal tunnel syndrome လို႔ေခၚတဲ့ အခ်ိန္တာရွည္ ထပ္တလဲလဲ အသုံးျပဳတာေၾကာင့္ လက္နဲ႔လက္ေခ်ာင္းေတြမွာ အာ႐ုံေၾကာတစ္ခုကို ဖိအားေပး မႈေၾကာင့္ နာက်င္မႈေတြ ျဖစ္ေပၚလာႏိုင္တယ္။
တစ္ဖန္ ဖန္သားျပင္အသုံးမွားတဲ့ ကေလးေတြဟာ အိမ္အျပင္ထြက္ၿပီး အလြန္လိုအပ္တဲ့ ကိုယ္လက္လႈပ္ရွားမႈေတြ လုပ္ဖို႔ျငင္းဆိုလာႏိုင္တယ္။ ပိုၿပီး စိုးရိမ္စရာေကာင္းတဲ့ အခ်က္ကေတာ့ မိုဘိုင္းလ္ကိရိယာေတြ အလြန္အကြၽံသုံးတာေၾကာင့္ စိတ္က်န္းမာေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈတို႔အေပၚ ဘယ္လိုအႏၲရာယ္မ်ိဳး က်ေရာက္လာႏိုင္တယ္ဆိုတာကို မသိေသးတာပဲျဖစ္တယ္။ေတာင္ကိုရီးယားမွာ အ႐ြယ္(၂၄)ကေန (၃၀) လသားအ႐ြယ္ရွိတဲ့ ကေလးေတြအေပၚ သုေတသေနျပဳလုပ္ခ်က္တစ္ခုက ဘာျပသလဲဆိုရင္ စကားေျပာဆိုျခင္း ၾကန႔္ၾကာမႈဟာ တီဗြီေရွ႕မွာ အခ်ိန္ကုန္တာနဲ႔အတူ တိုးတက္လာတယ္လို႔ဆိုတယ္။ေတာ့တီးေတာ့တ လမ္းေလွ်ာက္ကာစ ကေလးငယ္ေတြ ေန႔စဥ္ (၂-၃) နာရီ တီဗြီၾကည့္ရင္၊ တစ္နာရီထက္ ေလွ်ာ့ၾကည့္တဲ့ ကေလးေတြထက္ စကားေျပာဆို တတ္ႏႈန္း ၾကန႔္ၾကာမႈ (၂.၇) ဆပိုျမင့္တယ္လို႔ဆိုထားတယ္။
တစ္ေန႔ကို သုံးနာရီထက္ၾကာေအာင္ ကိရိယာေတြကို အသုံးျပဳတဲ့ကေလးဆိုရင္ေတာ့ စကားသင္ၾကားတတ္ေျမာက္ျခင္း ၾကန႔္ၾကာမႈမွာ သုံးဆမ်ားလာႏိုင္တယ္။ကေလးေတြဟာ လူမႈေရးဆက္ဆံမႈကို သူတို႔ပတ္ဝန္းက်င္မွာရွိတဲ့ လူေတြကိုၾကည့္ကာ တတ္လာၾကတယ္။ အလြန္ငယ္တဲ့ ကေလးငယ္ေတြအေပၚ ျပဳလုပ္တဲ့ သုံးသပ္ခ်က္ေတြအရ ဖန္သားျပင္အသုံးျပဳျခင္းဟာ စိတ္ပိုင္းဆိုင္ရာသုခအတြက္ အႏၲရာယ္ရွိႏိုင္တဲ့ အေၾကာင္းရင္းတစ္ခုလို႔ ဆိုထားတယ္။ ထိုင္းႏိုင္ငံမွာ စိစစ္ခ်က္အရ အသက္ ေျခာက္လမွ ၁၈ လအတြင္း တီဗြီအၾကည့္မ်ားတဲ့ ကေလးေတြဟာ စိတ္ပိုင္းဆိုင္ရာ ျပန္လည္လႈပ္ရွားမႈနဲ႔ ရန္လိုမႈ အျပဳအမႈေတြနဲ႔ ဆက္စပ္မႈရွိတယ္လို႔ ဆိုထားတယ္။မိုဘိုင္းလ္နည္းပညာ တိုးတက္လာတာဟာ ဒီကိစၥေတြကို ပိုၿပီးဆိုးလာေစမယ္လို႔ ကြၽမ္းက်င္သူေတြက စိုးရိမ္ၾကတယ္။
ဖန္သားျပင္မွာ အခ်ိန္ကုန္မ်ားလြန္းရင္ ကေလးငယ္ေတြကို တကယ္ လူေတြအၾကား အျပန္အလွန္ အက်ိဳးျပဳမႈ ျပဳလုပ္ျခင္းမွ ေဝးကြာေစတယ္။ အဲဒီကမွတစ္ဆင့္ လူမႈေရးတတ္သိနားလည္မႈကို အဟန႔္အတားျဖစ္ေစတဲ့အျပင္ သူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးမႈကိုလည္း ပ်က္စီးေစႏိုင္တယ္။ေနာက္ျပႆနာတစ္ခုကေတာ့ စြဲေနမႈ (addiction) ပဲျဖစ္တယ္။ ဘာေၾကာင့္လဲဆိုရင္ မိုဘိုင္းလ္ဂိမ္းေတြနဲ႔ ပ႐ိုဂရမ္ေတြဟာ လႊမ္းၿခဳံသြားေစႏိုင္တယ္။ စိတ္ဝင္စား၊ စိတ္လႈပ္ရွား ေစတယ္။စြဲေနမႈကို အခ်ိန္၊ နာရီနဲ႔ တိုင္းတာလို႔မရဘူး။ အသုံးျပဳပုံေပၚမွာပဲ မူတည္တယ္။ ကေလးတစ္ေယာက္ရဲ႕ လူမႈေရး (သို႔) ပညာေရးလႈပ္ရွားမႈကို ပ်က္စီးေစလွ်င္ ဒါဟာစြဲေနမႈလို႔ ဆင္ျခင္သုံးသပ္လို႔ရတယ္။
ဖန္သားျပင္ေတြဟာ ဒီေလာက္ေတာင္ပဲဆိုးသလားဖန္သားျပင္မွာ အခ်ိန္ကုန္တာဟာ အႏၲရာယ္ရွိႏိုင္တယ္ ဆိုေပမယ့္၊ ဒီနည္းပညာကို သင့္တင့္တဲ့ပမာဏနဲ႔ အသုံးျပဳရင္ အသုံးဝင္ႏိုင္ၿပီး ကေလးေတြအတြက္ အက်ိဳးေတာင္ရွိႏိုင္ပါတယ္။ ေနာက္ဆုံးမွာေတာ့ ကေလးေတြ ဒီကိရိယာေတြမွာ အခ်ိန္ကုန္တာထက္ ပါဝင္တဲ့အေၾကာင္းအရာေတြ၊ ကိရိယာေတြနဲ႔ ထိေတြ႕တဲ့အဆင့္ေပၚမွာ မူတည္ပါတယ္။အသက္ႏွစ္ႏွစ္ေအာက္ရွိကေလးေတြကို တတ္ႏိုင္သမွ် ဖန္သားျပင္ အၾကည့္နည္းပါေစ။ American Academy of Paediatrics ရဲ႕ လမ္းၫႊန္ခ်က္အေပၚ အေျခခံတယ္။ မိဘေတြကလည္း သူတို႔ကေလးေတြ ဖန္သားျပင္မွာ အခ်ိန္ကုန္ဆုံးမႈကို ကြပ္ကဲစီမံဖို႔လည္း လိုအပ္တယ္။
အထူးသျဖင့္ ငယ္႐ြယ္တဲ့ ကေလးေတြကိုေပါ့။ ကေလးေတြ ငယ္႐ြယ္စဥ္ မိဘေတြကလည္း သူတို႔နဲ႔ပါဝင္ပတ္သက္ေနဖို႔ အေရးႀကီးပါတယ္။ဗြီဒီယိုဂိမ္းေတြ အၾကမ္းဖက္မႈနဲ႔ ရန္လိုမႈေတြ ကင္းေအာင္စစ္ေဆးၿပီးမွ ကေလးေတြကို ေပးၾကည့္သင့္တယ္။ မီဒီယာကို သူတို႔နဲ႔အတူၾကည့္ၿပီး သူတို႔ဘာေတြျပင္ေနသလဲ။ သူတို႔ရဲ႕ ပတ္ဝန္းက်င္မွာ ဘယ္လိုအသုံးခ်ရမလဲ ဆိုတာကို နားလည္ေအာင္ သင္ေပးပါ။ကေလးေတြကို ငယ္စဥ္မွာ ဖန္သားျပင္နဲ႔ ထိေတြ႕မႈေပးျခင္းကို တတ္ႏိုင္သမွ်ေရွာင္ပါ။ အစာစားေနခ်ိန္အတြင္း၊ ကစားခ်ိန္နဲ႔ အိပ္ရာဝင္ေတာ့မယ့္အခ်ိန္မွာ ျဖစ္ႏိုင္ရင္ ခြင့္မျပဳပါနဲ႔။ ကေလးေတြဟာ ဖန္သားျပင္ကို ၾကည့္ လြန္တဲ့အခါ အျပဳသေဘာမေဆာင္တဲ့ သက္ေရာက္မႈေတြနဲ႔ ရင္ဆိုင္ရတတ္တယ္။
Author: ေမာင္ခ်မ္းသာ, Healthcare Journal,vol 8,no 28 (28.7.17)
(Unicode)
သားလေးဂျွန်ကို မိဘတွေအလုပ်သွားတဲ့အခါ အဘိုးအဘွားအိမ်မှာ YouTube ကို ပေးကြည့်တယ်။ ဒါပေမယ့် အိမ်မှာတော့ သူ့မိဘတွေဟာဂျွန်ကို ဖန်သားပြင်အနားကို မကပ်စေဘူး။ သူတို့အကျပ်ရိုက်နေတာကတော့ တဖြည်းဖြည်းများလာတဲ့ သာမန်ကိစ္စတစ်ခုပဲ။ မိုဘိုင်းလ်ပစ္စည်းတွေ၊ ကွန်ပျုတာနဲ့ တီဗွီ တွေစတဲ့ ဖန်သားပြင်ကိရိယာတွေ သုံးစွဲလာမှုဟာ နေရာတိုင်းလိုမှာ မမြင်ချင်တဲ့အဆုံးပဲ။ စမတ်ဖုန်းတွေနဲ့ တက်ဘလက်တွေ အလွယ်တကူရရှိနိုင်တာ ကြောင့်လည်း ပိုဆိုးတာပေါ့။
၂၀၁၅ ခုနှစ်က Early Childhood Education ဂျာနယ်မှာ ပါရှိတဲ့ သုံးသပ်ချက်တစ်ခုက စင်ကာပူ နိုင်ငံမှာ အသက်ခုနှစ်နှစ်အရွယ် ကလေးတွေဟာ စမတ် ဖုန်းနဲ့ အနည်းဆုံးတစ်နေ့ကို တစ်နာရီခန့် အချိန်ကုန်ကြတယ်လို့ ဖော်ပြထားတယ်။အလွယ်တကူရရှိနိုင်တာရယ် သယ်ရပြုရလွယ်တဲ့ လက်ကိုင်ကိရိယာ တွေဟာ အရင်တုန်းက နည်းပညာတွေနဲ့စာရင် ပိုပြီးလွှမ်းမိုးမှုရှိလာတယ်။အရင်တုန်းကဆိုရင် ကလေးတွေဟာ ဂိမ်းကစားပစ္စည်းတွေနဲ့ တီဗွီတွေမှာ ဘယ်လောက် အချိန်သုံးခဲ့တယ်ဆိုတာ ပြောပြနိုင်ကြတယ်။ အခုအချိန်မှာတော့ စမတ်ဖုန်းနဲ့ တက်ဘလက်တွေကြောင့် ပြဿနာကို ပိုပြီး နေရာတကာ ပျံ့နှံ့နေတယ်။
တချို့ကလေးတွေနဲ့ မိဘအချို့တို့တောင် ဒီကိရိယာတွေကို အမြဲအသုံးပြုနေတာကြောင့် ဘယ်လောက်အချိန်ကုန်လဲဆိုတာ မပြောပြနိုင်ကြဘူး။ မိဘအပြင်သွားခိုက် ကလေးစောင့်ကြည့်ပေးသူတွေဟာလည်း မိုဘိုင်းလ်ကိရိယာတွေကို ကလေးစောင့်ကြည့်တဲ့ပစ္စည်း အဖြစ်အသုံးပြုကြတယ်။ သူတို့အခြားအိမ်အလုပ်လုပ်စရာရှိရင် (သို့) ကလေးစောင့်ကြည့်တဲ့အခါ၊ နားချင်တဲ့အချိန်မှာပေါ့။မမြင်ရတဲ့ အန္တရာယ်တွေအလွန်အမင်း ဖန်သားပြင်ကို အသုံးပြုတာဟာ carpal tunnel syndrome လို့ခေါ်တဲ့ အချိန်တာရှည် ထပ်တလဲလဲ အသုံးပြုတာကြောင့် လက်နဲ့လက်ချောင်းတွေမှာ အာရုံကြောတစ်ခုကို ဖိအားပေး မှုကြောင့် နာကျင်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်။
တစ်ဖန် ဖန်သားပြင်အသုံးမှားတဲ့ ကလေးတွေဟာ အိမ်အပြင်ထွက်ပြီး အလွန်လိုအပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဖို့ငြင်းဆိုလာနိုင်တယ်။ ပိုပြီး စိုးရိမ်စရာကောင်းတဲ့ အချက်ကတော့ မိုဘိုင်းလ်ကိရိယာတွေ အလွန်အကျွံသုံးတာကြောင့် စိတ်ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် ဘယ်လိုအန္တရာယ်မျိုး ကျရောက်လာနိုင်တယ်ဆိုတာကို မသိသေးတာပဲဖြစ်တယ်။တောင်ကိုရီးယားမှာ အရွယ်(၂၄)ကနေ (၃၀) လသားအရွယ်ရှိတဲ့ ကလေးတွေအပေါ် သုတေသနေပြုလုပ်ချက်တစ်ခုက ဘာပြသလဲဆိုရင် စကားပြောဆိုခြင်း ကြန့်ကြာမှုဟာ တီဗွီရှေ့မှာ အချိန်ကုန်တာနဲ့အတူ တိုးတက်လာတယ်လို့ဆိုတယ်။တော့တီးတော့တ လမ်းလျှောက်ကာစ ကလေးငယ်တွေ နေ့စဉ် (၂-၃) နာရီ တီဗွီကြည့်ရင်၊ တစ်နာရီထက် လျှော့ကြည့်တဲ့ ကလေးတွေထက် စကားပြောဆို တတ်နှုန်း ကြန့်ကြာမှု (၂.၇) ဆပိုမြင့်တယ်လို့ဆိုထားတယ်။
တစ်နေ့ကို သုံးနာရီထက်ကြာအောင် ကိရိယာတွေကို အသုံးပြုတဲ့ကလေးဆိုရင်တော့ စကားသင်ကြားတတ်မြောက်ခြင်း ကြန့်ကြာမှုမှာ သုံးဆများလာနိုင်တယ်။ကလေးတွေဟာ လူမှုရေးဆက်ဆံမှုကို သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကိုကြည့်ကာ တတ်လာကြတယ်။ အလွန်ငယ်တဲ့ ကလေးငယ်တွေအပေါ် ပြုလုပ်တဲ့ သုံးသပ်ချက်တွေအရ ဖန်သားပြင်အသုံးပြုခြင်းဟာ စိတ်ပိုင်းဆိုင်ရာသုခအတွက် အန္တရာယ်ရှိနိုင်တဲ့ အကြောင်းရင်းတစ်ခုလို့ ဆိုထားတယ်။ ထိုင်းနိုင်ငံမှာ စိစစ်ချက်အရ အသက် ခြောက်လမှ ၁၈ လအတွင်း တီဗွီအကြည့်များတဲ့ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြန်လည်လှုပ်ရှားမှုနဲ့ ရန်လိုမှု အပြုအမှုတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုထားတယ်။မိုဘိုင်းလ်နည်းပညာ တိုးတက်လာတာဟာ ဒီကိစ္စတွေကို ပိုပြီးဆိုးလာစေမယ်လို့ ကျွမ်းကျင်သူတွေက စိုးရိမ်ကြတယ်။
ဖန်သားပြင်မှာ အချိန်ကုန်များလွန်းရင် ကလေးငယ်တွေကို တကယ် လူတွေအကြား အပြန်အလှန် အကျိုးပြုမှု ပြုလုပ်ခြင်းမှ ဝေးကွာစေတယ်။ အဲဒီကမှတစ်ဆင့် လူမှုရေးတတ်သိနားလည်မှုကို အဟန့်အတားဖြစ်စေတဲ့အပြင် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုလည်း ပျက်စီးစေနိုင်တယ်။နောက်ပြဿနာတစ်ခုကတော့ စွဲနေမှု (addiction) ပဲဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် မိုဘိုင်းလ်ဂိမ်းတွေနဲ့ ပရိုဂရမ်တွေဟာ လွှမ်းခြုံသွားစေနိုင်တယ်။ စိတ်ဝင်စား၊ စိတ်လှုပ်ရှား စေတယ်။စွဲနေမှုကို အချိန်၊ နာရီနဲ့ တိုင်းတာလို့မရဘူး။ အသုံးပြုပုံပေါ်မှာပဲ မူတည်တယ်။ ကလေးတစ်ယောက်ရဲ့ လူမှုရေး (သို့) ပညာရေးလှုပ်ရှားမှုကို ပျက်စီးစေလျှင် ဒါဟာစွဲနေမှုလို့ ဆင်ခြင်သုံးသပ်လို့ရတယ်။
ဖန်သားပြင်တွေဟာ ဒီလောက်တောင်ပဲဆိုးသလားဖန်သားပြင်မှာ အချိန်ကုန်တာဟာ အန္တရာယ်ရှိနိုင်တယ် ဆိုပေမယ့်၊ ဒီနည်းပညာကို သင့်တင့်တဲ့ပမာဏနဲ့ အသုံးပြုရင် အသုံးဝင်နိုင်ပြီး ကလေးတွေအတွက် အကျိုးတောင်ရှိနိုင်ပါတယ်။ နောက်ဆုံးမှာတော့ ကလေးတွေ ဒီကိရိယာတွေမှာ အချိန်ကုန်တာထက် ပါဝင်တဲ့အကြောင်းအရာတွေ၊ ကိရိယာတွေနဲ့ ထိတွေ့တဲ့အဆင့်ပေါ်မှာ မူတည်ပါတယ်။အသက်နှစ်နှစ်အောက်ရှိကလေးတွေကို တတ်နိုင်သမျှ ဖန်သားပြင် အကြည့်နည်းပါစေ။ American Academy of Paediatrics ရဲ့ လမ်းညွှန်ချက်အပေါ် အခြေခံတယ်။ မိဘတွေကလည်း သူတို့ကလေးတွေ ဖန်သားပြင်မှာ အချိန်ကုန်ဆုံးမှုကို ကွပ်ကဲစီမံဖို့လည်း လိုအပ်တယ်။
အထူးသဖြင့် ငယ်ရွယ်တဲ့ ကလေးတွေကိုပေါ့။ ကလေးတွေ ငယ်ရွယ်စဉ် မိဘတွေကလည်း သူတို့နဲ့ပါဝင်ပတ်သက်နေဖို့ အရေးကြီးပါတယ်။ဗွီဒီယိုဂိမ်းတွေ အကြမ်းဖက်မှုနဲ့ ရန်လိုမှုတွေ ကင်းအောင်စစ်ဆေးပြီးမှ ကလေးတွေကို ပေးကြည့်သင့်တယ်။ မီဒီယာကို သူတို့နဲ့အတူကြည့်ပြီး သူတို့ဘာတွေပြင်နေသလဲ။ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ဘယ်လိုအသုံးချရမလဲ ဆိုတာကို နားလည်အောင် သင်ပေးပါ။ကလေးတွေကို ငယ်စဉ်မှာ ဖန်သားပြင်နဲ့ ထိတွေ့မှုပေးခြင်းကို တတ်နိုင်သမျှရှောင်ပါ။ အစာစားနေချိန်အတွင်း၊ ကစားချိန်နဲ့ အိပ်ရာဝင်တော့မယ့်အချိန်မှာ ဖြစ်နိုင်ရင် ခွင့်မပြုပါနဲ့။ ကလေးတွေဟာ ဖန်သားပြင်ကို ကြည့် လွန်တဲ့အခါ အပြုသဘောမဆောင်တဲ့ သက်ရောက်မှုတွေနဲ့ ရင်ဆိုင်ရတတ်တယ်။
Author: မောင်ချမ်းသာ, Healthcare Journal,vol 8,no 28 (28.7.17)