fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ဝက်သက်ရောဂါနှင့် အယူအဆများ

200
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/08/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ဝက်သက်ရောဂါနှင့် ပတ်သက်၍ အယူအဆမှားတချို့ကို တင်ပြပါမည်။ ဝက်သက်ရောဂါမှာ အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း ကလေးများတွင် အဖြစ်များပါသည်။ လူကြီးများတွင် အဖြစ်နည်းခြင်းမှာလည်း ငယ်စဉ်က ဝက်သက်ရောဂါ ဖြစ်ခဲ့ဖူးသဖြင့် ကိုယ်ခံစွမ်းအားစနစ်၏ ခုခံကာကွယ်နိုင်မှုကြောင့် ဖြစ်နိုင်ပါသည်။

“ဝက်သက်ပေါက်လျှင် ဆေးမထိုးရ” ဟု လက်ခံထားမှုများရှိသည်။ ဝက်သက်ပေါက်သော ကလေးငယ်အား ဆေးထိုးမိလျှင် ဝက်သက်ငုပ်သွားတတ်သည်။ ကလေးငယ်ပို၍ ခံစားရတတ်သည်။ အန္တရာယ်ရှိသည် စသည်ဖြင့် ယုံကြည်မှုများကြောင့် ဖြစ်သည်။ ဝက်သက်ရောဂါမှာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော ရောဂါဖြစ်သည်။ ဗိုင်းရပ်စ်ပိုး၏ သဘာဝအရ ပဋိဇီဝဆေးဝါးများကြောင့် အကျိုးသက်ရောက်မှု မဖြစ်နိုင်ပါ။ ဝက်သက်ရောဂါတွင် အနီဖုအစက်အပြောက်များမှာ ဆေးထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ သဘာဝအတိုင်း ထွက်လာမည်ဖြစ်၏။

ဗိုင်းရပ်စ်ရောဂါဖြစ်ပေါ်လာချိန်တွင် ဒုတိယအဆင့် ဗက်တီးရီးယားကူးစက်မှု Secondary Bacterial Infection ဖြစ်နိုင်သည်။ ဥပမာ – အဆုတ်ရောင်ရောဂါ နမိုးနီးယားဖြစ်တတ်ပါသည်။ ထိုအခါမျိုးတွင် ပဋိဇီဝဆေးကို ထိုးဆေးအဖြစ် သို့မဟုတ် စားဆေးအဖြစ် ပေးရတတ်သည်။ ကိုယ်အပူချိန် အလွန်အကျွံတက်၍လည်း ဆေးထိုးရခြင်းမျိုး ဆေးတိုက်ရခြင်းမျိုး ရှိနိုင်ပါသည်။ ဆေးထိုးခြင်းဖြင့် အန္တရာယ်မရှိပါ။ ဝက်သက်ပေါက်နေသောကလေးကို ဆေးထိုးပေးနိုင်ပါသည်။

တချို့မိဘများက “ကန်ဆေးထိုးပေးပါ” ဟု တောင်းဆိုမှုများလည်းရှိသည်။ ဝက်သက်များ ကန်ထွက်လာလေ ကောင်းလေဟု ယူဆထားတတ်ကြသည်။ ဝက်သက်ကို များများထွက်လာအောင် (ကန်ထွက်လာအောင်) ဆေးထိုး၍မရပါ။ ကန်ဆေးဟူ၍ မရှိပါ။ အဖုအပိမ့် အနည်း၊ အများသည် ကလေးငယ်တစ်ဦး၏ ခံနိုင်ရည်စွမ်းအားပေါ်မူတည်ပါသည်။

ဝက်သက်ပေါက်သော ကလေးငယ်အား အိမ်တွင်း၌ ပိတ်လှောင်ထားခြင်း၊ ခြင်ထောင်အတွင်း၌ ထားခြင်း၊ အဝတ်အထူများ ဝတ်ဆင်ပေးခြင်း စသည့် အပြုအမူများမှာလည်း မှားယွင်းကြောင်း သိထားသင့်ပါသည်။ ကလေးငယ်အား လေဝင်လေထွက်ကောင်းသော၊ လေကောင်းလေသန့် ရရှိမည့်နေရာတွင် ထားရန်ဖြစ်ပါသည်။ ပိတ်လှောင်ထား၍ မရပါ။ အဝတ်အစားမျိုး အထပ်ထပ်ဝတ်ဆင်ပေးခြင်းဖြင့် ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ပြီး နောက်ဆက်တွဲဆိုးကျိုးများ (ဥပမာ-ကိုယ်ပူကြီး၍တက်ခြင်း) ဖြစ်သည်။

“ဝက်သက်ညှိးလိုလျှင် ရေနိုင်နိုင်ချိုး” ဟူသော အယူအဆတစ်ခုလည်း ရှိပါသည်။ ကလေးငယ်အား ရေအကြာကြီး ချိုးပေးတတ်ကြသည်။ အပူစင်အောင်ဟူ၍ ထိုသို့အချိန်ကြာကြာ ချိုးပေးခြင်းဖြစ်သည်။ ဝက်သက်ပေါက်သောကလေးများတွင် နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုမှာ အဆုတ်ရောင်ခြင်း (အဆုတ်အအေးပတ်ခြင်း-နမိုနီးယား) ဖြစ်သည်။ နမိုနီးယားဝင်၍ ခန္ဓာကိုယ်အပူချိန်တက်နေသည်ကို ဝက်သက်အပူမစင်ဟု ထင်မှတ်ကာ ရေကို မနက်ပြန် ညပြန်အချိန်ကြာကြာ ချိုးပေးသည်။ နမိုးနီးယား အဆုတ်ရောင်ရောဂါကို ပိုမိုဆိုးဝါးစေနိုင်ပါသည်။ နမိုးနီးယားရောဂါကြောင့် ကလေးငယ်များအတွက် အသက်အန္တရာယ် ရှိနိုင်ကြောင်း သိထားသင့်ပါသည်။

တချို့ဒေသများတွင် ဝက်သက်ရောဂါဖြစ်လျှင် ဝက်ချေးခြောက် ရေဖျော်တိုက်သည့် အလေ့အကျင့်မျိုးရှိသည်ဟု ဆိုပါသည်။ ကလေးအကျိုးတစ်စုံတစ်ရာ မရရှိနိုင်သည့်အပြင် အန္တရာယ်ပင် ဖြစ်စေနိုင်ပါသည်။ ထိုသို့သော အပြုအမူများကို ရှောင်ကြဉ်ရပါမည်။
ဝက်သက်ရောဂါများ၏ နောက်ဆက်တွဲဆိုးကျိုးများသည် ကလေးငယ်များအတွက် အန္တရာယ်ဖြစ်စေတတ်ပါသဖြင့် ဝက်သက်ပေါက်လျှင် ဆေးပညာရှင်ဆရာဝန်နှင့် ပြသပြီး ကုသမှုခံယူရပါမည်။

ကလေးငယ်များအား အသက်(၉) လအရွယ်တွင် ဝက်သက်ကာကွယ်ဆေးထိုးခြင်းဖြင့် ဝက်သက်ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါသည်။
ဝက်သက်ရောဂါနှင့် ပတ်သက်၍-
 ဝက်သက်ပေါက်၍ ဆေးထိုးနိုင်ပါသည်။
 ဆေးထိုး၍ ငုပ်မသွားပါ။ အန္တရာယ်လည်း မရှိပါ။
 ဝက်သက်အတွက် ကန်ဆေးဟူ၍ မရှိပါ။
 ဝက်သက်ကလေးငယ်အား ပိတ်လှောင်မထားပါနှင့်။
 ရေကို အချိန်ကြာမြင့်စွာ ချိုးပေးခြင်း မပြုရပါ။
 ဆရာဝန်နှင့် ပြသ၍ ကုသမှုခံယူပါ။
 ကလေးငယ်များအား ကာကွယ်ဆေးထိုးပေးပါ။

Author: Dr. အေးကျော်, အယူအဆမှားများနှင့် သိမှတ်ဖွယ်ရာများ

Previous Post

အင်္ဂလိပ်ဆေးနှင့် အချဉ် တည့်၊မတည့် ?

Next Post

Thalassaemia

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
823

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
993
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
669

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Thalassaemia

မနက်စာစားဖို့တကယ်လိုရဲ့လား

ဆီးကပြောသောရောဂါများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.