fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးတွေမှာ အနားယူဖို့ အချိန်ရှိသင့်တယ်

20
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/09/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

(Unicode)

ဖိစီးမှုဆိုတာ လူမှုဘဝနေမှုနဲ့ အနက်တူပြီး ကလေးတွေတောင် ခံနိုင်ရည်မရှိကြပေ။ အလွန်သွက်နေတဲ့ လူမှုဘဝမှာ ပြိုင်ဆိုင်မှုတွေဟာ အလွန်များပါတယ်။ အဲဒီ အတွေ့အကြုံရှိမှုအပေါ် ကလေးတွေ ဖိစီးမှုအဆင့်မြင့်မြင့်တွေကို စောစောနားလည်လာကြတယ်။ ကလေးတွေမှာ ကျောင်းက သင်ခန်းစာတွေသာမက ကျူရှင်တွေနဲ့ ပြင်ပလှုပ်ရှားမှု(အားကစား၊ လက်မှုပညာစသည်)တို့ဖြင့် ပြည့်ကျပ်နေတယ်။ အချို့ကလေးတွေ ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်တဲ့ပြဿနာတွေက ၎င်းတို့ရဲ့ ဖိစီးမှုကို ပိုများစေတယ်။

အချို့ဖိစီးမှုတွေကို တွေ့ကြုံရတာ သာမန်မျှသာဖြစ်ပေမဲ့ သိပ်များရင် အန္တရာယ်ရှိတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်။ ငယ်ရွယ်တဲ့အချိန်မှာ ကလေးတွေအနေနဲ့ အကျိုးရှိရှိ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ပါ။ ကလေးတွေဟာ ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရပြီး ကောင်းစွာ မဖြေရှင်းနိုင်ရင် ကလေးရဲ့ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်လာနိုင်တယ်။

ကလေးတွေဟာ အောင်မြင်မှုထက် ကျရှုံးမှုတွေ များနေတာကို တွေ့ရရင်၊ အဆိုးမြင်အတွေးအခေါ်နဲ့ ရှောင်တိမ်းတတ်တဲ့ အပြုအမူတွေ ဖြစ်ပေါ်လာနိုင်တယ်ဟု Insight Mind Centre မှ စိတ်ပညာရှင် ဒင်နီကယ်တိုးက ဆိုတယ်။ ဒါ့ကြောင့် ကလေးတွေမှာ လုံလောက်တဲ့ အနားယူချိန် ရှိဖို့ မိဘတွေမှာ တာဝန်ရှိပါတယ်။

အနားယူ အပန်းဖြေခြင်းဟာ တန်ဖိုးရှိပြီး၊ အချိန်ဖြုန်းတာ မဟုတ်ပါ။

ပြိုင်ဆိုင်မှုတွေများတဲ့ ဒီခေတ်ကြီးမှာ ကလေးတွေကို တက်ကြွလှုပ်ရှားမှု အပြည့်ရှိစေခြင်းဟာ အောင်မြင်မှုအတွက် အကောင်းဆုံးနည်းလမ်းဟု မိဘတွေက ယူဆနေကြတယ်။ ကလေးတွေဟာ ကျောင်းသင်ခန်းစာအပြင်၊ ကျူရှင်တွေ၊ စကားပြောသင်တန်းတွေကို တက်နေကြရတယ်။ ကိုယ့်သားသမီး အောင်မြင်ဖို့အတွက် အနားယူရတဲ့အချိန်ကို မိဘတွေက ဦးစားမပေးကြပေ။

မိဘတွေအနေနဲ့ အနားယူ အပန်းဖြေခြင်းဟာ အချိန်ဖြုန်းခြင်း မဟုတ်ဘဲ အကျိုးရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ မိမိတို့ရဲ့ မျှော်လင့်ချက်တွေနဲ့ တောင်းဆိုမှုတွေကို ပြောင်းလဲပစ်ဖို့ လိုအပ်ပြီး ကလေးအား အနားယူဖို့၊ ကိုယ်ပိုင်ဖွံ့ဖြိုးမှုနဲ့ ပျော်ရွှင်မှုအတွက် အချိန်ယူရန် မိဘတွေက ခွင့်ပေးပါ။ ကလေးတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရန်နဲ့ ၎င်းတို့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို အကောင်းမြင်သဘောထားရှိရန် ပျိုးထောင်ပေးရမယ်။

ဖိစီးမှုကို ဖြိုခွင်းခြင်း
အပန်းဖြေ အနားယူခြင်း အကြံပြုချက်များ
သင့်ကလေး တကယ်ဘာမှ မလုပ်ဖို့ ပုံမှန်အားဖြင့် အပန်းဖြေအနားယူစရာ မလိုပါ။ လူတစ်ဦးဦးနဲ့ လူ့အဖွဲ့အစည်းမှ မျှော်လင့်ချက်များမှ ကင်းလွတ်ကာ၊ ကိုယ့်ကိုယ်ကို အသက်ရှူပြီး၊ ကိုယ်နဲ့ပတ်သက်တဲ့ ကိစ္စများကို လုပ်ခြင်းဖြင့် ကိုယ့်အတွက် အချိန်မှာ မိမိရရဆုပ်ကိုင်ထားခြင်းဟာ အနားယူ အပန်းဖြေခြင်းပင် ဖြစ်တဲ့အကြောင်း စိတ်ပညာရှင် ဂျယ်ရယ်ဒင်းတန် က ရှင်းပြတယ်။ အပန်းဖြေ အနားယူခြင်းနည်းနာများကို ဖော်ပြလိုက်ပါတယ်။

၁။ အသက်ရှူခြင်းကိုသာ လုပ်ပါ။
အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းက ကလေးတွေ အလုပ်ရှုပ်နေတဲ့ကြားက စိတ်ငြိမ်သွားစေဖို့ သင်ပေးတယ်။ ဒီလေ့ကျင့်ခန်းက နည်းမျိုးစုံရှိတယ်။ ၎င်းတို့ဟာ ကလေးအား သက်တောင့်သက်သာရှိစေပြီး အမြဲတက်ကြွနေဖို့ မလိုအောင်ကူညီပေးတဲ့ ထိရောက်တဲ့ နည်းလမ်းများဖြစ်တယ်။ ၎င်းတို့ဟာ ကလေးစိတ်ကို တည်ငြိမ်သွားစေပြီး၊ ကောင်းစွာ အိပ်ပျော်စေတဲ့အတွက် ကလေးအိပ်ရာမဝင်မီ သင့်တော်ပါတယ်။

၂။ ပုံဆွဲခြင်းနဲ့အနားယူခြင်း
ကလေးကပုံဆွဲတာကို ဝါသနာပါလို့ ဆွဲမယ်ဆိုရင် အပန်းဖြေ အနားယူခြင်းသဘောနဲ့ လုပ်ခွင့်ပေးပါ။ ပုံဆွဲနေတဲ့အချိန်ဟာ ကလေးအနားယူတဲ့ အချိန်ဖြစ်တာကြောင့် မိဘတွေအနေနဲ့ ကလေးရဲ့ နောက်ဆုံးလက်ရာကို အဆုံးအဖြတ် မပေးပါနဲ့။ မိဘက အမှတ်တမဲ့ ပြောလိုက်တဲ့စံချိန်ကိုရရှိဖို့ ကြိုးပမ်းနေခြင်းဟာ ကလေးအတွက် ဖိစီးမှုဖြစ်လာနိုင်တယ်လို့ စိတ်ပညာရှင် ဂျရယ်ဒင်းတန်ကဆိုတယ်။

၃။ အမြင်အာရုံဖြင့် စိတ်ကူးကြည့်ပါ။
အမြင်အာရုံဖြင့် စိတ်ကူးခြင်း နည်းနိဿယဟာ သူတို့ရဲ့ အဆိုးမြင်စိတ်ကူးတွေ ထုတ်ပစ်ဖို့နဲ့ စိတ်အေးချမ်းဖို့ သူတို့ရဲ့ စိတ်ကူးစိတ်ကန်းတွေ အသုံးပြုဖို့ အားပေးတယ်။ သင့်ကလေးဟာ လှပပြီး ငြိမ်းချမ်းတဲ့နေရာတစ်ခုကို စိတ်ကူးရနေပြီး ဖြည်းဖြည်းနဲ့မှန်မှန် အသက်ရှူဖို့ ကြပ်မတ်ပေးခြင်းဟာ ၎င်းရဲ့ဖိစီးမှုကို ဖယ်ထုတ်ဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။ သင့်ကလေးဟာ ဒီနည်းမှာ ပိုကျွမ်းကျင်လာတာကြောင့် ၎င်းရဲ့ ကိုယ်ပိုင်အေးတဲ့ ပုံရိပ်ကို ဖန်တီးခိုင်းပါ။

၄။ စံနမူနာထားရန် အပြုအမူ
ကလေးရဲ့ စိတ်နဲ့ခန္ဓာကိုယ်ကို အနားပေးပြီး အားပြန်ဖြည့်ဖို့ ခွင့်ပြုရန် ကလေးရဲ့ နေ့စဉ်လှုပ်ရှားမှုအတွင်း အပန်းဖြေ အနားယူ နည်းနိဿေတွေမှာ ပါဝင်ခြင်းက အရေးကြီးပါတယ်။ ကလေးတွေဟာ မိဘတွေကို အတုခိုးချင်ကြတယ်။ မိဘတွေက အလုပ်ရှုပ်နေပြီး အမြဲလှုပ်ရှားနေတာကို မြင်နေရလို့ အနားယူအပန်းဖြေခြင်းဟာ မလိုအပ်ဘူးလို့ ထင်သွားစေနိုင်တယ်။ ကလေးက မိဘနဲ့အတူ အနားယူအပန်းဖြေတာကို ကြိုက်တယ်ဆိုရင် ဆက်လုပ်ပါ။

ဘယ်လိုပဲဖြစ်ဖြစ်၊ ကလေးဟာ သူ့ကိုယ်ပိုင်အချိန်အတွင်း သူ့ဖာသာ အနားယူစေတာဟာ သူ့ဖာသာ စူးစမ်းလေ့လာဖို့ လွတ်လပ်ခွင့်ပေးခြင်း ဖြစ်တယ်။

Author : နှင်းအေးဝေ  ,Healthcare Journal , vol 8,no 29 (4.8.17)

(Zawgyi)

ဖိစီးမႈဆိုတာ လူမႈဘဝေနမႈနဲ႔ အနက္တူၿပီး ကေလးေတြေတာင္ ခံႏိုင္ရည္မရွိၾကေပ။ အလြန္သြက္ေနတဲ့ လူမႈဘဝမွာ ၿပိဳင္ဆိုင္မႈေတြဟာ အလြန္မ်ားပါတယ္။ အဲဒီ အေတြ႕အႀကဳံရွိမႈအေပၚ ကေလးေတြ ဖိစီးမႈအဆင့္ျမင့္ျမင့္ေတြကို ေစာေစာနားလည္လာၾကတယ္။ ကေလးေတြမွာ ေက်ာင္းက သင္ခန္းစာေတြသာမက က်ဴရွင္ေတြနဲ႔ ျပင္ပလႈပ္ရွားမႈ(အားကစား၊ လက္မႈပညာစသည္)တို႔ျဖင့္ ျပည့္က်ပ္ေနတယ္။ အခ်ိဳ႕ကေလးေတြ ကိုယ္ေရးကိုယ္တာနဲ႔ ဆိုင္တဲ့ျပႆနာေတြက ၎တို႔ရဲ႕ ဖိစီးမႈကို ပိုမ်ားေစတယ္။

အခ်ိဳ႕ဖိစီးမႈေတြကို ေတြ႕ႀကဳံရတာ သာမန္မွ်သာျဖစ္ေပမဲ့ သိပ္မ်ားရင္ အႏၲရာယ္ရွိတဲ့ အက်ိဳးသက္ေရာက္မႈေတြ ရွိလာႏိုင္တယ္။ ငယ္႐ြယ္တဲ့အခ်ိန္မွာ ကေလးေတြအေနနဲ႔ အက်ိဳးရွိရွိ ကိုင္တြယ္ေျဖရွင္းႏိုင္မွာ မဟုတ္ပါ။ ကေလးေတြဟာ ဖိစီးမႈေတြနဲ႔ ရင္ဆိုင္ေနရၿပီး ေကာင္းစြာ မေျဖရွင္းႏိုင္ရင္ ကေလးရဲ႕ ႀကီးထြားမႈနဲ႔ ဖြံ႕ၿဖိဳးမႈကို ထိခိုက္လာႏိုင္တယ္။

ကေလးေတြဟာ ေအာင္ျမင္မႈထက္ က်ရႈံးမႈေတြ မ်ားေနတာကို ေတြ႕ရရင္၊ အဆိုးျမင္အေတြးအေခၚနဲ႔ ေရွာင္တိမ္းတတ္တဲ့ အျပဳအမူေတြ ျဖစ္ေပၚလာႏိုင္တယ္ဟု Insight Mind Centre မွ စိတ္ပညာရွင္ ဒင္နီကယ္တိုးက ဆိုတယ္။ ဒါ့ေၾကာင့္ ကေလးေတြမွာ လုံေလာက္တဲ့ အနားယူခ်ိန္ ရွိဖို႔ မိဘေတြမွာ တာဝန္ရွိပါတယ္။

အနားယူ အပန္းေျဖျခင္းဟာ တန္ဖိုးရွိၿပီး၊ အခ်ိန္ျဖဳန္းတာ မဟုတ္ပါ။

ၿပိဳင္ဆိုင္မႈေတြမ်ားတဲ့ ဒီေခတ္ႀကီးမွာ ကေလးေတြကို တက္ႂကြလႈပ္ရွားမႈ အျပည့္ရွိေစျခင္းဟာ ေအာင္ျမင္မႈအတြက္ အေကာင္းဆုံးနည္းလမ္းဟု မိဘေတြက ယူဆေနၾကတယ္။ ကေလးေတြဟာ ေက်ာင္းသင္ခန္းစာအျပင္၊ က်ဴရွင္ေတြ၊ စကားေျပာသင္တန္းေတြကို တက္ေနၾကရတယ္။ ကိုယ့္သားသမီး ေအာင္ျမင္ဖို႔အတြက္ အနားယူရတဲ့အခ်ိန္ကို မိဘေတြက ဦးစားမေပးၾကေပ။

မိဘေတြအေနနဲ႔ အနားယူ အပန္းေျဖျခင္းဟာ အခ်ိန္ျဖဳန္းျခင္း မဟုတ္ဘဲ အက်ိဳးရွိတယ္ဆိုတာ သိထားဖို႔ လိုပါတယ္။ မိမိတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ေတာင္းဆိုမႈေတြကို ေျပာင္းလဲပစ္ဖို႔ လိုအပ္ၿပီး ကေလးအား အနားယူဖို႔၊ ကိုယ္ပိုင္ဖြံ႕ၿဖိဳးမႈနဲ႔ ေပ်ာ္႐ႊင္မႈအတြက္ အခ်ိန္ယူရန္ မိဘေတြက ခြင့္ေပးပါ။ ကေလးေတြ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိရန္နဲ႔ ၎တို႔ရဲ႕ ေန႔စဥ္လႈပ္ရွားမႈေတြကို အေကာင္းျမင္သေဘာထားရွိရန္ ပ်ိဳးေထာင္ေပးရမယ္။

ဖိစီးမႈကို ၿဖိဳခြင္းျခင္း
အပန္းေျဖ အနားယူျခင္း အႀကံျပဳခ်က္မ်ား
သင့္ကေလး တကယ္ဘာမွ မလုပ္ဖို႔ ပုံမွန္အားျဖင့္ အပန္းေျဖအနားယူစရာ မလိုပါ။ လူတစ္ဦးဦးနဲ႔ လူ႔အဖြဲ႕အစည္းမွ ေမွ်ာ္လင့္ခ်က္မ်ားမွ ကင္းလြတ္ကာ၊ ကိုယ့္ကိုယ္ကို အသက္ရွဴၿပီး၊ ကိုယ္နဲ႔ပတ္သက္တဲ့ ကိစၥမ်ားကို လုပ္ျခင္းျဖင့္ ကိုယ့္အတြက္ အခ်ိန္မွာ မိမိရရဆုပ္ကိုင္ထားျခင္းဟာ အနားယူ အပန္းေျဖျခင္းပင္ ျဖစ္တဲ့အေၾကာင္း စိတ္ပညာရွင္ ဂ်ယ္ရယ္ဒင္းတန္ က ရွင္းျပတယ္။ အပန္းေျဖ အနားယူျခင္းနည္းနာမ်ားကို ေဖာ္ျပလိုက္ပါတယ္။

၁။ အသက္ရွဴျခင္းကိုသာ လုပ္ပါ။
အသက္ျပင္းျပင္းရွဴတဲ့ ေလ့က်င့္ခန္းက ကေလးေတြ အလုပ္ရႈပ္ေနတဲ့ၾကားက စိတ္ၿငိမ္သြားေစဖို႔ သင္ေပးတယ္။ ဒီေလ့က်င့္ခန္းက နည္းမ်ိဳးစုံရွိတယ္။ ၎တို႔ဟာ ကေလးအား သက္ေတာင့္သက္သာရွိေစၿပီး အၿမဲတက္ႂကြေနဖို႔ မလိုေအာင္ကူညီေပးတဲ့ ထိေရာက္တဲ့ နည္းလမ္းမ်ားျဖစ္တယ္။ ၎တို႔ဟာ ကေလးစိတ္ကို တည္ၿငိမ္သြားေစၿပီး၊ ေကာင္းစြာ အိပ္ေပ်ာ္ေစတဲ့အတြက္ ကေလးအိပ္ရာမဝင္မီ သင့္ေတာ္ပါတယ္။

၂။ ပုံဆြဲျခင္းနဲ႔အနားယူျခင္း
ကေလးကပုံဆြဲတာကို ဝါသနာပါလို႔ ဆြဲမယ္ဆိုရင္ အပန္းေျဖ အနားယူျခင္းသေဘာနဲ႔ လုပ္ခြင့္ေပးပါ။ ပုံဆြဲေနတဲ့အခ်ိန္ဟာ ကေလးအနားယူတဲ့ အခ်ိန္ျဖစ္တာေၾကာင့္ မိဘေတြအေနနဲ႔ ကေလးရဲ႕ ေနာက္ဆုံးလက္ရာကို အဆုံးအျဖတ္ မေပးပါနဲ႔။ မိဘက အမွတ္တမဲ့ ေျပာလိုက္တဲ့စံခ်ိန္ကိုရရွိဖို႔ ႀကိဳးပမ္းေနျခင္းဟာ ကေလးအတြက္ ဖိစီးမႈျဖစ္လာႏိုင္တယ္လို႔ စိတ္ပညာရွင္ ဂ်ရယ္ဒင္းတန္ကဆိုတယ္။

၃။ အျမင္အာ႐ုံျဖင့္ စိတ္ကူးၾကည့္ပါ။
အျမင္အာ႐ုံျဖင့္ စိတ္ကူးျခင္း နည္းနိႆယဟာ သူတို႔ရဲ႕ အဆိုးျမင္စိတ္ကူးေတြ ထုတ္ပစ္ဖို႔နဲ႔ စိတ္ေအးခ်မ္းဖို႔ သူတို႔ရဲ႕ စိတ္ကူးစိတ္ကန္းေတြ အသုံးျပဳဖို႔ အားေပးတယ္။ သင့္ကေလးဟာ လွပၿပီး ၿငိမ္းခ်မ္းတဲ့ေနရာတစ္ခုကို စိတ္ကူးရေနၿပီး ျဖည္းျဖည္းနဲ႔မွန္မွန္ အသက္ရွဴဖို႔ ၾကပ္မတ္ေပးျခင္းဟာ ၎ရဲ႕ဖိစီးမႈကို ဖယ္ထုတ္ဖို႔ ထိေရာက္တဲ့ နည္းလမ္းတစ္ခုျဖစ္တယ္။ သင့္ကေလးဟာ ဒီနည္းမွာ ပိုကြၽမ္းက်င္လာတာေၾကာင့္ ၎ရဲ႕ ကိုယ္ပိုင္ေအးတဲ့ ပုံရိပ္ကို ဖန္တီးခိုင္းပါ။

၄။ စံနမူနာထားရန္ အျပဳအမူ
ကေလးရဲ႕ စိတ္နဲ႔ခႏၶာကိုယ္ကို အနားေပးၿပီး အားျပန္ျဖည့္ဖို႔ ခြင့္ျပဳရန္ ကေလးရဲ႕ ေန႔စဥ္လႈပ္ရွားမႈအတြင္း အပန္းေျဖ အနားယူ နည္းနိႆေေတြမွာ ပါဝင္ျခင္းက အေရးႀကီးပါတယ္။ ကေလးေတြဟာ မိဘေတြကို အတုခိုးခ်င္ၾကတယ္။ မိဘေတြက အလုပ္ရႈပ္ေနၿပီး အၿမဲလႈပ္ရွားေနတာကို ျမင္ေနရလို႔ အနားယူအပန္းေျဖျခင္းဟာ မလိုအပ္ဘူးလို႔ ထင္သြားေစႏိုင္တယ္။ ကေလးက မိဘနဲ႔အတူ အနားယူအပန္းေျဖတာကို ႀကိဳက္တယ္ဆိုရင္ ဆက္လုပ္ပါ။

ဘယ္လိုပဲျဖစ္ျဖစ္၊ ကေလးဟာ သူ႔ကိုယ္ပိုင္အခ်ိန္အတြင္း သူ႔ဖာသာ အနားယူေစတာဟာ သူ႔ဖာသာ စူးစမ္းေလ့လာဖို႔ လြတ္လပ္ခြင့္ေပးျခင္း ျဖစ္တယ္။

Author : ႏွင္းေအးေဝ  ,Healthcare Journal , vol 8,no 29 (4.8.17)

Previous Post

အဲယားကွန်း လေအေးပေးစက်များနဲ့ ကျန်းမာရေး ကောင်းကျိုး ဆိုးကျိုးများ

Next Post

အလှပျက်စေတဲ့ တင်းတိပ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
993
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
670

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အလှပျက်စေတဲ့ တင်းတိပ်

သန်ထခြင်းနဲ့ အစားအသောက်

အမျိုးသမီးများ တစ်ကိုယ်ရေသန့်ရှင်းရေး (အပိုင်း ၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.