fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးငယ်တွေ ထမင်းကျွေးခက်တဲ့အခါ

107
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/11/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးငယ်တွေ ထမင်းကျွေးခက်တဲ့အခါ

ကလေးငယ်လေးတွေကို ဖြည့်စွက်စာစတင်ကျွေးချိန်မှာ လူတိုင်းမဖြစ်မနေ ကြုံလာရမယ့် အခက်အခဲကတော့ ထမင်းကျွေးရခက်တဲ့ အခိုက်အတန့်ပါပဲ။ အစာအသစ်တစ်ခုကို စပြောင်းတဲ့အချိန်မှာ ကလေးတွေ ပုံမှန်စားဖို့ဆိုတာ တော်တော် ခက်ခဲတဲ့ကိစ္စပါ။

မွေးစအရွယ်မှာတော့ မွေးပြီးတာနဲ့ အမေနို့တိုက်တယ်။ ဘာမှမသိသေးခင်တော့ အမေနို့ပဲ အားရပါးရစို့ကြတယ်။ တစ်ချို့ကလေးလေးတွေမှာတော့ အမေနို့မဟုတ်ဘဲ နို့ဗူးလည်း သောက်ရတတ်တယ်။ ဘာပဲပြောပြောတော့ ကလေးငယ်လေးတွေက နို့တော့ ကောင်းကောင်းစို့တတ်ကြတယ်။

ကလေးလေးတွေ အသက် ၆ လလည်းပြည့်ရော ဖြည့်စွက်စာစပြီး ကျွေးရတော့မယ်လည်းဆိုရော မိဘတွေကတော့ ကလေးအသက်အလိုက် ဘာလေးတွေ ကျွေးရမယ်ဆိုပြီး တစ်မျိုးပြီးတစ်မျိုး ပြင်ဆင်ကျွေးမွေးတတ်ကြတယ်။ ကလေးလေးတွေက အရသာသစ်တစ်ခု စပြီးကျွေးရင်တော့ ခဏတစ်ဖြုတ်မှာ တော်တော်လေးစားတတ်ကြပါတယ်။ ဒါပေမယ့် ကြာလာတဲ့အခါတော့ အစားကျွေးရခက်လာပြန်ရော ဖြစ်တတ်ပါတယ်။ ဒါကလေးတိုင်းနီးပါးပါပဲ။

ကလေးလေးတွေမှာ အစာကျွေးရခက်တဲ့အခါ ဘယ်အားဆေးလိုလို့ပါလဲ ဆိုပြီးမေးတတ်ကြတာလည်းရှိပါတယ်။ တကယ်တမ်းပြောရင် ထမင်း မနည်းကျွေးရတဲ့ ကလေးတွေ အားဆေးတိုက်ရလည်း ခက်တတ်ပါတယ်။

ကလေးလေးတွေ အသက် ၆ လပြည့်တဲ့အခါ ဆန်ကို အသားဖြစ်ဖြစ် ငါး အသားကြီးပဲဖြစ်ဖြစ် နဲ့ နူးနေအောင်ပြုတ်ပေးပါ။ အစမှာတော့ အရမ်းမပျစ်စေပါနဲ့။ တစ်နေ့ နှစ်ကြိမ် ကျွေးပေးပါ။ တစ်ခါတစ်လေမှာ ပဲ အာလူး မုန်လာဥ စသဖြင့်လည်း သေချာထည့်ပြုတ်ပေးလို့ရပါတယ်။ အသီးတွေလည်း ပြုတ်ပြီး ကျွေးလို့ရပါတယ်။ တစ်ချို့တွေကတော့ ဇကာနဲ့ စစ်ပြီး ချေကြတယ်။ ဇကာတွေက သေချာမဆေးနိုင်ရင် မသုံးစေချင်ပါဘူး။ ဇကာနဲ့ ချေမယ့်အစား ဇွန်းနဲ့ပဲ ဖိချေတာက ပိုသင့်တော်ပါတယ်။

တစ်ဖြည်းဖြည်းနဲ့ ခပ်ပျစ်ပျစ်လေးပြုတ်ကျွေးတာ အသီးပျော့ပျော့လေးတွေ သေးသေးလေးတွေ လှီးပြီးဖဲ့ပြီးကျွေးတာ ကြက်ဥကြော် ကြက်ဥပြုတ်တို့ ထည့်ကျွေးတာ ငှက်ပျောသီးကျွေးတာ စသဖြင့် ကလေးအသက်ကြီးလာတာနဲ့အမျှ တစ်ခုခုလုပ်ပြီးကျွေးလို့ရပါတယ်။

ဘာပဲကျွေးကျွေး အရသာတစ်ခုကို အချိန်ခဏပဲစားတတ်ကြတယ်။ ကြိုက်နေတုန်းတော့ ကျွေးရတာကောင်းပါတယ်။ လွယ်လွယ်။ စားတော့ ထမင်းကျွေးရတာလည်း အဆင်ပြေပါတယ်။ အရသာရိုးသွားတဲ့ အခါ မကြိုက်တော့တဲ့အခါဆိုရင်တော့ တစ်ခါပြန်ပြီးကျွေးရခက်ပါတယ်။

ကလေးလေးတွေအစားကျွေးတဲ့အခါ ပုံသေတွက်လို့မရပါဘူး။ ကျွေးလည်း အချိန်အကြာကြီးကျွေးရတတ်တယ်။ အာရုံပြောင်းပေးရတာရော ဘေးကနေ ကျီစယ်တာရယ်မောပျော်ရွှင်အောင်လုပ်နေတာရော လိုတတ်ပါတယ်။ တစ်ချို့ကလေးလေးတွေ ငယ်ငည်တည်းကအကျင့်ကောင်းပါတယ်။ ကလေးတွေ ထမင်းစားထိုင်ခုံမှာပဲ ထိုင်ပေးနေတတ်တယ်။ လျှောက်ဆော့နေတဲ့ ကလေးငယ်တွေအစား တစ်နေရာထဲထိုင်ပြီး နေတဲ့ ကလေးတွေက ပိုကျွေးရလွယ်ပါတယ်။

ကလေးလေးတွေ အစားစားချင်စိတ်ဖြစ်အောင် အားဆေးတိုက်တာလည်းရပါတယ်။ အားဆေးက မြန်မြန်ပိုဆာတတ်တွေ ရှိတာကြောင့် ဒါကြောင့် တစ်ချို့လည်း ကျွေးရလွယ်တတ်ပါတယ်။ တစ်ခုရှိတာက ကလေးကို ထမင်းကျွေးမယ်လို့ လုပ်နေတဲ့အချိန်မှာတော့ နို့ မတိုက်ပါနဲ့။ ခဏစောင့်ပါ။ နို့တိုက်လို့ရှိရင် ဗိုက်ဆာနေတော့ နို့တော့ကုန်မယ်။ ထမင်းကောင်းကောင်း မစားတော့ပါဘူး။

ကလေးဆရာဝန်ကြီးတစ်ယောက်ပြောတာ ကြုံဖူးလိုက်တာလေးတစ်ခုလည်းရှိပါတယ်။ ဘယ်လိုမှ ကျွေးလို့အဆင်မပြေတာမျိုးဆိုရင်တော့ ကလေးစားတာတွေသာ ကျွေးပေးပါတဲ့။ အာဟာရဖြစ်ဖို့တော့လိုပါတယ်။ နို့ ကြက်ဥ ပေါင်မုန့် အသား ငါး စသဖြင့်ပါ။ ထမင်းကျွေးတဲ့ အချိန်လည်း အတိအကျသတ်မှတ်မထားပါနဲ့တဲ့။ အဓိကကတော့ ကလေးငယ်တွေ အစားများများစားဖို့ပဲ ရည်ရွယ်ပါတယ်ဆိုပြီး ပြောထားပါတယ်။

Author : Dr. CST

Previous Post

ဖရဲသီး

Next Post

မယ်ဇလီနှင့် ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
995
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
670

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မယ်ဇလီနှင့် ရောဂါ

သည်းခြေအိတ်မှာ ကျောက်တည်ခြင်းနဲ့ သည်းခြေအိတ် ရောဂါများနဲ့ အစားအသောက်

အသားအရေလှပဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.