fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

သားငယ်လေးက ပိန်လိုက်တာ

285
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/09/2016
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

သားငယ်လေးက ပိန်လိုက်တာ

မအိတစ်ယောက် မီးဖိုချောင်ထဲမှာဟင်းချက်နေတုန်းသားငယ်လေးကအနားလာပြီး ” မေမေသားဗိုက်ဆာတယ်။ တခုခုကျွေးပါ ” တဲ့။

တကယ်ကခုနကမှ ကလေးက ဆီချက်ခေါက်ဆွဲတစ်ပွဲ စားထားပြီးသား။ ဘာမှမကြာသေး။ မအိစဉ်းစားနေတုန် းကလေးက ဗိုက်ဆာတယ်လို့ ထပ်ပြောသည်။

ဒါနဲ့ ကလေးအဖေ ကိုကျော်အောင်က အိမ်ရှေ့ခန်းမှာ တီဗီကြည့်နေရင်းနဲ့ သားအမိနှစ်ယောက် စကားပြောနေတာ ကြားတော့ ကလေးကို တစ်ခုခုကျွေးလိုက်လေလို့ အော်ပါလေရော။ မအိလည်းအနားကရှိတဲ့ ငှက်ပျောသီးလေးပဲ အခွံနွာပြီးကျွေးလိုက်ရသည်။ မကြာခင် ထမင်းကျက်တော့မှာအဲ့တော့မှ အဝစားနော်ဆိုတော့ ကလေးကငှက်ပျောသီးကိုစား၊ ရေတစ်ခွက်သောက်ပြီးစက်ဘီးလေးပတ်စီးနေတယ် ခြံဝင်းထဲမှာ။

သားလေးစက်ဘီးစီးနေတာကိုမြင်ပြီးမအိတစ်ယောက် တွေးမိတာကကလေးကတော်တော်ပိန်တယ် ဆိုတာပင်။ သားလေးကဒီနှစ်ဆိုငါးနှစ်ထဲဝင်ပြီ။ ကလေးကစားနိုင်သည်။ ငယ်ငယ်လေးတုန်းကဝဝကစ်ကစ်ကလေး။ အခုတလောမှ ကလေးကကိုယ်ရည်စစ်လာသည်။ အစာစားနိုင်ရဲ့သားနဲ့ ကိုယ်ရည်စစ်လာခြင်းဖြစ်သည်။ အားဆေးလည်းတိုက်သည်။ အစာပိုစားတာပဲရှိသည်။ ဝဝဖြိုးဖြိုးဖြစ်မလာ။

ဒီတစ်ပတ်နှစ်ပတ်အတွင်းကလေးကထူးခြားလာသည်။ ဗိုက်ထဲကအောင့်သည် ဟုပြောသည်မှာမကြာမကြာ။ ဆေးတိုက်လို့ သက်သာသွားလိုက် သိပ်မကြာခင် ပြန်အောင့်လိုက်။ ဒီနေ့လိုရုံးပိတ်ရက်မှ မအိတစ်ယောက် သားလေးအပေါ်လစ်ဟင်းတာတွေ ပြန်တွေးမိသည်။ လင်မယားနှစ်ယောက် အလုပ်ကများတော့ ကလေးကိုသူ့ဘ ွားလေးနဲ့ပဲနေစေရသည်မှာအချိန်အများစု။ ကလေးကိုအချိန်ပေးရမည်။

ဒီလိုနဲ့ ညစာအတူစားကြသည်။ ကလေးက ခုနက ဗိုက်ဆာတယ်ပြောပြီး ညစာစားသည့်အချိန်ကျ သိပ်မစားနိုင်။ ဗိုက်နည်းနည်းအောင့်သည်ပြောသည်။ သိပ်မကြာလိုက်၊ မေမေမေမေဟုခေါ်ပြီး မအိထမီပေါ် ထိုးအန်ပါလေရော။

ကလေးပါးစပ်ထဲက ထွက်လာတာကထမင်းတွေ အန်ဖတ်တွေမဟုတ်။ သန်ကောင်ဖြူဖြူကြီးတစ်ကောင်။ မအိတစ်ယောက် လန့်၍ ခဏလောက် ငုတ်တုတ်မေ့သွားသည်အထိ။ ကိုကျော်အောင်ပါ ထအော်သည်။ သန်ကောင်ကြီးက လှုပ်နေသေးသည်။ အသည်းယားစရာကောင်းလိုက်သည့် ဖြစ်ခြင်း။ ကိုကျော်အောင်ပဲ တာဝန်ယူပြီး လွှင့်ပစ်ရသည်။ လင်မယားနှစ်ယောက် ပေါ့လို့မဖြစ်တော့။ ချက်ချင်းဆေးခန်းရောက်သည်။

ဆရာဝန်က ဆေးခန်းပိတ်ဖို့ပြင်နေပြီ။ တောင်းတောင်းပန်ပန်နှင့် ဖြစ်ကြောင်းကုန်စင်ရှင်းပြတော့ ဆရာကဗိုက်ထဲမှာ သန်ကောင်တွေအများကြီးရှိနေလို့ တစ်ကောင်က အပြင်ကိုထွက်လာတာဖြစ်နိုင်ပါတယ်။ သန်မချဖူးဘူးလားဟုမေးသည်။ သန်ချရကောင်းမှန်း လင်မယားနှစ်ယောက် မသိ။ ဒါနဲ့ပဲဆရာဝန်ကဆေးခန်းပြန်ဖွင့်လက်စနဲ့ လုံးစေ့ပတ်စေ့ရှင်းပြသည်။

” သန်ချဆေးကိုသတ်မှတ်ထားတဲ့ အချိန်အပိုင်းအခြားအလိုက် သောက်ရပါမယ်။ သန်မချဖူးတာဒါမှမဟုတ် သန်မချတာကြာလာမယ်။ ပြီးတော့ အစားအစာတွေ မသန့်ရှင်းဖူး၊ လက်သေချာမဆေးဖြစ်ဖူးဆိုရင် ဗိုက်ထဲမှာသန်ကောင်တွေဖြစ်လာရော။ တစ်ချို့သန်ကောင်တွေဆို အူလမ်းကြောင်းကနေ အစာအိမ်ကိုဖောက်ပြီးတစ်ဆင့် လည်ချောင်းထဲကနေအသက်ရှူလမ်းကြောင်းအထိ ရောက်သွားတတ်တယ်။ ဒါဆိုအသက်ရှူရပ်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။ အခုကလေးကကံကောင်းပါတယ်။ သန်ကောင်တွေရှိနေမှန်းလည်း သိသွားတာပေါ့။ ပြီးတော့ ကလေးကိုကြည့်ရတာပိန်တယ်။

အကြောင်းရင်းကဗိုက်ထဲမှာရှိတဲ့သန်ကောင်တွေကကလေးစားသမျှကိုစားပစ်လိုက်ကြလို့ပါ။ ကြာလာတာနဲ့အမျှ ကလေးက အာဟာရချို့တဲ့လာမယ်။ စားရဲ့သားနဲ့ ဝဝဖြိုးဖြိုးလေးမဖြစ်လာပဲနေလိမ့်မယ်။ ဗိုက်ကလေးကလည်း ပူပူလေးဖြစ်လာလိမ့်မယ်။ အခုတော့ သန်ချဆေးတိုက်ပါ။ ကလေးကိုတိုက်တဲ့အပြင် မိဘတွေကောသောက်ပါ ”

ကျေးဇူးတင်ရသည် ဒီဆရာဝန်လေးကို။ မအိတစ်ယောက် သူငယ်ချင်းကလေးအမေတွေကိုပါ လိုက်ပြောရဦးမယ်။ ဒီဒုက္ခပေးတဲ့ သန်ကောင်အကြောင်း။

Author – ဒေါက်တာအေးချမ်းမိုး

Previous Post

ရင်သားကင်ဆာအကြောင်း သိကောင်းစရာများ

Next Post

ညအချိန်ချွေးထွက်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
253

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
308

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
811

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
984
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
663

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ညအချိန်ချွေးထွက်ခြင်း

အရေပြားနှင့် ဆံပင်အလှ

ဒေါက်တာမှိုပွင့်လေးရဲ့ ဖရဲသီး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.