fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မွေးကင်းစကလေးများတွင် အသားဝါရခြင်းအကြောင်းများ

280
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/12/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

မွေးကင်းစကလေးများတွင် အသားဝါရခြင်းအကြောင်းများ

မွေးကင်းစကလေး (Neonate) များတွင် ဖြစ်သော အသားဝါခြင်းကို ဆေးပညာအရ Neonatal Jaundice ဟုခေါ်သည်။ မွေးကင်းစကလေးများတွင် အသားဝါခြင်း (Neonatal Jaundice) ကို

၁။ ပုံမှန် သို့မဟုတ် ဇီဝကမ္မဖြစ်စဉ်ကြောင့် အသားဝါခြင်း (Physiological Jaundice)

၂။ ရောဂါ သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် အသားဝါခြင်း (Pathological Jaundice) ဆိုပြီးအကြမ်းအားဖြင့် နှစ်မျိုးခွဲခြားထားသည်။

၁။ ပုံမှန် သို့မဟုတ် ဇီဝကမ္မဖြစ်စဉ်ကြောင့်အသားဝါခြင်း (Physiological Jaundice)

မွေးကင်းစကလေးအများစုသည် ရောဂါကြောင့်မဟုတ်ဘဲ ပုံမှန် သို့မဟုတ် ဇီဝကမ္မဖြစ်စဉ်ကြောင့်အသားဝါခြင်းမျိုး (Physiological Jaundice) ဖြစ်တတ်ကြပါသည်။ ဇီဝကမ္မဖြစ်စဉ်ကြောင့် အသားဝါခြင်းသည် မွေးပြီး သုံးရက်မြောက်နေ့တွင် စဖြစ်တတ်လေ့ရှိကာ ငါးရက်မြောက်တွင် အဝါဆုံးအခြေအနေသို့ရောက်ပြီး ၇ ရက်မြောက်နေ့တွင် သူ့အလိုလို ပျောက်သွားလေ့ရှိသည်။ လမစေ့ဘဲ မွေးတဲ့ကလေးများတွင်တော့ ၂ ရက်နောက်ကျကာ ၉ ရက်မြောက်ကျမှသာ ပျောက်သွားလေ့ရှိသည်။ ပုံမှန်အသားဝါခြင်း သို့မဟုတ် ဇီဝကမ္မဖြစ်စဉ်ကြောင့် အသားဝါခြင်းသည် ဆေးကုစရာမလိုပါ။

Physiological Jaundice ဖြစ်ရတဲ့အကြောင်းများကတော့ မွေးကင်းစကလေးအများစုရဲ့ သွေးနီဥတွေ သက်တမ်းဟာ တိုသေးတာကြောင့်ရယ် (Shortened RBC lifespan)၊ အသည်းက အဝါဓါတ်တွေကို ဖယ်ထုတ်နိုင်လောက်အောင် ရင့်ကျက်မှု အားကောင်းမှု မရှိသေးတာကြောင့်ရယ်၊ သွေးနီဥတွေကို ထုတ်တာများတာကြောင့်ရယ်ဆိုတဲ့ အချက်သုံးချက်ကြောင့်ပါ။ ပုံမှန်အသားဝါခြင်း သို့မဟုတ် ဇီဝကမ္မဖြစ်စဉ်ကြောင့် အသားဝါခြင်းသည် ဆေးကုစရာမလိုပါ။

ပုံမှန်အသားဝါခြင်းသည် မည်သည့်အခါမှ မွေးမွေးချင်း (သို့) မွေးဖွားသည့် ပထမနေ့တွင် ဝါလေ့မရှိပေ။ တစ်နည်းဆိုရသော် ထိုသို့ မွေးမွေးချင်း ဝါလျှင် ပုံမှန်အသားဝါခြင်း မဟုတ်၊ ရောဂါတစ်ခုခုကြောင့်ဝါခြင်း (Pathological Jaundice) သာလျှင် ဖြစ်ဖို့များသည်။

၂။ ရောဂါသို့မဟုတ် အကြောင်းတစ်ခုခုကြောင့် အသားဝါခြင်း (Pathological Jaundice)

Pathological jaundice ခေါ် ရောဂါ သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် ဝါသော အသားဝါမျိုးကျ မွေးမွေးချင်း သို့မဟုတ် မွေးပြီး ၂၄ နာရီကနေ ၄၈ နာရီအတွင်းမှာဝါမယ်။ ဝါတာက ၁၄ ရက် (နှစ်ပတ်) ကျော်ထိကို မပျောက်တတ်ဘူး။ ရွှံရောင်ဝမ်းတွေ (Clay coloured stool) နဲ့ ဆီးအရောင်ရင့် (High coloured urine) တွေသွားမယ်။

သွေးစစ်တဲ့အခါကျ
– Total bilirubin က ၂၄ နာရီမှာ 85 umol/l(5 mg/dL) ရှိနေတာ၊
– Direct bilirubin 34 umol/l (2.0 mg/dL) မက ရှိနေတာတွေဆိုရင် မီးပြတာ (Phototherapy) နဲ့ သွေးလဲတာ (Exchange Transfusion) စသဖြင့် လုပ်ဖို့လိုပါတယ်။ မဟုတ်ရင် အဝါဓါတ် တအားများပြီး ဦးနှောက်ကိုရောက်ကာ Neonatal Kernicterus လို့ခေါ်တဲ့ ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတစ်မျိုးဖြစ်နိုင်လို့ပါ။

Pathological Jaundice ကိုဖြစ်စေတဲ့အကြောင်းတွေကတော့

  • မိခင်နဲ့ကလေး သွေးအုပ်စုမတူခြင်း (ABO incompatibility) ဥပမာ မိခင်က အိုသွေးဖြစ်ပြီး ကလေးက အေ သို့မဟုတ် ဘီဖြစ်ခြင်း
  • မိခင်နဲ့အပေါင်းသွေး အနုတ်သွေး မတူခြင်း (Rh Incompatibility)
  • ကလေးတွင် မွေးရာပါ G6PD အင်ဇိုင်းချို့တဲ့ရောဂါပါလာတာ
  • မိခင်ရဲ့ဝမ်းအတွင်းမှာရှိကတည်းက အကြောင်းကြောင်းကြောင့် ပိုးကူးစက်ခံခဲ့ရတာ(Congenital Infections)
  • မွေးပြီးနောက်ပိုင်းပိုးဝင်တာ (Aquired Infection)
  • မွေးရာပါရောဂါတွေရှိတာ
    [လည်ပင်းဓာတ်ချို့တဲ့ခြင်း (Hypothyroidism)၊ အသည်းရောင်ခြင်း (Neonata Hepatitis Syndrome) ၊ သည်းခြေပြွန်ပိတ်ခြင်း (Congenital Biliary Atresia)] စတဲ့အကြောင်းတွေပဲဖြစ်ပါတယ်။

Author : Dr. 528

Previous Post

No Bra Day နဲ့ အမျိုးသမီးထု ကျန်းမာရေး

Next Post

နို့ပါးစပ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
262

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
319

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
836

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
1k
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
673

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နို့ပါးစပ်

ကိုယ်ဝန်ရှိလာပြီဆို ဒီလိုတွေ ခံစားရတတ်တယ်

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတွေ ဝက်ခြံ (၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.