fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ပိုလီယိုရောဂါအကြောင်း

306
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/12/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ပိုလီယိုရောဂါကို ဆေးပညာအရ Poliomyelitis လို့ခေါ်ပါတယ်။ ဒီရောဂါဟာ Poliovirus လို့ ခေါ်တဲ့ RNA အမျိုးအစား ဗိုင်းရပ်ပိုး ဝင်ရောက်လို့ ဖြစ်တာပါ။ အလွန်ကူးစက်မြန်သော ရောဂါဖြစ်ပြီး ပိုလီယိုဗိုင်းရပ်ပိုး အမျိုးအစား (၁)၊ (၂)၊ (၃) ဆိုပြီး ရှိပါတယ်။

ဘယ်လိုနည်းနဲ့ ဒီဗိုင်းရပ်စ်က ဝင်ရောက်ကူးစက်တတ်လဲဆိုတော့ အစာလမ်းကြောင်း Faecal-oral route ကနေတဆင့် ကူးစက်ပါတယ်။ ဆိုလိုတာက အစားအသောက် မသန့်ရှင်းတာတွေ စားမိ၊သောက်မိရာကနေ တဆင့်ပါ။ နောက်ပြီး ပိုလီယိုရောဂါရှိသူရဲ့ တံတွေး၊ မစင် တွေနဲ့ ထိမိရာကနေတဆင့်လည်း ကူးနိုင်ပါတယ်။ ပိုလီယို ရောဂါပိုးသည် အသက်(၅)နှစ်အောက် ကလေးငယ်များကို အဓိက ထိခိုက် ကူးစက်တတ်ပါတယ်။

ပိုလီယိုရောဂါပိုးကူးစက်တိုင်းတော့ အကြောသေရောဂါမဖြစ်ပါဘူး။ ပိုလီယိုရောဂါရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ ပိုလီယိုရောဂါပိုး ကူးစက်ခံရသူများအနက် ၉၅ ရာခိုင်နှုန်းဟာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။

တချို့တွေမှာတော့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုး၊ ကျောအောင့်၊ အရိုးအဆစ်နာ စသော အအေးမိဖျားနာ လက္ခဏာများ ဖြစ်တတ်ပါတယ်။ Paralytic Polio လို့ခေါ်သော ပိုလီယိုအကြောသေခြင်းကတော့ ပိုလီယိုရောဂါပိုး ကူးစက်ခံရသူ အရေအတွက်ရဲ့ (၁) ရာခိုင်နှုန်းလောက်မှာသာ ဖြစ်နိုင်ပါတယ်။

ဝင်လာတဲ့ ဗိုင်းရပ်စ်က အာရုံကြောနာ့ဖ်ဆဲလ်ထဲ ဝင်ရောက်၊ ဖျက်ဆီးတဲ့အခါ ပိုလီယိုအကြောသေ ဆိုတာ ဖြစ်လာတယ်။ ဗိုင်းရပ်စ်ပိုးက အာရုံကြောဆဲလ်(motor neuron) ကို ထိခိုက်ပျက်ဆီးစေပြီး ကြွက်သားတွေ အားနည်းလာစေတယ်။ အချိန် ကြာလာတာနဲ့အမျှ ကြွက်သားတွေ လှုပ်ရှားမှု မရှိဘဲ အကြောသေသွားတယ်။

ပိုလီယိုအကြောသေ (Paralytic Polio) မှာလည်း Spinal Form, Bulbar Form, Encephalitic Form ဆိုပြီး အမျိုးအစား၃မျိုး ရှိပါတယ်။ ပိုလီယိုအကြောသေခြင်းဖြစ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးရှိပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပါ ရှိတယ်။ နုနယ်တဲ့ ကလေးအရွယ်မှာ အဖြစ်များလို့ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်က ပိုကြီးမားတတ်တယ်။ စိတ်ကျလွယ်လာတယ်။ အာရုံကြောပျက်ဆီးမှုကြောင့် ကြွက်သားတွေ လှုပ်ရှားမှုမရှိတော့ဘူး။ ကြွက်သားတွေ သိမ်လာတတ်တယ်။ အရိုး၊အဆစ် ပုံပျက်ပန်းပျက်ဖြစ်ပြီး ကြွတ်ဆတ်လာတယ်။ အရိုးကို စတင် ထိခိုက်လာတယ်။

အရိုးကျိုးတာ၊ အရိုးပွတာ ဆက်ဝင်လာတယ်။ နောက်ပိုင်းမှာ တခြား အင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်လာစေတယ်။ အသက်ရှူတဲ့ ရင်ဝမ်းခြားကြွက်သားကိုပါ ထိခိုက်လာရင် အသက်ရှူရခက်ပြီး Ventilatory Support လို့ခေါ်တဲ့ အသက်ရှူအထောက်အပံ့တစ်ခုခုမရပါက အသက်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ ပိုလီယိုအကြောသေ ရောဂါခံစားရသူ များအနက် (၅) ရာခိုင်နှုန်းမှ (၁ဝ) ရာခိုင်နှုန်းထိ သေဆုံး နိုင်ပါသည်။

အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ပိုလီယိုရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်လို့ ပိုလီယိုကူးစက်ခံရသူတွေကို ကုသနိုင်ဖို့ ဆေးမရှိသေးပါဘူး။ ဒါကြောင့် မဖြစ်ခင်ကကြိုတင် ကာကွယ်ဖို့အတွက်ကိုပဲ အဓိက လုပ်ဆောင်ရပါတယ်။ ဒီအတွက် မိခင်ဖခင်တွေအားလုံး မိမိရဲ့ ရင်သွေးရတနာလေးများကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးတာတွေ ထိုးတာတွေ မပျက်မကွက်လုပ်ဖို့လိုပါတယ်။

ပိုလီယိုထိုးဆေးဆိုလို့ တချို့တွေက အံသြတာမျိုး ရှိနိုင်ပါတယ်။ ဟုတ်ပါတယ်။ အရင်ကတော့ ၂လ ၄လ ၆လမှာ ပိုလီယိုကာကွယ်ဆေးကို ပါးစပ်ကနေ အစက်ချ တိုက်ကျွေးခဲ့တာပါ။ သိပ်မကြာသေးခင်နှစ်တွေကစပြီး ပိုစိတ်ချရအောင် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကနေပြီး အစက်ချဆေးအပြင် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းထိုးနှံ့ခြင်းကိုပါ ဆောင်ရွက်နေပါတယ်။

Author : Dr. 528

Previous Post

ဝင်းပပမျက်နှာလေး

Next Post

ဆီးချိုဆေး မက်ဖော်မင် အကြောင်း တစေ့တစောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
311

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
816

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
987
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
665

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးချိုဆေး မက်ဖော်မင် အကြောင်း တစေ့တစောင်း

ဘယ်လိုအိပ်မလဲ

အသက်ရူရခက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.